19/06/2026
🌹မွေးနေ့ရှင်မပါတဲ့ မွေးနေ့အထိမ်းအမှတ်အတွက် ဝိုင်းဝန်းအားပေးကြသူတွေအားလုံးကို ချစ်ခင်ရ၊ ကျေးဇူးတင်ရပါတယ်ခင်ဗျာ
၈၁ ပွဲပဲ ရောင်းမယ်လို့ ကန့်သတ်ထားပေမယ့် အော်ဒါတွေ များလွန်းလို့ ထပ်တိုးပြီး ဆောင်ရွက်ခဲ့ပါတယ်။ အခု စုစုပေါင်း ပွဲရေ ၁၃၀ အရောက်မှာတော့ လက်ကျန်ပစ္စည်းပြတ်သွားလို့ ဒီနေ့ ဒံပေါက်အရောင်းလေး နားခွင့်ပြုပါနော်
မွေးနေ့ရှင် အမေစုကို ချစ်ခင်ကြောင်း တတပ်တအား ပါဝင်ပြသခဲ့တဲ့ သူတိုင်းကိုလည်း တလေးတစား ကျေးဇူးတင်ရပါတယ်ခင်ဗျ။ အမေစုလည်း ကျန်းမာပြီး လွတ်မြောက်ပျော်ရွှင်ပါစေ၊ ဒီလို ချစ်ကြတဲ့ သားသမီးတွေနဲ့ အမေ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ Everything Halal က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
🌹အမေစု အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို
ဂုဏ်ပြုကြိုဆိုတဲ့ အနေနဲ့
Everything Halal CNX မှာ
ကြက်သားဒံပေါက် ၁ ပွဲ ၈၁ ဘတ်နှုန်းနဲ့
လာရောက်သုံးဆောင်နိုင်ပါကြောင်း
မိတ်ဆွေများကို အသိပေးအကြောင်းကြားပါတယ်။
နေ့ရက် - ဇွန်လ ၁၉ ရက်နေ့
ပွဲအရေအတွက် - ၈၁ ပွဲ
ဈေးနှုန်း - ၈၁ ဘတ် (VAT Exclusive)
ဆိုင်မှာလာရောက်သုံးဆောင်နိုင်သလို၊ အွန်လိုင်းအော်ဒါလည်း မှာယူနိုင်ပါတယ်။ ရောင်းရငွေအားလုံးကို ကလေးများပညာရေးအတွက် အပြည့်အဝလှူဒါန်းသွားမှာဖြစ်ပါတယ်။
လူထုခေါင်းဆောင် ပြည်သူ့မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် (အမေစု) အသက် ၈၁ နှစ်ပြည့်မွေးနေ့မှသည်် သက်တော်ရာကျော်ရှည်သည်အထိ ကျန်းကျန်းမာမာ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်ရပါစေကြောင်း Everything Halal မိသားစုက ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
---------------
📍Address: 73/5 Charoen Prathet Road, Chang Moi Sub district, Mueang Chiang Mai District
📍Google maps: https://bit.ly/4gp9JLp
#အမေစုမွေးနေ့ #အမေစုကျန်းမာပါစေ