Sweetish Crown Bakery

Sweetish Crown Bakery I want to try&treat my cooking to some charity groups,my family and customers for their delightful m

10/09/2021

ဒီအချိန်မှာ
မိမိထက်ချမ်းသာတဲ့လူနဲ့လဲ မယှဉ်နဲ့
မိမိထက် ဆင်းရဲတဲ့သူနဲ့လဲ မယှဉ်နဲ့

ကိုယ့်ဘဝဟာ ကိုယ့်ဘဝပဲ

အဲ့လိုပဲ

လက်ထဲရှိတဲ့ပိုက်ဆံကို
ဒေါ်လာဈေးနဲ့လဲ မယှဉ်နဲ့
ရွှေဈေးနဲ့လဲ မယှဉ်နဲ့

ကိုယ့်လက်ထဲရှိတဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲ

လက်ထဲရှိတဲ့ရွှေလဲကြောက်ပြီးမရောင်းနဲ့
လက်ထဲရှိတဲ့ပိုက်ဆံလဲကြောက်ပြီး ရွှေမဝယ်နဲ့တော့

ခဏစိတ်ငြိမ်ဖို့ကြိုးစား

အကြွေးပေးစရာရှိရင် အခုဆပ်ထား အဲ့ဒါအမြတ်ပဲ။ရုန်းကန်ဖို့မကြိုးစားနဲ့ လှုပ်လေမြုပ်လေဖြစ်မယ်။
ရပ်တည်လို့မရတော့ရင် အပြီးရပ်ပြစ်လိုက်။
ကျန်တာလေးနဲ့ စည်းကမ်းရှိရှိနေ။ အခြေအနေက ဒီထက်ဆိုးအုံးမယ့်သဘောမှာရှိတယ်။
အခြေအနေကောင်းတဲ့အချိန် ပြန်စနိုင်ဖို့သာ ပြင်ဆင်ထား။
ချိုးချံချွေတာပြီးနေ မလိုတာတွေလုံးဝမသုံးနဲ့။
ယံယံခေါက်ဆွဲတစ်ထုပ် ၅၀၀ ဝယ်ပြုတ်စားမယ့်အစား ရှမ်းခေါက်ဆွဲ ၅၀ သား ၆၀၀ ဝယ်ပြီးအိမ်မှာချက်စားရင် တစ်အိမ်လုံးစားလိုရတယ်။ ကျန်းမာရေးနဲ့လဲညီညွှတ်တယ်။ ငွေ ၁၀၀၀ ကိုတောင် အလဟသ မသုံးမိစေနဲ့။

အသက်ရှင်နေမယ်
နေဖို့ရှိမယ် စားဖို့မပူရဘူး ဆို အလွန်ကုသိုလ်ကံ ကောင်းနေပြီလို့ယူဆ။

ကျန်တာမတွေးနဲ့။ အရေးကြီးတာကိုလဲ မမေ့နဲ

# crd PyiSoeOo

13/04/2020

ယနေ့ positive
11 ဦးထပ်မံတွေ့ရှိ

"ပိုးတွေ့သူ (၇)ဦး ထပ်တိုး၊ကူးစက်ခံရသူ စုစုပေါင်း (၃၈)ဦးအထိ ရှိလာ "COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင...
11/04/2020

"ပိုးတွေ့သူ (၇)ဦး ထပ်တိုး၊ကူးစက်ခံရသူ စုစုပေါင်း (၃၈)ဦးအထိ ရှိလာ "

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၂:၀၀) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည ဓာတ်ခွဲစစ်ဆေးမှုများအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသူများ စုစုပေါင်း (၂၃၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၇) ဦးနှင့် (၁၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီသတင်းတွင် ဖော်ပြပြီးဖြစ်သော လူနာ (၃)ဦး၊ စုစုပေါင်း (၁၀)ဦး၏ ဓာတ်ခွဲ အဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၂၂၀) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-032) မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြိို့နယ်နေ အသက် (၃၈)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၂၃-၃-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၂၈-၃-၂၀၂၀)ရက်နေ့တွင် လှည်းကူးပြည်သူ့ဆေးရုံသို့ သွားရောက် ပြသခဲ့ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၃)လခန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည့် ရာဇဝင်ရှိသဖြင့် စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-033) မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ အသက် (၂၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး (၇-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-034) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၂၀)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၈-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ လည်ချောင်း နာခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသ ခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၅။ ဓာတ်ခွဲအတည်ပြုလူနာ (Case-035) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၂၄)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၈-၄-၂၀၂၀)ရက်နေ့မှ စတင်၍ အသက်ရှူကြပ်ခြင်း၊ လည်ချောင်းနာခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၆။ ဓာတ်ခွဲအတည်ပြုလူနာ (Case-036) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၃၃)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၈-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ နှာရည်ယိုခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာ အဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၇။ ဓာတ်ခွဲအတည်ပြုလူနာ (Case-037) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၄၄)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၈-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသ ခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၈။ ဓာတ်ခွဲအတည်ပြုလူနာ (Case-038) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၇၈)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး (၂၆-၃-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ ဝမ်းသွားခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေး ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတွင် သွေးတိုးရောဂါအခံရှိကြောင်း သိရှိရပြီး လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၉။ ဓာတ်ခွဲအတည်ပြုလူနာများဖြစ်သော (Case-034) ၊ (Case-035) ၊ (Case-036) နှင့် (Case-037) တို့သည် နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိ ကြောင်းသိရှိရပါသည်။ ထပ်မံတွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၇)ဦး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့၍ ဆေးကုသမှု ပေးသွားမည်ဖြစ်ပါသည်။

၁၀။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက် (၂:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၈) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၁၁။ သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၈) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင့်် လူနာ (၁) ဦး၊ တီးတိန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၈)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ စုစုပေါင်း (၃၂)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၁၂။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

အားလုံးပဲ ဂရုတစိုက်နဲ့ ကျန်းမာရေး ကို ကောင်းအောင် ကိုယ်ခံအားကောင်းအောင် နေကြပါနော်
11/04/2020

အားလုံးပဲ ဂရုတစိုက်နဲ့ ကျန်းမာရေး ကို ကောင်းအောင် ကိုယ်ခံအားကောင်းအောင် နေကြပါနော်

ဒေါက်တာ ဒေါ်မြင့်မြင့်စိန်𝐂𝐨𝐯𝐢𝐝-19 ကူးစက်သွားသည့် အကြောင်းအရင်းcase (30) ကပြည်‌ဆေးရုံက မေ့ဆေးဆရာဝန်မကြီးပါ..ပေါက်ခေါင်းမ...
11/04/2020

ဒေါက်တာ ဒေါ်မြင့်မြင့်စိန်
𝐂𝐨𝐯𝐢𝐝-19 ကူးစက်သွားသည့် အကြောင်းအရင်း

case (30) က
ပြည်‌ဆေးရုံက မေ့ဆေးဆရာဝန်မကြီးပါ..

ပေါက်ခေါင်းမှ(ယခုကွယ်လွန်) လူနာ၏ အသက်ရူလမ်းကြောင်းထဲသို့ ventilator မှ tube ကိုထည့်ရာတွင်

ဆရာဝန် အနည်းဆုံး နှစ်ယောက်မှ သုံးယောက်လိုအပ်ပါတယ်..

ဒါပေမယ်လို့ ထိသွားပါက ဆရာဝန်အင်အားလျော့မှာစိုးရိမ်ခြင်းအပြင် သူမက အသက်အရွယ်ကြီးပါ၍

ထိခြင်းထိ သူမသာ
အထိခံမည်ဟုဆုံးဖြတ်ကာ လူနာ၏ အခန်းထဲသို့ သူမတစ်ဦးတည်း ဝင်ရောက်ပြီး

လည်ချောင်းထဲသို့
tube ကိုထည့်ရာတွင် နှစ်ခါ သုံးခါ ကြိုးစားသော်လည်း မရပါ၊

မမြင်ရပါသဖြင့် နောက်ဆုံး သူမ၏ အကာအကွယ်ဖြစ်သည့် Goggles...
ကိုချွတ် ပြီး လုပ်ဆောင်မှသာ အဆင်ပြေ မည်ဟူ၍
ဆုံးဖြတ် လုပ်ဆောင်ခဲ့ပါတယ်။

ဤကဲ့သို့ အဆင်ပြေအောင်မြင်စေရန်
လုပ်ဆောင်မူကြောင့် သူမ အား COVID-19 ကူးနိုင်သည်ကို
သိသိကြီးဖြင့် လူနာ၏ အသက်အား ကယ်တင်ဘို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Goggles ကို ချွတ်မှသာ မြင်ရမှာဖြစ်ပြီး အကယ်၍ ချွတ်ပါကလည်း သူမကို ရောဂါ ကူးဆက်န်ိုင်သည်ကို
သိသော်လည်း

မေ့ဆေးဆရာဝန်မကြီး ၏ လူနာကို ကယ်တင်လိုသည့် စိတ်ဓာတ် ခွန်အားနှင့် လုပ်ဆောင်မှု့
သည် အလွန်ပင် ကြီးမြတ်ပါပေသည်။

အကယ်၍သူမအား ကုသရင်း
အခွနေဆေိုးလာ၍
ventilatorတင်ရပါက မတင်ပါနဲ့ဟူ၍ လက်မှတ်ထိုးလိုက်သည်ဟုလည်းကြားသိရပါတယ်။

အဘယ်ကြောင်ဲဆိုသော် ventilator တင်ရပါက အဆင်မသင့်လျှင် လုပ်ဆောင်သူအား ကူးနိုင်ပါ သဖြင့် ဟုဆိုပါတယ်။

ကျွန်ုပ် တို့ နိုင်ငံသားအားလုံးမှ
ပြည်ဆေးရုံမှမေ့ဆေးဆရာဝန်ကြီးနဲ့အတူ

တစ်နိုင်ငံလုံးမှ ဆရာဝန်များ၊ သူနာပြုများ၊အဖက်ဖက်မှ ကျန်းမာရေးဝန်ထမ်းများ နှင့် ကျန်းမာရေး အောက်ခြေဝန်ထမ်းများ အားလုံးကို အထူး(အထူး) ကျေးဇူးတင်လွန်းလှ ပါကြောင်း ရေးသား ဂုဏ်ပြုလိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌး ၈၈ ပဲခူး (11.4.2020)။
Credit. Thein Htay

ဧရာဝတီရဲသွေးနည်

17/08/2019

🔔🔔ယာဉ်မောင်းသင်တန်းဆို MG မှာပဲ တက်ချင်သူများအတွက် ဝမ်းသာစရာသတင်း 🔊

💁‍♀️ ♥️ကားမောင်းသင်တန်း တက်ချင်ပေမယ့် ကိုယ်နေတဲ့နေရာနဲ့ဝေးလို့ သင်တန်းမတက်လိုက်ရဘူး မဖြစ်ရလေအောင် MG ယာဉ်မောင်းသင်တန်းကနေ နောက်ထပ်သင်တန်းကျောင်းခွဲ တစ်ကျောင်းကို မကြာမှီ ထပ်မံဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ရှင် 🤗🤗

☑️👉 MG ယာဉ်မောင်းသင်တန်းကျောင်းခွဲကို ဘယ်နေရာမှာ ထပ်မံဖွင့်လှစ်မလဲဆိုတာ သင့်ရဲ့စိတ်ကူးထဲက နေရာကိုခန့်မှန်းပြီး ကွန့်မန့်မှာဝင်ရေးလိုက်ရုံနဲ့ ဖုန်းဘေလ် ကံစမ်းနိုင်ပါပြီရှင် ..... 😇😇

🏷🔜 အသစ်ထပ်မံ ဖွင့်လှစ်မည့်နေရာနောက်တစ်ခုကတော့???
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
🔷၁. တာမွေ

🔷၂. သာကေတ

🔷၃. မင်္ဂလာတောင်ညွန့်

🔷၄. ပုဇွန်တောင်

🔷၅. ဗိုလ်တထောင်

💁‍♀️ ဒီနေရာ ၅ နေရာထဲမှ ၁နေရာကိုခန့်မှန်းရေးသားပြီး ဖုန်းဘေလ်လေး ကံစမ်းလိုက်ပါရှင် ..... 🤩🤩 အခုဖွင့်မယ့်နေရာ က အထက်ပါ ၅ မြို့နယ်စလုံးက customers တွေ လာတက်လို့ရတယ်နော် 👍👍

💌 ဖုန်းဘေလ်ကံစမ်းဖို့အတွက်
ဒီအချက်လေး(၃)ချက် လေးအတိုင်းလုပ်ဆောင်ပေးရုံနဲ့ ကံထူးရှင်ဖြစ်နိုင်ပါပြီ..... ❤️❤️

🔛👉 💬စည်းကမ်းချက်လေးတွေကတော့ - - - - - - - - - - - - - - - - - @

♦️၁. ယခုတင်ထားတဲ့ Post ကို မိမိအကောင့်မှာ့ Like & Share လေးလုပ်ပေးပါရှင်

♦️၂. Share ထားတဲ့ Post ကို S.S ရိုက်ထားပေးပါ

♦️၃. အပေါ်မှာပြောပြပေးထားတဲ့ နေရာ(၅)နေရာထဲမှ (၁)နေရာကိုရွေးပြီး S.S ရိုက်ထားတာလေးနဲ့ အတူ ကွန့်မန့်မှာ ဝင်မန့်ပါရှင်

🔈😘 အဖြေမှန်သူများကို ဖုန်းဘေလ် (၁၀၀၀)တန် အယောက် (၅၀)ကို Random System ဖြင့် မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်..... 😍😍

📣🤗 အဖြေမှန်သူအားလုံးကို (၂၀. ၈. ၂၀၁၉) တွင် ကြောငြာပေးသွားမှာဖြစ်ပါတယ်ရှင်..... 🤩🤩

🔸💁‍♀️ နောက်ထပ် အစီအစဉ်လေးတွေ အများကြီးရှိသေးတာမို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်..... 🥰🥰

11/02/2019
31/10/2017
17/09/2017

မဖြစ်မနေပြောတတ်ထားသင့်တဲ့စကားပြော
………………………………………………………………………

……………………………………………………………………

27/11/2016

Address

No. 3/5 , Aye Yeik Mon (7) Street , 5 Quarter , Hlaing Township
Yangon
11051

Telephone

959975553767

Website

Alerts

Be the first to know and let us send you an email when Sweetish Crown Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category