RuDra

RuDra Great Indian Foods

🙏 "နှစ်သစ်ဆုတောင်း" 🙏မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်ရဲ့နှစ်သစ် အခါသမယမှာ (၇) ရက် သားသမီးများအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင်...
17/04/2024

🙏 "နှစ်သစ်ဆုတောင်း" 🙏

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်ရဲ့နှစ်သစ် အခါသမယမှာ (၇) ရက် သားသမီးများအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ကိုယ်၊စိတ်၊ နှလုံး ကျန်းမာ၊ ချမ်းသာကြပါစေ🙏🙏 🙏

နှစ်ဟောင်းကအညစ်အကြေးများပပျောက်ပြီးနှစ်သစ်ကိုကံကောင်းခြင်းမင်္ဂလာများနှင့်ဖြတ်သန်းနိုင်ကြပါစေ🙏🙏🙏

နှစ်သစ်မှစ၍ မြန်မာပြည်သူပြည်သားများနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပြီး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း RuDraမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်💛💛💛

သင်ရဲ့တစ်နေတာ Breakfast- Lunch- Dinner အတွက် RuDraမှ တာဝန်ယူပါရစေ 🍱🍚ကမ္ဘာအပြင်ဘက်ကလွဲပြီး ဘယ်နေရာရောက်ရောက် အရောက်ပို့ပေ...
09/02/2024

သင်ရဲ့တစ်နေတာ Breakfast- Lunch- Dinner အတွက် RuDraမှ တာဝန်ယူပါရစေ 🍱🍚

ကမ္ဘာအပြင်ဘက်ကလွဲပြီး ဘယ်နေရာရောက်ရောက် အရောက်ပို့ပေးမယ့် Grab Food ရှိနေပြီဆိုတော့ စိတ်ပူစရာမလိုတော့ဘူးပေါ့နော် 📲💚

လိပ်စာ - အမှတ် ၂၇၅ ၊အခန်း၄ ၊ ရန်ကင်းလမ်းမပေါ်
ရန်ကင်းမြို့နယ် (Golden City ရှေ့)

Opening Hour - 7:00 AM - 8:00 PM

Idli (or) Soft Rice Cake အစ်လီ (သို့) အီတလီ 🇮🇳🇱🇰South India/ Sri Lanka (Tamilလူမျိုးတို့) ရဲ့နာမည်အကြီးဆုံး မနက်စာတစ်ခုဖ...
30/01/2024

Idli (or) Soft Rice Cake အစ်လီ (သို့) အီတလီ 🇮🇳🇱🇰

South India/ Sri Lanka (Tamilလူမျိုးတို့) ရဲ့နာမည်အကြီးဆုံး မနက်စာတစ်ခုဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာလို့ပြောကြပါတယ်
အဆီနှင့်ကယ်လိုရီပါဝင်မှုလဲနည်းပါတယ်
probiotics လဲကြွယ်ဝစေပါတယ်

🤍Idli က ဘာမုန့်လဲ??
အလွယ်နည်းနဲ့ ပြောရမယ်ဆိုရင် ဆန်မုန့်ပါပဲ
အရသာကတော့ မြန်မာမုန့် မုန့်ပေါင်းနဲ့တူပါတယ်

🤍Idli ရဲ့အဓိကပါဝင်ပစ္စည်းက ဘာတွေလဲ??
အဓိကကတော့ ဆန်ပါပဲ ကျန်တဲ့အရသာဘာမှမပါဝင်ပါဘူး ဆန်ကိုရေသေချာဆေး ကျိတ်ပြီးတော့ ပုံစံခွက်ထဲထည့်ပြီး အောက်မှရေနွေးငွေ့နဲ့ပေါင်းခံရတာပါ ပြီးလျှင်ရလာတဲ့မုန့်လေးတွေနဲ့ အခြားသော အရံဟင်းလေးတွေနဲ့တွဲဖက်စားရုံပါပဲ

🤍Idli ရဲ့ အရသာကရော??
အရသာက ဘယ်လိုလဲရှင်းပြပါလို့ပြောရရင် ဆန်မုန့်ဖြစ်တဲ့အတွက် ဒီတိုင်းစားရင်တောင် စားလို့အရမ်းကောင်းပါတယ် အရံဟင်းတွေဖြစ်တဲ့
ပဲဟင်း၊ကျစ်သနီ၊ပကျဲတီး၊သကြားတို့နဲ့ တွဲစားတဲ့အရသာကတော့

ပဲဟင်းနဲ့ဆို လေးလေးပင်ပင်လေး
ကျစ်သနီနဲ့ဆို ဆိမ့်ဆိမ့်လေး
ပကျဲတီးနဲ့ဆို ချဉ်တဲ့အရသာ
သကြားနဲ့ဆို ချိုစိမ့်လေးပေါ့ အကုန်စုံအောင် မင်မင်ပြောပြပြီးပြီမို့ လာရောက်မြည်းစမ်းကြည့်ဖို့ ဒီကပဲပြောလိုက်ပါရစေနော်

ကဲ Idli ကတော့ RuDra menuထဲမှာ အရောင်းရဆုံး itemတစ်ခုဖြစ်ပါတဲ့အတွက် စားကြည့် ကြိုက်သွားစေရမယ်နော် အာမခံတယ်🤭🫶

28/01/2024

Living with Pontရဲ့ တစ်နေ့တာဖြတ်သန်းမှုမှာ RuDra ပါဝင်ခွင့်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် 🫶

Thanks for your honest review 🤍

မင်မင်တို့ဆိုင်မှာ plating က ဘာလို့ လင်ဗန်းကြီးနဲ့ဖစ်နေရတာလဲလို့ မေးကြလွန်းလို့ ဒီကနေပဲမင်မင် သိသလောက်လေး ဖြေပေးလိုက်ပါရ...
19/01/2024

မင်မင်တို့ဆိုင်မှာ plating က ဘာလို့ လင်ဗန်းကြီးနဲ့ဖစ်နေရတာလဲလို့ မေးကြလွန်းလို့ ဒီကနေပဲမင်မင်
သိသလောက်လေး ဖြေပေးလိုက်ပါရစေရှင်💁‍♀️

မင်မင်တို့ မြန်မာနိုင်ငံမှာ ကချင်၊ကယား၊ကရင်၊ချင်း၊ ဗမာ၊မွန်၊ ရခိုင်၊ရှမ်း စသည်ဖြင့် တိုင်းရင်းသားများကွဲပြားသလို Indiaမှာလည်း တောင်ပိုင်း၊ မြောက်ပိုင်း အပြင် အခြားသောလူမျိုးများ အများအပြားရှိပြီး လူနေမှုပုံစံ ၊ စကားအသုံးအနှုန်း၊ အစားအစာ စားတာတွေလဲကွဲပြားကြပါတယ် အဲ့ထဲမှာမှ ထမင်းစားကြတဲ့အခါမှာလဲ ပုံစံမျိုးစုံနဲ့စားတတ်ကြပါသေးတယ် အများစုကတော့

✔️ ဌက်ပျောဖက်
✔️ ပုံစံခွက်
✔️စတီးဗန်း၊ စတီးပန်းကန် စသည်ဖြင့် ပုံစံမျိုးစုံစားကြတယ်ပေါ့နော် မင်မင်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ချစ်တီးဆိုင်အများစုကတော့ ဌက်ပျောဖက် (သို့) ပုံစံခွက်နဲ့သာ plating ခင်းကြပါတယ်

💚ဌက်ပျောဖက်ကို သုံးရတဲ့ရည်ရွယ်ချက်ကတော့
ပန်းကန်ဆို ဆေးစရာလဲမလိုဘူး
ကုန်ကျစရိတ်လဲသက်သာမယ်
ဒါ့အပြင် ဌက်ပျောရွက်က ပိုးမွှားသေစေပြီးတော့ antioxidant တွေအများကြီးလဲပါဝင်တော့ ကျန်းမာရေးအတွက်လဲအထောက်အကူပြုပေးနိုင်တယ်လေ

🩶စတီးဗန်း၊ စတီးပန်းကန် ကျတော့ Indian တွေရဲ့ signature လို့ပဲပြောရမလား Bollywood ရုပ်ရှင်တွေထဲမှာပဲကြည့်မလား တကယ့်အပြင်အိမ်မှာပဲ သွားကြည့်မလား စတီးကတော့ သူ့တို့အကြိုက်ဆုံး အိမ်သုံးပစ္စည်းတစ်ခုပဲ တိုက်ထားလိုက်တာမှလဲပြောင်နေတာ မှန်ပါကြည့်လို့ရတဲ့အထိပေါ့

အဲ့ထဲမှာမှ မင်မင်တို့ RuDraမှာ လင်ဗန်းကြီးနဲ့ပြင်ဆင်ပေးရတဲ့ရည်ရွယ်ချက်ကတော့

✔️လင်ဗန်းကြီးနဲ့စားရတဲ့ ချစ်တီးဆိုင်လို့ပြောလိုက်တာနဲ့တန်းသိစေရအောင်ရယ်
✔️India တောင်ပိုင်းရဲ့ စားသောက်ပုံက စတီးဗန်းထဲမှာ အရံဟင်းတွေကို စတီးပန်းကန်လုံးတစ်ခုချင်းဆီနဲ့ထည့်စားရတဲ့ ပုံစံလေးကိုပြောပြချင်တာကြောင့်ပဲဖြစ်ပါတယ်ရှင် 🙏

မင်မင့်အရေးအသားအတွေးအခေါ်လေးများမှားယွင်းခဲ့သည်ရှိသော် ခွင့်လွှတ်နားလည်ပေးကြပါနော်
အခြားဖြည့်စွက်ပေးချင်တာလေးများရှိရင်လဲ comment လေးရေးပေးခဲ့ပါဦးရှင် 🫶

တူရကီ မူရကီ စူရကီရာ….အဓိပ္ပါယ်တော့မပြောခိုင်းနဲ့နော် မင်မင်ကအဲ့တာတွေမသိဘူး လင်ဗန်းနဲ့အဝစားဖို့တစ်ခုပဲသိတယ်🌚🤭လူပြည့်မှာပဲ...
13/01/2024

တူရကီ မူရကီ စူရကီရာ….

အဓိပ္ပါယ်တော့မပြောခိုင်းနဲ့နော် မင်မင်ကအဲ့တာတွေမသိဘူး လင်ဗန်းနဲ့အဝစားဖို့တစ်ခုပဲသိတယ်🌚🤭

လူပြည့်မှာပဲစားလို့ရနိုင်မယ့် …….

🐐“ဆိတ် selection” 🐐

👉ဆိတ်ဦးနှောက်
👉ဆိတ်ဖိုက်တင်းဘော
👉ဆိတ်ခေါင်းသား
👉ဆိတ်အူကြမ်း
👉ဆိတ်သားဆီပြန်
👉ဆိတ်ကလီစာဆီပြန်
👉ဆိတ်သားကြော်
👉ဆိတ်ပဲဟင်း
👉ဆိတ်သားလုံးကြော်

📍ဟင်းပွဲများနေ့စဉ်အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်ရှင်

📍ဆိတ်ဦးနှောက် / ဆိတ်ဖိုက်တင်းဘောဟင်းများကတော့ အကုန်မြန်တဲ့အတွက် ဖုန်းဆက်ပြီး ကြိုတင် orderမှာထားနိုင်ပါတယ် 📱

အိမ်ကနေ delivery မှာယူလိုသူများအတွက်
+959 254879065 ကိုဆက်သွယ်မှာယူနိုင်ပါတယ် ။

လိပ်စာ - အမှတ် ၂၇၅ ၊အခန်း၄ ၊ ရန်ကင်းလမ်းမပေါ်
ရန်ကင်းမြို့နယ် (Golden City ရှေ့)

Opening Hour - 7:00 AM - 8:00 PM

🎇☆𝓗𝓪𝓹𝓹𝔂 𝓝𝓮𝔀 𝓨𝓮𝓪𝓻 2024 ☆🎇𝑺𝒂𝒚 𝒈𝒐𝒐𝒅𝒃𝒚𝒆 𝒕𝒐 𝒕𝒉𝒆 𝒐𝒍𝒅 𝒚𝒆𝒂𝒓 𝒂𝒏𝒅 𝒘𝒆𝒍𝒄𝒐𝒎𝒆 𝒕𝒉𝒆 𝒏𝒆𝒘 𝒚𝒆𝒂𝒓✨✨✨WELCOME 2024 ✨✨✨2024ခုနှစ် မင်္ဂလာနှစ်သစ်...
01/01/2024

🎇☆𝓗𝓪𝓹𝓹𝔂 𝓝𝓮𝔀 𝓨𝓮𝓪𝓻 2024 ☆🎇

𝑺𝒂𝒚 𝒈𝒐𝒐𝒅𝒃𝒚𝒆 𝒕𝒐 𝒕𝒉𝒆 𝒐𝒍𝒅 𝒚𝒆𝒂𝒓 𝒂𝒏𝒅 𝒘𝒆𝒍𝒄𝒐𝒎𝒆 𝒕𝒉𝒆 𝒏𝒆𝒘 𝒚𝒆𝒂𝒓

✨✨✨WELCOME 2024 ✨✨✨

2024ခုနှစ် မင်္ဂလာနှစ်သစ်မှစပြီး မိသားစုများ ချစ်သူ မိတ်ဆွေ သူငယ်ချင်းများအားလုံး
Customer များအားလုံး ဘေးဘယာဝေးကွာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ကြီးပွားကြပါစေ စိတ်မှတောင့်တသမျှ လိုရာဆန္ဒများပြည့်ဝကြပါကြောင်း RuDraမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်ရှင်🙏

🫶ယနေ့ January ၁ရက်နေ့ တစ်ရက်တည်းသာဆိုင်ပိတ်ပါတယ်နော် 🫶

ဟင်းပွဲပုံလေးတွေမတင်ပေးတာကြာလို့ လွမ်းနေကြပြီလား ကာကာတို့ရေ🤭😬ခြေ၄ချောင်းမစားတဲ့သူတွေအတွက်ရော ချစ်တီးဆိုင်ရောက်တိုင်း ဆိတ...
28/12/2023

ဟင်းပွဲပုံလေးတွေမတင်ပေးတာကြာလို့
လွမ်းနေကြပြီလား ကာကာတို့ရေ🤭😬

ခြေ၄ချောင်းမစားတဲ့သူတွေအတွက်ရော ချစ်တီးဆိုင်ရောက်တိုင်း ဆိတ်သားချည်းပဲစားနေရလို့ ညည်းငွေ့နေပြီဆိုရင် RuDraက သူများနဲ့မတူ တမူထူးတဲ့အရသာနဲ့ ဘဲအချိူပေါင်းလေးကို Recommend လုပ်ပါရစေ

Pressure cooker အိုးနဲ့ အိနေအောင်ပေါင်းပြီးမှ အနှစ်ရဲ့အရသာနဲ့ပေါင်းစပ်လိုက်တော့ yummyပေါ့🤤
တကယ်လား အပိုပြောတာလား သိချင်ရင်လာ tryကြည့်ကြပါဦးနော် 🙆‍♀️

လိပ်စာ - အမှတ် ၂၇၅ ၊အခန်း၄ ၊ ရန်ကင်းလမ်းမပေါ်
ရန်ကင်းမြို့နယ် (Golden City ရှေ့)

Opening Hour - 7:00AM - 8:00 PM

23/12/2023

Yangon Guideမှ မလင်း RuDra ဆိုင်သို့ရောက်ခဲ့သည်ပေါ့ 🙆‍♀️🤍

08/12/2023

Hsu's Mukbang RuDra သို့အလည်တစ်ခေါက်

မေတ္တာဖြင့်သေချာလာရောက်ရိုက်ကူးပေးပြီး 💯 အမယ်တစ်ခုချင်းဆီတိုင်းကို အရသာခံ အသေးစိတ် Honest review ပေးခဲ့တဲ့ ချစ်စရာညီမလေး 🤍

☃️❄️ Hello Sweet December ❄️☃️ အားလုံးချစ်ရတဲ့ ဒီဇင်ဘာလနှင့်အတူ လင်ဗန်းကြီးနဲ့အလှမဟုတ်ဘဲ အဝစားရတဲ့ RuDra ချစ်တီးထမင်းဆို...
01/12/2023

☃️❄️ Hello Sweet December ❄️☃️

အားလုံးချစ်ရတဲ့ ဒီဇင်ဘာလနှင့်အတူ လင်ဗန်းကြီးနဲ့အလှမဟုတ်ဘဲ အဝစားရတဲ့ RuDra ချစ်တီးထမင်းဆိုင်မှကြိုဆိုလိုက်ပါတယ်🙏

မင်မင်တို့ကို cbကနေ အမေးများဆုံးမေးခွန်းလေး​ဒီကနေပဲ ဖြေပေးချင်လို့ပါရှင်
မင်မင်တို့ဆိုင်မှာ ပုံမှန်ချစ်တီးဆိုင်များနဲ့အလားသတန်တူ (ထမင်း+အရံဟင်း+ပဲဟင်း) unlimted အဝဆွဲ
လိုသလောက်ထပ်လိုက်ပေးပါတယ် ဟင်းပွဲစျေးနှုန်းများကတော့ဟင်းပွဲပေါ်မူတည်ပြီး ကွဲလွဲနိုင်ပါတယ်

👏👏👏 ကဲ ဆွဲဖို့ READY ပဲလားးး👏👏👏

နေ့စဉ်ရရှိနိုင်မယ့် ဟင်းများကတော့ ……

👉ဆိတ်ဦးနှောက်
👉ဆိတ်ဖိုက်တင်းဘော
👉ဆိတ်ခေါင်းသား
👉ဆိတ်အူကြမ်း
👉ဆိတ်သားဆီပြန်
👉ဆိတ်ကလီစာဆီပြန်
👉ဆိတ်သားကြော်
👉ဆိတ်ပဲဟင်း
👉ဆိတ်သားလုံးကြော်
👉ဆိတ်သားလုံးခရမ်းချဉ်သီးချက်
👉ကြက်သားဆီပြန်
👉ကြက်ကြော်
👉ကြက်မွကြော်
👉ကြက်အသဲမြစ်ဆီပြန်
👉ဘဲသားအချိုချက်
👉ပုဇွန်ထုပ်ဆီပြန်
👉ကံ့ခူးရံငါးဆီပြန်
👉ဘဲဥအာလူး
👉ငါးကြော်
👉ငါးဖယ်အုန်းနို့ဆီပြန်
👉အာလူးကြော်
👉ပကျဲတီး
👉ပါပလာကြော်
👉မူနူသနီဟင်းရည်
👉သီးစုံပဲကုလားဟင်း နေ့စဉ်ရရှိမှာဖြစ်ပါတယ်နော်။

📍ဟင်းပွဲများနေ့စဉ်အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်ရှင်

📍ဆိတ်ဦးနှောက် / ဆိတ်ဖိုက်တင်းဘောဟင်းများကတော့ အကုန်မြန်တဲ့အတွက် ဖုန်းဆက်ပြီး ကြိုတင် orderမှာထားနိုင်ပါတယ် 📱

အိမ်ကနေ delivery မှာယူလိုသူများအတွက်
+959 254879065 ကိုဆက်သွယ်မှာယူနိုင်ပါတယ် ။

လိပ်စာ - အမှတ် ၂၇၅ ၊အခန်း၄ ၊ ရန်ကင်းလမ်းမပေါ်
ရန်ကင်းမြို့နယ် (Golden City ရှေ့)

Opening Hour - 7:00 AM - 8:00 PM

Address

Ranchi

Alerts

Be the first to know and let us send you an email when RuDra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share