Yuwaddy Center

Yuwaddy Center Handicrafts, Cafe, Cooking Class, and Community Center

Yuwaddy Center ရဲ့ Pop-Up Market လေးကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါရစေရှင် ✨ရိုးရာအဆင်နှင့် လက်မှုပညာဖြင့် ဖန်တီးထားတဲ့...
20/08/2026

Yuwaddy Center ရဲ့ Pop-Up Market လေးကို
လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါရစေရှင် ✨

ရိုးရာအဆင်နှင့် လက်မှုပညာဖြင့် ဖန်တီးထားတဲ့
အရည်အသွေးမြင့် Handmade အိတ်မျိုးစုံ၊
ခေါင်းအုံးစွပ်လေးတွေနဲ့ လက်မှုပစ္စည်းလှလှလေးတွေကို
Golden Valley Market Place မှာ စိတ်ကြိုက် လာရောက်ရွေးချယ် ဝယ်ယူနိုင်ပါပြီနော်။

🗓 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက် (သောကြာနေ့)
⏰ အချိန် - နံနက် ၉:၀၀ မှ ညနေ ၅:၀၀ နာရီအထိ
📍 နေရာ - Golden Valley Market Place

ဒေသထွက် လက်မှုလက်ရာလေးတွေကို အားပေးရင်း ကိုယ်တိုင်အတွက်ဖြစ်စေ၊ ချစ်ရတဲ့သူတွေအတွက် အမှတ်တရလက်ဆောင်အဖြစ်ဖြစ်စေ လာရောက်ဝယ်ယူဖို့ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်။ 💙

Join Yuwaddy Center at our Pop-Up Market! ✨

Looking for unique, locally made handmade crafts?
Come and shop with us this Friday at Golden Valley Market Place!
Discover our collection of handcrafted bags, pouches, cushions, and more made with love and traditional craftsmanship.

🗓 Date: Friday, August 21, 2026
⏰ Time: 9:00 AM – 5:00 PM
📍 Location: Golden Valley Market Place

Support local artisans and pick up something special for yourself or a loved one. We can't wait to see you there! 💙

Shop with us this weekend 🛍️✨At golden valley market place
08/08/2026

Shop with us this weekend 🛍️✨
At golden valley market place

🌧️ မိုးရွာတဲ့ ကြာသပတေးနေ့လေးမှာ အားလုံးပဲ နွေးနွေးထွေးထွေး နေကြပါနော် 🤍မိုးအေးအေးလေးနဲ့အတူ စိတ်အေးချမ်းစရာ အချိန်လေးတွေက...
30/07/2026

🌧️ မိုးရွာတဲ့ ကြာသပတေးနေ့လေးမှာ အားလုံးပဲ နွေးနွေးထွေးထွေး နေကြပါနော် 🤍

မိုးအေးအေးလေးနဲ့အတူ စိတ်အေးချမ်းစရာ အချိန်လေးတွေကို ဖန်တီးဖို့ ☕🌿
Yuwaddy Center Café မှာ ကော်ဖီပူပူလေးတစ်ခွက်နဲ့ အနားယူနိုင်ပါတယ်။

မိတ်ဆွေများ၊ မိသားစုများနဲ့အတူ လာရောက်ဆုံတွေ့ဖို့လည်း ကြိုဆိုပါတယ်ရှင် 💛

မိုးရွာတဲ့နေ့တွေမှာ ကျန်းမာရေးဂရုစိုက်ပြီး အန္တရာယ်ကင်းကင်း နေကြပါနော် 🌧️✨

📍Yuwaddy Center Café
☕ Warm coffee • Cozy moments • Friendly space

တနင်္လာနေ့လေးကို တဖန်ပြန်လည်ရောက်ရှိပါပြီ 🌧️ပုံထဲမှာ ပြထားတဲ့ ရိုးရာအဆင်စားပွဲခင်း အဆက်လေးတွေကတော့ Sold Out ဖြစ်သွားပါပြ...
27/07/2026

တနင်္လာနေ့လေးကို တဖန်ပြန်လည်ရောက်ရှိပါပြီ 🌧️

ပုံထဲမှာ ပြထားတဲ့ ရိုးရာအဆင်စားပွဲခင်း အဆက်လေးတွေကတော့ Sold Out ဖြစ်သွားပါပြီနော် 🌸✨

အားပေးကြတဲ့ ယုဝတီစင်တာ ချစ်သူမိတ်ဆွေများ တစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

✨ တခြား အဆင်လှလှလေးတွေလည်း ကျန်ရှိနေသေးတာမို့ စိတ်ဝင်စားပါက ဖုန်းမှတစ်ဆင့်ဖြစ်စေ Messengerမှတဆင့်ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

အားလုံးပဲ ချိုမြိန်အေးချမ်းသော ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ပါစေ🙏🩵

မိုးအေးအေးနဲ့ ကွေးနေကြပြီလား 🌧️ အွန်လိုင်းပေါ်ကနေလည်း အားပေးလို့ရပါတယ်နော် 😉ယုဝတီစင်တာရဲ့ မိတ်ကပ်အိတ်လေးဟာ ခရီးသွားရင် ပ...
15/07/2026

မိုးအေးအေးနဲ့ ကွေးနေကြပြီလား 🌧️
အွန်လိုင်းပေါ်ကနေလည်း အားပေးလို့ရပါတယ်နော် 😉

ယုဝတီစင်တာရဲ့ မိတ်ကပ်အိတ်လေးဟာ ခရီးသွားရင် ပေါ့ပေါ့ပါးပါးသယ်သွားလို့ ရသလို မိတ်ဆွေများကို လက်ဆောင်ပေးရင် အသင့်တော်ဆုံးဖြစ်မှာပါနော်

လက်မနှေးမှပဲ ရမယ်နော် 🥰
👛🛍️🪡🧵

ကျွန်မတို့ ယုဝတီစင်တာမှ ဒေသတွင်းအမျိုးသမီးများ ရိုးရာအဆင်များကို အသုံးပြုပြီး ဖန်တီးချုပ်လုပ်ထားသော လက်မှုလက်ရာလေးတွေကို အသေးစိတ်သိရှိလိုရင်ဖြစ်စေ မှာယူချင်ရင်ဖြစ်စေ Chatbox မှတစ်ဆင့် ဆက်သွယ်နိုင်သလို ဖုန်းနံပါတ် 09 421474560 ကို ဆက်သွယ်မှာယူလို့ ရပါတယ်။ ယခုကဲ့သို့ ဒီဇိုင်းအပြင် မိမိနှစ်သက်သော ရိုးရာအဆင်၊ အရောင်များနှင့်လည်း အားပေးသူစိတ်တိုင်းကျ ဖန်တီးပေးနေပါတယ်ရှင့်။

Yuwaddy Center ၏ မူပိုင် Design ဖြစ်ပါသည်။ တရားဝင်မူပိုင်ခွင့်ရှိပြီးသားဖြစ်၍ ဆင်တူရိုးမှား ပုံတူစီးပွားဖြစ် ကူးယူခြင်းမပြုရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

☔ Rainy Monday vibes 🌧️ at Yuwaddy Center ☕️ Coffee, comfort, and good moments await you.Thank you to all our wonderful ...
13/07/2026

☔ Rainy Monday vibes 🌧️ at Yuwaddy Center ☕️

Coffee, comfort, and good moments await you.

Thank you to all our wonderful customers for stopping by today 🤍

ချည်မျှင်တစ်ခုချင်းစီရဲ့ နောက်ကွယ်မှာ အရှုံးမပေးတဲ့ ဘဝဇာတ်လမ်းတွေ ရှိနေတယ်.......🧵❤️မိခင်ရိုးရာအနုပညာကို လက်ဆင့်ကမ်းပြီး...
06/07/2026

ချည်မျှင်တစ်ခုချင်းစီရဲ့ နောက်ကွယ်မှာ
အရှုံးမပေးတဲ့ ဘဝဇာတ်လမ်းတွေ ရှိနေတယ်.......🧵❤️

မိခင်ရိုးရာအနုပညာကို လက်ဆင့်ကမ်းပြီး ဘဝကို အားတင်းရုန်းကန်နေကြတဲ့ အမျိုးသမီးတွေရဲ့ "မေတ္တာနဲ့ အနုစိတ်ဖန်တီးမှု ~ ရိုးရာအနုပညာကို မြတ်နိုးစွာ ထိန်းသိမ်းရင်း ဘဝကို အသစ်ကနေ ပြန်လည်တည်ဆောက်နေတဲ့ အမျိုးသမီးတွေရဲ့ လက်ရာမွန်များ ဖြစ်ပါတယ်။

ချုပ်ရိုးတိုင်း၊ ရက်ကန်းပင်တိုင်းမှာ သူမတို့၏ ခံနိုင်ရည်ရှိမှု၊ အားမာန်နဲ့ မျှော်လင့်ချက် ဇာတ်လမ်းတွေ အသက်ဝင်နေပါတယ်။ အခု ဖန်တီးထားတဲ့ ရိုးရာစားပွဲခင်းနဲ့ စားပွဲတင်အသုံးအဆောင်တွဲလေးတွေကို ကြည့်လိုက်ရုံနဲ့တင် သူမတို့ရဲ့ စိတ်ရှည်လက်ရှည်၊ ဂရုတစိုက် ဖန်တီးထားမှုကို အထင်အရှား မြင်တွေ့နိုင်မှာပါ။

မိမိတို့အိမ်ရဲ့ လက်ဆုံစားနေကြ ထမင်းစားပွဲဝိုင်းလေးကို ဒီလိုရိုးရာအဆင်လက်ရာလေးတွေနဲ့ ပြင်ဆင်ပြီး ဝေးကွာလှတဲ့ နေရာက အမျိုးသမီးတွေရဲ့ အားမာန်ကို မျှဝေခံစားလိုက်ပါ။

ဝယ်ယူအားပေးမှုတိုင်းဟာ သူမတို့မိသားစုတွေရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ ပညာရေးအတွက် တိုက်ရိုက် အထောက်အပံ့ ဖြစ်စေမှာပါ။ ❤️📘

✨ Crafted with Care: ရှေးမူမပျက် ရက်လုပ်ထားသောအဆင်များနှင့် ဖန်တီးချုပ်လုပ်သော အဆင့်မြှင့် အရည်အသွေး
✨ Made with Love: အမျိုးသမီးများနှင့် မိခင်များ၏ မေတ္တာလက်ရာ

🛒 ဒီလှပတဲ့ ရိုးရာလက်ရာလေးတွေကို အားပေးပြီး အမျိုးသမီးများနှင့်အတူ ရပ်တည်ပေးဖို့
👉 Messenger - Yuwaddy Center
👉 Phone - 09421474560
👉 Viber - 09421474560 ကို ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါသည်။

ပိုမိုသိရှိလိုပါက https://www.yuwaddy.com ကို ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်

ဒီနေ့ ကျွန်မတို့ Y Sisters Fellowship ရဲ့ တောင်ငူဟင်းထုပ်လုပ်နည်း အစီအစဉ်လေးကတော့ အားလုံးရဲ့ တက်ကြွတဲ့ ပါဝင်မှုတွေကြောင့...
03/07/2026

ဒီနေ့ ကျွန်မတို့ Y Sisters Fellowship ရဲ့ တောင်ငူဟင်းထုပ်လုပ်နည်း အစီအစဉ်လေးကတော့ အားလုံးရဲ့ တက်ကြွတဲ့ ပါဝင်မှုတွေကြောင့် တကယ့်ကို ပျော်စရာကောင်းပြီး ဟင်းထုပ်မွှေးမွှေးလေးတွေ ရရှိခဲ့ကြပါတယ်။

ချက်ရတာလည်း ပျော်၊ စားရတာလည်း အရသာရှိ၊ မိတ်သဟာယလည်း တိုးပွားရတဲ့ သာယာတဲ့အချိန်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။

လာရောက်အားဖြည့်ပေးကြတဲ့ ‘ဝိုင်’ညီအစ်မများအားလုံးကို ကျေးဇူးတင်ရှိပြီး နောက်အစီအစဉ်တွေမှာလည်း အတူတူ ဆုံကြပါဦးမယ်ရှင်။ ✨

Hello it's Monday!!!!! 🫶🥰
29/06/2026

Hello it's Monday!!!!! 🫶🥰

Come and shop with us  Marketplace By Citymart 6.5miles
27/06/2026

Come and shop with us Marketplace By Citymart 6.5miles

Address

No (119), Bogalay Zay Street, Botahtaung Township
Yangon
11111

Opening Hours

Monday 09:30 - 16:00
Tuesday 09:30 - 16:00
Wednesday 09:30 - 16:00
Thursday 09:30 - 16:00
Friday 09:30 - 16:00

Telephone

+959421474560

Alerts

Be the first to know and let us send you an email when Yuwaddy Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Yuwaddy Center:

Shortcuts

Share

Category