Shwe Hlwar

Shwe Hlwar အရသာကောင်းတွေစားချင်တယ်ဆိုရင် ရွှေလွှာရှိပါတယ်။

Today Order Shwe Hlwar ရဲ့ Mini Burger & Sandwich ဒီနေ့ ရန်ကင်းမြသီတာလမ်းအတွက် လုပ်ပေးခဲ့တဲ့ ရွှေလွှာလေးတွေပါ 😍မှာယူအားပ...
27/03/2026

Today Order
Shwe Hlwar ရဲ့ Mini Burger & Sandwich
ဒီနေ့ ရန်ကင်းမြသီတာလမ်းအတွက် လုပ်ပေးခဲ့တဲ့ ရွှေလွှာလေးတွေပါ 😍
မှာယူအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင့် 😍 စားကောင်းကြပါစေရှင် ❤️

Today Order Mini Burger & Sandwich Pride ISM Primary School Year 2B မှသားသားလေးမွေးနေ့အတွက်မုန့်များမှာယူအားပေးတဲ့အတွက်က...
26/03/2026

Today Order
Mini Burger & Sandwich
Pride ISM Primary School Year 2B မှသားသားလေးမွေးနေ့အတွက်မုန့်များမှာယူအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် 😍 မွေးနေ့ရှင်သားလေးကျန်းမာသက်ရှည်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်🥰
နှစ်စဉ်မွေးနေ့တိုင်းသတိတရမှာယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင့်❤️❤️❤️

Today Order (18.3.2026)ကလေးမွေးနေ့အတွက်  Crab & Egg Sandwich များမှာယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့် ❤️❤️❤️
18/03/2026

Today Order (18.3.2026)
ကလေးမွေးနေ့အတွက် Crab & Egg Sandwich များမှာယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့် ❤️❤️❤️

BKK နှင့် Japan သွားကြမယ့် ရွှေလွှာလေးတွေချဉ်ပေါင်ကြော်/ အာပြဲခြောက်ကြော်/ ပုစွန်ဆိတ်ကြွပ်ကြွပ်ကြော်
15/03/2026

BKK နှင့် Japan သွားကြမယ့် ရွှေလွှာလေးတွေချဉ်ပေါင်ကြော်/ အာပြဲခြောက်ကြော်/ ပုစွန်ဆိတ်ကြွပ်ကြွပ်ကြော်

(5.3.2026) နေ့ Pride ISM Secondary School ရဲ့ Honoring Ceremony တစ်ခုအတွက် Shwe Hlwar ရဲ့ Mini Burger & Sandwich များမှာ...
08/03/2026

(5.3.2026) နေ့ Pride ISM Secondary School ရဲ့ Honoring Ceremony တစ်ခုအတွက် Shwe Hlwar ရဲ့ Mini Burger & Sandwich များမှာယူအားပေးမှုအတွက်ရွှေလွှာမိသားစုမှအထူးကျေးဇူးတင်ရှိပါတယ်ရှင့်❤️

Shwe Hlwar ရဲ့အကြော်အလှော်လေးတွေဝက်မွကြော်/ ဆိတ်မွကြော်/ ချဉ်ပေါင်ကြော်/ငါးနီတူနှမ်းကပ်ကြော်/ ပုစွန်ခြောက်ငံပြာရည်ကြော်/...
04/03/2026

Shwe Hlwar ရဲ့အကြော်အလှော်လေးတွေ
ဝက်မွကြော်/ ဆိတ်မွကြော်/ ချဉ်ပေါင်ကြော်/ငါးနီတူနှမ်းကပ်ကြော်/ ပုစွန်ခြောက်ငံပြာရည်ကြော်/ဆိတ်လဘက်
Singapore & BKK သွားကြတဲ့ရွှေလွှာလေးတွေ😍 အမြဲမှာယူအားပေးကြတဲ့ရွှေလွှာချစ်သူလေးတွေကိုကျေးဇူးအထူးပါရှင့်🥰

Pride International School အတွက်  🥪Sandwich Order 🥪လေးတွေပါ 🥪ပွဲလေးတွေရှိတိုင်းသတိတရမှာယူအားပေးတဲ့အတွက် ကျေးဇူးပါရှင့်🥪
03/03/2026

Pride International School အတွက် 🥪Sandwich Order 🥪လေးတွေပါ 🥪
ပွဲလေးတွေရှိတိုင်းသတိတရမှာယူအားပေးတဲ့အတွက် ကျေးဇူးပါရှင့်🥪

ဒီနေ့ MISY ကျောင်းကိုပို့ပေးရတဲ့ Shwe Hlwar ရဲ့  🍔 Mini Burger & Sandwich 🥪 လေးတွေပါ ရွှေလွှာဆိုပြီးဖြစ်လာကတည်းကအမြဲအားပ...
27/02/2026

ဒီနေ့ MISY ကျောင်းကိုပို့ပေးရတဲ့ Shwe Hlwar ရဲ့ 🍔 Mini Burger & Sandwich 🥪 လေးတွေပါ ရွှေလွှာဆိုပြီးဖြစ်လာကတည်းကအမြဲအားပေးလာတဲ့အမကိုကျေးဇူးတင်ပါတယ်နော် ❤️❤️❤️

Shwe Hlwar ရဲ့နန်းကြီးသုပ်Pride ISM Primary Year 3/C မှသားသားမွေးနေ့အတွက်နန်းကြီးသုပ် ORDER လေးမွေးနေ့ရှင်သားလေးသက်ရှည်က...
21/02/2026

Shwe Hlwar ရဲ့နန်းကြီးသုပ်
Pride ISM Primary Year 3/C မှသားသားမွေးနေ့အတွက်နန်းကြီးသုပ် ORDER လေး
မွေးနေ့ရှင်သားလေးသက်ရှည်ကျန်းမာပါစေလို့ရွှေလွှာမိသားစုမှဆုတောင်းပေးပါတယ်❤️
ပွဲလေးတွေရှိတိုင်းသတိတရမှာယူအားပေးလို့ကျေးဇူးအထူးတင်ပါတယ်ရှင့် ❤️

Shwe Hlwar ရဲ့ Sandwich လေးတွေ(19.2.26) Pride ISM EYFS ORDER
20/02/2026

Shwe Hlwar ရဲ့ Sandwich လေးတွေ
(19.2.26) Pride ISM EYFS ORDER

(3.2.26) & (5.2.26) ပါရမီရုံးအတွက် Sandwich & Mini Burger Order လေးတွေ မှာယူအားပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ရှင့် 😍
08/02/2026

(3.2.26) & (5.2.26) ပါရမီရုံးအတွက် Sandwich & Mini Burger Order လေးတွေ
မှာယူအားပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ရှင့် 😍

(8.1.2026) Order လေးရွှေလွှာရဲ့ Mini Burger နဲ့ Sandwich နှစ်သစ်အလှူအတွက်မုန့်တွေအများကြီးမှာယူအားပေးတဲ့ အန်တီကိုကျေးဇူး...
08/01/2026

(8.1.2026) Order လေး
ရွှေလွှာရဲ့ Mini Burger နဲ့ Sandwich
နှစ်သစ်အလှူအတွက်မုန့်တွေအများကြီးမှာယူအားပေးတဲ့ အန်တီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်❤️❤️❤️

Address

Hleden
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959250365055

Website

Alerts

Be the first to know and let us send you an email when Shwe Hlwar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Shwe Hlwar:

Share

Category

ရွှေလွှာရဲ့အကြောင်းလေး

ရွှေလွှာဆိုပြီးဖြစ်လာဖို့အတွက် အစပျိုးခဲ့တာကတော့ အိမ်မှာလုပ်စားနေတဲ့ Sandwich လေးတွေကနေပဲဖြစ်ပါတယ်။ ပြီးတော့ အဒေါ်ကိုကျွေးဖြစ်တဲ့အခါကျ ဟယ်၊ စားလို့ကောင်းလိုက်တာ၊ မုန့်ကလေးတွေက တကယ်အရသာရှိတယ်၊ ကျောင်းဆင်းပွဲလုပ်တဲ့အခါမှာဖို့ လုပ်ပါဟယ် ဆိုတာနဲ့ မုန့်စလုပ်ဖြစ်ပါတယ်။ ၂၀၁၅-၁၆ ဝန်းကျင်ကပါ။ ကျောင်းဆင်းပွဲမှာလည်း ကိုယ်တို့ရဲ့မုန့်ကလေး စားကောင်းတယ် ဆိုတဲ့ feedback တွေပြန်ပေးကြပါတယ်။ ဘယ်ဆိုင်ကမှာတာလဲ လို့ ကျောင်းသားမိဘများကလည်း မေးကြတယ်လို့ ပြောပြတော့ ကိုယ်တို့မှာ ပျော်ရပါတယ်။ ပီတိဖြစ်ရပါတယ်။ ဒါပေမယ့် ကိုယ်တို့ ကျောင်းဆင်းပွဲရယ်၊ အလှူတချို့ရယ်ကလွဲရင် မုန့်ကို နာမယ်တပ်ပြီးမရောင်းဖြစ်သေးပါဘူး။ ရွှေလွှာ ဆိုတဲ့နာမယ်နဲ့ စပြီးရောင်းဖြစ်ဖို့ဖြစ်လာတာက အောင်ဇမ္ဘူဆရာတော်ဘုရားရဲ့ အလှူတခုကနေစခဲ့ပါတယ်။ အဒေါ်က ဆရာတော်ဘုရားရဲ့အလှူမှာကျွေးဖို့ မုန့်မှာတော့ အားကြိုးမာန်တက် မုန့်လုပ်ကြပါတယ်။ အလှူပေးတဲ့သူလည်း ပိုပြီးဒါနမြေကာက်အောင်၊ စားတဲ့သူတွေလည်း ကြိုက်ရအောင် မုန့်အဆာပလာတွေအကုန်လုံး မခိုမကပ်ပဲ အကောင်းတွေချည်းသုံးဖြစ်ခဲ့ပါတယ်။ ဆရာတော်ဘုရားက မုန့်ကို ဘုန်းပေးပြီးတော့ တကယ်ကောင်းတဲ့မုန့် လို့ မိန့်တော်မူခဲ့ပါတယ်။ အဲ့လိုဆိုတော့ အင်မတန်ကိုကျေနပ်ပြီး အင်မတန်ကိုပျော်ရပါတယ်။ ပီတိတွေလည်းဖြစ်ပါတယ် ပြီးတော့ ကိုယ်တို့ကို အမြဲတမ်းအားပေးတဲ့ အဒေါ်ကနေပဲ မုန့်ကလေးနာမယ်ပေးပြီးရောင်းပါတော့ ဟယ် ဆိုတော့မှ မရဲ တရဲနဲ့စဖြစ်ခဲ့ပါတယ်။ ဘာလို့မရဲတာလည်းဆိုတော့ ကိုယ်တို့သားအမိနှစ်ယောက်စလုံးက အချိန်ပြည့်ဝန်ထမ်းတွေမို့လို့ပါ။ မုန့်အမှာတွေကို အကောင်းဆုံးဖြစ်အောင်မလုပ်နိုင်မှာစိုးတာကြောင့်ပါ။ ဒီလိုနဲ့ မုန့်ဆိုင်ကလေးကိုနာမယ်ပေးဖို့ရာ သားအမိနှစ်ယောက်ပမျိုးမျိုးစဉ်းစား။ တခုပြောလိုက် မကြိုက်လိုက်နဲ့ နောက်ဆုံးတော့ တောင်ကလေးဆရာတော်ဆီကနေ ဒီ ရွှေလွှာ ဆိုတဲ့နာမယ်လေးရလာခဲ့ပါတယ်။ အဲ့သလိုနဲ့ ရွှေလွှာ ဆိုတဲ့နာမယ်လေးနဲ့ အလုပ်စဖြစ်ပါတယ်။ အခုချိန်တော့ အစာများများ မုန့်သားအိအိနဲ့ sandwich ဟာ ရွှေလွှာရဲ့ သင်္ကေကတလေးဖြစ်လာတဲ့အထိ ရပ်တည်ခဲ့တာ နှစ်နှစ်စွန်းခဲ့ပါပြီ။ ဒီကောင်းတဲ့ ဂုဏ်ကလေးကိုလည်း ရေရှည်ရပ်တည်နိုင်အောင် ထိန်းသိမ်းသွားမှာဖြစ်ပြီး ဒီ့ထက်ပိုကောင်းအောင်လည်းလုပ်သွားနိုင် အောင်အမြဲကြိုးစားနေပါတယ်ရှင်။ အားပေးကြတဲ့သူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်။