Zawgyi Tea House

Zawgyi Tea House Best service with affordable price

ဇော်ဂျီတီးဟောက်စ် နဲ့ ကာစတန်မာများရဲ့ ကုသိုလ်အလှုလေးပါခင်ဗျာ...ယနေ့ “မဟာဝိဟာရကျောင်းတိုက်လှည်းကူး” ၌ကျင်းပပြုလုပ်ပါသော “...
30/05/2026

ဇော်ဂျီတီးဟောက်စ် နဲ့ ကာစတန်မာများရဲ့ ကုသိုလ်အလှုလေးပါခင်ဗျာ...

ယနေ့ “မဟာဝိဟာရကျောင်းတိုက်လှည်းကူး” ၌ကျင်းပပြုလုပ်ပါသော “စုပေါင်းဆွမ်းလှူဒါန်းခြင်း၊ မြန်မာမုန့်အချိုပွဲနှင့် စာရေးတံမဲအလှူပွဲ” မှာ...

ဆရာတော်သံဃာတော်မြတ်အပါး (၁၀၀၀) ကျော်နှင့် ဧည့်ပရိတ်သတ်များအား ဇော်ဂျီတီးဟောက်စ်မှ လက်ဖက်ရည်ပါဝင်လှူဒါန်းခဲ့ပါတယ်။🙏🙏🙏

ဤကုသိုလ်အလှူဒါနသည် ဇော်ဂျီတီးဟောက်စ်တွင်တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများသာမက ဇော်ဂျီတီးဟောက်စ်တွင်လာရောက်အားပေးသုံးဆောင်ကြပါသော လူကြီးမိတ်ဆွေညီအစ်ကိုမောင်နှမအားလုံးတို့၏ စုပေါင်းပြုလုပ်ပါသော ကုသိုလ်အလှူဒါနဖြစ်ပါသည်။

ဤကုသိုလ်ကြောင့် ဆရာတော်သံဃာတော်မြတ်များနှင့်တကွ၊ ဇော်ဂျီတီးဟောက်စ်တွင်လာရောက်အားပေးသုံးဆောင်ကြပါသော လူကြီးမိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံး၊ အနန္တစကြာဝဠာမှာရှိကြတဲ့ လုံးစုံများစွာသတ္တဝါအားလုံးတို့သည် ....

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ ဘေးအန္တရာယ်ကင်းကွာ၍ သာသနာ့ဝန် ခန္ဒာ့ဝန်ကို လွယ်ကူအေးချမ်းစွာ ဆောင်ရွက်နိုင်ကြပါစေခင်ဗျာ။🙏🙏✨✨✨

ခုဆို ဆရာစံလမ်းပေါ်က ဇော်ဂျီ တီးဟောက်စ် သွားကြမယ်ဟေ့ ဆိုတဲ့ အသံ အမြဲကြားနေရပြီ...မနက် ၇ နာရီကနေ ညနေ ၃ နာရီလောက် အေးဆေး လ...
25/05/2026

ခုဆို ဆရာစံလမ်းပေါ်က ဇော်ဂျီ တီးဟောက်စ် သွားကြမယ်ဟေ့ ဆိုတဲ့ အသံ အမြဲကြားနေရပြီ...

မနက် ၇ နာရီကနေ ညနေ ၃ နာရီလောက် အေးဆေး လာထိုင်ကြပြီ...

အီကြာကွေး၊ ပလာတာ၊ နံပြား နဲ့လက်ဖက်ရည်၊ မုန့်ဟင်းခါး နဲ့ အသုပ်တွေ၊ ရှမ်းခေါက်ဆွဲနဲ့ ဆီချက်တွေ၊ ထမင်းကြော် နဲ့ ဟင်းလေးတွေ အစုံလင် မှာစားကြပြီ...

ဆိုင်တွေပေါသလောက် လက်ဖက်ရည်ဆိုင်၊ တီးဟောက်စ် ရှားတဲ့ ဆရာစံလို နေရာမျိုးမှာ ...

လမ်းလည်း သင့်၊ ကားရပ်ဖို့ နေရာတွေလည်း ရှိတဲ့ လမ်းထောင့်လေးမှာ ဖွင့်ထားတဲ့ ဇော်ဂျီက

မနက်ကနေ တနေကုန် ညနေထိ၊ ညထိ ထိုင်လို့ကောင်းတဲ့ တီးဟောက်စ် လေး ဖြစ်လာပါပြီ။

ကဲ...မနက် ၇ နာရီတည်းက ဖွင့်တဲ့ ဇော်ဂျီ တီးဟောက်စ်မှ ကြိုနေပါတယ်ဗျို့....🥳🥳

ညနေဘက်ဆို မုန့်ဟင်းခါး နဲ့ ညထမင်းကြော်လေးပါ ဟင်းအမယ်စုံရပါတယ်။

ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီထိ ။

ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴

လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#𝐙𝐚𝐰𝐆𝐲𝐢𝐓𝐞𝐚𝐇𝐨𝐮𝐬𝐞 #လက်ဖက်ရည်ဆိုင် #တီးဟောက်စ် #မြန်မာစာ #မနက်စာ #ဆရာစံလမ်းပေါ် #ညထမင်းကြော် #ညနေခင်းမုန့်ဟင်းခါး #ဇော်ဂျီတီးဟောက်စ်ညထိဖွင့်ပြီ

ခြင်ဆီရိုးတွေ စုပ်ပြီး အားရပါးရ စားရမယ့် ဇော်ဂျီရဲ့ ဆိတ်စွပ် ပြန်ရပါပြီ....ဒါပေမယ့် ဒါမျိုး လိုချင်တဲ့အရိုးရဖို့ကို Supp...
23/05/2026

ခြင်ဆီရိုးတွေ စုပ်ပြီး အားရပါးရ စားရမယ့် ဇော်ဂျီရဲ့ ဆိတ်စွပ် ပြန်ရပါပြီ....

ဒါပေမယ့် ဒါမျိုး လိုချင်တဲ့အရိုးရဖို့ကို Supplier ရှာရ၊ ဆိုင်ရှာရ နဲ့ လုဝယ်ရတယ်ဗျာ...

ကိုယ်တွေကလည်း ဆိတ်စွပ်ကို ရိုးတွင်းခြင်ဆီတွေပါအခဲလိုက် စုပ်စေချင်တာမို့ ကျသလောက်ဈေးပေးပြီး ရှယ်ရောင်းပါမယ်။

ဒါမို့ ဇော်ဂျီရဲ့ နာမည်ကြီး ဆိတ်စွပ် ပြန်ရောင်းပါပြီ။

တနေ့ကို ပွဲရေ ၅၀-၇၀ စာပဲ ရပါတယ်။

စားမယ်ဆို ဆိုင်လာ စားလို့ရသလို ပါဆယ်ဆို ဖုန်းဆက်ကြိုမှာပါနော်။

မနက်စာအစုံ၊ ညထမင်းကြော် ၊မုန့်ဟင်းခါးနဲ့ ဟင်းလျာအစုံကို ဆရာစံလမ်းက ဇော်ဂျီမှာ ရပါပြီ။

ဗိုက်ဆာတာနဲ့ ညဘက်ထိ ဖွင့်တဲ့ ဇော်ဂျီ တီးဟောက်စ် ရှိရာ ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းမှာ ဆုံကြရအောင်ဗျာ...🥳

ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီထိ ။

ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴

လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#𝐙𝐚𝐰𝐆𝐲𝐢𝐓𝐞𝐚𝐇𝐨𝐮𝐬𝐞 #လက်ဖက်ရည်ဆိုင် #တီးဟောက်စ် #မြန်မာစာ #မနက်စာ #ဆရာစံလမ်းပေါ်

ဗိုက်ဆာရင် ဆရာစံက ဇော်ဂျီမှ ညထမင်းကြော် ပူပူလေး ရပြီဗျို့...ငါးပိသုပ်၊ ချဉ်ပေါင်ကြော်၊ ဟင်းချိုလေးနဲ့ ညမှ ကြော်တဲ့ ထမင်း...
22/05/2026

ဗိုက်ဆာရင် ဆရာစံက ဇော်ဂျီမှ ညထမင်းကြော် ပူပူလေး ရပြီဗျို့...

ငါးပိသုပ်၊ ချဉ်ပေါင်ကြော်၊ ဟင်းချိုလေးနဲ့ ညမှ ကြော်တဲ့ ထမင်းကြော်ပူပူလေးကို ဟင်းအစုံနဲ့ တဝစားမယ်ဆို....

ည ၁၁ နာရီထိ ရပြီဗျို့...

ဪ...သတင်းကောင်းက ဒီနေ့ ဆိတ်စွပ်ပါ ရတာဗျာ...ပွဲ ၅၀ စာလောက် ချက်ထားပါတယ်။😇

ဗိုက်ဆာတာနဲ့ ညဘက်ထိ ဖွင့်တဲ့ ဇော်ဂျီ တီးဟောက်စ် ရှိရာ ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းမှာ ဆုံကြရအောင်ဗျာ...🥳

ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီထိ ။

ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴

လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#𝐙𝐚𝐰𝐆𝐲𝐢𝐓𝐞𝐚𝐇𝐨𝐮𝐬𝐞 #လက်ဖက်ရည်ဆိုင် #တီးဟောက်စ် #မြန်မာစာ #မနက်စာ #ဆရာစံလမ်းပေါ်

ဆိုင်လာတိုင်း မရ ပွဲအကုန်ကုန်တဲ့ ဆိတ်စွပ် ဒီနေ့ ပွဲ ၅၀ စာ ညနေခင်းစားဖို့ ရပါမယ်...ပွဲ ၅၀ စာပါပဲခင်ဗျာ...ပုံထဲကလို ခြင်ဆီ...
22/05/2026

ဆိုင်လာတိုင်း မရ ပွဲအကုန်ကုန်တဲ့ ဆိတ်စွပ် ဒီနေ့ ပွဲ ၅၀ စာ ညနေခင်းစားဖို့ ရပါမယ်...

ပွဲ ၅၀ စာပါပဲခင်ဗျာ...ပုံထဲကလို ခြင်ဆီရိုးကြီးတွေပါပါမယ်။

ဆိတ်စွပ်က ဆိုင်လာတိုငိး ဘာလို့ကုန်လဲဆို ကျွန်တော်တို့ လိုချင်တဲ့ ဒါမျိုး ခြင်ဆီရိုးက လုဝယ်ရလို့ပါ။🥹🥹🥹

ဒါတောင် ဒီနေ့ တအိုးစာပဲ ရပါတယ်။ ပွဲ ၅၀ လောက် ရောင်းပေးပါမယ်။

စားမယ်သူတွေက ကြိုဖုန်းဆက်ထားတာ ဖြစ်ဖြစ် ဇော်ဂျီမှာ ဖြစ်ဖြစ် ည ၁၁ နာရီထိ လာစားပါ။

ဆိတ်စွပ်တစ်ပွဲမှာ ခြင်ဆီရိုးတွေ ပါမယ်။ ဆိတ်အရိုးအကြောသားဒူးခေါက်ကွေးဒူးဆစ်နားတွေ ရှယ်တွေပါပါမယ်။

ဈေးကလည်း ယူသင့်တဲ့ ပမာဏလေးပဲ ယူထားပါတယ်။

တကယ် ပျစ်နှစ်နေတာပါဗျာ။

ကျွန်တော်တို့ စိတ်နှစ်ထားပြီး သေချာ ဖန်တီးထားတဲ့ ညထမင်းကြော်၊ ဆိတ်စွပ်နဲ့ မုန့်ဟင်းခါးကို ည ၁၁ နာရီထိ တနေကုန် ရောင်းနေပါပြီ။

ဗိုက်ဆာတာနဲ့ ညဘက်ထိ ဖွင့်တဲ့ ဇော်ဂျီ တီးဟောက်စ် ရှိရာ ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းမှာ ဆုံကြရအောင်ဗျာ...🥳

ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီထိ ။

ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴

လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#𝐙𝐚𝐰𝐆𝐲𝐢𝐓𝐞𝐚𝐇𝐨𝐮𝐬𝐞 #လက်ဖက်ရည်ဆိုင် #တီးဟောက်စ် #မြန်မာစာ #မနက်စာ #ဆရာစံလမ်းပေါ်

ဆရာစံလမ်း က ဇော်ဂျီလား...မနက် ထမင်းကြော်ရော ညထမင်းကြော်ပါ ရပြီဗျာ...မနက် ထမင်းကြော်က မနက် ၇ နာရီကနေ ညနေ ၃ နာရီထိ ရတယ်။ညထ...
22/05/2026

ဆရာစံလမ်း က ဇော်ဂျီလား...မနက် ထမင်းကြော်ရော ညထမင်းကြော်ပါ ရပြီဗျာ...

မနက် ထမင်းကြော်က မနက် ၇ နာရီကနေ ညနေ ၃ နာရီထိ ရတယ်။

ညထမင်းကြော်က ညနေ ၄ နာရီကနေ ညထိ ရတယ်။

အရသာရော ၊ ဟင်းလျာရော ဆီသန့်သန့် နဲ့ ကျန်းမာရေးဂရုစိုက်ပြီး အရသာရှိရှိ ချက်ထားလို့ လာစားရမြိန်စေရပါမယ်ခင်ဗျာ...

ပုံထဲကတော့ ဆီဝါ ထမင်းကြော်ကို ကြက်ဥ Half Fried ၊ ကြက်ကြော်လေးနဲ့ပါ။

ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီထိ ။

ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴

လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#𝐙𝐚𝐰𝐆𝐲𝐢𝐓𝐞𝐚𝐇𝐨𝐮𝐬𝐞 #လက်ဖက်ရည်ဆိုင် #တီးဟောက်စ် #မြန်မာစာ #မနက်စာ #ဆရာစံလမ်းပေါ် #ညထမင်းကြော် #ညနေခင်းမုန့်ဟင်းခါး #ဇော်ဂျီတီးဟောက်စ်ညထိဖွင့်ပြီ

ဆရာစံလမ်းက ဇော်ဂျီမှာ မနက် ထမင်းကြော်ရော ညထမင်းကြော်ပါ ရပြီဗျိူ့...🥳🥳🥳
22/05/2026

ဆရာစံလမ်းက ဇော်ဂျီမှာ မနက် ထမင်းကြော်ရော ညထမင်းကြော်ပါ ရပြီဗျိူ့...🥳🥳🥳

ဆရာစံလမ်းပေါ်က ဇော်ဂျီတီးဟောက်စ်မှာ စီလုံတီးသောက်ရင် မလိုင်ကို ဒီလို ထည့်တာ...🤤🤤🤤မလိုင် ခပ်ပျစ်ပျစ် ....ကျကျလေး နှပ်ထားတ...
21/05/2026

ဆရာစံလမ်းပေါ်က ဇော်ဂျီတီးဟောက်စ်မှာ စီလုံတီးသောက်ရင် မလိုင်ကို ဒီလို ထည့်တာ...🤤🤤🤤

မလိုင် ခပ်ပျစ်ပျစ် ....ကျကျလေး နှပ်ထားတဲ့ လက်ဖက်ရည်ဆိမ့်ဆိမ့်လေးနဲ့ ...

ပျစ်ခဲနေတဲ့ မလိုင်ဖတ်များများ စီလုံတီးကလည်း ဇော်ဂျီရောက်ရင် မသောက်မဖြစ်..

မနက်စာအစုံအလင် နဲ့ လက်ဖက်ရည် အစုံအလင်သောက်ချင်ရင် ဆရာစံလမ်းပေါ်က ဇော်ဂျီတီးဟောက်စ်မှာ ဆုံကြမယ်...🤤

ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီထိ ။

ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴

လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#𝐙𝐚𝐰𝐆𝐲𝐢𝐓𝐞𝐚𝐇𝐨𝐮𝐬𝐞 #လက်ဖက်ရည်ဆိုင် #တီးဟောက်စ် #မြန်မာစာ #မနက်စာ #ဆရာစံလမ်းပေါ် #ညထမင်းကြော် #ညနေခင်းမုန့်ဟင်းခါး #ဇော်ဂျီတီးဟောက်စ်ညထိဖွင့်ပြီ

မနက်ကနေ ညထိ ဖွင့်တဲ့ ဆရာစံက ဇော်ဂျီ တီးဟောက်စ် မှာ ဝန်ထမ်းအင်အားလိုလို့ ကူရှဲပေးကြပါဦး ခင်ဗျာ...အလုပ်လိုနေသူတွေလည်း မြင်...
19/05/2026

မနက်ကနေ ညထိ ဖွင့်တဲ့ ဆရာစံက ဇော်ဂျီ တီးဟောက်စ် မှာ ဝန်ထမ်းအင်အားလိုလို့ ကူရှဲပေးကြပါဦး ခင်ဗျာ...

အလုပ်လိုနေသူတွေလည်း မြင်ရအောင်...ကျွန်တော်တို့အတွက်လည်း ဝန်ထမ်းကောင်းလေးတွေ ရအောင်ပါ။

လိုအပ်နေတာကတော့ Urgent ပါ။ တီးဟောက်စ်လေး လူသ်လာ၊အားပေးလာကြ၊ရောင်းရလာတာနဲ့အမျှ ဝန်ထမ်းအင်အား ထပ်
ဖြည့်ဖို့ လိုလာလို့ပါ။

ဒီအောက်က ရာထူးတွေကို CV Form Chatbox မှာပို့ပြီး အမြန်ဆုံးလျှောက်လို့ရပါတယ် ခင်ဗျာ။

ကိုယ့်အရည်အချင်း နဲ့ကိုက်ညီနေတယ်ဆို အမြန်ဆုံး အင်တာဗျူးပြီး ခေါ်ယူသွားပါ့မယ်။

မြန်မြန် လျှောက်လိုက်တော့နော် 😇😇

ပလာတာ ၊ အီကြာကွေး၊ နံပြား ကို သန့်သန့်လေး ပူပူလေး စားချင်တာဆို ဆရာစံလမ်းက ဇော်ဂျီ ရှိသဗျာ...စီလုံတီးလေးနဲ့ မလိုင်ခပ်ပျစ်...
19/05/2026

ပလာတာ ၊ အီကြာကွေး၊ နံပြား ကို သန့်သန့်လေး ပူပူလေး စားချင်တာဆို ဆရာစံလမ်းက ဇော်ဂျီ ရှိသဗျာ...

စီလုံတီးလေးနဲ့ မလိုင်ခပ်ပျစ်ပျစ်လေး ထဲ အီကြာကွေး စိမ်စား...

ပလာတာလေးနဲ့ လျှာဇိမ်ခံ၊ နံပြားပူပူလေးနဲ့စား...

ဆိုဒါမများဘဲ ဆီသန့်သန့်ကြော်ထားတဲ့ အီကြာကွေး ကောင်းကောင်းလေးတွေ....

နံပြားပူပူလေးတွေ...ပလာတာ ကို အရသာမျိုးစုံစားချင်ရင် Zawgyi ရှိရာ ဆရာစံမှာ ဆုံကြမယ်။

ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီထိ ။

ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴

လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#𝐙𝐚𝐰𝐆𝐲𝐢𝐓𝐞𝐚𝐇𝐨𝐮𝐬𝐞 #လက်ဖက်ရည်ဆိုင် #တီးဟောက်စ် #မြန်မာစာ #မနက်စာ #ဆရာစံလမ်းပေါ် #ညထမင်းကြော် #ညနေခင်းမုန့်ဟင်းခါး #ဇော်ဂျီတီးဟောက်စ်ညထိဖွင့်ပြီ

Address

No. 44A, Ground Floor, Sayar San Road, Corner Of Sayar San Road And Kokkaing Swimming Club Lane
Yangon

Website

Alerts

Be the first to know and let us send you an email when Zawgyi Tea House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category