28/02/2023
ဒီဆိုင်လေးက Decoration ပြင်ထားတာ ရှင်းရှင်းလေးနဲ့ တော်တော်လေး လှနေတဲ့ဆိုင်ပါ ။
ပြည်လမ်းမကြီးရဲ့ဘေးမှာရှိတဲ့ စိန်ဂေဟာ Shopping Centerရဲ့အထဲမှာရှိတာပဲဖြစ်ပါတယ်
ကော်ဖီလေးသောက်ရင်း ထိုင်ထိုင် ၊ အစာပြေစားချင်တာပဲဖြစ်ဖြစ် ပဲမုန့်၊ ပူတင်းမုန့်၊ပေါက်စီ၊ဘဲသားမုန့်၊ အုန်းသီးမုန့်၊ကော်ရည်၊ဆီချက် ၊ရှမ်းခေါက်ဆွဲ၊ နန်းကြီးသုတ်၊မုန့်တီသုပ်၊ခေါက်ဆွဲသုပ်စားဖို့ ရှာနေတဲ့သူများအတွက် လက်တို့ပေးဖို့ ဒီဆိုင်လေးကို တင်ပေးလိုက်တာပါ ။
အပူအစပ်အရသာကိုကြိုက်လို့ စားချင်တဲ့သူတွေအတွက်ဆိုရင်တော့ ယိုးဒယားသဘေ်ာသီးထောင်း၊ရခိုင်မုန့်တီတို့လည်းရပါတယ်
ဒီဆိုင်ရောက်ရင် အဓိကစားကြည့်သင့်တာဆိုရင်
လျှာကျွမ်းပြန်ကော်ရည်ခေါက်ဆွဲလေးကို စားကြည့်ဖို့ပြောချင်တယ်
ပေါ့ပေါ့ပါးပါး Drink လေးပဲ သောက်ချင်ရင်တော့ ကော်ဖီ လက်ဖက်ရည် ရာသီပေါ်အသီးဖျော်ရည်တွေ အစုံရလို့ အဆင်ပြေတယ်။
ဒီဆိုင်မှာက နောက်ထပ် အားသာချက် အနေနဲ့
ဆိုင်လှတဲ့အပြင် ထိုင်ခုံတွေကလည်း သက်သောင့်သက်သာရှိတယ်။ Wifi ကလည်း free ပေးထားတာဆိုတော့ စာလုပ်မယ့်သူတွေ / အလုပ်လုပ်မယ့်သူတွေလည်း သွားထိုင်ဖို့ အိုကေတယ်နော် !
ဒီဆိုင်လေး အဆင်ပြေလို့ သွားမယ်ဆိုရင် ...
ဆိုင်နာမည် - Daily Fresh Coffee & Tea
လိပ်စာ - အမှတ် 44(Sein Gay Har (Pyay)Ground Floor ဆိုင်ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်း၊ ဒဂုံမြို့နယ်။
ဖုန်း - 09420035299
ဆိုင်ဖွင့်ချိန် - 9:00 AM to 6:00PM ဖြစ်ပါတယ်။