Thar Gi - Burmese Kitchen - Mohinga

Call Directions Contact the restaurant

Thar Gi - Burmese Kitchen - Mohinga Original Burmese chef, Thar Gi from NYC. This restaurant offers varieties of Burmese Chinese cuisines

**လေဖြတ် တော့မယ်ဆိုရင် ဒီလက္ခဏာတွေ ပြတတ်ပါတယ်** ဂရုစိုက်ကြပါနော်🥰"လေဖြတ်တယ်" ဆိုတာ ရုတ်တရက်ကြီး ဖြစ်လာတာမျိုး ရှိသလို၊ မ...
09/15/2026

**လေဖြတ် တော့မယ်ဆိုရင် ဒီလက္ခဏာတွေ ပြတတ်ပါတယ်** ဂရုစိုက်ကြပါနော်🥰

"လေဖြတ်တယ်" ဆိုတာ ရုတ်တရက်ကြီး ဖြစ်လာတာမျိုး ရှိသလို၊ မဖြစ်ခင်မှာ ခန္ဓာကိုယ်က ကြိုတင် သတိပေးတဲ့ လက္ခဏာတွေလည်း ရှိတတ်ပါတယ်။ ဒီလက္ခဏာတွေကို အချိန်မီ သိရှိထားခြင်းက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ လေဖြတ်ရောဂါဟာ တတိယမြောက် အသက်အသေဆုံး ရောဂါဖြစ်ပါတယ်။
အထူးသဖြင့် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တာက အဖြစ်အများဆုံး (၈၀%) ဖြစ်ပေမယ့် လက္ခဏာ သိပ်မပြတတ်တာကြောင့် သတိမထားမိဘဲ ဖြစ်သွားကြတာ များပါတယ်။
ဒါကြောင့် သင့်ပတ်ဝန်းကျင်က လူတစ်ယောက်မှာ ဒီလက္ခဏာတွေ ရုတ်တရက် ပြလာပြီဆိုရင် "လေဖြတ်တော့မယ်" ဆိုတာ သတိပြုမိဖို့ အလွန်အရေးကြီးပါတယ်။

🚨 အရေးကြီးဆုံး ရှေ့ပြေးလက္ခဏာ (၅) ချက် 🚨
^^^^^^^^^^^^^^^^^^
1️⃣ မျက်နှာ၊ လက်၊ ခြေထောက်များ ထုံကျဉ်ခြင်း
ရုတ်တရက် မျက်နှာတစ်ခြမ်း ရွဲ့သွားတာ၊ ပြုံးလိုက်ရင် ပါးစပ်ပုံစံပျက်နေတာ၊ ဒါမှမဟုတ် လက်တစ်ဖက်၊ ခြေတစ်ဖက် လှုပ်မရအောင် ထုံကျဉ်ပြီး အားမရှိ ဖြစ်လာခြင်း။

2️⃣ စကားပြောရ ခက်ခဲလာခြင်း
စကားပြောချင်ပေမယ့် ပြောမထွက်တာ၊ ပြောလိုက်တဲ့စကားတွေ ဗလုံးဗထွေးဖြစ်ပြီး နားမလည်နိုင်အောင် ဖြစ်လာခြင်း။

3️⃣ အမြင်အာရုံ ဝေဝါးခြင်း
မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်စလုံး ရုတ်တရက် ကောင်းကောင်း မမြင်ရတော့တာ၊ ပုံရိပ်တွေ နှစ်ထပ်မြင်လာရခြင်း။

4️⃣ ဟန်ချက်မထိန်းနိုင်ခြင်း
လမ်းလျှောက်ရ ခက်ခဲလာတာ၊ ရုတ်တရက် မူးဝေပြီး ယိုင်လဲမလို ဖြစ်လာတာ၊ ခန္ဓာကိုယ် ဟန်ချက်မညီတော့ခြင်း။

5️⃣ ပြင်းထ.န်စွာ ခေါင်းကိုက်ခြင်း
ဘာအကြောင်းရင်းမှ မရှိဘဲ ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်လာခြင်း (သွေးတိုးပြီး ခေါင်းကိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်)။

✅ ဘာဆက်လုပ်ရမလဲ?
^^^^^^^^^^^^^^
ဒီလက္ခဏာတွေထဲက တစ်ခုခုကို တွေ့ရပြီဆိုတာနဲ့ အချိန်မဆွဲပါနဲ့။ လေဖြတ်တာချင်း တူပေမယ့် ကုသပုံ ကွဲပြားနိုင်တာမို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

အချိန်မီ ကုသမှုခံယူခြင်းက အသက်ဆုံးရှုံးနိုင်ခြေနဲ့ တစ်သက်လုံး မသန်မစွမ်းဖြစ်မယ့် အခြေအနေတွေကို လျှော့ချပေးနိုင်ပါတယ်။

ဒီအချက်အလက်လေးက အရေးကြီးတာမို့ ကိုယ်ချစ်ရတဲ့သူတွေ သတိထားမိအောင် လက်ဆင့်ကမ်း မျှဝေပေးလိုက်ကြရအောင်နော်။ ❤️

Crd-Family Cooking

#ကျန်းမာရေး #လေဖြတ် #
#မူရင်းအားCreditပေးပါတယ်

Thar Gi Burmese Kitchen (Sunday)Special Items menu (09/13/2026)83-17 Broadway Elmhurst New York 🔺Burmese Breakfast 🔺ရှေ့...
09/12/2026

Thar Gi Burmese Kitchen (Sunday)
Special Items menu (09/13/2026)
83-17 Broadway Elmhurst New York
🔺Burmese Breakfast 🔺ရှေ့ Car Parking (Pickup)only 🔺8:00(am) To 10:00(am)
Please Order for 347-546-7752

09/12/2026
Coming (1)Saturday (09/12/2026)(2)Sunday (09/13/2026)ပရိတ်သတ်တောင်းတမှု့ဖြင့် Burmese Breakfast ဆိုင်ရှေ့တွင် 8:00(am)မှ...
09/10/2026

Coming
(1)Saturday (09/12/2026)
(2)Sunday (09/13/2026)
ပရိတ်သတ်တောင်းတမှု့ဖြင့် Burmese Breakfast ဆိုင်ရှေ့တွင် 8:00(am)မှ10:00(am) အချိန်မှာ လာရောက် pickup လုပ်နိုင်ပါသည်။(အော်ဒါကြိုတင်ပေးပါ) 👇👇👇
(1)Togo မုန့်ဟင်းခါး (၂)ပွဲစာပါ 32oz🔺($13)
(2)အသင့်ချက်မုန့်ဟင်းခါး (လူ၂၀စာ)🔺($30)
(3)မုန့်ဟင်းခါးအနှစ်ထုတ် (၅ပွဲစာ)🔺($7)
(4)အုန်းနို့ခေါက်ဆွဲအနှစ်ထုတ် (၅ပွဲစာ)🔺($8)
(5)ပဲကြော် 12oz 🔺($12)
🔺(ကြိုတင်အော်ဒါများအတွက်သာ)
📞347-546-7752

Burmese Breakfast (Sunday)8:00(am)to 1:00(pm)83-17 Broadway Elmhurst New York မနက်ဖြန် Burmese Broadcast ကျွှန်တော် Thar...
09/06/2026

Burmese Breakfast (Sunday)
8:00(am)to 1:00(pm)
83-17 Broadway Elmhurst New York
မနက်ဖြန် Burmese Broadcast ကျွှန်တော် Thar Gi Kitchen ရဲ့ နောက်ဆုံးနေ့ဖြစ်လို့အကောင်းဆုံးသော (၂)နှစ်ပြည့်အစီအစဉ်မေတ္တာလက်ဆောင်ရယူမှု့နဲ့အတူကျွှန်တော်သာဂိရဲ့မြန့်မာ့မုန့်ဟင်းခါးနှင့်အစားအစာများ(၂)နှစ်အတွင်းလာရောက်အားပေးကြသောမိတ်ဆွေအပေါင်းအားအထူးကျေးဇူးတင်အပ်ရင်းပြန်လည်ဆုံဆည်းဖို့အတွက်လည်းထပ်မံကြိုးစားပါအုံးမည်…🙏 #သာဂိမုန့်ဟင်းခါး

Address

East New York
Brooklyn, NY
11208

Opening Hours

Monday 11:30am - 7:30pm
Tuesday 11:30am - 7:30pm
Wednesday 11:30am - 7:30pm
Thursday 11:30am - 7:30pm
Friday 10:30am - 7:30pm
Saturday 10:30am - 7:30pm
Sunday 10:30am - 7:30pm

Telephone

(347)5467752

Website

Alerts

Be the first to know and let us send you an email when Thar Gi - Burmese Kitchen - Mohinga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Thar Gi - Burmese Kitchen - Mohinga:

Shortcuts

Share

Category

Nearby restaurants