Htoo's Eatery Htoo's Eatery was born out of a simple, heartfelt mission: to bring the authentic, comforting flavors of Myanmar to the vibrant streets of Bangkok.

Located on Petchaburi Road, our eatery serves as a culinary bridge for those longing for nostalgic taste.

💦 Htoo’s Eatery ရဲ့ သင်္ကြန်အထူး စတုဒိသာအစီအစဉ် 💦April 13 - 15 နေ့တွေမှာ Htoo’s Eatery မိသားစုမှ ချစ်ခင်ရတဲ့ အစဉ်အမြဲအား...
12/04/2026

💦 Htoo’s Eatery ရဲ့ သင်္ကြန်အထူး စတုဒိသာအစီအစဉ် 💦

April 13 - 15 နေ့တွေမှာ Htoo’s Eatery မိသားစုမှ ချစ်ခင်ရတဲ့ အစဉ်အမြဲအားပေးကြသူများကို စတုဒိသာ ကျွေးမွေးလှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ချိုချိုအေးအေး မုန့်လုံးရေပေါ်လေးတွေနဲ့အတူ နေ့ရက်အလိုက် အလှည့်ကျကျွေးမွေးမည့် စာရင်းလေးကတော့...
-👉🏻၁၃ ရက် - မုန့်လုံးရေပေါ် + အုန်းနို့ကျောက်ကျော 🍮
👉🏻 ၁၄ ရက် - မုန့်လုံးရေပေါ် + ရွှေရင်အေး 🍨
👉🏻၁၅ ရက် - မုန့်လုံးရေပေါ် + သာကူယို 🥣

✨ အထူးအစီအစဉ်
ဆိုင်ကို ကိုယ်တိုင်လာရောက်အားပေးသူများသာမက Delivery နဲ့ မှာယူသူများအတွက်လည်း စတုဒိသာမုန့်လေးတွေကို ပါဆယ်လ်ထဲမှာ တစ်ခါတည်း ထည့်ပေးသွားမှာဖြစ်လို့ အိမ်မှာနေရင်း သင်္ကြန်အရသာကို အပြည့်အဝခံစားလို့ရပြီနော်။ 🛵✨

ပျော်ရွှင်စရာ သင်္ကြန်အခါသမယလေးဖြစ်ပါစေလို့ Htoo’s Eatery မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏
#သင်္ကြန်စတုဒိသာ #မုန့်လုံးရေပေါ်

အစားအသောက် ချေး(ဂျီး)များတဲ့ စမ်းရေတစ်ယောက် Asoke က “Htoo’s Eatery” ဆိုတဲ့ ဆိုင်သစ်လေးကို ဒီနေ့ ရောက်ခဲ့တယ်ပေါ့နော် …စမ်...
10/04/2026

အစားအသောက် ချေး(ဂျီး)များတဲ့ စမ်းရေတစ်ယောက် Asoke က “Htoo’s Eatery” ဆိုတဲ့ ဆိုင်သစ်လေးကို ဒီနေ့ ရောက်ခဲ့တယ်ပေါ့နော် …

စမ်းရေ ဘာတွေစားပြီး ဘယ်လောက်ပျော်ခဲ့လည်းဆိုတာ ပုံလေးတွေကို တစ်ပုံချင်းစီ ထောက်ကြည့်ပေးပါဦး။ နောက်ဆုံးပုံလေးမှာတော့ ရှင်တို့အတွက် Discount လက်ဆောင်လေးပါ ထည့်ပေးထားပါတယ်နော် 🎁✨

📢 Htoo’s Eatery ရဲ့ Grand Opening ဖိတ်ကြားလွှာ 🎊"မြန်မာစာကို စိတ်တိုင်းကျ အရသာနဲ့ ဈေးနှုန်းမျိုးရစေရမယ်" ဆိုတဲ့ ကတိအတိုင...
02/04/2026

📢 Htoo’s Eatery ရဲ့ Grand Opening ဖိတ်ကြားလွှာ 🎊

"မြန်မာစာကို စိတ်တိုင်းကျ အရသာနဲ့ ဈေးနှုန်းမျိုးရစေရမယ်" ဆိုတဲ့ ကတိအတိုင်း... ကျွန်တော်တို့ Htoo's Eatery ကို လာမယ့် ဧပြီလ (၄) ရက်နေ့မှာ Grand Opening အဖြစ် ဖွင့်လှစ်သွားတော့မယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ 🇲🇲🍲

ဖွင့်ပွဲနေ့မှာ အထူးအစီအစဉ်အနေနဲ့ -
✅ လာရောက်အားပေးသူတိုင်းကို (၂၀%) Discount အထူးလျှော့စျေး ပေးသွားမယ့်အပြင်၊
✅ လာသမျှ ဧည့်သည်တော်တိုင်းကို မြန်မာ့ရိုးရာ မုန့်လုံးရေပေါ် နဲ့ အဝကျွေးပြီး ဧည့်ခံသွားမှာပါနော်။

✨ ဘာကြောင့် Htoo's Eatery ကို လာစားသင့်လဲ?
ကျွန်တော်တို့ဆီမှာ တခြားဆိုင်တွေနဲ့မတူတဲ့ Unique ဖြစ်တဲ့ လက်ရာတွေကို မြည်းစမ်းနိုင်ပါတယ်။

👉🏻 မြစ်ဝကျွန်းပေါ်စတိုင် မုန့်ဟင်းခါး
ရန်ကုန်က မုန့်ဟင်းခါးတွေလို ပဲခပ်များများနဲ့ အဝါရောင်မဟုတ်ဘဲ ငါးအရသာကို အဓိကထားတဲ့ မြစ်ဝကျွန်းပေါ်စတိုင်ပါ။ ငါးရုပ်ကောင်းမှုန့် အရသာလေး ပေါ်လွင်အောင် အရည်ကျဲကျဲလေးနဲ့ ထူးထူးခြားခြား ချက်ထားတာမို့ တကယ့်ကို ရှယ်ပါပဲ။ 🐟
👉🏻 ဘဲသားကော်ရည်ခေါက်ဆွဲ: အများနဲ့မတူဘဲ မိဘတွေဆီက တစ်ဆင့် လက်ဆင့်ကမ်းလာတဲ့ နည်းစနစ်အတိုင်း ဘဲသားနဲ့ သေချာချက်ထားတဲ့ ရှေးမူမပျက် ကော်ရည်ခေါက်ဆွဲပါ။ 🦆

👉🏻ထမင်းကြော်ကိုလည်း ပေါ်ဆန်မွှေးဆန်ကောင်းကိုမှ သေချာချက်ပြီး ကြော်ထားတာမို့ အိမ်ကလက်ရာအတိုင်း စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။

🍽️ Menu Highlights
Snacks, Noodles ကနေ ထမင်းကြော် ဟင်းမျိုးစုံအထိ တစ်နေရာတည်းမှာ ရနိုင်ပါတယ်။
• Signature: ရန်ကုန်ထမင်းကြော် (ဟင်းစုံ)
• Noodles: နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ ကြာဆံသုပ်
• Appetizers: ကော်ပြန့်ကြော်၊ ဘယာကြော်၊ အကြော်စုံ
• Others: အသားသုပ်မျိုးစုံနဲ့ အရသာရှိ ဘီယာလေးနဲ့မြည်းလို့ကောင်းတဲ့ အစားအစာများ
📖 Menu အပြည့်အစုံကြည့်ရန်: [https://sites.google.com/view/htoos-eatery?usp=sharing]
🕒 ဆိုင်ဖွင့်ချိန်နှင့် တည်နေရာ
• ဖွင့်လှစ်မည့်ရက်: ဧပြီလ ၄ ရက် (Grand Opening)
• အချိန်: မနက် ၉ နာရီ မှ ည ၁၁ နာရီအထိ
• တည်နေရာ: Petchaburi Road (MRT Petchaburi Exit 2 ကနေ မီတာ ၅၀ အကွာ)
📍 Google Maps: [https://www.google.com/maps/place/The+Kross/@13.7491265,100.562337,18.67z/data=!4m6!3m5!1s0x30e29eee3cfe42f9:0x728237ecf254502f!8m2!3d13.7487029!4d100.5624345!16s%2Fg%2F11c1xsjd2h!18m1!1e1?entry=ttu&g_ep=EgoyMDI2MDMxNy4wIKXMDSoASAFQAw%3D%3D]
🚗 ကားနဲ့လာမယ့် ဧည့်သည်တော်များအတွက်လည်း ၃နာရီ free ရပ်လို့ရမယ့် ကားပါကင်လည်းရှိတယ်နော်။
ဧပြီလ (၄) ရက်နေ့မှာ အရသာရှိတဲ့ မြန်မာစာတွေ စားရင်း၊ မုန့်လုံးရေပေါ် အတူတူစားဖို့ Htoo's Eatery ကို လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ အားလုံးနဲ့ ဆုံချင်ပါတယ်! ❤️

မင်္ဂလာပါရှင်... ရန်ကုန်အရသာစစ်စစ်လေးတွေကို လွမ်းနေတဲ့သူတွေအတွက် Htoo's Eatery ရဲ့ Soft Opening လေးကို ဖိတ်ခေါ်ပါရစေနော်...
20/03/2026

မင်္ဂလာပါရှင်... ရန်ကုန်အရသာစစ်စစ်လေးတွေကို လွမ်းနေတဲ့သူတွေအတွက် Htoo's Eatery ရဲ့ Soft Opening လေးကို ဖိတ်ခေါ်ပါရစေနော်။ 🇲🇲🍲

မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အေးအေးဆေးဆေးနဲ့ နွေးနွေးထွေးထွေး စားသောက်လို့ရအောင် အကောင်းဆုံး ပြင်ဆင်ထားပါတယ်...... Soft Opening ကာလဆိုပေမယ့်လည်း Menu တွေကတော့ တကယ့်ကို စုံစုံလင်လင် ရှိနေမှာမို့ လာရောက်မြည်းစမ်းကြည့်ကြပါဦးနော်.....

✨ Htoo's ရဲ့ Signature လက်ရာများ
Htoo's Signature ရန်ကုန်ထမင်းကြော် (ဟင်းစုံလေးနဲ့မို့ အိမ်ပြန်ရောက်သွားသလို အရသာမျိုး!)
အနှစ်သာရအပြည့်နဲ့ နန်းကြီးသုပ်
မြန်မာတို့ရဲ့အကြိုက် မုန့်ဟင်းခါး အပြင် တခြား Menu ပေါင်းများစွာကို တစ်နေရာတည်းမှာ ရရှိနိုင်မှာပါရှင်.....
Soft Opening Menu အပြည့်အစုံကို ဒီ Link မှာ ကြည့်ရှုနိုင်ပါတယ်ရှင် - [https://sites.google.com/view/htoos-eatery?usp=sharing]

🕒 ဆိုင်ဖွင့်ချိန်နှင့် တည်နေရာ
အချိန်: မနက် ၉ နာရီ မှ ည ၈ နာရီအထိ
တည်နေရာ: Petchaburi Road (Google Maps: [https://www.google.com/maps/place/The+Kross/@13.7491265,100.562337,18.67z/data=!4m6!3m5!1s0x30e29eee3cfe42f9:0x728237ecf254502f!8m2!3d13.7487029!4d100.5624345!16s%2Fg%2F11c1xsjd2h!18m1!1e1?entry=ttu&g_ep=EgoyMDI2MDMxNy4wIKXMDSoASAFQAw%3D%3D])

MRT Petchaburi Exit 2 ကနေထွက်လာမယ်ဆို မီတာ ၅၀လောက်လျှောက်လိုက်တာနဲ့ရောက်ပါပြီနော်..... Airport Link Makkasan station ကနေလာလည်းရပါတယ်......
ကားနဲ့လာမယ့် ဧည့်သည်တော်များအတွက်လည်း ကားပါကင် စီစဉ်ပေးထားပါတယ်ရှင်။

ရန်ကုန်အရသာစစ်စစ်လေးတွေကို မြည်းစမ်းကြည့်ဖို့ Htoo's Eatery ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်.....
အားလုံးနဲ့ ဆုံချင်ပါတယ်နော်!!!!

ที่อยู่

1624, Petchaburi Road, Makkasan, Ratchathewi, Near MRT Petchaburi Exit 2
Bangkok
10400

เวลาทำการ

จันทร์ 09:00 - 23:00
อังคาร 09:00 - 23:00
พุธ 09:00 - 23:00
พฤหัสบดี 09:00 - 23:00
ศุกร์ 09:00 - 23:00
เสาร์ 09:00 - 23:00
อาทิตย์ 09:00 - 23:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htoo's Eateryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท