O Sushi

O Sushi Japanese fresh sushi

တောင်ဥက္ကလာ နဲ့ ပါရမီ O Sushi 2 ဆိုင်ကလေ...ရောင်းတာ အကုန်တူပါတယ် ခင်ဗျာ...မတူတာ ၁ ခုပဲ ရှိပါတယ်...အဲ့ဒါကတော့ ဘီယာပါ...ပါ...
20/08/2026

တောင်ဥက္ကလာ နဲ့ ပါရမီ O Sushi 2 ဆိုင်ကလေ...ရောင်းတာ အကုန်တူပါတယ် ခင်ဗျာ...

မတူတာ ၁ ခုပဲ ရှိပါတယ်...အဲ့ဒါကတော့ ဘီယာပါ...

ပါရမီ O Sushi မှာ ဘီယာ ပါ ရပေမယ့်...

တောင်ဥက္ကလာ O Sushi မှာတော့ ဘီယာ မရပါဘူး ခင်ဗျာ...

ကျန်တဲ့ ဆူရှီ ဘူဖေး နဲ့ ဂျပန်စာတွေ အကုန် တူတူရောင်းပါတယ်။ တူတူ စားလို့ရပါတယ်။

ဒါမို့ ညဘက်အေးဆေး ညစာစားချင် Date ချင်တဲ့အခါ တောင်ဥက္ကလာရော ၊ ပါရမီရော လာလို့ရပါတယ်။

ဘီယာလေးပါ သောက်ချင်တယ်ဆိုရင်တော့ ပါရမီက O Sushi က ကွက်တိပါပဲဗျာ။

ဪ...ပြီးတော့ ဘူဖေး မှာ ဘီယာ မပါပါဘူးခင်ဗျာ။ ဒီဈေးနဲ့ ဘီယာပါ ထည့်ရရင် ကျွန်တော်တို့ ပိုရှုံးနိုင်လို့ပါ🥲🥹🥹🥹

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393 , 09756048502

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

August 21 ထိ Grab food ကတဆင့်မှာရင် All items 40% off ပေးနေပါပြီခင်ဗျာ ✌️
19/08/2026

August 21 ထိ Grab food ကတဆင့်မှာရင် All items 40% off ပေးနေပါပြီခင်ဗျာ ✌️

O Sushi ရဲ့ ပါရမီနဲ့ တောင်ဥက္ကလာပဆိုင်ခွဲတွေက မီနူးအားလုံးကို 40% Off လျှော့ဈေးပေးနေပြီနော်💚

ကဲ ဒါဆို … Japanese Food ကောင်းကောင်းတန်တန်လေးတွေ စားချင်တယ်ဆို GrabFood ကနေ ချက်ချင်းသာ မှာစားလိုက်တော့နော် 🍱

တချို့တွေက မေးတယ် ဆူရှီ ဘူဖေး ကို မွေးနေ့အတွက်ကျွေးရင်ရော ဒီလို အပြည့်တည်ခင်းပေးလားတဲ့....ကြိုက်သလောက်လူခေါ်လာပါ ကုန်န်ု...
18/08/2026

တချို့တွေက မေးတယ် ဆူရှီ ဘူဖေး ကို မွေးနေ့အတွက်ကျွေးရင်ရော ဒီလို အပြည့်တည်ခင်းပေးလားတဲ့....

ကြိုက်သလောက်လူခေါ်လာပါ ကုန်န်ုင်တယ်ဆို စားပွဲအပြည့် တကယ်ကျွေးပါတယ်ဗျာ...

မွေးနေ့အတွက် လူ များများလာမယ်ဆို တခုပဲ...ကြိုပြီး ဝိုင်းဦးထားပေး reserve လုပ်ပေးထားပါ ခင်ဗျာ...

လူကြိုက်များ အစားများတဲ့ အသားကင်တွေ၊ တန်ပူရာတွေ၊ ဆူရှီတွေကို လိပ်ဖို့ ပူပူလေးတည်ခင်းပေးဖို့ ကြိုပြင်ပေးထားလို့ရအောင်ပါ။

စားပွဲအပြည့် အမျိုးစုံ အသားကင်၊ဂျပန်စာ၊ဆူရှီဘူဖေး အဝစား တနေကုန်စား မုန်းအောင်စား ပွဲ တစ်ရာလောက်စား ....

အပြီးအစီး -၄၅,၀၀၀ ကျပ်ဗျာ....tax ,service charge ဘာမှ ထပ်ပေးစရာမလို....

ဟုတ်ကဲ့... ရန်ကုန်မှာ ဆူရှီ ဘူဖေး ကို အတန်ဆုံးရောင်းတဲ့ O Sushi ရဲ့ တနေကုန် အချိန် အကန့်သတ်မရှိ ဆူရှီ ဘူဖေး ကြီးဆိုတာ ကြိုက်သလောက် တမုန်း တန်အောင်စားခိုင်းတာပါ။

ဒါကြောင့်ကို အချိန် လုံးဝ မကန့်သတ်ထားပါဘူးဗျာ။

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393 , 09756048502

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

O Sushi မှာ ဆူရှီ ဘူဖေး စားရင် အနည်းဆုံး 2 ပွဲလောက် မှာကို မှာရမယ့် ပွဲများ45,000 အပြီးစီး နဲ့ ဆူရှီ ဘူဖေး ကို တောင်ဥက္က...
14/08/2026

O Sushi မှာ ဆူရှီ ဘူဖေး စားရင် အနည်းဆုံး 2 ပွဲလောက် မှာကို မှာရမယ့် ပွဲများ

45,000 အပြီးစီး နဲ့ ဆူရှီ ဘူဖေး ကို တောင်ဥက္ကလာမှာရော ပါရမီက O Sushi မှာရော စားမယ်ဆို ဒီ ပို့စ်က အရေးကြီးတယ်ဗျိူ့...

စားမယ့်စားမှတော့ တန်အောင် စားပစ်မယ်ဆိုတဲ့ အမျိုးတို့အတွက်...

တခါတည်း ၂ ပွဲလောက် မှာထားသင့်တာတွေဆို...

✨ဖက်ထုပ် အိုးကပ်ပေါင်း

✨ဈေးကြီးတဲ့ ဆာဘငါးကင်

✨အမဲသားတယ်ရီယာကီ စတိခ်

✨ကြက်ပေါင်ရင်းသား တယ်ရီယာကီ စတိခ် နဲ့

✨ဂျပန်ကြက်သားတုံးကြော်ပဲ။

ဒါမျိုးတွေကို ၂ ပွဲလောက် တန်အောင်စားပြီးမှ ကျန်တာတွေအေးဆေး ဆက်စားဗျာ။

ဒါဆို ဆိုင်ရှင်တွေကိုပေးရတဲ့ ၄၅,၀၀၀ ထက် အများကြီးတန်ပါလိမ့်မယ်။

ကဲ...အစာကြေဆေး ယူလာပြီး ဗိုက် ရိုက်စားရမယ့် ရန်ကုန်မြို့ရဲ့ အတန်ဆုံး ဆူရှီ ဘူဖေး...

တယောက် အပြီးစီး ၄၅,၀၀၀ ကျပ်။
အသက် ၆၅နှစ်အထက် လူကြီးဆို ၅၀%
အသက် ၃နှစ်အောက် FREE

တောင်ဥက္ကလာက O Sushi ဆိုင်သစ်လေး ကိုရော၊ ပါရမီက ၃ ထပ်တိုက်ဆိုင်ကြီးမှာရော လာရောက်အားပေးလို့ရပါပြီဗျာ။

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393 , 09756048502

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

ကျွန်တော်တို့ O Sushi ဆိုင် 2 ဆိုင်လုံးမှာ တနေ့ကို ပွဲတစ်ရာနီးပါး ထွက်တဲ့ အစားစာ တခုရှိတယ်...သူ့နာမည်က Katsu Curry Rice ...
12/08/2026

ကျွန်တော်တို့ O Sushi ဆိုင် 2 ဆိုင်လုံးမှာ တနေ့ကို ပွဲတစ်ရာနီးပါး ထွက်တဲ့ အစားစာ တခုရှိတယ်...

သူ့နာမည်က Katsu Curry Rice တဲ့...

မြန်မာလို ပြောရရင် ကာရေး အာလူး အသားပြားထမင်း ပေါ့!!!

O Sushi ပေါက်လာစေတဲ့အထဲမှာ ဆူရှီ ဘူဖေးပြီးရင် ဒီထမင်းက ကျေးဇူးရှင် လို့ ခေါ်လို့ရတယ်။

သူ့ ကာရေး အနှစ်ကိုက တကယ်ဆိမ့်ပျစ်ပြီး ထမင်း ဆန်စေး ပူပူလေးနဲ့ တအားလိုက်တာဗျာ!

ဆိုင်မှာ ဘူဖေးချည်း ရောင်းနေတယ် ထင်မှာစိုးလို့ ဒါမျိုးလေးလည်း စားကြည့်စေချင်!!!

အသားပြားတွေအပြည့်ထည့်ပေးတာကိုက ကျွန်တော်တို့ ဆိုင်ရဲ့ စေတနာပါ။ တကယ်အသားပြား အကြီးကြီးဗျာ!

ဒါမျိုးစားချင်ရင်တော့ ပါရမီဆိုင်မှာရော တောင်ဥက္ကလာမှာရော ရတယ်ဗျ။

ဈေးလည်းမများဘူး ...တန်တဲ့ထဲ ပါတယ်။ပြီးတော့ တပွဲတည်းနဲ့ ဗိုက်တကယ်ဝတယ်။

ခုလိုရာသီဥတုအေးတဲ့ချိန်မှာ ဒါမျိုး အစားစာလေးတွေ၊ရာမန်လေးတွေစားပါခင်ဗျာ။

ဆူရှီ ဘူဖေးရော၊ တပွဲချင်းရော စားမယ်ဆို တောင်ဥက္ကလာက O Sushi ဆိုင်သစ်လေး နဲ့ ပါရမီက ၃ ထပ်တိုက်ဆိုင်ကြီးမှာ လာရောက်အားပေးလို့ရပါပြီဗျာ။

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393 , 09756048502

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

ဆူရှီ ဘူဖေး က အရမ်းတန်မှန်းသိပေမယ့် မစားနိုင်ဘူး လို့ ခဏ ခဏ လာပြောကြတဲ့ အဝမစားနိုင်သူလေးတွေအတွက်...O Sushi မှာ Set လိုက်...
06/08/2026

ဆူရှီ ဘူဖေး က အရမ်းတန်မှန်းသိပေမယ့် မစားနိုင်ဘူး လို့ ခဏ ခဏ လာပြောကြတဲ့ အဝမစားနိုင်သူလေးတွေအတွက်...

O Sushi မှာ Set လိုက်ကြီးကို အဖွဲ့လိုက် ဖြိုလို့ရတဲ့ တန်မှတန် Set ကြီးတွေ ရှီတယ်ဗျာ...

တစ် Set လုံးကိုမှ 20,000 ကျပ်ဝန်းကျင်ကနေ စတဲ့ Sushi အစုံ Set တွေ...

တစ် Set ကို မိသားစုလိုက်ထိ စားလို့ရတဲ့ Sushi ဗန်းကြီးတွေ...

Lunch Set လို အစုံပါတဲ့ Sushi Box လေးတွေ ဒီလို Set တွေကိုလည်း စားလို့ရပါတယ်။

အဲ့ Set တွေ ထွင်ပေးထားရတဲ့ရည်ရွယ်ချက်ကလည်း ရှင်းပါတယ်။

တချို့ကျ Sushi ကို အစုံ စားချင်တယ် ...ဒါပေမယ့် ဘူဖေးလောက်ကြီးကျတော့လည်း ဗိုက်မဆန့်ဘူးဆိုတဲ့သူတွေအတွက် အဲ့လိုဆို အစုံလည်း စားရမယ်...ဈေးလည်း ဝေစားမျှစားပေးရင် ပေးလို့ပျော်မယ့် တန်ဖိုးလေးနဲ့ O Sushi မှာ Set ကြီးတွေရောင်းပေးထားပါတယ်။

ဒီဆိုင်လေးဒီ O Sushi ဆိုတဲ့ နာမည်လေးကြားရင် ဆူရှီ ဘူဖေး စားရမှ မဟုတ်ပါဘူးဗျာ...

အားလုံး ကိုယ့်ဘက်ဂျက်နဲ့စားနိုင်သလောက် စားကြစိတ်ကျေနပ်ကြစေဖို့ရည်ရွယ်တာO Sushi ရဲ့ စေတနာလေးပါ...

ဆူရှီ ဘူဖေးရော၊ တပွဲချင်းရော စားမယ်ဆို တောင်ဥက္ကလာက O Sushi ဆိုင်သစ်လေး နဲ့ ပါရမီက ၃ ထပ်တိုက်ဆိုင်ကြီးမှာ လာရောက်အားပေးလို့ရပါပြီဗျာ။

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393 , 09756048502

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

ပါရမီ O Sushi က ကာစတန်မာတွေ အကြိုက်ဆုံးနေရာလေး...ကျွန်တော်တို့လည်း ဆိုင်စဖွင့်တည်းက သဘောအကျဆုံး နေရာလေး...အပြင်ဘက် ရှုခင...
04/08/2026

ပါရမီ O Sushi က ကာစတန်မာတွေ အကြိုက်ဆုံးနေရာလေး...

ကျွန်တော်တို့လည်း ဆိုင်စဖွင့်တည်းက သဘောအကျဆုံး နေရာလေး...

အပြင်ဘက် ရှုခင်းကို ငေးရင်း ဂျပန်ရိုးရာ ဆန်ဆန် ဒီနေရာလေးမှာ စားရတဲ့ feeling က တော်တော်လေးသဘောကျစရာကောင်းတာဗျ...

O Sushi ပါရမီ က 3 ထပ်တိုက်ကြီးရဲ့ 3 ထပ်လုံးမှာ ဒါမျိုး ဆိုင်
အပြင်ဘက်ကို ငေးရင်းစားလို့ရမယ့်နေရာလေးကို မရရအောင် ထိုင်ပြီး အေးဆေးစားကြည့်ပါ ခင်ဗျာ...

ဆူရှီ ဘူဖေးရော၊ တပွဲချင်းရော စားမယ်ဆို တောင်ဥက္ကလာက O Sushi ဆိုင်သစ်လေး နဲ့ ပါရမီက ၃ ထပ်တိုက်ဆိုင်ကြီးမှာ လာရောက်အားပေးလို့ရပါပြီဗျာ။

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393 , 09756048502

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

တခါတလေ ဆူရှီဘူဖေး ဆက်မရောင်းချင်တော့ဘူးဆိုတဲ့ထိ စိတ်ဓါတ်ကျရတာတွေ...ဆူရှီ ဘူဖေး ကို ပရ်ိုမိုးရှင်း ချပေးတိုင်း စိတ်မကောင်...
28/07/2026

တခါတလေ ဆူရှီဘူဖေး ဆက်မရောင်းချင်တော့ဘူးဆိုတဲ့ထိ စိတ်ဓါတ်ကျရတာတွေ...ဆူရှီ ဘူဖေး ကို ပရ်ိုမိုးရှင်း ချပေးတိုင်း စိတ်မကောင်းရတာလေး ရှိလို့ပါ....🫩😓

ကျွန်တော်တို့ မေတ္တာရပ်ခံချင်တာလေး တခုတည်းပါဗျာ...

O Sushi က ဘူဖေးကို မစားနိုင်မှာ လုံးဝ စိတ်မပူပါဘူး...မကုန်ဘဲ ပစ်ထား၊ ချန်ထား၊ waste ဖိုး ပေးရမှာ နှမြောလို့ အမှိုက်လို ဟိုလိုဒီလို လုံးထွေးထားခဲ့တာလေးတွေပဲ စိတ်မကောင်း ဖြစ်ရတာပါ...

အားလုံးသိကြပါတယ်...ပြည်တွင်းထုတ်မဟုတ်တဲ့ ဘယ်လို import ကုန်ကြမ်း မဆို ဂျပန် ပစ္စည်း၊ ထိုင်းပစ္စည်း ဘာပဲဖြစ်ဖြစ် တင်သွင်းပြီး ဂျပန်စာကောင်းကောင်း စစ်မှန်အောင် ရောင်းချရတာ အရမ်း အကုန်ကျများပါတယ်ဗျာ။

import ပစ္စည်းတွေရဲ့ အဖိုးခ၊ သယ်ခတွေက အရမ်း အရမ်းစားရိတ်ထောင်းပါတယ်။

အဲ့ကြားထဲကမှ ဆူရှီ ဘူဖေး နဲ့ နာမည်ကြီးခဲ့တဲ့ O Sushi အနေနဲ့ ဒီဘူဖေး ကို ရပ်ဖို့ အကြိမ်ကြိမ်ကြိုးစားရတဲ့ အကြောင်းတွေထဲမှာ...

၄၅,၀၀၀ နဲ့ တဝကြီးစားလို့ရတယ်ဟေ့ ဆိုပြီး အများကြီး ပိုလျှံမှာမိပြီး တကယ်တမ်း မကုန်တော့တဲ့အခါ ...

ငွေထပ်ကောက်မှာစိုးတာကြောင့် အမှိုက်လို ထားပစ်ခဲ့တာတွေ၊

ထမင်းတွေပါယ်၊ ဟိုကြားဒီကြားထိုး ချန်ခဲ့တာတွေ....

တစ်ရှုးတွေနဲ့ ပတ်ပြီး ထုပ်ခဲ့တာတွေ....

ဝါးပြီး ထားခဲ့တာတွေ စတာတွေနဲ့ အရမ်း စိတ်ပင်ပန်းရပါတယ်။

တကယ်တော့ ကျွန်တော်တို့က စားစေချင်တာပါ...အများကြီး ဝအောင် စားစေချင်တာ...

ဒါမို့ ဈေးကြီးတဲ့ဆာဘ၊ အမဲစတိခ်၊ကြက်သားတယ်ရီယာကီကင်တွေကအစ ထည့်ပေးထားတာ။

တခုပဲ...ကုန်နိုင်မယ်ထင်တဲ့ထိ မှာပြီး အေးဆေးစားပါခင်ဗျာ။

အဲ့လိုစားစေချင်လို့ကို စေတနာအပြည့်နဲ့ အချိန်မကန့်သတ်ထားတာပါ။

လိုသလောက် ခဏ ခဏမှာစားပါ။ ဖြည်းဖြည်းချင်း ဇိမ်ယူစားပါ။

ဖြစ်နိုင်ရင် ပိုလျှံတာတွေကို ဂရမ်နဲ့ ကောက်မယ်လို့ ရေးထားပေမယ့် လုံးဝ မကောက်ချင်တဲ့သူမျိုးတွေပါ။

ဒါမို့ စားနိုင်သရွေ့ တနေကုန်စားလည်း ပျော်ပျော်ကြီး ကျွေးပါရစေ။ တခုပဲ...အစားအစာဟာ တန်ဖိုးထားကောင်းပါတယ်။

အစားကို အမှိုက် မဖြစ်စေချင်ရုံလေးပါဗျာ...

ဒီမေတ္တာရပ်ခံတာလေးကို နားလည်ပေးကြပါနော်။

ခုပိုတန်အောင် လူလေးယောက်လာရင် ၃၅,၀၀၀ ဝန်းကျင်နဲ့စားရမယ့် Come 4 Pay 3 ပေးထားပါတယ်။ လစာထုတ်ရက်မီပါတယ်။ တယောက် ၄၅,၀၀၀ အပြီးစီးကို ၄ယောက်လာရင် ၃ယောက်စာပဲရှင်းရမှာပါ။

ဇူလိုင် ၃၁ ထိ O Sushi ပါရမီ ရော တောင်ဥက္ကလာမှာပါ စိတ်ကြိုက်လာစားပါခင်ဗျာ။

စေတနာအပြည့် ကျွေးချင်လွန်းလို့ ကုန်သလောက်သာ စားပစ်ပါ...မှာပါ...တနေကုန် စားပါခင်ဗျာ။

(ပုံထဲကလို တကယ်အစစ်အမှန် ပြောင်အောင်စားသွားကြတဲ့ ကာစတန်မာဝိုင်းတိုင်းကိုတော့ တကယ် လေးစားပါတယ်။

ပန်းကန်တွေပါ သေချာစီပေးခဲ့တာရော၊ အစားစာကို တန်ဖိုးထားပေးလို့ ကျေးဇူးပါ ထပ်တင်ပါတယ် ခင်ဗျာ။)

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

တယောက်စာ ဘူဖေး ဖရီးစားချင်လို့ စောင့်နေသူများ ကဲ ပျော်တော့...ဇူလ်ိုင် ၂၇ ကနေ ၃၁ ထိ ၅ ရက်တိတိ ဘူဖေး ပရိုမိုးရှင်းကြီးနဲ့ ...
26/07/2026

တယောက်စာ ဘူဖေး ဖရီးစားချင်လို့ စောင့်နေသူများ ကဲ ပျော်တော့...

ဇူလ်ိုင် ၂၇ ကနေ ၃၁ ထိ ၅ ရက်တိတိ ဘူဖေး ပရိုမိုးရှင်းကြီးနဲ့ အပီဝုန်း....

တောင်ဥက္ကလာရော ပါရမီရော O Sushi 2 ဆိုင်လုံး ကြမ်းပါပြီ😎

ဒီစားပွဲဝိုင်းအပြည့် ဆူရှီ ဘူဖေး ကို ၄၅,၀၀၀ ပဲပေး...

တနေကုန်စား...ပြီးတော့ ၄ယောက်လာပြီး ၃ယောက်စာဖိုးပဲရှင်းသွား။

တစ်ယောက်လာရင် ၄၅,၀၀၀ ကျပ်နဲ့ တနေကုန် အဝစား ...

အဲ...ဒါပေမယ့် ၄ယောက်လာရင် ၃ ယောက်စာပဲ ရှင်းရတော့မှာဆိုတော့ ပြန်တွက်ကြည့်ရင် ....

လူလေးယောက်လာတဲ့အဖွဲ့တိုင်း တယောက်ကို ၃သောင်းကျော်ဝန်းကျင်လောက်တည်းနဲ့ ဒီစားပွဲအပြည့်စားဗျာ...

ဇူလိုင် ၂၇ ကနေ ၃၁ ထိ O Sushi ပါရမီ ရော တောင်ဥက္ကလာမှာပါ ၄ ယောက် အထက်လာတဲ့ဝိုင်းတိုင်းကို တယောက်စာဖရီး ဈေးလျှော့ပေးပြီနော်။

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

ဆာရှိမိ က O Sushi ဆိုင်တွေမှာရပါတယ်...ဒါပေမယ့် ဘူဖေး အဝစားထဲ ပါလားဆို မပါပါဘူး ခင်ဗျာ....၄၅,၀၀၀ အပြီးစီး နဲ့ ရောင်းတဲ့ ဘ...
23/07/2026

ဆာရှိမိ က O Sushi ဆိုင်တွေမှာရပါတယ်...ဒါပေမယ့် ဘူဖေး အဝစားထဲ ပါလားဆို မပါပါဘူး ခင်ဗျာ....

၄၅,၀၀၀ အပြီးစီး နဲ့ ရောင်းတဲ့ ဘူဖေးမှာ ဆာရှိမိ ကောင်းကောင်းကို ဘယ်လိုမှ ထည့်ရောင်းဖို့ မကိုက်လို့ပါ...

ဒါ့ကြောင့် ၄၅,၀၀၀ နဲ့ ဆာရှိမိ မပါဘဲ ကျန်တာ အကုန် ကို စားပွဲအပြည့် ၃သိန်းဖိုးမက တန်အောင် ရောင်းထားပါတယ်။

အကယ်၍ ဆာရှိမိ ပါစားချင်တယ်ဆို ဘူဖေး အပြင် ဆာရှိမိအေးအေးလေးကို တစ်ပွဲချင်း မှာစားလို့ရပါတယ်။

ဈေးနှုန်း ၂၀,၀၀၀ ဝန်းကျင် နဲ့ အလတ်ဆတ်ဆုံး salmon , tuna sashimi အေးအေးလေး ကို ပါးစပ်ထဲ ပျော်ဝင်သွားအောင် စားရမှာပါ။

ဘူဖေးလည်းစား၊ တပွဲချင်းလည်း မှာစားဗျာ...😇😇

တောင်ဥက္ကလာက O Sushi ဆိုင်သစ်လေး ကိုရော၊ ပါရမီက ၃ ထပ်တိုက်ဆိုင်ကြီးမှာရော လာရောက်အားပေးလို့ရပါပြီဗျာ။

O sushi South Okkala - အမှတ် (၈၁၃), သံသုမာလမ်း, ရတနာလမ်းနှင့် မေတ္တာလမ်းကြား, ၃၁ဂိတ်ဟောင်းရှေ့, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့

ဖုန်း -09792952781

https://maps.app.goo.gl/RB7ZJgxj8RapuPed9?g_st=ipc

O Sushi ပါရမီလိပ်စာ- အမှတ် (၈၈) ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း၊ အနောက်ပေ ၅၀ လမ်းအနီး, လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -09759523393 , 09756048502

ဖွင့်ချိန်-မနက် ၁၀ နာရီမှ ည ၉ နာရီထိ!

https://maps.app.goo.gl/BcWUxKtAtGR7MQAAA?g_st=com.google.maps.preview.cop

Address

No13. Parami Road . Between Insein And Baho Road. Hlaing Township . Yangon
Yangon

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Telephone

+959756048502

Website

Alerts

Be the first to know and let us send you an email when O Sushi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to O Sushi:

Shortcuts

Share