Safe Food from Safe Farm

Safe Food from Safe Farm စားသုံးသူများ ဘေးကင်းစေရန်နှင့် စားသောက်ကုန် အရည်အသွေးမြင့်မားစေရန်

လာမည့် (၄) ရက် (စနေနေ့) Safe Food from Safe Farm မှာ ဈေးဝယ်ရင်း သင်္ကြန်အကြိုပျော်ပွဲရွှင်ပွဲနဲ့ တန်ဖိုးရှိတဲ့အစီအစဉ်လေး...
01/04/2026

လာမည့် (၄) ရက် (စနေနေ့) Safe Food from Safe Farm မှာ ဈေးဝယ်ရင်း သင်္ကြန်အကြိုပျော်ပွဲရွှင်ပွဲနဲ့ တန်ဖိုးရှိတဲ့အစီအစဉ်လေးတစ်ခုလည်းရှိပါတယ်။ အဲဒါကတော့ 🌱LOCAL SEED EXCHANGE🌱 အစီအစဉ်လေးပါ။

မိမိတို့မှာရှိတဲ့ တန်ဖိုးရှိတဲ့ 🌱မျိုးစေ့လေးတွေကို ဖလှယ်နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

အမှိုက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ကမ္ဘာကြီးပေါ်မှာ Wall-E တစ်ယောက်တည်း အထီးကျန်စွာ အလုပ်လုပ်နေရင်း... ဖိနပ်အစုတ်လေးထဲက အပင်ပေါက်လေးတစ်ပင်ကို တွေ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ “လူသားတွေ ကမ္ဘာမြေကို ပြန်လာနိုင်ဖို့ လမ်းပြပေးခဲ့တာ အပင်လေးတစ်ပင်ပါပဲ”ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ ကြွေခဲ့ရပါတယ်။
ကျွန်တော်တို့ရဲ့ Local Food Systems မှာ ဒေသမျိုးစေ့စနစ်တွေဟာလည်း ရာသီဥတုဒဏ်ခံနိုင်ဖို့နဲ့ အစားအစာဖူလုံဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်။ Wall-E က အဲဒီအပင်လေးကို ဂရုတစိုက် သိမ်းဆည်းခဲ့သလိုပဲ၊ ကျွန်တော်တို့လည်း မိမိတို့ဒေသက မျိုးစေ့တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
Wall-E ထဲကလိုပဲ အနာဂတ်အတွက် မြတ်နိုးတန်ဖိုးထားရမယ့် မျိုးစေ့လေးတွေ လက်ထဲမှာ ရှိနေတယ်ဆိုရင်-
မအားလပ်လို့ myanSEED Office ကိုရော farm ကိုရော လာရောက်ဖို့ အဆင်မပြေဘူးဆိုရင်
မြေပဒေသာကျွန်းက Safe Food Safe Farm မှာ myanSEED ရဲ့ farm products တွေကိုလည်း အားပေးရင်း Seed Exchange အစီအစဥ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်-
နေ့ရက် - ဧပြီလ (၄) ရက် (စနေနေ့)
အချိန် - နံနက် (၉ )နာရီမှ နေ့လယ် (၁၂) နာရီ
နေရာ - ကန်တော်ကြီး၊ မြေပဒေသာကျွန်း (Safe Food Safe Farm စနေ၊ တနင်္ဂနွေဈေး)

မက္ကဒေးမီးယားချစ်သူများအတွက် Olive Moon Macadamia ဆိုင်လေးက စနေ၊ တနင်္ဂနွေနေ့တိုင်း SFSF marketမှာ ဖွင့်ပေးထားပါတယ် ခင်ဗ...
11/02/2026

မက္ကဒေးမီးယားချစ်သူများအတွက် Olive Moon Macadamia ဆိုင်လေးက စနေ၊ တနင်္ဂနွေနေ့တိုင်း SFSF marketမှာ ဖွင့်ပေးထားပါတယ် ခင်ဗျာ။

ဒါ့အပြင် ၄သောင်းဖိုးနှင့်အထက် ဝယ်တဲ့ ကာစတန်မာများကိုလည်း ချစ်စရာကောင်းတဲ့ Olive Moonတံဆိပ် ကော်ဖီmugခွက်လေး လက်ဆောင်ပေးသွားဦးမှာပါ.. stockမကုန်မချင်း ပေးမှာဖြစ်တဲ့အတွက် မြန်မြန်လေးသာလှမ်းခဲ့တော့နော့။

*ကျန်းမာပျော်ရွှင်သော နေ့ရက်များသို့ အတူတူလျှောက်လှမ်းကြပါစို့*

🍓 (ပိုးသတ်ဆေးကင်းစင်ပြီး) လတ်ဆတ်တဲ့ ဂျပန်ချိုမွှေး စတော်ဘယ်ရီ လာပြီနော်! 🍓​"မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံ...
29/01/2026

🍓 (ပိုးသတ်ဆေးကင်းစင်ပြီး) လတ်ဆတ်တဲ့
ဂျပန်ချိုမွှေး စတော်ဘယ်ရီ လာပြီနော်! 🍓
​"မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံတွေကိုပဲ ရွေးချယ်ချင်သူတွေအတွက်..."

​✅ Safe Food from Safe Farm မှာ ပိုးသတ်ဆေး လုံးဝ(လုံးဝ) မသုံးဘဲ စိုက်ပျိုးထားတဲ့
🍓ဂျပန်ချိုမွှေး စတော်ဘယ်ရီ မှာယူနိုင်ပါပြီ

သောက်ကြာနေ့မှာခူးပြီး ညတွင်းချင်း စနေနေ့မနက်ရောက်ရှိလာမှာဖြစ်လို့ လတ်ဆတ်မှုကအပြည့်ပါပဲ

​🥦 ဒါ့အပြင်
✅​ ဓာတုကင်းစင်တဲ့ ဟင်းသီးဟင်းရွက်များ
✅ ပြည်တွင်း ထုတ်ကုန်များကိုလည်း

သင့်အိမ်အရောက် ဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ...

​💰 ဈေးနှုန်းစာရင်းကို (ပုံမှာကြည့်ပေးပါ)

လိုချင်တာတွေစာရင်းမှတ်ပြီး

​🛒 အမြန်ဆုံး Order မှာယူလိုက်ပါခင်ဗျာ
📞 ဖုန်း - 09 43127656
📩 Messenger မှတစ်ဆင့်လည်း ဆက်သွယ်မှာယူနိုင်ပါတယ်။





🚚 အိမ်အရောက်ပို့ဖို့‌ မျှော်နေတဲ့ ကာကာတို့အတွက် အိမ်အရောက်လာပို့ပါပြီခင်ဗျာလိုချင်တာရှိရင်  📞Hello လုပ်လိုက်ပါနော်      ...
28/01/2026

🚚 အိမ်အရောက်ပို့ဖို့‌ မျှော်နေတဲ့ ကာကာတို့အတွက် အိမ်အရောက်လာပို့ပါပြီခင်ဗျာ
လိုချင်တာရှိရင် 📞Hello လုပ်လိုက်ပါနော်




🌰 ကျန်းမာရေးနဲ့ညီညွတ်တဲ့ Olive Moon Macadamia စားရင်း ချစ်စရာကောင်းတဲ့ Coffee Mug လေးတွေ လက်ဆောင်ယူကြမယ် ☕️​Safe Food fr...
27/01/2026

🌰 ကျန်းမာရေးနဲ့ညီညွတ်တဲ့ Olive Moon Macadamia စားရင်း ချစ်စရာကောင်းတဲ့ Coffee Mug လေးတွေ လက်ဆောင်ယူကြမယ် ☕️

​Safe Food from Safe Farm ရဲ့ မိတ်ဆွေများအားလုံးအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်! ကျွန်တော်တို့ဆီမှာ ရရှိနိုင်တဲ့ Olive Moon Macadamia မိသားစုမှ ချစ်ခင်ရတဲ့ Customers တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Promotion အစီအစဉ်လေး တစ်ခု ပြုလုပ်ပေးထားပါတယ်။

​🎁 Promotion အစီအစဉ်
​၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် (စနေနေ့) မှ စတင်ပြီး Olive Moon Macadamia ထုတ်ကုန်များကို ၄ သောင်းဖိုးနှင့်အထက် ဝယ်ယူသူတိုင်းကို Olive Moon Brand ပါ အမှတ်တံဆိပ်ပါ Coffee Mug ခွက် လေးများ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် (Stock မကုန်မချင်းမို့ အမြန်လေးတော့ လိုမယ်နော်!)

​🌟 Olive Moon Macadamia ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
​သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ Healthy Food စစ်စစ်ဖြစ်ဖို့အတွက် အောက်ပါအချက်တွေနဲ့ အာမခံထားပါတယ် -
​✅ GAP စနစ်ဖြင့် စိုက်ပျိုးခြင်း: ဓာတုမြေဩဇာနှင့် ပိုးသတ်ဆေးများ လုံးဝ(လုံးဝ) မသုံးစွဲဘဲ သဘာဝ တမာဆီနှင့် ဆေးရွက်ကြီးအရည်တို့ကိုသာ အသုံးပြုထားပါတယ်။
​✅ တာရှည်ခံဆေး လုံးဝမပါ: ကျန်းမာရေးကို ထိခိုက်စေတဲ့ Preservatives တွေအစား Dehydration + Anti-oxidantation System ကို အသုံးပြုပြီး သဘာဝအတိုင်း ကြာရှည်ခံအောင် ထုတ်လုပ်ထားပါတယ်။
​✅ အရွယ်သုံးပါးမရွေး သင့်တော်ခြင်း: ကလေးငယ်လေးတွေကအစ ဘိုးဘိုးဘွားဘွားတွေအထိ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။
​✅ Keto & Diet သမားများအတွက်: ဝိတ်ချနေသူတွေနဲ့ Keto Diet စားသုံးသူ ကိုကိုမမတွေအတွက် အထူးသင့်လျော်တဲ့ Diet Food လေးဖြစ်ပါတယ်။

​🛒 မှာယူနိုင်တဲ့ နည်းလမ်းများ
​ကျန်းမာရေးနဲ့လည်း ညီညွတ်၊ လက်ဆောင်ခွက်လေးလည်း ရမယ့် အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ 0943127656 (သို့မဟုတ်) Safe Food from Safe Farm Messenger ကနေ တစ်ဆင့် မှာယူနိုင်ပါပြီခင်ဗျာ။





Safe Food from Safe Farm စနေ၊ တနင်္ဂနွေဈေး မှာ ကိုယ်တိုင် လာဝယ်ဖို့ မအားလပ်သူများအတွက်လည်း စနေနေ့တိုင်း အိမ်အရောက်ပို့ဆေ...
22/01/2026

Safe Food from Safe Farm စနေ၊ တနင်္ဂနွေဈေး မှာ ကိုယ်တိုင် လာဝယ်ဖို့ မအားလပ်သူများအတွက်လည်း စနေနေ့တိုင်း အိမ်အရောက်ပို့ဆောင်မှုစတင်ပါပြီ။

"မိသားစုကျန်းမာရေးအတွက် လတ်ဆတ်တဲ့ စိုက်ခင်းထွက် အသီးအနှံတွေကို အိမ်အရောက်မှာယူလိုက်ပါ"

📞 အော်ဒါတွေကိုတော့ ဗုဒ္ဓဟူးနေ့မှ စနေနေ့ နံနက် 9:00 ထိမှာယူနိုင်ပါတယ်။

🥬 ဟင်းသီးဟင်းရွက်
🍓 သစ်သီး
🍀 လက်ဖက်ခြောက်
☕ကော်ဖီ
🌶️ ငရုတ်သီးမှုန့်
🧼 ဆပ်ပြာ၊ ခေါင်းလျှော်ရည်
🌾ဆန်

🛒ဘာတွေလိုချင်လဲ?
ရရှိနိုင်တဲ့ ထုတ်ကုန် အမျိုး ၁၂၀ ကျော်ရဲ့ ဈေးနှုန်းစာရင်းရေးပေးထားပါတယ်
(ပုံမှာကြည့်ပေးပါ)

၁ပတ်စာ လိုချင်တာတွေကို ☎️ဖုန်းဆက်စာရင်း📝ပေးထားလိုက်ပါ...

🚚 စနေနေ့လာပို့ပေးပါမယ်ခင်ဗျာ

🛒ကိုယ်တိုင်လာဝယ်မယ်ဆိုရင်လည်း
👉 Safe Food from Safe Farm စနေ၊ တနင်္ဂနွေဈေးကို ကန်တော်ကြီး၊ မြေပဒေဿာကျွန်း (ဂျပန်သံရုံးရှိတဲ့ဝင်ပေါက်) တွင် နံနက် ၆:၃၀ မှ နေ့လည် ၂:၀၀ အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေ‌ နေ့တိုင်း ဖွင့်လှစ်နေပါပြီ။





🌿 ထူဗျန်းဘီး ရဲ့ Special Promotion! 🌿ဒီတစ်ပတ် စနေနှင့် တနင်္ဂနွေSafe Food from Safe Farm ဈေးမှာထူဗျန်းဘီး - ကယန်းဒေသထုတ်...
15/01/2026

🌿 ထူဗျန်းဘီး ရဲ့ Special Promotion! 🌿
ဒီတစ်ပတ် စနေနှင့် တနင်္ဂနွေ
Safe Food from Safe Farm ဈေးမှာ
ထူဗျန်းဘီး - ကယန်းဒေသထုတ်ကုန်များ ကိုတစ်မျိုး ဝယ်ယူရုံနဲ့ 🎁 အကြော်မှုန့် ၅၀ ဂရမ် တစ်ထုတ် လက်ဆောင်ရရှိမယ်နော်!

အိမ်မှာလည်း လွယ်လွယ်နဲ့ အရသာရှိတဲ့ အကြော်တွေ၊ ဟင်းလျာတွေ ချက်ချင်ရင်
ဒီအခွင့်အရေးကို လုံးဝမလွှတ်လိုက်ပါနဲ့ 😋

Stock ကန့်သတ်ထားတာမို့ မြန်မြန်လာဖို့ မမေ့နဲ့နော်… 💚

🌶️ထူဗျန်းဘီးရဲ့ ကယန်းငရုတ်သီးခြောက်တွေဟာ Aflatoxin မှို‌ဆိပ် ကင်းစင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထူဗျန်းဘီး ကယန်းငရုတ်သီးခြောက်စစ်စစ် ကို ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်။ 🙏

ထူဗျန်းဘီး ထုတ်ကုန်များကို စနေ၊ တနင်္ဂနွေတိုင်း Safe Food from Safe Farm ဈေးမှာလည်း ဝယ်ယူအားပေးနိုင်ပါတယ်။
#ထူဗျန်းဘီး #ကယန်းငရုတ် #ကယန်းတောင်သူများ #ငရုတ်သီးခြောက်

#ထူဗျန်းဘီး

မနက်ဖြန်အတွက် Ah Tee Family Natural Farm က အန်တီကတော့ ခူးပြီးသွားပါပြီတဲ့🍆🫛🥬🥭ခြံထွက် ဟင်းသီးဟင်းရွက်စုံ၊ ပိန္နဲ၊ ကျွဲကော...
09/01/2026

မနက်ဖြန်အတွက် Ah Tee Family Natural Farm က အန်တီကတော့ ခူးပြီးသွားပါပြီတဲ့🍆🫛🥬🥭
ခြံထွက် ဟင်းသီးဟင်းရွက်စုံ၊ ပိန္နဲ၊ ကျွဲကော၊ မာလကာ၊ သရက်၊ အုန်းချိုမွှေး နဲ့ ကြက်ဥ တွေရပါမယ်ခင်ဗျာ... See you Tomorrow 👋

👉 Safe Food from Safe Farm စနေ၊ တနင်္ဂနွေဈေးကို ကန်တော်ကြီး၊ မြေပဒေဿာကျွန်း (ဂျပန်သံရုံးရှိတဲ့ဝင်ပေါက်) တွင် နံနက် ၆:၃၀ မှ နေ့လည် ၂:၀၀ အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေ‌ နေ့တိုင်း ဖွင့်လှစ်နေပါပြီ။



ပြီးခဲ့တဲ့အပတ်က Safe Food from Safe Farm ဈေးပုံရိပ်များဖြစ်ပါတယ်...ကျွန်တော်တို့ရဲ့ "ဘေးကင်းလုံခြုံပြီး လတ်ဆတ်တဲ့ အစားအစ...
08/01/2026

ပြီးခဲ့တဲ့အပတ်က Safe Food from Safe Farm ဈေးပုံရိပ်များဖြစ်ပါတယ်...

ကျွန်တော်တို့ရဲ့ "ဘေးကင်းလုံခြုံပြီး လတ်ဆတ်တဲ့ အစားအစာ" တွေကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... 🌱

နောက်အပတ်‌‌ နောက်အပတ်တွေမှာလည်း လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီး ဒီထက်ပိုလတ်ဆတ်၊ ပိုကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်တွေ နဲ့ ထုတ်ကုန်တွေကို ရောင်းချပေးနိုင်ဖို့ ကြိုးစားသွားပါမယ်ခင်ဗျာ... See you next weekend! 👋

06/01/2026

14.12.2025 ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ "စားသုံးသူဘေးကင်းကျန်းမာရေး GAP နှင့် Organic ကို ဦးစားပေး" ဆွေးနွေးပွဲ (ပထမပိုင်း) ဆရာမကြီး ဒေါက်တာသန်းသန်းစိန်၏ဟောပြောမှု zoom မှတ်တမ်းဖြစ်ပါတယ်။

Address

UMFCCI
Yangon

Opening Hours

Saturday 06:30 - 14:00
Sunday 06:30 - 14:00

Telephone

+959799906005

Website

Alerts

Be the first to know and let us send you an email when Safe Food from Safe Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share