21/08/2026
Onnut ဆိုင်ခွဲမှာလည်း အပတ်စဉ် ပိတ်ရက်တိုင်း ညနေ ၃ နာရီဆိုတာနဲ့ ဝက်သားတုတ်ထိုး စိတ်ကြိုက် ရွေးစားလို့ ရနေပြီနော်! 🍢✨
အခုဆိုရင် ဘရဏီ Onnut ဆိုင်ခွဲမှာ တကယ့်ဝက်သားတုတ်ထိုး Vibe အပြည့်နဲ့ စိတ်ကြိုက် ရွေးချယ်သုံးဆောင်နိုင်ပါပြီရှင်။ 🥰
မြန်မာမှာတုန်းကလိုမျိုး Vibe နဲ့ " အကိုရေ... အူချိုလေးရယ်၊ အသည်းလေးရယ် လှီးပေးပါဦးနော်" ဆိုပြီး ကြိုက်နှစ်သက်ရာ အစိတ်အပိုင်းတွေကို စိတ်ကြိုက်မှာယူလို့ရတဲ့ 🍢ဝက်သားတုတ်ထိုးလေးနဲ့ ဟင်းရည်လေးရယ်🍝 ကြာဇံကြော် လေးတွေနဲ့ တွဲပြီး ဘရဏီမှာ ပိတ်ရက်တိုင်း ညနေ ၃ နာရီ ဆိုတာနဲ့ သုံးဆောင်နိုင်နေပြီဆိုတော့ အခုပဲ Onnut ဆိုင်ခွဲကို အပြေးလေး လာခဲ့ကြတော့နော်...
ကားမောင်းလာမယ့် ကာကာတို့အတွက်လည်း ဆိုင်မှာ ကားပါကင် အဆင်သင့်ရှိလို့ ပါကင်ပူစရာ မလိုပါဘူးရှင်။ 🚗🚙👋❤️
#ဝက်သားတုတ်ထိုး