Aung Aung

Aung Aung The best tea center of south okkalarpa township If you conflict it, come here and drink.

20/03/2021

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက်
နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေ
အပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်
မရှိ​​အောင် ယန္တယား​တွေ ဆွံ့အသွားပါပြီ။

တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊
အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့
သူရဲ​​ဘော​ကြောင်ရမ်းကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင်လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

သပိတ်အပါအဝင် အင်အား​ပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုက​ရေစီပါ။နိုင်ငံ​ရေးအနှစ်သာရအပြည့်နဲ့သ​​ဘောတူမှုအပြည့်နဲ့ပါ။

ဒီမိုက​ရေစီနဲ့ဖက်ဒရယ်ဟာ​ ​​ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ​ကျောချင်းကပ်ခွာမရ​တော့​အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်​ထောင်စု​သွေးချင်း​တွေရဲ့ ညီညွတ်မှုအား ပြယုဂ်​ကောင်းပါ။

တိုင်းရင်းသား​တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံ​​ရေးပါတီ​​တွေကို
ကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ​ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထု​လူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာ​ရေးဆိုင်ရာ​ခေါင်း​​ဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံ​တွေ​ပေါင်းစုထားတာပါ။အဖွဲ့​​ပေါင်းစုံ ရာချီ​ပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုက​ရေစီအတွက် အပြည့်ပူး​ပေါင်း​နေပါပြီ။

ဒါ ဥပမာ တခုပဲ ရှိပါ​သေးတယ်။ကျန်
တိုင်းရင်းသားလူမျိုးစု​တွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့​တော်လှန်​နေပါပြီ။ CRPH နဲ့ ပြည်သူအစိုးရအ​နေနဲ့လည်း ထိုအဖွဲ့​ပေါင်းစုံနဲ့ တိုင်ပင်ပြီး သ​ဘောတူ​အ​ခြေခံ
​​ကောင်း​တွေရထားပြီဆိုတာကျ​နော်တင်ပြခဲ့ပြီးသားပါ။

​ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုး​တောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအ​ရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦး​ဆောင်လှုံ့​ဆော်​နေပါပြီ။
အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုး​​ဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။အားလုံးမဖြစ်မ​နေ အ​ဖြေရှာကြရမယ်လို့ အချက်​ပေး​နေပါပြီ။ ​နေ့ချင်းညချင်းဆက်သွယ် စည်း​ဝေးဖို့ ပြင်​နေပါပြီ။

ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်​ကောင်စီရဲ့ ဘဏ္ဍာ​ရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့အစိုးရဖက်က အမြင့်ဆုံးအသာစီးရ​နေမှု​တွေရှာ​ဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့​နွေဦးအ​ရေး​တော်ပုံဟာ
ပင်လုံးကျွတ်ပုရစ်ဖူး​တွေ ​ဝေသစ်​နေတာ ​သေချာ​တွေ့ရမှာပါ။

ကုလသမဂ္ဂမှာလည်းလမ်း​ကြောင်းများစွာကျန်ပါ​သေးတယ်။ဖြစ်နိုင်​​ချေ၊စွမ်းနိုင်​ချေ အပြည့်နဲ့ပါ။

ကုလရဲ့ UNSC လုံခြုံ​ရေး​ကောင်စီမှာ မြန်မာအ​ရေးအတွက် သ​​ဘောတူ​ကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့​​အောင်မြင်မှု​တွေပါ။တဆင့်ခြင်းတက်ရတာ​တွေရှိပါတယ်။ကုလလူ့အခွင့်အ​ရေး​ကောင်စီ၊ အ​ထွေ​ထွေညီလာခံစသဖြင့်
အခွင့်အလမ်း​ကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။

ပြည်တွင်းမှာ အပစ်မဲ့ပြည်သူ​တွေအ​ပေါ် စစ်​ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှု​တွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကို​စော်ကားကျုးလွန်မှု​တွေ(လမ်း​​​ပေါ်ကအနိုင်ကျင့်မှု​တွေ) ကိုမှတ်တမ်းတင်​ပေးပို့ထားတဲ့ ပြည်သူ​တွေရဲ့တာဝန်​ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။
ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်​တော့​အောင် ရင်​​တွေကို ထိမှန်ခဲ့ပါတယ်။

အ​ရေးယူ​ဆောင်ရွက်မှု​တွေ သွက်လက်ထိ​ရောက်ဆက်တိုက်လာမှာပါ။ပြည်သူ​တွေအ​နေနဲ့"​အောင်စိတ်"နဲ့သာ ယုံ​နေဖို့၊အထိ
အခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြုအမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ။

CDM သမား​တွေအတွက် သတင်း​ကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံ​တော် အစိုးရ
ယန္တယားမှာ ပြည်သူ့သစ္စာ​ဖောက်များနဲ့ ဗျူရိုကရက်များအတွက်​​နေရာမရှိ​စေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်​ကြောင်း မကြာခင် ကိုယ်​​​ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။

မ​ဝေး​တော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်​နေရာရှိ​တော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မ​တော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသား​​တွေကို ​​စောင့်​ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာ​ပြောပါရ​စေ။

လူငယ်မျိုးဆက်သစ်​တွေ အတွက်
ဖက်ဒရယ်တပ်မ​တော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာ​အောင် ပြင်ဆင်​လေ့ကျင့်​နေပါပြီ။

အ​ရေး​တော်ပုံ​အောင်ရမည်။

#မင်းကိုနိုင်
၂၀.၃.၂၀၂၁

Address

1023
Yangon
YANGON

Opening Hours

Monday 04:00 - 23:00
Tuesday 04:00 - 23:00
Wednesday 04:00 - 23:00
Thursday 04:00 - 23:00
Friday 04:00 - 23:00
Saturday 04:00 - 23:00
Sunday 04:00 - 23:00

Telephone

951560269

Alerts

Be the first to know and let us send you an email when Aung Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category