01/11/2026
🎃 A NIGHT TO REMEMBER – HALLOWEEN 2026 🎃
မနေ့ညက Excellent BBQ & Restaurant မှာ ကျင်းပခဲ့တဲ့ Halloween Party လေးဟာ ကျွန်တော်တို့အတွက် မမေ့နိုင်စရာ အမှတ်တစ်ရ ညလေးတစ်ည ဖြစ်ခဲ့ပါတယ်။ ❤️
ပျော်ရွှင်စွာ လာရောက်ဆင်နွှဲပေးခဲ့ကြတဲ့ Customer တစ်ဦးချင်းစီ၊ ကလေးတွေအတွက် Face Painting လေးတွေ ဖန်တီးပေးခဲ့သူ၊ ပွဲကို ပိုမိုအသက်ဝင်စေခဲ့တဲ့ Orlando & May Thiri Full Band အဖွဲ့နဲ့ နောက်ကွယ်ကနေ ကြိုးစားပေးခဲ့ကြတဲ့ Excellent မိသားစုဝင် Staff အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တို့အတွက် ပွဲတစ်ပွဲရဲ့ အောင်မြင်မှုဆိုတာ လူအများကြီးလာတာတစ်ခုတည်း မဟုတ်ပါဘူး။
လာရောက်သူတိုင်း ပျော်ရွှင်သွားဖို့၊ အမှတ်တရကောင်းလေးတွေ ယူဆောင်သွားနိုင်ဖို့နဲ့ နောက်တစ်ခေါက်လည်း Excellent ကို ပြန်လာချင်စိတ်ဖြစ်ဖို့ပါပဲ။
မနေ့ညက ပျော်ရွှင်မှုတွေကို အတူတူဖန်တီးပေးခဲ့ကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ 🥰
EXCELLENT BBQ & RESTAURANT
Good Food. Great Moments. Beautiful Memories. 🖤💛