Su Pyae Online Store

Su Pyae Online Store Online Shop / Yangon / Myanmar

 #မြင်းခွာရွက် နေ့စဥ်စားရအောင်မြင်းခွာရွက်အခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းသဖွယ်ပြုလုပ်သောက်သုံးပါက သွေးတိုးကို သက်သာစေပါတယ...
16/12/2023

#မြင်းခွာရွက် နေ့စဥ်စားရအောင်
မြင်းခွာရွက်အခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းသဖွယ်ပြုလုပ်သောက်သုံးပါက သွေးတိုးကို သက်သာစေပါတယ်။

မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဉ်သောက်ရင် ခွန်အားတိုးစေသည်

အရေပြားရောဂါအတွက် အရွက်၏ အရည်ကိုညှစ်ပြီး လိမ်းပေးပါ။

ထိခိုက်ရှနာကြောင့် ရောင်ရမ်းခြင်းဖြစ်လျှင် အရွက်ကိုကြိတ်ပြီး အရည်ကိုလိမ်းပေးပါက သက်သာစေပါတယ်။

မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ဖြေဆေး၊ အနာပေါက်ကုဆေး၊ မျက်စိနာရောဂါတွေအတွက်ပါ သက်သာပျောက်ကင်းစေပါတယ်။

မြင်းခွာရွက်အခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းသဖွယ်ပြုလုပ်သောက်သုံးပါက သွေးတိုးကို သက်သာစေပါတယ်။

#သမားတော်တိုင်းရင်းဆေး

မြင်းခွာရွက်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

(၁) အာရုံကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) မှတ်ဉာဏ်တိုးတက်စေပါတယ်။

(၃) သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ (၄) သွေးထဲက သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

(၅) စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်ပါတယ်။

(၆) အနာကျက်မြန်စေပါတယ်။

(၇) အဆစ်အမြစ်နာကျင်မှုကို သက်သာစေပါတယ်။

(၈) အရေပြားဆိုင်ရာကျန်းမာရေးအတွက် ဆေးဘက်ဝင်ပါတယ်။

♦ အုန်းထမင်းချက်နည်းလေးမျှဝေပါရစေ♦ပါ၀င်ပစ္စည်းများ°°°°°°°°°°°°°°ဆန်လုံးရှည်ကောင်းကောင်း......၄ခွက်အုန်းနိူ့................
06/10/2023

♦ အုန်းထမင်းချက်နည်းလေးမျှဝေပါရစေ♦

ပါ၀င်ပစ္စည်းများ
°°°°°°°°°°°°°°

ဆန်လုံးရှည်ကောင်းကောင်း......၄ခွက်
အုန်းနိူ့...............................၁ဗူး(250ml)
ရေ......................................၃ခွက်ခွဲ
သကြား...............................၂ဇွန်း
ဆား...................................အနည်းငယ်
ကြက်သွန်နီ.........................၂ လုံး
ချင်းပါးပါးလှီး.........................၄ ချပ်
အုန်းဆီကောင်းကောင်း(သို့)ဆီသန့််...၂ ဇွန်း

အခုဖော်ပြထားတာကအုန်းနိူ့ကို(အသင့်သုံး)သံဗူးအသုံးပြုသူများအတွက်ဖြစ်ပါတယ်။

မိမိကိုယ်တိုင်ညှစ်ယူပြီးအသုံးပြု
သူများကအုန်းမှုန့်ကိုရေနှင့်ညှစ်ယူရမှာဖြစ်တဲ့အတွက်ဒီပမာဏနဲ့တူတဲ့ရေကိုအသုံးပြုပြီး
အုန်းနို့ညှစ်ယူပါ။

ပထမဆုံးဆန်တွေကိုရေဆေးပြီးဇကာတစ်ခုနှင့်စစ်ယူထားပါ။

အုန်းနိူ့ကိုလည်းအရံသင့်ပြင်ဆင်ပါ။

ကြက်သွန်နီနှင့်ချင်းကို အုန်းဆီ(သို့) ဆီတစ်မျိုးမျိုးဖြင့်မွှေးရုံလေးဆီသတ်ပါ။

ပါ၀င်ပစ္စည်းအားလုံးကိုအိုးတစ်လုံးမှာစုထည့်ပြီးမီးပြင်းပြင်းမှာစတင်အပူပေးပါ။

ဆူပွက်လာပြီးရေခမ်းစပြုလာလျှင်မီးလျှော့ချပြီးအဖုံးပိတ်နှပ်ပါ။

Rice cooker အသုံးပြုသူများတိုက်ရိုက်ခလုတ်နှိပ်ပြီးမီးတက်သွားမှသစ်သားယောင်းမလေးနှင့်မွှေပေးပါ။

အလှဆင်လိုသူများသီပိာုဠ်စေ့ကြော်၊မြေပဲဆံကြော်လေးများဖြင့်အလှဆင်ပါ။

အုန်းထမင်းကိုကြက်သားကြော်(သို့) ကြက်သားနှပ်၊ ဘာလချောင်ကြော်၊သရက်ချဉ်သုပ်တို့နှင့်တွဲဖက်စားသုံးနိူင်ပါသည်။

➡ခွက်=လက်ဖက်ရည်ပန်းကန်
➡ဇွန်း =ထမင်းစားဇွန်း

ကြက်သားကြော်အတွက်ကတော့ဗမာကြက်(၄၀)ကျပ်သားကောင်လောက်ကိုဝယ်ပြီး
၈ပိုင်းခုတ်ပါတယ်။နနွင်းမှုန့်၊ချင်း၊ကြက်သွန်ဖြူ ရည်၊အရသာနယ်ပြီးဆီပူပူမှာကြော်ရုံပါပဲ။

မန္တလေးသရက်ချဉ်ကိုချေပြီးရေဆေးပါ။
ကြက်သွန်နီ၊ငရုတ်သီးစိမ်း၊နံနံပင်လေးပါးပါးလှီးပြီးဆီစိမ်းလေးဆမ်းပြီးသုပ်ပါတယ်။

Credit ဟင်းချက်နည်းများ Page

🔺မုန်ညှင်းချဥ် ( ခေါ် ) 🔺အစိမ်းချဥ်( ခေါ် ) 🔺မုန်ညှင်းစိမ်းချဉ် ( ခေါ် ) 🔺မုန်ညှင်းချဥ် အဖြူ ( ခေါ် )🔺ကြံမဆိုင်လုပ်နည်းဒ...
04/10/2023

🔺မုန်ညှင်းချဥ် ( ခေါ် )
🔺အစိမ်းချဥ်( ခေါ် )
🔺မုန်ညှင်းစိမ်းချဉ် ( ခေါ် )
🔺မုန်ညှင်းချဥ် အဖြူ ( ခေါ် )
🔺ကြံမဆိုင်လုပ်နည်း

ဒေသအလိုက် အခေါ် အဝေါ်လေးတွေ
ကွဲပြားခြားနားတတ်တာမို့
ဘယ်လိုပဲခေါ်ခေါ် အတူတူပါပဲ။

မုန်လာဥဖြူ, မုန်လာဥနီ , ဂျူးမျှစ်, ပဲပိုးတီ စသဖြင့်
မိမိ နှစ်သက်ရာကို မုန်ညှင်းချဉ်နဲ့အတူ
ထည့်စိမ်လို့ ရပါတယ်။

ရောင်းဖို့အတွက် အများကြီး လုပ်မယ်ဆိုရင်တော့
ပလတ်စတစ် အထူကြီးထဲကို
မုန်ညှင်းထည့် , ဆားနဲ့ ထမင်းရည် လောင်းထည့်
ပလတ်စတစ်အိတ် ထိပ်ကို စုစည်းထားပြီး
အချဥ်ခံပါ။

ထမင်းရည်ငှဲ့ဖို့ အဆင်မပြေရင်
ဆန်ဆေးရည် အချဥ်ခံပြီး လုပ်ရင်လဲ ရပါတယ်။

အရောင်ဝါတာကြိုက်ရင်တော့
အချဥ်စိမ်တဲ့အခါ နနွင်းထည့်စိမ်နိုင်ပါတယ်။
ကျမကတော့ နနွင်း မထည့်ပါဘူး။

မုန်ညှင်းကတော့ စျေးမှာ အလွယ်တကူ ဝယ်လို့ရတာမို့
မုန်ညှင်းချဥ်ကို မိမိအိမ်မှာပဲ အလွယ်တကူ လုပ်စားနိုင်ပါပြီ။

Credit: ပဲခူး ဒေါ်ထွေးရီ
Photo credit

ရခိုင်သုပ်ပြုလုပ်နည်း👇🏻👇🏻မုန့်တီသုပ် (ရခိုင်သုပ်)ငါးရွှေငါးခြောက် သို့ ငါးကြင်းအသားတုံးကို ရေထည့်ပြီးပြုတ်ထားပါ ငါးအသားက...
04/10/2023

ရခိုင်သုပ်
ပြုလုပ်နည်း👇🏻👇🏻

မုန့်တီသုပ် (ရခိုင်သုပ်)
ငါးရွှေငါးခြောက် သို့ ငါးကြင်းအသားတုံးကို ရေထည့်ပြီးပြုတ်ထားပါ ငါးအသားကျက်လောက်ပြီဆို အရိုးဖယ် အသားများနွင်ထားပါ ငရုတ်သီးစိမ်းများကို၁၀မိနစ်ခန့်ပြုတ်ပြီး ကြိတ်စက်ဖြင့်ကြိတ်ထားပါ ပြုတ်လို့ပိုနေတဲ့ငါးပြုတ်ရေထဲကို ငပိစိမ်းစား ငရုတ်သီးစိမ်း ဆား အချိုမှုန့်ထည့်ပြီးတည်ပါ ဆူပွက်လာရင် ငါးအသားနွင်ထည့်ပါ ပျစ်ပျစ်လေးဖြစ်လာရင်ရပါပြီ သုပ်နည်းကတော့ ငရုတ်အနှစ် ဆား အချိုမှုန့် မန်ကျည်းသီးအရည် ငံပြာရည် အချိုမှုန့် နံနံပင် ကြက်သွန်စိမ်းပါးပါးလှီးထည့်ပြီးသုပ်ပါ
Credit ရခိုင်သူချေ
Credit photos

မလိုင်ကျောက်ကျောပါ၀င်သောပစ္စည်းများ၁။ နွားနို့- ၁ လီတာ (သို့) ၄ ခွက်၂။ သကြား - ၁ ခွက် ၃။ သံပုရာသီး (သို့) သံပုယိုသီး - အ...
04/10/2023

မလိုင်ကျောက်ကျော

ပါ၀င်သောပစ္စည်းများ
၁။ နွားနို့- ၁ လီတာ (သို့) ၄ ခွက်
၂။ သကြား - ၁ ခွက်
၃။ သံပုရာသီး (သို့) သံပုယိုသီး - အသေး ၁ လုံး
၄။ အာဂါး အာဂါး ကျောက်ကျောမှုန့် (အပြာရောင်) - တထုပ်

(၁ ခွက် = 240 ml= ရိုးရိုးကော်ဖီခွက် ၁ ခွက်= ထမင်းစားဇွန်း ၁၆ ဇွန်း)

ပြုလုပ်နည်း
၁။ သကြားနှင့် ကျောက်ကျောမှုန့်ကို ေ၇ာရ်ျ သမအောင်လုပ်ပါ။
၂။ နွားနို့ကို မီးဖို ပေါ်တင်ရ်ျ ဆူအောင်တည်ပါ။ ဆူလာလျှင် မီးဖိုကိုပိတ်ပြီး သံပုရာသီး (သို့) သံပုယိုသီးမှ အ၇ည်ကို နွားနို့အိုးအနှံ့ညှစ်ချပါ။ ၁၅ မိနစ် (သို့) နာရီ ၀က်ခန့်အအေးခံထားပါ။ (နွားနို့များ ပျက်သလို မလိုင်ဖတ်နှင့် အရည်သတ်သတ်ဖြစ်လာပါလ်ိမ့်မည်။ လုံးဝအေးသွားအောင်အအေးခံစ၇ာမလိုပါ။)
၃။ အအေးခံထားသော နွားနို့ကို မီးဖိုပေါ်တင်ရ်ျ ပွက်အောင် ပြန်တည်ပါ။ နွားနို့ပွက်လာလျှင် ရောထားသော သကြားနှင့် ကျောက်ကျောမှုန့်ကို ထည့်ပြီးမွှေပါ။ သကြားနှင့် ကျောက်ကျောမှုန့်များအရည်ပျော်လျှင် အအေးခံမည့် ဗန်းထဲကို ထည့်ရ်ျ အအေးခံပါ။
၄။ အအေးခံထားသော မလိုင်ကျောက်ကျောကို ကြိုက်နှစ်သက်ရာ အ၇ွယ် လှီးပါ။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့မလိုင်ကျောက်ကျောကိုသုံးဆောင်နိုင်ပါပြီ။

Credit - မူရင်းရေးသားသူ

ပုဇွန်ခြောက်ငံရည်ရည်ချက်ပုဇွန်ခြောက်တွေကိုရေဆေး၃ထပ်၄ထပ်လောက်ပီးရင်ထောင်းထားပါ ကြက်သွန်နီခပ်သေးသေး ငါးလုံးလောက်ပါးပါးလှီး...
04/10/2023

ပုဇွန်ခြောက်ငံရည်ရည်ချက်

ပုဇွန်ခြောက်တွေကိုရေဆေး၃ထပ်၄ထပ်လောက်
ပီးရင်ထောင်းထားပါ ကြက်သွန်နီခပ်သေးသေး ငါးလုံးလောက်ပါးပါးလှီးပီး
ကြက်သွန်နီတွေအရင်ကြော်ပါမယ် နွမ်းလာပီဆိုကြက်သွန်ဖြူထည့်ပါမယ်
ပီးရင်ထောင်းထားတဲ့ပုဇွန်ခြောက်ထည့်ပါမယ်နွမ်းသွားသည်အထိကြော်ပေးပါ
ပီးရင်ငံပြာရည်နဲ့အရသာတွေထည့်ပါမယ် ငံပြာရည်ကိုလဲကိုယ်ချက်တဲ့
အနည်းအများအပေါ်မူတည်ပီးထည့်ပါ ပီးရင်ရေနည်းနည်းထည့်ပေးပါ ငံပြာရည်အစိမ်းစော်နံမှာစိုးလို့ပါ ရေခမ်းလာရင်ငရုပ်သီးခြောက်ထည့်မွှေပါ
ဆီလေးထပ်ထည့် ရပါပြီရှင် ဟင်းချက်ပျင်းတဲ့သူတွေအတွက် တစ်ပတ်စာလောက်သိမ်းပီးစားလို့ရပါတယ်နော်😁😁

KhaingKhaing99 Food Blog

ထမင်းနဲ့ လက်ဖက် အမြဲတွဲစားရင်ဘာတွေဖြစ်တတ်လဲ ?ထမင်းစားရင်း ရေနွေးကြမ်းသောက်တာ ကောင်းလား? ထမင်းနဲ့ လက်ဖက် အမြဲတွဲစားတတ်သူတ...
04/10/2023

ထမင်းနဲ့ လက်ဖက် အမြဲတွဲစားရင်ဘာတွေဖြစ်တတ်လဲ ?

ထမင်းစားရင်း ရေနွေးကြမ်းသောက်တာ ကောင်းလား?

ထမင်းနဲ့ လက်ဖက် အမြဲတွဲစားတတ်သူတွေ ရေနွေးကြမ်းတစ်ခွက်ပါမှ ထမင်းစားတတ်တဲ့သူတွေအတွက် ဒီအလေ့အကျင့်ဟာ ကျန်းမာရေးအတွက်​ ကောင်းရဲ့လားဆိုတာ ပြောပြချင်ပါတယ်။

ရေနွေးကြမ်းရဲ့ လက်ဖက်ခြောက်နဲ့ လက်ဖက်မှာ Tannin နဲ့ Oxalate ဆိုတဲ့ဓာတ်တွေပါဝင်ပါတယ်။ ဒီဓာတ်တွေက စားလိုက်တဲ့ အစားအသောက်ထဲမှာပါတဲ့ သံဓာတ်တွေကိုသွားပေါင်းပါတယ်။ ဒီလိုပေါင်းလိုက်အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းက သံဓာတ်တွေကို စုပ်ယူနိုင်စွမ်းမရှိတော့ပါဘူး။
အူလမ်းကြောင်းကနေ သံဓာတ်ကိုမစုပ်ယူနိုင်တော့ဘူးဆိုရင် သွေးထဲမှာ သံဓာတ်အားနည်းလာပြီး သံဓာတ်ချို့တဲ့တာ ၊သွေးအားနည်းတာတွေဖြစ်တတ်ပါတယ်။

သွေးဆဲလ်တွေမှာ သံဓာတ်အလုံအလောက်မရဘူးဆိုရင် သွေးဆဲလ်တွေက အောက်စီဂျင်လည်းမသယ်နိုင်တော့ပါဘူး။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရင် ဒီလိုရောဂါလက္ခဏာတွေခံစားရပါတယ်။

🛑ပင်ပန်းလွယ်ခြင်း
🛑အားနည်းခြင်း
🛑အသားအရည်ဖြူဖျော့ခြင်း
🛑ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးခုန်မြန်ခြင်း
🛑ခြေဖျားလက်ဖျားအေးခြင်း
🛑ခေါင်းမူးခြင်း
🛑လျှာနာခြင်း၊ လျှာရောင်ခြင်း
🛑လက်သည်းခြေသည်း ကျွတ်ဆတ်ခြင်း
🛑အစားအစာမဟုတ်တဲ့အရာများကို စားချင်စိတ်ပေါ်ခြင်း၊ချင်ခြင်းတက်ခြင်း (ဆန်၊ရေခဲ၊အညစ်အကြေး စသည်)
🛑အစားအသောက်ပျက်ခြင်း
ဒါတွေခံစားနေရပြီဆိုရင်တော့ သံဓာတ်အားနည်းနေပြီဆိုတာသတိထားပြီး သံဓာတ်ဖြည့်အစားအစာတွေစားသုံးပေးသင့်ပါတယ်။

🔰သံဓာတ်အားကောင်းလာအောင်တော့ ဒါတွေစားလို့ရပါတယ်။

✅အနီရောင်အသားများ
✅ပင်လယ်စာ
✅ပဲအမျိုးမျိုး
✅အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ
✅စပျစ်သီးခြောက် စတာတွေစားရင် သံဓာတ်ရပါတယ်။

တခါတလေစားတာက အရေးမကြီးပေမယ့် ဒါကြောင့် ထမင်းစားရင်း ရေနွေးကြမ်းအမြဲသောက်တတ်တဲ့သူတွေ လက်ဖက်နဲ့ထမင်းအမြဲတွဲစားသူတွေအနေနဲ့ သံဓာတ်ချို့တဲ့တတ်တာကိုသတိပြုရပါမယ်။ ထမင်းစားပြီးမှ အနဲဆုံး နာရီ၀က်လောက်ခြားပြီးမှ ရေနွေးကြမ်းသောက်ဖို့ ၊လက်ဖက်သုပ်စားဖို့ တိုက်တွန်းလိုပါတယ်နော်။

အားလုံးပဲ ကျန်းကျန်းမာမာရှိကြပါစေ။

 #ပဲပေါက်ဆီလုပ်နည်း #ပဲပေါက်ဆီ ( ၁၂ ) လုံးစာအဓိကပါဝင်ပစ္စည်းများ သကြား ၃၀ ဂရမ်Dry Yeast 1½ tsp လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွ...
03/10/2023

#ပဲပေါက်ဆီလုပ်နည်း
#ပဲပေါက်ဆီ ( ၁၂ ) လုံးစာ

အဓိကပါဝင်ပစ္စည်းများ

သကြား ၃၀ ဂရမ်

Dry Yeast 1½ tsp လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

အုန်းဆီ ထမင်းစားဇွန်း ၁ ဇွန်း

ရေနွေး ၁၈၀ မီလီလီတာ + နွားနို့နွေးနွေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘက်စုံသုံးဂျုံမှုန့် ၃၀၀ ဂရမ်

မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲနီငါးပိ (ပဲနီးလေးပြုတ်ပြီး အနှစ်ကျနေအောင်နယ်ထားတာ
၊ အချိုကြိုက်လျှင် ထန်းညက်ကိုကျေညက်အောင်ထု၍ ထည့်နယ်ပါ) ၄၀၀ ဂရမ်

#ကြိုတင်ပြင်ဆင်ရန်

( ၁ )
ပန်းကန်လုံးတစ်လုံးထဲတွင်သကြား၊ တဆေး၊ ဆီနှင့်ရေနွေးနွေးတို့ကိုရောကာညင်သာစွာရောမွှေပေးပါ။ တစေးပွလာစေရန်
၁၀ မိနစ် ခန့် နှပ်ထားပါ။

ဂျုံမှုန့်နှင့် မုန့်ဖုတ်ဆော်ဒါမှုန့် တို့ကိုသီးခြားပန်းကန်လုံးထဲတွင်ရောပါ။ ဇကာချပါ။

တစေးဖျော်ထားပြီးသားကို ဂျုံမှုန့် ထည့်ထားသောပန်းကန်လုံးထဲသို့လောင်းထည့်ပြီး နယ်ပါမယ်။
မုန့်သားတွေနူးညံ့​ပြီး လက်မှာမကပ်သည်အထိနယ်ပါမယ်။

မွှေစက်သုံး၍ နယ်လျှင် ၅ မိနစ်ခန့်ကြာလိမ့်မည်၊

လက်ဖြင့်နယ်လျှင် ၁၀ မိနစ်ခန့်ကြာပါမယ်။

Oven ကို အပူချိန် ၁၂၀ ခန့်ချိန်ပြီး ကြိုတင်အပူပေးထားပါမယ်။

ဂျုုလုံးနဲ့ ဇလုံမျက်နှာပြင်ကို ဆီပါးပါးသုတ်ပါမယ်။ ပြီးရင် ရေစိုဝတ် ပါးပါး ( ရေစင်အောင်ညှစ်ပြီးသား) အုပ်ပြီး ကြိုတင်အပူပေးထားတဲ့ Oven ထဲ ထည့်၍ ၁ နာရီခန့် နှပ်ထားပါမယ်။ မထည့်ခင် Oven. power off ရပါမယ်။

( ၂ )
ပဲနီငါးပိကို ၁၂ ပိုင်း ခွဲ၍ ဘောလုံးကဲ့သို့ အလုံးလေးတွေ ပုံသွင်းပြီး လင်ပန်းအပြန့်ထဲမှာ ထည့်ထားပါ။

( ၃ )
ဂျုံများပွလာပြီမို့ လက်မှာဂျုံမှုန့် သုတ်ပြီး ထပ်နယ်ပါမယ်။ လေဝင်နေတာတွေ မရှိတော့ပဲ ပိုမိုနူးညံ့လာသည်အထိ နယ်ပါမယ်။

သစ်သားပြား သို့မဟုတ် ဆီလီကွန်အခင်းပေါ်မှာ ဂျုံမှုန့်အနည်းငယ်ကို ပါးပါးဖြူးပြီး ဂျုံလုံးကိုတင်ပြီး roller နဲ့ လှိမ့်ပါမယ်။ နယ်နိုင်လေ နူးညံ့လေပါ။
ဂျုံသားကိုဆွဲကြည့်လို့ ရှည်ထွက်ပြီးပါလာပြီဆို ရပါပြီ။ ဂျုံသားကို လှိမ့်လုံးနှင့် ပြား၍ ဖြတ်ဓားဖြင့် ခြောက်ပိုင်းပိုင်းပါမယ်။

ရလာတဲ့ ခြောက်ပိုင်းကို အလည်မှနေ ၁၂ လုံးစာမို့ ၁၂ ပိုင်းရအောင်ပိုင်းပြီး။

တပိုင်းချင်းကို အလုံးလေးတွေ လုံးပါမယ်။

ပြီးရင် ဆီလီကွန်းအခင်းပေါ် ဂျုံမှုန့်အနည်းငယ်ကို ဖြူး၍ အလုံးလေးတွေတင်ပြီး ရေညှစ်ထားတဲ့ ရေစိုဝတ်နဲ့အုပ်ထားပါ။

( ၄ )
ဂျုံလုံးတစ်လုံးကိုယူပြီး
လှိမ့်တံ (သို့) လက်ဖဝါးကို သုံး၍
ပြားအောင်လုပ်ပါ။ မုန့်စိမ်း၏အလယ်ဗဟိုသည်အနည်းငယ်ပိုထူပြီး ​ဘေးသားလေးတွေကို ပါးလွှာအောင်လှိမ့်ရပါမယ်။

လက်ဝါးပေါ်မှာ ဂျုံပြားလေးရပြီဆို ပဲနီလေးငပိ တလုံးကိုယူ၍
မုန့်စိမ်းရဲ့အလယ်မှာထားပြီး ပေါက်ဆီလုံးနည်းအတိုင်းလုံးရပါမယ်။

ပဲအားလုံး ထာပနာထည့်ပြီးလျှင်
အေဖိုး စက္ကူကို အနေတော်လေးတွေညှပ်၍ မုန့်လုံးအောင်ခြေကို စက္ကူကပ်ပါမယ်။ ပြီးရင် အဝတ်ပါးပါးပြန်အုပ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါမယ်။

ပြီးတာနဲ့ အပြင် ဂျုံသားလေးတွေ ပွလာပြီးဆို ပေါင်းရန် အသင့်ဖြစ်နေပါပြီ။

#ပေါင်းရန်ပြင်ဆင်နည်း

ပေါင်းမည့်အိုးကို ရေနွေးငွေ့ထောင်းထောင်းထနေအောင်ကြိုတင်အပူပေးထားပါ။

ပေါက်ဆီပေါင်းမယ့် ပေါင်းအိုးရဲ့ ဇကာခွက်ပေါ် အဝတ်ပါးပါး အသန့်လေးကို ခင်းပါမယ်။
ပြီးလျှင် ဆယ်မိနစ်ခန့် အပူပေး
ထားပေးပါ။

အဝတ်စခင်းထားတဲ့ ဇကာလေးပေါ်မှာ မုန့်လုံးတွေကို တစ်လုံးချင်း ခပ်ခွာခွာလေးထည့်ပါမယ်။

ပြီးလျှင် ပိတ်စပါးပါးလေးယူ၍ ပေါင်းအိုးအဖုံးကို ထည့်ပြီး ထိပ်စတွေကို စုချည်ပါမယ်။ ရေမဆွတ်ရပါ။ အိုးစလောင်းဖုံးမှ ချွေးကျပြီး မုန့်လုံးကို မထိစေဖို့ပါ။

ပြီးတာနဲ့ နာရီဝက်ခန့် ပေါင်းပေးရင်ရပါပြီ။

နာရီဝက်ပြည့်တာနဲ့ ပေါင်းအိုးကို မီးဖိုပေါ်မှချပြီး တန်းမဖွင့်ပါနဲ့အူး။ ၅ မိနစ်ခန့် ရေနွေးငွေ့အပူချိန်နဲ့ ထားပြီးမှ ထုတ်ယူ၍ အအေးခံပြီး စားလို့ရပါပြီ။

အအေးခံပြီးသား ပေါက်ဆီတွေကို ပလပ်စတစ်အိတ်နဲ့ လေလုံအောင်ထုပ်ပြီး ရေခဲသေတ္တာ ရိုးရိုးခန်းထဲမှာထားစားရင်လည်းရပါတယ်။

စားခါနီးကျ အဝတ်သန့်သန့်လေးနဲ့ ထုပ်ပြီး ထမင်းပေါင်းအိုးထဲမှာ ရေခမ်းချိန် ထမင်းနှပ်နေတဲ့ အချိန်လေး ထည့်အပူပေးပြီးမှ စားပါ။ ပူပူနွေးနွေးလေးပြန်ရပါတယ်နော်။

အားလုံးကျန်းမာချမ်းသာကြပါစေ

#ကိုသက်

Reference: asiam Inspiration
Photos: Credit

 #လက်ဖက်နှပ်နည်းမေးထားတဲ့ညီမလေးတွေအတွက်  #လက်ဖက်အညွန့်နှပ်နည်းပါဝင်တာလေးတွေကလက်ဖက်အညွန့်ငရုတ်သီးစိမ်းကြက်သွန်ဖြူသံပုရာသီ...
03/10/2023

#လက်ဖက်နှပ်နည်းမေးထားတဲ့ညီမလေးတွေအတွက်

#လက်ဖက်အညွန့်နှပ်နည်း

ပါဝင်တာလေးတွေက
လက်ဖက်အညွန့်
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
သံပုရာသီး
ရှာလကာရည်
ငံပြာရည်
ပုစွန်ခြောက်မှုန့်
ပုစွန်ခြောက်အကောင်
ဆီ
ဆားနဲနဲ
အချိုမှုန့်

#ပြုလုပ်နည်း
လက်ဖက်အညွန့်ကို ရေနွေးဖျောပြီး ညှစ်ပြီပါ
၃ခါလောက်ရေနွေးဖျောပြီး ရေလုံးဝမကျန်အောင်ညှစ်ပစ်ပါ ရေကျန်ရင် မှိုတက်တက်လို့ပါ

ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကို ထောင်းထားပါ
အာလုံးပြီးရင်တော့ ဇလုံထဲမှာ လက်ဖက်၊ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ပုစွန်ခြောက်မှုန့်၊ဆား၊အချို
မှုန့်၊ငံပြာရည်၊ရှာလကာရည်၊သံပုရာသီး၊တို့ကို ထည့်နယ်ပါ

နယ်တဲ့အခါ အရသာဝင်အောင် ပယ်ပယ်နယ်နယ်နယ်ပါ အရသာကတော့ ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်ထည့်ပါ

အားလုံးနယ်ပြီးရင် ဆီကိုမြှပ်နေအောင် ထည့်ပြီးမွှေပါ
ပုလင်းအသန့်ထဲ ဆီမြှပ်အောင်ထည့်ပြီး သိမ်းနိုင်ပါတယ်

တကယ်လို့ ပုစွန်ခြောက်အကောင်လေးတွေကြိုက်ရင် ပုလင်းထဲကို တခါတည်းထည့်နိုင်ပါတယ်
ပုစွန်ခြောက်လေးတွေက အရသာဝင်ပြီး ပိုစားကောင်းပါတယ်

အားလုံးပြီးရင် ဘူးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်နော်

ဆီကတော့ ပဲဆီမစစ်ရင် ရေခဲသေတ္တာထဲမှာ ခဲသွားပါတယ်

ကျွန်မကတော့ Sunarနေကြာဆီကိုသုံးပါတယ်
သူက မခဲပါဘူး ရေခဲသေတ္တာထဲက စားခါနီးမှထုတ်လဲ မခဲတာမို့ အဆင်ပြေပါတယ်

အာလုံးပဲ အဆင်ပြေကြပါစေရှင့်
ချစ်တဲ့
မိုး

Credit November Moe
Foodie

🍀 သရက်ချဉ်လုပ်နည်း 🍀**************************သရက်သီးရာသီ ကုန်ခါနီးပီမို့ သရက်ချဉ်လုပ်နည်း တင်ပေးလိုက်ပါတယ်။ဒါဆိုရင် တစ်...
03/10/2023

🍀 သရက်ချဉ်လုပ်နည်း 🍀
**************************
သရက်သီးရာသီ ကုန်ခါနီးပီမို့
သရက်ချဉ်လုပ်နည်း တင်ပေးလိုက်ပါတယ်။
ဒါဆိုရင် တစ်နှစ်စာလုံးအတွက်
သရက်ချဉ် ဖူလုံအောင် လုပ်ထားလို့ ရသွားပါပီ။

လုပ်ပီးသား သရက်ချဉ်များကို
freezer ( ခဲကန် ) ထဲ မှာ
တစ်ခါစားစာ အထုပ်ငယ်လေးများနဲ့
ခွဲခွဲ ထုပ်ပီး ထည့်ခဲထားပါ။
သုပ်စားမယ့်နေ့ တစ်ရက်အလိုမှ
တစ်ထုပ်စီ ထုတ်ထားပီး စားသုံးပါ။

သရက်သီးရာသီကုန်ရင်
စျေးမှာဝယ်တဲ့ သရက်ချဉ်တွေက
အချဉ်စူးစူး အရသာ ဖြစ်နေပါတယ်။
မိမိ ကိုယ်တိုင်လုပ်ပီး ထည့်ခဲထားတဲ့အတွက်
အနံ့မကောင်းမှာလည်း မပူရတော့သလို
အချဉ်စူးစူး အရသာလည်း ဖြစ်မနေစေတော့ပဲ
မိမိ ထည့်ထားစဉ်က အချဉ်အရသာအတိုင်းသာ
ဖြစ်နေပါလိမ့်မယ့်။

သရက်ချဥ် လုပ်ပါတော့မယ်။
****************************
အချဥ်မစူးတဲ့ မချစ်စု သရက်သီးကို ဓါးနဲ့ ပေါက်ပါ။
( သို့ )
အမျှင်ကြီးကြီး လှီးထားပါ။
ဓါးနဲ့ လှီးရင် ပိုလှပေမယ့်
အများကြီးလုပ်ရင်တော့
ဓါးနဲ့ ပေါက်တာ ( သို့ ) ခြစ်တာက ပို အဆင်ပြေပါလိမ့်မယ်။

အချိုးအစားကတော့
💥 သရက်သီး ၁ လုံးကို
💥 ဆား လဖက်စားဇွန်း ၁ ဇွန်း အမောက်ပါ။

အလေးချိန်နဲ့ ပြောရင်တော့
💥 လှီးပြီးသား သရက်မျှင် ( ၃၀ သား ) ကို
💥 ဆား ( ၃ ကျပ်သား ) ပါ။

💥 လှီးပြီးသား သရက်မျှင် ( ၃ ပိဿာ ) ကို
💥 ဆား ( ၃၀ သား ) ပါ။

( ဒီ့ထက် ဆားပိုထည့်ရင် ငံသွားပါလိမ့်မယ်။ )

လှီးပြီးသား သရက်မျှင် နဲ့ ဆား ရောနယ်လိုက်ပြီး
ကျွတ်ကျွတ်အိတ်နဲ့ ဆို ၂ ထပ် ထုပ်ပါ။
ပလတ်စတစ်အိတ်နဲ့ဆို ၁ ထပ်ပဲ ရပါတယ်။

အိတ်ကို သွားကြားထိုးတံနဲ့
ပတ်ချာလည် အပေါက်ဖေါက်ပီး အလေးနဲ့ ဖိထားပါ။
အရည်တွေ ထွက်ကျလာပါလိမ့်မယ်။
ဒီပုံစံအတိုင်း အရည်တွေကို မသွန်ပစ်ပဲ
တစ်ည သိပ်ထားပါမယ်။

နောက်တစ်နေ့ မနက်မှ
သရက်သီးထုပ်ကို ယူလိုက်ပြီး အရည်တွေ သွန်ပြစ်ပါ။
ပြီးရင် ထွက်လာတဲ့ အချဥ်ရည်နဲ့ မထိစေအောင်
အမြင့်ပေါ်တင်ပြီး ထပ်ဖိ ထားပေးပါ။
အလေးကြီးလေ အသားကျစ်လေ ဖြစ်ပါမယ်။
၂ ညဖိထားပီးနောက် သရက်ချဉ်ရပါပီ။

_________________________________________________

မှတ်ချက်
**********
ကျမ စင်းနှီတုံးက ပုစွန်ချဥ်ဖိထားလို့
သရက်ချဥ်ကို ငရုတ်ဆုံနဲ့ ဖိပြထားတာပါ။

သရက်ချဥ်ထုပ် ပတ်ချာလည်ကို အုပ်မိမယ့်
စင်းနှီတုံးနဲ့ ဖိတာက ပိုကောင်းပါတယ်။

အလေးချိန်များရင်တော့
ပလတ်စတစ် အထူသား အိတ်ကြီးတွေနဲ့ လုပ်ပြီး
အပေါ်က ခဲကြီးများနဲ့ဖိပါ။

♦️၂ ညထပ် ပိုဖိထားရင် ( သို့ )
♦️ပထမရက် ထွက်လာတဲ့ အရည်တွေကို သွန်ပစ်ပီး
♦️ ထပ်ထွက်လာတဲ့ အရည်တွေနဲ့ သရက်သီးထုပ် ထိရင်
♦️ သရက်သီး ရိသွားတတ်ပါတယ်။

Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

ထမင်းခြောက်ကြော်ထမင်းကြမ်းကို နေပူပူမှာ ပါးပါးဖြန့်ပြီး ကြွပ်နေတဲ့အထိခြောက်သွားအောင်နေလှမ်းပြီး ဆီပူပူခပ်များများမှာလိုသ...
03/10/2023

ထမင်းခြောက်ကြော်

ထမင်းကြမ်းကို နေပူပူမှာ ပါးပါးဖြန့်ပြီး ကြွပ်နေတဲ့အထိခြောက်သွားအောင်နေလှမ်းပြီး ဆီပူပူခပ်များများမှာလိုသလိုအရောင်ရဲရုံလေးထည့်ကြော်ပါ ခပ်လေးလေးအရသာစားလိုရင်ကြော်ပြီးသားထမင်းခြောက်အပေါ်မှဆားဖြူးကာဆားပါ အချိုလေးနဲ့မှစားချင်ရင် ထန်းလျက်+ရေနည်းနည်းကိုညောင်စေးကျတဲ့ထိကျိုပြီးဆမ်းစားပါ

Credit photo Phyo phyo

#ထမင်းခြောက်ကြော်

 #လယ်သမားဟင်း လို့လူသိများတဲ့ဟင်းလေးပါ။ ရေနွေးကိုတည်ပါ။မျှင်ငပိအနည်းငယ်ထည့်ပါ။ပုဇွန်အသေးတွေလည်းထည့်ပါ။ပွက်ပွက်ဆူလာရင် မျ...
03/10/2023

#လယ်သမားဟင်း လို့လူသိများတဲ့ဟင်းလေးပါ။
ရေနွေးကိုတည်ပါ။
မျှင်ငပိအနည်းငယ်ထည့်ပါ။
ပုဇွန်အသေးတွေလည်းထည့်ပါ။
ပွက်ပွက်ဆူလာရင် မျှစ် ကောက်ရိုးမှို ကြွက်နားရွက်မှို ကြာရိုး ဆူးပုတ် စွယ်တော်ရွက်တို့ကိုထည့်ပါ။
ငရုတ်သီးစိမ်းထောင်း သို့ ညှပ်ထည့်ပါ။
ဆား အရသာမှုန့် အနည်းငယ်ထည့်ပါ။
ဟင်းအိုးဆူပြီး အနံမွှေးပြီဆိုမှ ရှမ်းနံနံ ပင်စိမ်း နှစ်သက်ရာထည့်ပြီး အရသာရှိသော တောစာ လယ်သမားဟင်းလေးစားလို့ရပါပြီ။ နှစ်သက်ရာအသီးရွက်ထည့်နနိုင်ပါတယ်။

:photo

Address

Yangon

Telephone

+959260289488

Website

Alerts

Be the first to know and let us send you an email when Su Pyae Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category