18/12/2025
❝ခဏတာ လမ်းခွဲခြင်း (သို့မဟုတ်) ပြန်ဆုံဖို့ အားယူခြင်း❞
❝𝐒𝐡𝐚𝐫 𝐉𝐨𝐨𝐧 𝐏𝐲𝐚𝐧 - လျှာဂျွမ်းပြန်❞ ကို ချစ်ခင်အားပေးကြတဲ့ မိတ်ဆွေများအားလုံးခင်ဗျာ...
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့ ❝𝐒𝐡𝐚𝐫 𝐉𝐨𝐨𝐧 𝐏𝐲𝐚𝐧 - လျှာဂျွမ်းပြန်❞ ဆိုင်လေးကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ခေတ္တပိတ်ထားဖို့ ဆုံးဖြတ်လိုက်ရပါတယ်။
ဆိုင်စဖွင့်တဲ့နေ့ကစလို့ ဒီနေ့အထိ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ၊ အရသာတွေကို ယုံကြည်ပြီး လာရောက်အားပေးကြတဲ့ မျက်နှာသစ်၊ မျက်နှာဟောင်း မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
အခုလို ခဏတာ ရပ်နားလိုက်တာဟာ အပြီးတိုင် နှုတ်ဆက်တာမျိုးမဟုတ်ဘဲ၊ နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါ ပိုကောင်းတဲ့ အသွင်အပြင်၊ ပိုပြည့်စုံတဲ့ အရသာတွေနဲ့ ပြန်လာနိုင်ဖို့ အားယူလိုက်တာလို့ပဲ မှတ်ယူပေးစေချင်ပါတယ်။
ရှေ့ဆက်ရမယ့် လမ်းခရီးတွေမှာ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ အချိန်တန်ရင် ပိုမိုကောင်းမွန်တဲ့ ပုံစံတစ်ခုနဲ့ ကျွန်တော်တို့ ပြန်ဆုံကြပါမယ်ခင်ဗျာ
ချစ်ခင်လေးစားစွာဖြင့်...
❝𝐒𝐡𝐚𝐫 𝐉𝐨𝐨𝐧 𝐏𝐲𝐚𝐧 - လျှာဂျွမ်းပြန်❞