Untitled Space

Untitled Space A cozy place to enjoy quality time. Closed on Every Mondays.
📞 09420111172, 09766776608, 09762100969

📍We will be temporarily closed from February 18 to March 2 for renovations and a team trip. We can't wait to come back w...
17/02/2026

📍We will be temporarily closed from February 18 to March 2 for renovations and a team trip.

We can't wait to come back with a fresh new look. See you soon! 🤗🤗

📍ဆိုင်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ Renovation ပြုလုပ်ရန်နှင့် Team Trip သွားရန်အတွက် ခေတ္တပိတ်ထားမှာဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ Decoration နဲ့အတူ Untitled အဖွဲ့သားများ ခရီးမှာ အားအပြည့်ဖြည့်ပြီး ပြန်လာခဲ့မှာမို့ ဆိုင်ပြန်ဖွင့်ချိန်မှာ ပြန်လည်ဆုံတွေ့ကြမယ်နော် 🤗🤗

ဆိုင်မှာရှိတဲ့ DIY Activities လေးတွေအပြင် နောက်ထပ်ရွေးချယ်စရာ Plaster Painting ကိုပါ အသစ်ထပ်တိုးထားပါတယ်။ဒါလေးတွေက ကိုယ်...
15/02/2026

ဆိုင်မှာရှိတဲ့ DIY Activities လေးတွေအပြင် နောက်ထပ်ရွေးချယ်စရာ Plaster Painting ကိုပါ အသစ်ထပ်တိုးထားပါတယ်။

ဒါလေးတွေက ကိုယ်စိတ်ကူးရှိသလို ဆေးခြယ်လို့ရပြီး လက်ဆောင်အဖြစ် ပြန်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်လက်ရာလေးကို ကိုယ်တိုင်သိမ်းထားဖို့ပဲဖြစ်ဖြစ် သင့်တော်သောပါပဲ။

ဆိုင်စဖွင့်ကတည်းက DIY Activity လေးတွေကို ထည့်သွင်းခဲ့တဲ့ ရည်ရွယ်ချက်ကတော့
🌱 ပင်ပန်းနွမ်းနယ်မှုတွေကြားထဲမှာ ကိုယ့်အတွက် တစ်ခုခုကို ဖန်တီးပုံဖော်ရင်း စိတ်အပန်းဖြေနိုင်တဲ့ အခိုက်အတန့်လေးကို ခံစားမိစေချင်လို့ပါ။

အဲ့ဒီတစ်ခုခုဟာ
🌱 အမှတ်တရတွေ ဖြစ်နိုင်တယ်၊
🌱 ကြည်နူးမှုတွေ ဖြစ်နိုင်တယ်၊
🌱 စိတ်ရဲ့ကြည်လင်မှုတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုအရာလေးတွေကို ဖန်တီးချင်ရင်တော့ Untitled Space ကို လာခဲ့လို့ရတယ်နော် 🤗

မနက်ဖြန်ကတော့ ပုံမှန်ဆိုင်ပိတ်ရက်လေးဖြစ်တာကြောင့် Tuesday မှာ ပြန်တွေ့ကြပါမယ်ရှင် 💛

12/02/2026

အခုရက်ပိုင်း ဆိုင်မဖွင့်သေးဘူးလားမေးတဲ့ Customers လေးတွေအတွက်

ဆိုင်က ဖွင့်ပါတယ်နော်။ ဒါပေမဲ့ ဆိုင်မှာ ပန်းစည်း Order လေးတွေ များတာကြောင့် အောက်ထပ်က စားပွဲဝိုင်း‌တွေမှာပဲ ထိုင်လို့ရပါမယ်။

ဒါ့ကြောင့် ဆိုင်မလာခင် ကြိုဖုန်းဆက်တာဖြစ်ဖြစ်၊ စာပို့ပြီးပဲဖြစ်ဖြစ် နေရာလေး Reserve လုပ်ထားပေးရင် ပိုအဆင်ပြေပါတယ်ရှင် 💛

Video လေးထဲမှာလည်း သေချာရှင်းပြပေးထားပါတယ်နော် 🤗

ဆိုင်ပိတ်ရက် ကြေညာခြင်း 📣📣Valentine's Day ကာလအတွင်း ပန်းစည်းအော်ဒါများပြားနေသည့်အတွက်ကြောင့် ဆိုင်ကို Monday & Tuesday (...
08/02/2026

ဆိုင်ပိတ်ရက် ကြေညာခြင်း 📣📣

Valentine's Day ကာလအတွင်း ပန်းစည်းအော်ဒါများပြားနေသည့်အတွက်ကြောင့် ဆိုင်ကို Monday & Tuesday (Feb 10 & Feb 11) နှစ်ရက် ပိတ်ထားဖို့ရှိပါတယ်။

💟 Feb 12 မှ Feb 13 ရက်နေ့အထိ ဆိုင်ဖွင့်လှစ်ထားသော်လည်း နေရာအခက်အခဲရှိနေသည့်အတွက်ကြောင့် Customer များအနေဖြင့် အောက်ထပ်စားပွဲများတွင်သာ ထိုင်နိုင်ကြောင်း မေတ္တာရပ်ခံပါရစေ။

💟 ပန်းစည်းများ ဝယ်ယူလိုပါကလည်း ဆိုင်သို့ လာရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။

☎️ သိရှိလိုသည်ကို 09420111172, 09762100969, 09766776608 မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ပြီးခဲ့အပတ်က Workshop လေး 🥰လာမဲ့ Sunday မှာလည်း Lovely Mini Felt Wallet Workshop လေးရှိတာမို့ Register လုပ်လို့ရပါသေးတယ်...
06/02/2026

ပြီးခဲ့အပတ်က Workshop လေး 🥰

လာမဲ့ Sunday မှာလည်း Lovely Mini Felt Wallet Workshop လေးရှိတာမို့ Register လုပ်လို့ရပါသေးတယ်နော် 🫶🏼

Workshop အကြောင်း အသေးစိတ်
https://m.facebook.com/story.php?story_fbid=122213026046096910&id=61552907326108&mibextid=Nif5oz

🧵💖 Lovely Mini Felt Wallet Workshop 💖🧵ချစ်စရာကောင်းတဲ့ Mini Felt Wallet လေးတွေကို ချစ်ရသူနဲ့အတူ ဖန်တီးချင်သူများအတွက် Wo...
04/02/2026

🧵💖 Lovely Mini Felt Wallet Workshop 💖🧵

ချစ်စရာကောင်းတဲ့ Mini Felt Wallet လေးတွေကို ချစ်ရသူနဲ့အတူ ဖန်တီးချင်သူများအတွက် Workshop လေး စီစဉ်ပေးထားပါတယ် 🥰

ဒီ Workshop လေးမှာ ပုံမှာပြထားသလို Mini Wallet လေးပြုလုပ်ဖို့
🧵Felt အစ ရွေးချယ်နည်း
🧵အပ် / အပ်ချည် အသုံးပြုပုံ
🧵Cutting & Size အကြောင်း
🧵Pattern ရှာနည်း
🧵အိတ်ချုပ်နည်း
🧵Decoration ဆင်နည်း / ချုပ်နည်း
စတဲ့အချက်တွေကို အသေးစိတ် လက်တွေ့သင်ကြားပေးမှာဖြစ်တဲ့အတွက်
အခြေခံလုံးဝမရှိသူများလည်း စိတ်ပူစရာမလိုဘဲ Join လို့ရပါတယ်နော်။

Workshop လေးပြီးသွားတဲ့အခါ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာလေးကို ချစ်ရသူနဲ့ အပြန်အလှန် လက်ဆောင်ပေးလို့ရသလို

တစ်ယောက်တည်းသမားလေးတွေဆိုရင်လည်း Wallet အဖြစ်အသုံးပြုနိုင်တာမို့ Workshop လာရကျိုးနပ်စေဖို့ အာမခံနိုင်ပါတယ်ရှင် 💖

Fees ကတော့ Materials ဖိုးအပါအဝင် အကုန်အပြီးအစီး တစ်ယောက်ကို 30,000 Ks ကျသင့်မှာဖြစ်ပါတယ်။

🎉🎉 Valentine's Special Promotion အနေနဲ့ ပထမဆုံး Register လုပ်သူ စုံတွဲလေးသုံးတွဲကို Untitled ရဲ့ Signature Brownie လေးတစ်ခုစီ လက်ဆောင်ပေးဖို့ရှိပါတယ်။ Single လေးတွေဆိုလည်း သူငယ်ချင်းနဲ့ Join လို့ရတယ်နော် 🎉🎉

လူဦးရေအကန့်အသတ်လေးတော့ရှိတာကြောင့် Page Messenger မှာ အမြန်ဆုံး စာရင်းလာသွင်းလိုက်တော့ရှင် 🙌🏼

Date – 8 Feb 2026
Time – 12:30 PM – 2:30 PM
Location – Untitled Space

လွမ်းစာမဟုတ်တဲ့ ပန်းစာ... 💌🌹နှလုံးသားထဲက စကားသံတွေကို စာအိတ်လေးထဲ ထည့်ပေးထားတဲ့ Untitled ရဲ့ "ပန်းစာ" Package လေးနဲ့ မိတ...
03/02/2026

လွမ်းစာမဟုတ်တဲ့ ပန်းစာ... 💌🌹

နှလုံးသားထဲက စကားသံတွေကို စာအိတ်လေးထဲ ထည့်ပေးထားတဲ့ Untitled ရဲ့ "ပန်းစာ" Package လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီပန်းစာလေးဟာ သာမန်လက်ဆောင်တစ်ခုဆိုတာထက် ပိုပြီး...
💌 ပန်းလေးတွေနဲ့ သီကုံးထားတဲ့ ချစ်ခြင်းရဲ့ သဝဏ်လွှာတစ်ခု၊
💌 ရင်ထဲက စကားလုံးတွေကို အစားထိုးဖော်ပြပေးမဲ့ စာအိတ်လှလှလေး တစ်ခုပါ။

ပန်းစာ Package မှာ ဘာတွေပါမလဲ?
💐 နှင်းဆီ၊ ဒေစီနဲ့ အရံပန်းလေးတွေအပြင်
📝 Vintage ဆန်ဆန် စာရွက်အညိုလေး (၂) ရွက် ပါဝင်ပါမယ်။

• ဆိုင်ကိုလာပြီး ချစ်ရသူနဲ့အတူ ပန်းထိုးရင်း၊ စာအပြန်အလှန်ရေးရင်း အမှတ်တရတွေ ဖန်တီးမလား။

• တိုးတိုးတိတ်တိတ် ချစ်ရသူလေးကို ဖွင့်ဟဝန်ခံဖို့ ပြင်ဆင်နေတာလား။
ဘယ်လိုအခြေအနေမျိုးအတွက်မဆို ဒီ "ပန်းစာ Package" လေးကို ရွေးချယ်နိုင်ပါတယ်နော်။

ဈေးနှုန်းလေးတွေကတော့
🌸 ဆိုင်က စီစဉ်ပေးထားတဲ့ Package - 30000 ks

🌸 ကိုယ့်စိတ်ကြိုက် ပန်းအမျိုးအစားနဲ့ အရေအတွက် ရွေးချယ်လိုပါက 30000 ks မှ စတင်ကာ ပန်းအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါတယ်ရှင်။

ပန်းလေးတွေ စီစဉ်ရမှာမို့ တစ်ရက်ကြို Booking တင်ထားဖို့တော့ လိုအပ်ပြီး‼️

လာမဲ့ Valentine's Day အတွက်ဆိုရင် Order အကန့်အသတ်လေးရှိတာကြောင့် အခုကတည်းက လာမှာထားမှစိတ်ချရမယ်နော်‼️

29/01/2026

ဆိုင်မှာ ဆေးခြယ်ဖို့ ဘာလေးတွေ အသစ်ရောက်လဲသိကြလား 👀

Video လေးထဲမှာ ရှင်းပြပေးထားတာမို့ အတူကြည့်ကြည့်ရအောင် 🫶🏼

---------------------------

Location: အမှတ် (၁၇၂)၊ ၄၇ လမ်း (အထက်ဘလောက်)၊ ဗိုလ်တစ်ထောင်မြို့နယ်

ဆိုင်ဖွင့်ချိန် : မနက် ၉နာရီခွဲမှ ညနေ ၅နာရီခွဲအထိ

တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်။

ဒီတစ်ပတ်ပိတ်ရက်ကျ Clay Workshop လေး ရှိပါမယ်တဲ့နော် 🫶🏼စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ Activity လေးဖြစ်တာမို့ လာ Join ဖို့ ဖ...
27/01/2026

ဒီတစ်ပတ်ပိတ်ရက်ကျ Clay Workshop လေး ရှိပါမယ်တဲ့နော် 🫶🏼

စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ Activity လေးဖြစ်တာမို့ လာ Join ဖို့ ဖိတ်ခေါ်ပါတယ် 🌿

မြေရနံ့သင်းသင်းနဲ့ စိတ်ကြိုက် ရွှံ့အရုပ်လေးတွေ ဖန်တီးကြမယ်။ ။🌱
🤎Clay Workshop Vol-3🤎

ဒီတစ်ခေါက်မှာတော့
Craftyတို့ Request လုပ်ထားကြတဲ့အတိုင်း🤗
Clay Workshop Vol-3 ကို
✨Untitled Space Cafe✨မှာ
ပြန်လည် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

🌱Workshop အတွက် Fees အနေနဲ့ လိုအပ်တဲ့ကုန်ကြမ်းတွေ အပါအ၀င် တစ်ဦးလျှင် 10000ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။🤗

🌱ကုန်ကြမ်းမှာဆိုရင်
သဘာ၀ရွှံ့ 100g တစ်ထုပ်နဲ့ ပြုလုပ် ထုထွင်းဖို့ရာ
Supporting Tools လေးတွေ ပြင်ဆင် ပေးထားမှာဖြစ်ပါတယ်။

🌱Instructor အနေနဲ့ မင်မင် ကိုယ်တိုင်
ပါ၀င် ကူညီ ပေးဖို့ ရှိနေမှာ ဖြစ်ပါတယ်။😍

Date: 1st February 2026 (SUN)
Time: 12:00 To 5:00
Location: Untitled Space
အမှတ်(၁၇၂)၊ ၄၇ လမ်း(အထက်ဘလောက်)၊ ဗိုလ်တထောက်မြို့နယ်။

အချိန်အားဖြင့် 12:00 ကနေ 5:00 အတွင်း
အဆင်‌ပြေတဲ့အချိန်လာရောက်ပြုလုပ်လို့ရပါတယ်ရှင့်။💚
အရုပ်တစ်ရုပ် ပြုလုပ်ဖို့ရာ ခန့်မှန်းချိန်
30mins to 45mins ပဲကြာပါတယ်ရှင့်။💚

လူဦးရေ အကန့်အသတ်လေးရှိတာမို့ Page Messenger မှာ
အမြန်ဆုံး စာရင်းသွင်းထားဖို့ လိုပါတယ်နော်။ ။🤗

(No Advance Payment Needed,
Pay on Workshop Day!)

26/01/2026

This Week's Recap

ဒီနေ့ကတော့ Weekly Off လေးမလို့ ဆိုင်ပိတ်ပါတယ်ရှင်။

Tuesday to Sunday က ပုံမှန်အတိုင်း ဆိုင်ဖွင့်ပါတယ်နော် 🤗

⏰ Opening Hours: မနက် ၉နာရီခွဲမှ ညနေ ၅နာရီခွဲအထိ

📍Location: အမှတ် (၁၇၂)၊ ၄၇ လမ်း (အထက်ဘလောက်)၊ ဗိုလ်တစ်ထောင်မြို့နယ်

Valentine's အမှီ Cake Order လေးတွေ စတင်လက်ခံနေပါပြီ 🧁💖ချစ်ရသူအတွက် အချိုဓာတ်လေးတွေ လက်ဆောင်ပေးချင်ရင် ဒီလို Mini Cake Bo...
23/01/2026

Valentine's အမှီ Cake Order လေးတွေ စတင်လက်ခံနေပါပြီ 🧁💖

ချစ်ရသူအတွက် အချိုဓာတ်လေးတွေ လက်ဆောင်ပေးချင်ရင် ဒီလို Mini Cake Box လေးရှိမယ်နော်။

ချောကလက်ကိတ်သား အိအိလေးကိုမှ Cream တွေအများကြီးပါတာ မကြိုက်သူတွေအတွက် အသင့်တော်ဆုံးပါပဲ ✨

အချစ်တွေကို ဒီကိတ်လေးနဲ့အတူ ဖော်ပြချင်ရင် Page Messenger or 09420111172 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင် 🤗

အမည်မပေးထားတဲ့ ခရမ်းရောင်အတွေးများ 💜💭Untitled Space မှာ အတွေးတွေကို အရောင်ခြယ်လို့ရသလို စိတ်ကူးများကို ပန်းပွင့်တွေကြား ...
21/01/2026

အမည်မပေးထားတဲ့ ခရမ်းရောင်အတွေးများ 💜💭

Untitled Space မှာ အတွေးတွေကို အရောင်ခြယ်လို့ရသလို စိတ်ကူးများကို ပန်းပွင့်တွေကြား လွင့်မျောခွင့်ပေးထားနိုင်ပါတယ်။

ဒါ့အပြင် အမှတ်တရတွေဖန်တီးဖို့ Canvas Painting နဲ့ အခြား DIY Activities လေးတွေလည်း ရှိပါတယ်နော် 🤗

ဆိုင်ဖွင့်ချိန် : မနက် ၉နာရီခွဲမှ ညနေ ၅နာရီခွဲအထိ

📍Location: အမှတ် (၁၇၂)၊ ၄၇ လမ်း (အထက်ဘလောက်)၊ ဗိုလ်တစ်ထောင်မြို့နယ်

တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်။

Address

No (172), Ground Floor, 47th Street (Upper Block), Botahtaung Township
Yangon
11211

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+959420111172

Website

Alerts

Be the first to know and let us send you an email when Untitled Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Untitled Space:

Share

Category