Shan Lat Yarr

Shan Lat Yarr မြန်မာစားသောက်ကုန်၊ဆေးဝါး၊အလှကုန်များကိုမလေးရှားတနိုင်ငံလုံးအိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင့်

🙏🙏🙏 #ရှမ်းလက်ယာ  #အိမ်ရောက်ငွေချေ
30/04/2026

🙏🙏🙏
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ

မနက်မိုးလင်းပြီဆို အလုပ်ကိုခွင့်ယူဖို့စဉ်းစားပြီအလုပ်သွားနေတဲ့ လမ်းမှာ လှည့်ပြန်ရင်ကောင်းမလားတွေးတယ်အလုပ်ရောက်ရင်လဲ အိမ်...
29/04/2026

မနက်မိုးလင်းပြီဆို အလုပ်ကိုခွင့်ယူဖို့စဉ်းစားပြီ
အလုပ်သွားနေတဲ့ လမ်းမှာ
လှည့်ပြန်ရင်ကောင်းမလားတွေးတယ်
အလုပ်ရောက်ရင်လဲ အိမ်ပြန်ချင်လို့
နေ့တစ်ဝက်ခွင့်ယူဖို့ ထပ်တွေးတယ်
ညနေအိမ်ပြန်ရင်လဲ
မနက်ဖြန် ဘယ်လိုခွင့်တိုင်ရမလဲတွေးတယ်
ဒါပဲ မိမိ၏အလုပ်ကြိုးစားမှုတွေပေါ့။

-crd
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက် ဧပြီလ ၂၇ ရက်နေ့ က ဂျဟိုးဘာရူး (Johor Bahru) အော်ပရာစီ ဖမ်းဆီးခံရ မူသတင်းတိုင်တန်းမူများအရ  စားသ...
29/04/2026

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်

ဧပြီလ ၂၇ ရက်နေ့ က ဂျဟိုးဘာရူး (Johor Bahru) အော်ပရာစီ ဖမ်းဆီးခံရ မူသတင်း

တိုင်တန်းမူများအရ စားသောက်ဆိုင်အများအပြားကို ဝင်ရောက်စစ်ဆေးခဲ့ရာ တရားဝင်ပါမစ်မရှိဘဲ အလုပ်လုပ်နေသူများနှင့် လူမှုကူးသန်းခွင့်ဗီဇာ (Social Visit Pass) ကို အလွဲသုံးစားလုပ်နေသည့် နိုင်ငံခြားသားများကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်

ထို့အပြင် အလုပ်သမားများနှင့် အလုပ်ရှင်များကိုလည်း မည်သည့်လိုက်လျောမှုမျှမရှိဘဲ အသေးစိတ်စစ်ဆေးခဲ့ရာ မန်နေဂျာဆိုသူ မလေးရှား နိူင်ငံသား တစ်ဦးကို လည်း ဖမ်းဆီးခံထားရပါတယ်

ကနဦးစစ်ဆေးချက်များအရ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုအမျိုးမျိုးဖြင့် နိုင်ငံခြားသားအလုပ်သမား ၃၉ ဦး ကို ဖမ်းဆီးခဲ့ပြီး
ထိုအထဲမှာပါဝင်သူများကတော့

မြန်မာနိုင်ငံသား အမျိုးသား: ၂၀ ဦး

မြန်မာနိုင်ငံသား အမျိုးသမီး (စားပွဲထိုးနှင့် ထမင်းချက်): ၆ ဦး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား: ၁၀ ဦး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသမီး: ၁ ဦး

အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား: ၂ ဦး
(အသက် ၁၉ နှစ်မှ ၄၆ နှစ်အတွင်း ဖြစ်ကြသည်)

ဖမ်း ဆီး ရမိ သူ အားလုံးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနှင့် ၁၉၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများအောက်တွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိရသဖြင့် နောက်ဆက်တွဲစုံစမ်းစစ်ဆေးရန် Setia Tropika ထိန်းသိမ်းရေးစခန်း သို့ ပို့ဆောင်ထားတယ်လို့ ရေးသားဖော်ပြထားပါတယ်
Crd
Star M-M page

22/04/2026

ဒီလိုပဲရက်၂၀ကျော်ပီဆိုကြက်ဉကြော်နဲ့နှစ်ပါးသွားရတာပေါ့🤣🤣🤣
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ

နှစ်သစ်ကူး မေတ္တာပို့---------------------------------မကျန်းမာသူများအလေ့ကျပေါက်တဲ့မြက်ပင်တောင် ဆေးဘက်ဝင်ပါစေငွေကြေးလိုအပ...
17/04/2026

နှစ်သစ်ကူး မေတ္တာပို့
---------------------------------

မကျန်းမာသူများ
အလေ့ကျပေါက်တဲ့
မြက်ပင်တောင် ဆေးဘက်ဝင်ပါစေ

ငွေကြေးလိုအပ်သူများ
လိုအပ်တဲ့ပမာဏ ပြည့်စုံပါစေ

စစ်ဘေးသင့် ပြည်သူများ
အစာ၊ ရေ၊ ဆေးဝါး ဖူလုံပါစေ
အသက်အန္တရာယ် ကင်းဝေးပါစေ

အချစ်ကြောင့် ပူဆွေးရသူများ
အချစ်ကြောင့်သာ ပျော်ရွှင်ပါစေ

အချစ်မွဲသူများ
ကိုယ် ဖက်တွယ်နမ်းရှုပ်ချင်တဲ့ အပုပ်ကောင်နဲ့
မေတ္တာမျှခွင့်ရပါစေ

သားသမီးဇောနဲ့ မောရသူမိဘများ
သားသမီးက သိတတ်လို့ ငြိမ်းချမ်းပါစေ

အိမ်ထောင်ရေးကံချို့တဲ့သူများ
အိမ်ထောင်ဘက်က အသိဝင်ပါစေ

ဖြစ်နိုင်ရင်တော့ စစ်မီးငြိမ်းပါစေ
မငြိမ်းနိုင်ရင်လည်း
တရားသဖြင့် ပြုမူသူသာ နိုင်ပါစေ

သက်ငယ်မုဒိမ်းနဲ့ ခိုက်ရန်ဒေါသများ
သင်္ကြန်ရေထဲ မျောပါစေ

အလုပ်ခွင်ထဲ
ရာထူးကြီးသူက ရာထူးမရှိသူကို
ဖိနှိပ်မှုများ လျော့နည်းစေ

ဆန်ရေစပါး ပေါကြွယ်ဝပြီး
အနာတိုင်း ဆေးတွေ့ပါစေ

ရှစ်ခွင်တိုင်းမှာ
မေတ္တာလှိုင်း မှိုင်းရည်ပါစေ ။

ဒီကမ္ဘာကို အလင်းညှိဖို့
ဘုရားအသီးသီး ပွင့်ခဲ့ကြတယ်မဟုတ်လား

" အဓိဋ္ဌာန်ကျောက်တုံးများ
ဘယ်အချိန် မ, မ ပေါ့ပါစေ ”

ဆန်းကျော်စွာဝင်း

မင်မင်ကတော့အပေါ်ကပေါနော်🤣 #ရှမ်းလက်ယာ  #အိမ်ရောက်ငွေချေ  #မလေးရှားနေရာစုံအိမ်ရောက်ငွေချေ
15/04/2026

မင်မင်ကတော့အပေါ်ကပေါနော်🤣
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ #မလေးရှားနေရာစုံအိမ်ရောက်ငွေချေ

ဒီလိုပဲနေ့တိုင်းအပြုံးလေးနဲ့ဖြတ်သန်းတော့တယ်🤣🤣 #ရှမ်းလက်ယာ  #အိမ်ရောက်ငွေချေ  #မလေးရှားနေရာစုံအိမ်ရောက်ငွေချေ
15/04/2026

ဒီလိုပဲနေ့တိုင်းအပြုံးလေးနဲ့ဖြတ်သန်းတော့တယ်🤣🤣
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ #မလေးရှားနေရာစုံအိမ်ရောက်ငွေချေ

❤️မိတ်ဟောင်းမိတ်သစ်ကာကာများအားလုံးအားပေးကြပါအုန်းရှင့်❤️မလေးရှားနေရာစုံအိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင့်💯တသုတ်တသုတ်အ...
14/04/2026

❤️မိတ်ဟောင်းမိတ်သစ်ကာကာများအားလုံးအားပေးကြပါအုန်းရှင့်❤️

မလေးရှားနေရာစုံအိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင့်💯
တသုတ်တသုတ်အော်ဒါကြိုကောက်တာမို့ပစ္စည်းလေးတွေမမှာယူခင်စာလေးသေချာဖတ်ပေးကြပါရှင့်
👇👇
ဒီတသုတ်အတွက်ရှမ်းလက်ယာမှာရရှိနိုင်မယ်မြန်မာအစားစာစုံ၊ရှမ်းပြည်ဒေသထွက်အစားစားများလည်းရှိမယ်နော်တနလ်ာနေ့(20.4.2026)မှာပစ္စည်းများရောက်မှာမို့တနဂ်နွေနေ့(19.4.2026)နောက်ဆုံထားအော်ဒါကောက်ပါမယ်ရှင့်❤️ကြိုတင်အော်ဒါစနစ်နဲ့ဖြစ်တဲ့တွက်စနေနေ့နောက်ဆုံးထားအော်ဒါတင်ပေးကြပါရှင့်🙏🏼
မှာယူလိုပါက Cb or 01139872367သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်၊အားပေးသူမိတ်ဟောင်းမိတ်သစ်ကာစတန်မာတစ်ဉီးချင်းစီကိုရှမ်းလက်ယာမင်မင်များမှအထူးကျေးဇူးတင်ရှိပါတယ်ရှင့်🙏🏼🙏🏼🙏🏼
ကာစတန်မာများအားလုံးကျန်းမာချမ်းသာပီးအလုပ်အကိုင်များတိုးတက်အဆင်ပြေကြပါစေရှင့်🙏🏼
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ

မနက်ခင်းကုသိုလ်🙏🙏🙏အားလုံးလည်းစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင့်🙏🙏🙏 #ရှမ်းလက်ယာ  #အိမ်ရောက်ငွေချေ  #မလေးရှားနေရာစုံအိမ်ရေ...
14/04/2026

မနက်ခင်းကုသိုလ်🙏🙏🙏
အားလုံးလည်းစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင့်🙏🙏🙏
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ #မလေးရှားနေရာစုံအိမ်ရောက်ငွေချေ

ဒီတသုတ်တွက်ပစ္စည်းလေးတွေမင်မင်တို့စာတိုက်အပ်ပီးပါပီရှင့်❤️မှာယူပေးကြတဲ့မိတ်ဟောင်းမိတ်သစ်ကာကာတစ်ဉီးချင်းစီကိုရှမ်းလက်ယာမင...
13/04/2026

ဒီတသုတ်တွက်ပစ္စည်းလေးတွေမင်မင်တို့စာတိုက်အပ်ပီးပါပီရှင့်❤️မှာယူပေးကြတဲ့မိတ်ဟောင်းမိတ်သစ်ကာကာတစ်ဉီးချင်းစီကိုရှမ်းလက်ယာမင်မင်များမှအထူးကျေးဇူးတင်ရှိပါတယ်ရှင့်❤️
နောက်တသုတ်မှာရှမ်းပြည်အလွမ်းပြေရှမ်းလက်ယာစစ်စစ်မုန့်ညင်းချဉ်လေးလည်းရမှာမို့မုန့်ညင်းချဉ်မရသေးဘူးလားမေးနေတဲ့ကာကာတွေကြိုတင်အော်ဒါတင်ထားလို့ရပါပီရှင့်❤️
ကာကာတွေအားလုံးလည်းစိတ်ချမ်းသာကိုယ်ကျန်းမာပီရအလုပ်ကိုင်များအဆင်ပြေကြပါစေရှင့်🙏🙏🙏
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ #မလေးရှားနေရာစုံအိမ်ရောက်ငွေချေ

13/04/2026

ပျော်ရွှင်စရာသကြ်န်ဖြစ်ကြပါစေကာကာတို့ရေ❤️
ဒီချိန်ဆိုရင်တော့ကိုယ့်နိုင်ငံကိုလွမ်းပြန်ရော🥹
#ရှမ်းလက်ယာ #အိမ်ရောက်ငွေချေ #မလေးရှားနေရာစုံအိမ်ရောက်ငွေချေ

Address

Klang
40170

Website

Alerts

Be the first to know and let us send you an email when Shan Lat Yarr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share