17/04/2026
သင်္ကြန်က ထိုင်းက ဟိုးးးးး အရှေ့ကို တော်တော်လေး ရောက်သွားပါပြီ။ ဒါ ၁၀၀၀% အမှန်တရားပါ။
ဒို့ရဲ့ မီယန်မာကတော့ တလရကြီးသာ မအောင်ရင်တော့ သင်္ကြန်ကိစ္စ ကမ္ဘာမှာ အောင်မြင်ဖို့ နောက်မှစဉ်းစား။
ဆံပင်တောင် မြောက်ကကြီးလိုမျိုး အမျိုးအစားသတ်မှတ်ထားတာပဲ ညှပ်ရမယ်ဆိုတာမျိုး မဖြစ်ရင် ကံကောင်း 🤭
အဲ့မှာ တခု စဉ်းစားမိတာနဲ့ ChatGPT ကို သွားမေးတော့ သူက သင်္ကြန် ဆုန်ကလန် ဖြစ်ရပ်လိုမျိုး၊ မူရင်းထက် တခြားတခုက ပိုနာမည်ကြီးသွားတာမျိုး ကမ္ဘာမှာ အများကြီး ရှိကြောင်း ပြောပြတယ်။
ဘာတွေလဲဆိုတာ ပုံထဲသာ ကြည့်တော့ဗျာ။
အဲ့မှာ သူပြတာတွေ ကြည့်ကြည့်ရင်း စိတ်ထဲ ခံစားမိတာလေးက
Europe နဲ့ USA ကို ကျနော်က စိတ်ထဲ သိပ်မကွဲနေဘူး 😂
ဒါလေးက Europe က စတယ်၊ နောက်တော့ အမေရိကန်မှာ နာမည်ကြီးသွားတယ် ဆိုရင် “အော် အဲ့လိုလား” ဆိုတာလောက်ပဲ တွေးပြီး ပြီးသွားတယ်။ စိတ်ထဲမှာ အနောက်နိုင်ငံ ဆိုပြီး တစုတစည်းတည်း တွေးထားမိနေလို့ ထင်တာပဲ။
အနောက်နိုင်ငံကလူတွေလဲ အဲ့လိုဖြစ်မလားပဲ၊ ကျနော်တို့ကသာ သင်္ကြန်က “ ငါကစတာ။ သူက ခိုးတာ “ ဆိုပြီး ဖြစ်နေကြပေမဲ့ သူတို့ စိတ်ထဲ “ အင်း အရှေ့တောင်အာရှက ပွဲတော်ဟုတ်လား” ဆိုပြီး ဒါက မူရင်းနိုင်ငံ၊ ငါ သူ့ဆီ သွားအားပေးမှ ဖြစ်မယ် ဆိုတာမျိုးထိ သိပ် serious မဖြစ်လောက်ဘူးထင်တယ်။ ပိုsafe ဖြစ်ပြီး ပိုပျော်ဖို့ကောင်းတယ်ထင်ရတဲ့နေရာ လာမှာပဲ။
မသိတဲ့တနေရာသွားရင် လမ်းဘေးစတိုးဆိုင်နဲ့ 7/11 တွေ့ရင် 7/11 မှာပဲ စျေးဝယ်ဖို့ ရွေးချယ်လိုက်သလိုမျိုးပေါ့။ လမ်းဘေးစတိုးဆိုင်က အရင်ဖွင့်ထားတဲ့ ဆိုင်ဖြစ်ရင် ဖြစ်မယ်။ ပိုစျေးသက်သာရင် သက်သာမယ်။ ပိုကောင်းရင် ကောင်းမယ်။ ဒါပေမဲ့ 7/11 ကို ကျနော် သိတယ်လေ။ စျေးမှန်တယ်၊ ပစ္စည်းမှန်တယ်။
သင်္ကြန်နဲ့ ဆုန်ကလန်နဲ့ဆိုတာလဲ ဒီလိုမျိုးပဲ ဖြစ်သွားမှာပါ။
နိုင်ငံခြားသား အမြင်က ကြည့်မယ်ဆိုရင်
“ သင်္ကြန်က အရင်လား။ အင်း ဟုတ်ရင် ဟုတ်မှာပေါ့။ ဒါမဲ့ ဆုန်ကလန်ပဲ သွားရအောင်၊ အင်တာနက်ပေါ်က ပုံတွေ ကြည့်ရတာ မိုက်တယ်၊ ပျော်စရာကြီး” ဆိုတာမျိုးပဲ ဖြစ်သွားမှာပါ။ တကယ်လဲ ပျော်ဖို့ကောင်းပါတယ်။
စိတ်မကောင်းစရာဖြစ်ပေမဲ့ ကျနော်တို့နိုင်ငံက ဟိုးးးးး အဝေးကြီးမှာ ကျန်ခဲ့တာ အမှန်တရားပါ။
အရင်ဆုံး တလရ အောင်နိုင်ဖို့ လိုပါသေးတယ်။
ပြီးတော့ သေချာအစိုးရဖွဲ့နိုင်ဖို့ လိုသေးတယ်။
ပြီးတော့ ပြည်သူအများရဲ့ စားဝတ်နေရေး ခုထက်ပိုပြီး အဆင်ပြေဖို့ လိုသေးတယ်။ အဆင်မပြေသေးရင် ခိုးဆိုးလုတွေများပြီး တရားဥပဒေစိုးမိုးမှု ရှိလာဦးမှာ မဟုတ်သေးပါဘူး။
ပြီးတော့ ပြီးတော့ ပေါင်းများစွာရဲ့ နောက်မှာမှ အေးချမ်းပြီး ယဉ်ကျေးမှုရှိတဲ့ ရေကစားတဲ့ ပွဲတော် သင်္ကြန်ဆိုတာ မြန်မာမှာလဲ ရှိပါတယ် ဆိုတာမျိုး ဖြစ်လာမယ်ထင်ပါတယ်။
ဒီမိုး ဒီလေ ဒီလူတွေနဲ့ကတော့ ဖြစ်ချင်မှလဲ ဖြစ်လာမှာပါ 😄
ပုံတွေက ChatGPT ကို မေးထားတာပါ။ မှန်လား မှားလားတော့ မသိဘူးရယ် 😅