Karaweik Burmese Food

Karaweik Burmese Food KARAWEIK ONE AND ONLY ON KOH TAO

8 ရက်နေ့ နေ့လည် 1 နာရီအတွက်ဒံပေါက်အော်ဒါများစတင်လက်ခံနေပါပြီခင်ဗျာPre-order ကြိုတင်အော်ဒါများအတွက်သာအကန့်အသတ်နဲ့ရောင်းချ...
05/08/2026

8 ရက်နေ့ နေ့လည် 1 နာရီအတွက်
ဒံပေါက်အော်ဒါများစတင်လက်ခံနေပါပြီခင်ဗျာ
Pre-order ကြိုတင်အော်ဒါများအတွက်သာ
အကန့်အသတ်နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

ကြက်ဒံပေါက် 150
အမဲဒံပေါက် 180

မှာယူအားပေးမှုအတွက်အထူးကျေးဇူးတက်ပါတယ်ခင်ဗျာ 🙏🙏🙏

28/07/2026

We are closed today and tomorrow for
Big Cleaning
Thank you 🙏🥰🙏

28/07/2026

၂၈/၂၉ ဆိုင်နှစ်ရက် ပိတ်ပါတယ် ခင်ဗျ..
28/29 We are close two Day..
Thanks you so much 🙏💗💗

15/07/2026

Want to eat authentic Burmese food without flying to Burma?

Busy easy 🥰.
08/07/2026

Busy easy 🥰.

အော်ဒါပဲ မှာကြပါဗျာ 😅
03/06/2026

အော်ဒါပဲ မှာကြပါဗျာ 😅

🌿 Not Just a Meal, It's a Burmese Experience 🌿Some foods fill your stomach.Some foods bring back memories.At Karaweik Bu...
31/05/2026

🌿 Not Just a Meal, It's a Burmese Experience 🌿

Some foods fill your stomach.
Some foods bring back memories.

At Karaweik Burmese Food, every plate tells a story from the traditional recipes passed down through generations to the fresh ingredients carefully prepared each day.

✨ Authentic Burmese flavors
✨ Freshly made daily
✨ A taste of home for Myanmar people
✨ A new culinary adventure for travelers

If you've never tried Burmese food before, this is your sign.

📍 Visit Karaweik Burmese Food and discover one of Southeast Asia's hidden culinary gems.

Which Burmese dish is your favorite? Let us know below! 👇

Order DM to page or WhatsApp 📞
+66926033781

25/05/2026

“မနေ့ညက နည်းနည်းလွန်သွားပြန်ပြီ…”
မနက်မိုးလင်းလာတော့ ခေါင်းကလေးကိုက်၊ စိတ်မကြည်နေတဲ့အချိန်…

ကိုးရီးယားမှာတော့ ဒီလိုနေ့တွေမှာ ပျားရည်သောက်တဲ့အလေ့အထ ရှေးခေတ်ကတည်းက ရှိခဲ့ပါတယ်။
ပျားရည်က သာမန်အချိုရည်လို သကြားရေသက်သက်မဟုတ်ဘဲပျားသကာရဲ့ သဘာဝအာဟာရနဲ့ အရသာပါဝင်နေတဲ့အတွက် ခန္ဓာကိုယ်ကို energy ပြန်ဖြည့်ပေးတယ်လို့ ယုံကြည်ကြပါတယ်။

အထူးသဖြင့် မနေ့ညသောက်တာများပြီး hangover ဖြစ်တဲ့မနက်တွေမှာရေခဲနဲ့ဆိုဒါ ပျားရည်၊သံပုရာသောက်တာက refresh ဖြစ်စေပြီး နေလို့ကောင်းသွားတယ်လို့ လူအများစုက ပြောကြတယ်။

ရှေးဟောင်းအလေ့အထတစ်ခုဆိုပေမယ့်
ဒီနေ့အချိန်ထိ လူတွေ ဆက်ပြီးသောက်နေကြဆဲပါပဲ 🍯

25/05/2026

မန္တလေးမြို့ရဲ့ မနက်ခင်းတချို့မှာ
လမ်းကြားလေးထဲကနေ “မြှီးရှည်ရမယ်…” ဆိုတဲ့အသံတိုးတိုးလေးကို ကြားရတတ်တယ်။

အရင်ခေတ်က “အထမ်း” နဲ့ ထမ်းပိုးလေးကိုပခုံးပေါ်တင်ပြီးတစ်ဖက်မှာ ခေါက်ဆွဲ၊ တစ်ဖက်မှာ ဟင်းအိုးနဲ့
လမ်းတစ်လျှောက် လှည့်ရောင်းခဲ့ကြတဲ့ ဈေးသည်တွေရှိတယ်။

အဲ့ဒီကနေ “အထမ်းမြှီးရှည်” ဆိုတဲ့နာမည် ဖြစ်လာခဲ့တာ။

အထမ်းမြှီးရှည်စားဖို့ မန္တလေးအထိသွားဖို့မလိုတော့ဘူးနော် 😉 ကော့တောင်(လိပ်ကျွန်း) မှာတင်ရနေ
ပြီနော် 🥰

#အထမ်းမြှီးရှည် #မန္တလေး #ကရဝိတ် #လိပ်ကျွန်း

ကလေးဘ၀တုန်းက အိမ်မှာ ငါးဟင်းချက်တဲ့နေ့ဆိုမစားချင်ဘူး။အိမ်နားက ဆီချက်ခေါက်ဆွဲဆိုင်လေးကိုပဲ ပြေးချင်နေခဲ့တာ။အိတ်ကပ်ထဲမှာ မ...
14/05/2026

ကလေးဘ၀တုန်းက အိမ်မှာ ငါးဟင်းချက်တဲ့နေ့ဆို
မစားချင်ဘူး။
အိမ်နားက ဆီချက်ခေါက်ဆွဲဆိုင်လေးကိုပဲ ပြေးချင်နေခဲ့တာ။

အိတ်ကပ်ထဲမှာ မုန့်ဖိုးလေးကို တင်းတင်းဆုပ်ထားပြီး
“အန်တီ… ဆီချက်တစ်ပွဲ” ဆိုတဲ့ စကားလေးက
ငယ်ဘဝရဲ့ အပျော်ဆုံးအချိန်တွေထဲက တစ်ခုဖြစ်ခဲ့တယ်။

ပူပူနွေးနွေး ခေါက်ဆွဲပေါ်ကို ဆီချက်ရနံ့သင်းသင်းလေးလောင်းထားတာ…
ကြက်သွန်ကြော်မွှေးမွှေးလေးနဲ့ ရောမွှေစားလိုက်တဲ့အချိန်…ကမ္ဘာပေါ်မှာ အဲ့ဒီထက် အရသာရှိတာ မရှိတော့သလိုပဲ။

နောက်တစ်ခု သတိရတာက…
နေမကောင်းဖြစ်တဲ့နေ့တွေ။
ထမင်းမစားချင်ဘူးဆိုရင် အမေက
“ဒါဆို ဆီချက်ခေါက်ဆွဲလေးစားမလား” လို့ မေးတတ်တယ်။

အဲ့ဒီစကားတစ်ခွန်းက
နေမကောင်းတဲ့ ခန္ဓာကိုယ်ကိုတောင် သက်သာသွားစေသလိုအမေရဲ့ ဂရုစိုက်မှုကိုပါ ခံစားရစေခဲ့တယ်။

တချို့အစားအစာတွေက ဗိုက်ပြည့်ဖို့ထက်
အမှတ်တရတွေကို ပြန်အသက်သွင်းပေးတာ ပိုများတယ်။

ဆီချက်ခေါက်ဆွဲဆိုတာလည်း
အရသာတစ်ခုပဲ မဟုတ်ဘူး…
ငယ်ဘဝ၊ အိမ်အငွေ့အသက်၊ အမေ့ရဲ့ မေတ္တာတွေ ပါဝင်နေတဲ့ အမှတ်တရ‌မေနူးပါ။ 🍜🤍

ที่อยู่

Next To 7-11 Island, 9/206, Koh Tao, Koh Phangan
Surat Thani
84360

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Karaweik Burmese Foodผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Karaweik Burmese Food:

ทางลัด

แชร์

ประเภท