Pyit Tine Daung We Serve you the best.

😎ဘော်ဒါတွေ ဆုံလာပြီဆို “ပစ်တိုင်းထောင်” မှာ ဆွဲမယ်၊ ကဲမယ်ဗျာ! 🍻“ပစ်တိုင်းထောင်” ဆိုတာ ကိုယ်တွေလို သောက်သောက်စားစား လူ့မင...
26/08/2026

😎ဘော်ဒါတွေ ဆုံလာပြီဆို “ပစ်တိုင်းထောင်” မှာ ဆွဲမယ်၊ ကဲမယ်ဗျာ! 🍻

“ပစ်တိုင်းထောင်” ဆိုတာ ကိုယ်တွေလို သောက်သောက်စားစား လူ့မင်းသားတွေ အတွက် သီးသန့် Chill Zone လေး တစ်ခုပေါ့! 🔥

🍗အမြည်းတွေကလည်း ရှယ်ကောင်း၊ သောက်စရာ စုံလင်တဲ့အပြင် Indoor / Outdoor နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိလို့ vibe ကလည်း ပြောစရာမလိုဘူး! 🎶

💯စိတ်တူကိုယ်တူ ဘော်ဒါတွေဆိုတာ ဆုံပြီဆိုတာနဲ့ ထွေထွေထူးထူး တိုင်ပင်မနေဘူး… အားလုံးက တစ်နေရာတည်းကိုပဲ ခြေဦး လှည့်ပြီးသား! 🤜🤛

📍ဘယ်နေရာလဲ သိတယ်မလား … Onnut Plaza ဘေးက "ပစ်တိုင်းထောင်" ဆိုတဲ့ သုခဘုံလေး ဆီပေါ့! 🥳

𝐏𝐲𝐢𝐭 𝐓𝐢𝐧𝐞 𝐃𝐚𝐮𝐧𝐠 (𝐁𝐁𝐐, 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭)
𝟒𝟖𝟔, 𝐍𝐨.𝐃-𝟐, 𝐎𝐧 𝐍𝐮𝐭 𝐑𝐨𝐚𝐝, 𝐎𝐧 𝐍𝐮𝐭 𝐒𝐮𝐛𝐝𝐢𝐬𝐭𝐫𝐢𝐜𝐭, 𝐒𝐮𝐚𝐧 𝐋𝐮𝐚𝐧𝐠, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟐𝟓𝟎

𝐎𝐩𝐞𝐧 𝐃𝐚𝐢𝐥𝐲
Mon - Fri : 4:00 PM ~ 12:00 AM
Sat - Sun : 10:00 AM ~ 12:00 AM

𝐁𝐨𝐨𝐤𝐢𝐧𝐠 - 𝟎𝟗𝟏𝟎𝟏𝟎𝟓𝟓𝟑𝟑


#

24/08/2026

💙 ရိုမန်တစ်ဆန်တဲ့ Color လေးနဲ့ ညနေခင်း အနားယူချိန်အတွက် အကောင်းဆုံး Blue Lagoon Cocktail 🍹

အရသာကလည်း မပျော့ မပြင်း အနေတော်လေးမို့ တစ်ငုံချင်း ဇိမ်ခံသောက်ရင်း မသိမသာ လွင့်သွားမယ့် အထာနော် ... 🥂💭

ပင်ပန်းနေတဲ့ ညနေခင်းတွေဆို ဒါလေးတစ်ခွက်နဲ့တင် …
🌊 အပြာရောင် ရေလှိုင်းလေးထဲ ကူးခတ်လိုက်ရသလို စိတ်ညစ်စရာတွေ အကုန်ပျောက်ပြီး Perfect Night အဖြစ် ပြောင်းလဲသွားမှာ... 🌙

😉Monday Night အတွက် အရမ်းပဲ လိုက်ဖက်တဲ့ Blue Lagoon လေးကို မသောက်ဖူးသေးရင် တစ်ခေါက်လောက် မြည်းစမ်းကြည့်လိုက်တော့နော်... 🍹

23/08/2026

ဘော်ဒါတို့ကော ဆိုင်ရောက်ပြီဆိုရင် introvert လား extrovert လား…

ပြတ်တုန်းလက်တုန်း ၂၃ မှာ ဘတ် ၁၀၀ ဝန်းကျင်ကစပြီး ဈေးတန်တန်လေးနဲ့ အဝစားချင်ရင်... 🍽️“ပစ်တိုင်းထောင်” မှာ ဒီ Menu လေးတွေ ရှ...
21/08/2026

ပြတ်တုန်းလက်တုန်း ၂၃ မှာ ဘတ် ၁၀၀ ဝန်းကျင်ကစပြီး ဈေးတန်တန်လေးနဲ့ အဝစားချင်ရင်... 🍽️
“ပစ်တိုင်းထောင်” မှာ ဒီ Menu လေးတွေ ရှိပါတယ်နော်။ 🤩

Budget သက်သာတယ်ဆိုပေမယ့် အရသာကို တစ်စက်လေးမှ ခိုကပ်ထားတာမရှိဘဲ Portion လည်းများတာမို့ တန်တန်လေးနဲ့ အဝစားလို့ရပါတယ်နော်။ 😋

အဲ့ထဲကမှ ကရင်တောလေပေါ့ဟော့ပေါ့ဆိုရင် 349 ဘတ်ကျသင့်ပေမယ့် ပွဲကြီးကြီးနဲ့ အသားတွေအများကြီးပါတာမို့ ဘော်ဒါတွေနဲ့ Share စားဖို့ ကွက်တိပါပဲ။ 🥘👫

တစ်ယောက်တည်းနဲ့ ဗိုက်ကားအောင် စားချင်ရင်လည်း 👇

🍜 မုန့်ဟင်းခါး - 129B
🥟 အကြော်စုံ - 99B
🍝 1990 ဖက်ခေါက်ဆွဲကြော် - 149B
🍲 ဝက်နံရိုးစွပ်ပြုတ် - 179B

ဒါ့အပြင် သားသတ်လွတ်စားသူတွေအတွက်လည်း မာလာရှမ်းကော (သားသတ်လွတ်) တစ်ပွဲကို ၁၂၉ ဘတ်တည်းနဲ့ သုံးဆောင်နိုင်မှာပါ။ 🌱

သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေးထားသလို အရသာက ထိမိ၊ ဘတ်ဂျက်လည်း ချွေတာနိုင်မှာဆိုတော့... ဘာလိုသေးလဲဗျာ။ 😎

ပေးရတဲ့ဈေးထက် ပိုတန်တဲ့ မြန်မာ့ရိုးရာအစားအစာတွေကို စားချင်ရင် “ပစ်တိုင်းထောင်” ဆီသာ လှမ်းခဲ့လိုက်နော်။ ❤️

📞 𝐁𝐨𝐨𝐤𝐢𝐧𝐠 - 𝟎𝟗𝟏𝟎𝟏𝟎𝟓𝟓𝟑𝟑

📍 𝐏𝐲𝐢𝐭 𝐓𝐢𝐧𝐞 𝐃𝐚𝐮𝐧𝐠 (𝐁𝐁𝐐, 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭)
𝟒𝟖𝟔, 𝐍𝐨.𝐃-𝟐, 𝐎𝐧 𝐍𝐮𝐭 𝐑𝐨𝐚𝐝, 𝐎𝐧 𝐍𝐮𝐭 𝐒𝐮𝐛𝐝𝐢𝐬𝐭𝐫𝐢𝐜𝐭, 𝐒𝐮𝐚𝐧 𝐋𝐮𝐚𝐧𝐠, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟐𝟓𝟎

🕙 𝐎𝐩𝐞𝐧 𝐃𝐚𝐢𝐥𝐲
Mon - Fri : 4:00 PM ~ 12:00 AM
Sat - Sun : 10:00 AM ~ 12:00 AM
#ပြတ်တုန်းလပ်တုန်း၂၃

20/08/2026

Staff Favorite ဆိုတော့ ရှယ်တွေချည်းပဲနေမှာ။
ဒါကြောင့် ပစ်တိုင်းထောင်ရောက်ရင် မဖြေမနေမှာစားကြည့်လိုက်ဦးနော် 🧡

📞 𝐁𝐨𝐨𝐤𝐢𝐧𝐠 - 𝟎𝟗𝟏𝟎𝟏𝟎𝟓𝟓𝟑𝟑

📍 𝐏𝐲𝐢𝐭 𝐓𝐢𝐧𝐞 𝐃𝐚𝐮𝐧𝐠 (𝐁𝐁𝐐, 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭)
𝟒𝟖𝟔, 𝐍𝐨.𝐃-𝟐, 𝐎𝐧 𝐍𝐮𝐭 𝐑𝐨𝐚𝐝, 𝐎𝐧 𝐍𝐮𝐭 𝐒𝐮𝐛𝐝𝐢𝐬𝐭𝐫𝐢𝐜𝐭, 𝐒𝐮𝐚𝐧 𝐋𝐮𝐚𝐧𝐠, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟐𝟓𝟎

🕙 𝐎𝐩𝐞𝐧 𝐃𝐚𝐢𝐥𝐲
Mon - Fri : 4:00 PM ~ 12:00 AM
Sat - Sun : 10:00 AM ~ 12:00 AM

🍺ဘီယာအေးအေးလေးတစ်ခွက်နဲ့ အလိုက်ဖက်ဆုံး အမြည်းကိုပြပါဆိုရင် ခြွင်းချက်မရှိ BBQ ပါပဲ။ 🔥🥩"ပစ်တိုင်းထောင်" ရဲ့ BBQ တွေဆို ကြ...
19/08/2026

🍺ဘီယာအေးအေးလေးတစ်ခွက်နဲ့ အလိုက်ဖက်ဆုံး အမြည်းကိုပြပါဆိုရင် ခြွင်းချက်မရှိ BBQ ပါပဲ။ 🔥

🥩"ပစ်တိုင်းထောင်" ရဲ့ BBQ တွေဆို ကြက်၊ ဝက်၊ အမဲ၊ 🍢ပင်လယ်စာနဲ့ 🐟ငါးကင် အကိတ်ကြီးတွေကို အသားထဲထိ အနှစ်တွေ စိမ့်ဝင်အောင် နှပ်ထားပြီး၊ မီးအပူချိန် ကွက်တိနဲ့ အပူအလို မရှိအောင် ကင်ပေးထားတာပါ!

🌧️ခုလို မိုးတွင်းအေးအေးလေးမှာ ပူပူနွေးနွေး BBQ လေးကို ဘီယာလေးတစ်ခွက်နဲ့ မြည်းလိုက်ရရင် ဘာပြောကောင်းမလဲ... ရှယ်မှရှယ်ပဲပေါ့🍻

😉အရသာလည်းကောင်း၊ အသားကလည်း လတ်ဆတ်တဲ့ မွှေးပျံ့ပျံ့ BBQ အစုံအလင်ကို သုံးဆောင်ဖို့ 📱အခုပဲ Booking တင်ထားလိုက်တော့နော်…

📞 𝐁𝐨𝐨𝐤𝐢𝐧𝐠 - 𝟎𝟗𝟏𝟎𝟏𝟎𝟓𝟓𝟑𝟑

📍 𝐏𝐲𝐢𝐭 𝐓𝐢𝐧𝐞 𝐃𝐚𝐮𝐧𝐠 (𝐁𝐁𝐐, 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭)
𝟒𝟖𝟔, 𝐍𝐨.𝐃-𝟐, 𝐎𝐧 𝐍𝐮𝐭 𝐑𝐨𝐚𝐝, 𝐎𝐧 𝐍𝐮𝐭 𝐒𝐮𝐛𝐝𝐢𝐬𝐭𝐫𝐢𝐜𝐭, 𝐒𝐮𝐚𝐧 𝐋𝐮𝐚𝐧𝐠, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟐𝟓𝟎

🕙 𝐎𝐩𝐞𝐧 𝐃𝐚𝐢𝐥𝐲
Mon - Fri : 4:00 PM ~ 12:00 AM
Sat - Sun : 10:00 AM ~ 12:00 AM

&Chill

"နေ့တိုင်း ရိုးရိုးရေပဲ သောက်ရတာ မပျင်းဘူးလား..." 😉ဆရာဝန်တွေ၊ပညာရှင်တွေက ပြောကြတယ်... "နေ့စဉ် ကျန်းမာရေးအတွက် ရေများများ...
17/08/2026

"နေ့တိုင်း ရိုးရိုးရေပဲ သောက်ရတာ မပျင်းဘူးလား..." 😉

ဆရာဝန်တွေ၊ပညာရှင်တွေက ပြောကြတယ်... "နေ့စဉ် ကျန်းမာရေးအတွက် ရေများများ သောက်ကြပါ" တဲ့။ 💧

တကယ်လည်း ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ၆၀% ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာမို့ ရေဓာတ် လျော့သွားတာနဲ့ စိတ်ရောလူပါ အလိုလို ပင်ပန်းလာတတ်တာပါ။ 💧

ဒါပေမဲ့ အလုပ်တွေရှုပ်ပြီး ပင်ပန်းလာတဲ့ ညနေခင်းတွေမှာ ရိုးရိုးရေပဲ ထိုင်သောက်နေရရင် ဘယ်အမော ပြေနိုင်မလဲ...နော် 🤔

ဒီအတွက် အကြံကောင်းလေးတစ်ခု ပေးချင်ပါတယ်။ ဘီယာမှာဆို ရေဓာတ် ၉၀% ထိ ပါဝင်တာဖြစ်လို့ Logic အရဆို ဘီယာသောက်တာလည်း ရေဓာတ် ပြန်ဖြည့်တာပဲ မဟုတ်ဘူးလား... 😜🍺

ဒါပေမဲ့ ရေသောက်တာကိုလည်း မလျှော့လိုက်နဲ့နော်!ရေကိုလည်း ပုံမှန်သောက်..ညနေကျရင်လည်း အမောပြေဖို့ ဘီယာလေးတစ်ခွက်လောက်နဲ့ Chill မယ်ဆို အရသာလည်းပိုရှိ၊ပင်ပန်းသမျှကိုလည်း ဆေးကြောပြီးသားပါပဲ။

ဆိုင်ထိုင်ဖို့ အကြောင်းပြချက် ရှာနေတဲ့ ဘော်ဒါတွေအတွက်လည်း Reason ကောင်း တစ်ခု ရသွားတာပေါ့။ 😉

ဘယ်လိုလဲ..ဒီ logic ကို လက်ခံကြတယ်မလား🤫🤫

📞 𝐁𝐨𝐨𝐤𝐢𝐧𝐠 - 𝟎𝟗𝟏𝟎𝟏𝟎𝟓𝟓𝟑𝟑
📍 𝐏𝐲𝐢𝐭 𝐓𝐢𝐧𝐞 𝐃𝐚𝐮𝐧𝐠 (𝐁𝐁𝐐, 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭)
𝟒𝟖𝟔, 𝐍𝐨.𝐃-𝟐, 𝐎𝐧 𝐍𝐮𝐭 𝐑𝐨𝐚𝐝, 𝐎𝐧 𝐍𝐮𝐭 𝐒𝐮𝐛𝐝𝐢𝐬𝐭𝐫𝐢𝐜𝐭, 𝐒𝐮𝐚𝐧 𝐋𝐮𝐚𝐧𝐠, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟐𝟓𝟎
🕙 𝐎𝐩𝐞𝐧 𝐃𝐚𝐢𝐥𝐲
Mon - Fri : 4:00 PM ~ 12:00 AM
Sat - Sun : 10:00 AM ~ 12:00 AM

ညဘက်မှ မဟုတ်ဘူး …မနက်ခင်းတွေမှာပါ ဘော်ဒါတို့နဲ့ အတူရှိနေမယ့် “ပစ်တိုင်းထောင်”☀️ 🍺 ညက သောက်တာများသွားလို့ မနက်ကျ ခေါင်းကမ...
15/08/2026

ညဘက်မှ မဟုတ်ဘူး …မနက်ခင်းတွေမှာပါ ဘော်ဒါတို့နဲ့ အတူရှိနေမယ့် “ပစ်တိုင်းထောင်”☀️

🍺 ညက သောက်တာများသွားလို့ မနက်ကျ ခေါင်းကမကြည်၊ဗိုက်ထဲကလည်း ဟာတာတာနဲ့ အားဖြည့်ဖို့ လိုနေပြီဆို “ပစ်တိုင်းထောင်”ဆီ တစ်ခေါက်ပြန်လာခဲ့လိုက်..➡️

🤥ဘော်ဒါတို့အတွက် စနေ၊ တနင်္ဂနွေဆိုရင် မနက်စာကို အလှမဟုတ်ဘဲ အဝဆွဲလို့ရအောင် အရသာရှိလှတဲ့ မနက်စာ Menu လေးတွေ ပြင်ဆင်ပေးထားပါတယ်။

မနက်စာ(Breakfast Menu) ဆိုပေမယ့် ⏰ မနက်ခင်း ၁၀ နာရီမှ စတင်ဖွင့်လှစ်ပေးမှာ ဖြစ်လို့ အေးဆေး 😴 အဝအိပ်ပြီးမှ လာလည်း ဝါးတီးလွတ်သွားမှာ ပူစရာ မလိုတော့ဘူးပေါ့

😋 ဘာတွေဆွဲလို့ရမလဲ?

မြန်မာတို့အကြိုက် -

🥥 အုန်းထမင်း
🫘 ပဲပြုတ်ထမင်း
🍜 တို့ဟူးနွေး တွေအပြင် အခြားတိုင်းရင်းသားရိုးရာ ထူးရှယ် မနက်စာ အစုံအလင်ကို စိတ်ကြိုက်သုံးဆောင်နိုင်မှာပါ။

💛အဖိုးတန်ပိတ်ရက် စနေ၊တနင်္ဂနွေ နေ့တွေမှာ ကိုယ်ကြိုက်တဲ့ ရိုးရာ မနက်စာတွေကို သုံးဆောင်ရင်း ညက Hangover တွေကိုလည်း ဖြေဖျောက်ဖို့ “ပစ်တိုင်းထောင်”ဆီ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော်

📞 𝐁𝐨𝐨𝐤𝐢𝐧𝐠 - 𝟎𝟗𝟏𝟎𝟏𝟎𝟓𝟓𝟑𝟑

📍 𝐏𝐲𝐢𝐭 𝐓𝐢𝐧𝐞 𝐃𝐚𝐮𝐧𝐠 (𝐁𝐁𝐐, 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭)
𝟒𝟖𝟔, 𝐍𝐨.𝐃-𝟐, 𝐎𝐧 𝐍𝐮𝐭 𝐑𝐨𝐚𝐝, 𝐎𝐧 𝐍𝐮𝐭 𝐒𝐮𝐛𝐝𝐢𝐬𝐭𝐫𝐢𝐜𝐭, 𝐒𝐮𝐚𝐧 𝐋𝐮𝐚𝐧𝐠, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟐𝟓𝟎

🕙 𝐎𝐩𝐞𝐧 𝐃𝐚𝐢𝐥𝐲
Mon - Fri : 4:00 PM ~ 12:00 AM
Sat - Sun : 10:00 AM ~ 12:00 AM
#ပဲပြုတ်ထမင်းကြော် #အုန်းထမင်း #တို့ဟူးနွေး

ကဲ…စားဖူးပြီးတဲ့သူတွေကတော့ အခုလို review အမိုက်စားတွေ ပေးကုန်ကြပြီနော်…👍🏻Review လေးတွေကြည့်ပြီး မြည်းစမ်းချင်စိတ်ပေါ်လာရ...
13/08/2026

ကဲ…စားဖူးပြီးတဲ့သူတွေကတော့ အခုလို review အမိုက်စားတွေ ပေးကုန်ကြပြီနော်…👍🏻

Review လေးတွေကြည့်ပြီး မြည်းစမ်းချင်စိတ်ပေါ်လာရင်တော့ အခုပဲ ပစ်တိုင်းထောင်ဆိုင်လေးကို လှမ်းလာခဲ့လိုက်နော်…🥳

အခုလို review လေးတွေ အချိန်ပေးပြီး ရေးပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ❤️

12/08/2026

စတာပါဗျာ😁

ที่อยู่

D 2, 486 On Nut Road, On Nut, Suan Luang
Bangkok
10250

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pyit Tine Daungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์