เส้นทาง

Highland Cuisine ⛰️🍽️

ဆိုင်ရှင်းရောင်းစျေး
20/10/2026

ဆိုင်ရှင်းရောင်းစျေး

19/10/2026

ရေစိမ်အခြောက်ထုပ်လေးတွေ ၄၂ထုပ်=1400Baht
တစ်ထုပ်ကို၃၃ဘတ်နူန်းပဲကျသင့်မှာပါ ဝယ်ယူလိုပါကဆက်သွယ်ရန်❤️
တခြားပစ္စ်ညးလေးတွေလဲ လိုချင်တာလေးတွေ ရှိရင်လဲ လာမေးပြီးစျေးတန်တန်နဲ့ဝယ်ယူလို့ရကြောင်းပါဗျ

📢 Highland Cuisine ရဲ့ နောက်ဆုံးဖွင့်ရက်လေး ရောက်ရှိလာပါပြီ ❤️ချစ်ခင်ရတဲ့ မိတ်ဆွေတို့ရေ 🥹❤️ဒီနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ဟာ...
19/10/2026

📢 Highland Cuisine ရဲ့ နောက်ဆုံးဖွင့်ရက်လေး ရောက်ရှိလာပါပြီ ❤️

ချစ်ခင်ရတဲ့ မိတ်ဆွေတို့ရေ 🥹❤️

ဒီနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ဟာ Highland Cuisine ဆိုင်လေးရဲ့ နောက်ဆုံးဖွင့်လှစ်မယ့်နေ့လေး ဖြစ်ပါတယ်။

ဆိုင်လေး စဖွင့်ခဲ့တဲ့အချိန်ကစပြီး ယနေ့အချိန်အထိ အားပေးခဲ့ကြတဲ့ မိတ်ဆွေတစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙏❤️

ဆိုင်လေး မပိတ်ခင် နောက်ဆုံးတစ်ခေါက်လောက် လာရောက်စားသုံးရင်း အမှတ်တရလေးတွေ ဖန်တီးချင်တယ်ဆိုရင် ဒီနေ့ပဲ လာရောက်အားပေးခဲ့ကြပါဦးနော်။ 🥹🍜

မိတ်ဆွေတို့ရဲ့ အားပေးမှုတွေကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး။ ❤️

ဒီနေ့ နောက်ဆုံးအနေနဲ့ အားပေးခဲ့ကြပါဦးနော်။ Highland Cuisine မှ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏🏔️

📍 See you one last time at Highland Cuisine! ❤️

📢 Highland Cuisine မှ အသိပေးကြေညာခြင်းHighland Cuisine ဆိုင်လေး စတင်ဖွင့်လှစ်ခဲ့သည့် မနှစ်ကစပြီး ယနေ့အချိန်အထိ ကျွန်တော်...
14/10/2026

📢 Highland Cuisine မှ အသိပေးကြေညာခြင်း

Highland Cuisine ဆိုင်လေး စတင်ဖွင့်လှစ်ခဲ့သည့် မနှစ်ကစပြီး ယနေ့အချိန်အထိ ကျွန်တော်တို့ဆိုင်လေးကို အစဉ်တစိုက် အားပေးလာခဲ့ကြတဲ့ မိတ်ဆွေ၊ Customer အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️

စိတ်မကောင်းစွာဖြင့် မိတ်ဆွေတို့အား အသိပေးစရာ သတင်းလေးတစ်ခု ရှိပါသည်။

ကျွန်တော်တို့ရဲ့ Highland Cuisine ဆိုင်လေးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့အထိသာ ဖွင့်လှစ်သွားတော့မည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ဆိုင်လေး စတင်ဖွင့်လှစ်ခဲ့ချိန်မှစ၍ ယနေ့အထိ အားပေးခဲ့ကြသူတိုင်း၊ ကျွန်တော်တို့ရဲ့ အစားအစာလေးတွေကို နှစ်သက်စွာ လာရောက်စားသုံးပေးခဲ့ကြသူတိုင်းကို အမှတ်တရရှိနေမှာပါ။ မိတ်ဆွေတို့ရဲ့ အားပေးမှုနဲ့ ယုံကြည်မှုတွေက ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ ဖြစ်ပါတယ်။ 🙏

ဒါကြောင့် ဆိုင်လေး မပိတ်သိမ်းခင် နောက်ဆုံးအနေနဲ့ လာရောက်စားသုံးပြီး အားပေးချင်ကြတဲ့ မိတ်ဆွေများအနေနဲ့ အောက်တိုဘာလ ၁၉ ရက်နေ့အထိ လာရောက်အားပေးနိုင်ပါသေးကြောင်း ချစ်ခင်စွာ ဖိတ်ခေါ်အပ်ပါသည်။ ❤️

Highland Cuisine ကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့ မိတ်ဆွေတစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။

Highland Cuisine ကို ချစ်ခင်အားပေးခဲ့ကြတဲ့ မိတ်ဆွေတို့အားလုံးကို အမြဲအမှတ်ရနေမှာပါ။ 🏔️❤️

With love and gratitude,
Highland Cuisine

02/10/2026
26/09/2026

မိုးကြီးရေကြီးမှုများဖြစ်ပေါ်နေပါသဖြင့်
Grand modern ဖက်ခြမ်းသာ Deliရှိပါအုံးမည်

🍜 Highland Cuisine ရှမ်းဆိုင်လေးကို လက်လွှဲရောင်းချချင်ပါတယ် ❤️ကိုယ်တိုင် အချိန်၊ ငွေကြေးနဲ့ စိတ်အားထက်သန်မှုတွေထည့်ပြီး...
20/09/2026

🍜 Highland Cuisine ရှမ်းဆိုင်လေးကို လက်လွှဲရောင်းချချင်ပါတယ် ❤️

ကိုယ်တိုင် အချိန်၊ ငွေကြေးနဲ့ စိတ်အားထက်သန်မှုတွေထည့်ပြီး တည်ဆောက်လာခဲ့တဲ့ Highland Cuisine ဆိုင်လေးကို အခုအချိန်မှာ တကယ်စိတ်ဝင်စားပြီး ဆက်လက်လုပ်ကိုင်ချင်တဲ့သူတစ်ယောက်ကို လက်လွှဲရောင်းချချင်ပါတယ်။

ဆိုင်လေးကို အစကနေ ပြန်စတင်တည်ဆောက်စရာမလိုဘဲ ရှိပြီးသားအရာတွေနဲ့ ကိုယ့်လုပ်ငန်းအဖြစ် ဆက်လက်တိုးတက်အောင် လုပ်ကိုင်နိုင်မှာပါ။

📍 Location ကောင်း၊ အခွင့်အရေးကောင်း

Highland Cuisine ဟာ Food Court ရဲ့ ထိပ်ဆုံး၊ လမ်းမကြီးဘေးမှာ တည်ရှိတာကြောင့် သွားလာရလွယ်ကူပြီး ဆိုင်လုပ်ငန်းအတွက် Location အလွန်ကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

ဆိုင်မှာ ရှိပြီးသား Customer Base၊ ဆိုင်သုံးပစ္စည်းများ၊ လိုအပ်တဲ့ Setup အစုံအလင်နဲ့ Highland Cuisine Brand Name ကိုပါ လက်လွှဲပေးသွားမှာပါ။

တကယ်စိတ်ဝင်စားပြီး ဆိုင်လေးကို တန်ဖိုးထားကာ သေချာဆက်လက်လုပ်ကိုင်ပေးနိုင်မယ့်သူကိုသာ လက်လွှဲပေးချင်ပါတယ်။ ရှမ်းအစားအစာကို ချစ်မြတ်နိုးပြီး ကိုယ်ပိုင်စားသောက်ဆိုင်လုပ်ငန်းတစ်ခု စတင်ချင်သူတွေအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
Ph-0955033060
Line id-martino412312

📩 အမှန်တကယ် ဝယ်ယူဖို့ စိတ်ဝင်စားသူများသာ Page Chat Box မှာ ဆက်သွယ်မေးမြန်း

Highland Cuisine မှာ ဝက်သားချဉ်နဲ့ ခေါပုတ်ကြော်လေးပြန်ရနေပါပြီနော်❤️🥳
20/09/2026

Highland Cuisine မှာ ဝက်သားချဉ်နဲ့ ခေါပုတ်ကြော်လေးပြန်ရနေပါပြီနော်❤️🥳

13/09/2026

🍜 Highland Cuisine ရှမ်းဆိုင်လေးကို လက်လွှဲရောင်းချရန်ရှိပါတယ် ❤️

ကိုယ်တိုင် အချိန်နဲ့စိတ်အားထက်သန်မှုများစွာထားပြီး တည်ဆောက်လာခဲ့တဲ့ Highland Cuisine ကို အခုအချိန်မှာ ဆက်လက်လက်တွဲပြီး ပိုမိုတိုးတက်အောင် လုပ်ကိုင်နိုင်မယ့်သူတစ်ယောက်ကို လက်လွှဲပေးချင်ပါတယ်။

✨ Customer Base ရှိပြီးသား
✨ ဆိုင်သုံးပစ္စည်းများနှင့် လိုအပ်သော Setup များ အဆင်သင့်ရှိပြီးသား
✨ Highland Cuisine ဆိုတဲ့ နာမည်နဲ့ Brand ကိုလည်း ဆက်လက်အသုံးပြုနိုင်ပါတယ်
✨အခြားသိချင်သောresources များကိုလဲပြောပြပေးသွားပါမည်
✨ ရှမ်းအစားအစာကို စိတ်ဝင်စားပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်သူအတွက် အခွင့်အရေးကောင်းတစ်ခုပါ။

ဒီဆိုင်ကို အလွယ်တကူရောင်းချချင်တာမဟုတ်ပါဘူး။ ❤️
တကယ်စိတ်ဝင်စားပြီး Highland Cuisine ကို ဆက်လက်တိုးတက်အောင် သေချာလုပ်ကိုင်မယ့်သူကိုသာ လက်လွှဲပေးချင်ပါတယ်။

တကယ်စိတ်ဝင်စားသူများအနေဖြင့် အသေးစိတ်အချက်အလက်များအတွက် Page Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ 📩

🙏🏻 အမှန်တကယ် စိတ်ဝင်စားသူများသာ ဆက်သွယ်ပေးပါနော်။

ที่อยู่

Bangkok
Rangsit

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Highland Cuisine โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่