The Arakan Times

The Arakan Times The Chosen ONE - Hotpot Now you can get your loved ones a surprise cake delivery from us.

Check out all the happy birthday cakes at The Chosen One Today and get your birthday cake delivered.

25/07/2021

၂၀၂၁ ခုနှစ်၊ ဂျူလိုင်လ (၂၅) ရက်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌမှ COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုသို့ တိုက်တွန်းပြောကြားချက်
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ COVID-19 တတိယလှိုင်းကာလ ရခိုင်ပြည်၏လက်ဟိအခြီအနီနန့်ပတ်သက်၍ ရခိုင်ပြည်သူလူထုသို့ တိုက်တွန်းပြောကြားချက်၊

Via ULA/AA

CDMလို့သာ ခေါင်းစဥ်မတပ်ခဲ့တာပါကျွန်မတို့ စစ်အာဏာရှင်အလိုမရှိအော်ခဲ့တဲ့တာ မံမိုရီတွေနှစ်လည်နေဆဲပါပဲ....ကျွန်မတို့ဆီမှာ ကျ...
22/02/2021

CDMလို့သာ ခေါင်းစဥ်မတပ်ခဲ့တာပါ
ကျွန်မတို့ စစ်အာဏာရှင်အလိုမရှိအော်ခဲ့တဲ့တာ
မံမိုရီတွေနှစ်လည်နေဆဲပါပဲ....

ကျွန်မတို့ဆီမှာ ကျည်တစ်ခုထဲထိပြီးသေခဲ့တာမဟုတ်ပါဘူး
ဗုံးထိ လက်နက်ကြီးထိ မီးရှို့ ခေါ်စစ်ဖမ်းသေ နောက်ဆုံး ဗုံးခိုကျင်းထိ လာပစ်သတ်ခံလာရတာ စစ်အာဏာကိုထောက်ခံစရာလား....

အင်တာနက်လည်း တစ်ရက်ပျက်ခဲ့တာမဟုတ်ဘူး နှစ်ချီခဲ့တာ
ကိုဗစ်ကာလထဲ ကိုပစ်တွေကြောင့်ပြေးနေခဲ့ရတာ သေကြေခဲ့ကြတာ
ပျော်စရာအမှတ်တရမှမဟုတ်တာ....

စစ်ပွဲဆိုတဲ့အပြန်အလှန်ပစ်ခတ်တဲ့နေရာမှာမဟုတ်ပဲ
အိမ်ထဲ လယ်ထဲ ယာထဲ ပင်လယ်ထဲ အိပ်ယာထဲတွေထဲ
သေခဲ့ကြတာ ဘယ်မေ့ပါ့မလဲ.....

မခံနိုင်ကြလို့ ပြန်ချကြတဲ့ခါ တပြည်နယ်လုံး သပုန်လို့အော်
အလောင်းပုံတွေအောက် ဟဟပေးပျော်ခဲ့ကြတာ
လက်ခုပ်ဩဘာပေးကြတာ
ဆဲရေးတိုင်းထွာခဲ့ကြတာ
ဝိုင်းဝန်းပြစ်တင်ပစ်ပယ်ခဲ့ကြတာရော
မနာရတော့ဘူးလား.....

သယံဇာတတွေ့တော့ မြန်မာနိုင်ငံတဲ့
ဘင်္ဂလီပြန်သွင်းတော့ ရခိုင့်အရေးတဲ့
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေတဲ့ ဒီပြည်မှာ
ဘာတွေဖက်တွယ်ပြီး ငိုနေရအုံးမှာလဲ.....

သွေးပူပူနဲ့ လမ်းမှာဆူပူခဲ့ကြပေါင်းလည်းမနည်းပါဘူး
တီးစရာမရှာ​ေတာ့ပဲ လက်ဝါးလက်သီး တဟီးဟီးနဲ့
စကော သံပုံးကို အနာတွေနဲ့တီးခဲ့ကြတာ ဓလေ့တစ်ခုမို့
မိစ္ဆာနှင်ခဲ့တဲ့ပွဲ တစ်နှစ်မှာ အခါခါမကနွဲနေခဲ့ကြတာပါ.....

ခုလည်း သွေးအေးအေးနဲ့ ဘကေးဘေးကပ်ပြီး
ပေါင်လှုပ်ဇိမ်ထုတ်နေတယ်လို့ အထင်ကိုအမြင်လုပ် ယမ်းတုပ်မစွပ်စွဲပါနဲ့လား......

ကျွန်မက စစ်အာဏာလည်းအလိုမရှိသလို
တန်းတူမာယာ စနစ်လည်း မနှစ်မြို့တဲ့သူပါ.....

ဘယ်သူက လူဆိုးလဲ မြင်နေတာတောင်
ဒေါက်တာအေးမောင်တို့လွတ်တဲ့နေ့က
ကွန်မန့်တွေထဲ ဝင်ဆဲကြတာတွေ ဒုနဲ့ဒေး
အလိုရှိခါမှ ပူးပေါင်းဖို့ခေါ်မရလို့
စိတ်ဓာတ်မကောင်းတဲ့မိန်းခလေးဆိုရင်
ကိုယ့်ရဲ့နှလုံးသားအဆွေးကိုအယင်လှဲလှယ်လိုက်ပါအုံး......

ရှင်တို့က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစစ်အာဏာရှင်ကိုမုန်းခဲ့တာ
ကျွန်မတို့ဘိုး ဘီး ဘီ ဘင် အဆက်ဆက်က ၂၃၆ နှစ်တိုင်ခဲ့ပြီ
သွေးအဆက်ဆက်ခါးလာခဲ့တဲ့ နှိပ်ကွပ်မှုကို အခုမှ ချိုနေကြတယ်နော်လို့
ပျော်နေတယ်ထင်ကြတာ သနားလိုက်တာ.....

ထပ်ပြောမယ်
ကျွန်မက အာဏာရှင်ရော မာယာရှင်ရော အလိုမရှိဘူး....
အတ္တနဲ့ပရ အာသီသနဲ့သိက္ခာ မမျှတသူတိုင်း ထာဝရကျရှုံးပါစေ
ဒါ ကျွန်မဆန္ဒပဲ.....

ရက္ခိုင်ပြည်သားတွေ အိပ်မက််အကောင်အထည်ပေါ်နိုင်ပါစေ
လူတိုင်းရင်မှာ အနာကင်းပါစေ
အန္တရာယ်ဘေးအပေါင်းရှင်းပါစေ.......

"အဓမ္မကို ဓမ္မအစစ်ကသာနိုင်ပါစေ”
ဆုတောင်းလျက်....။

ိုင်ရွှေသဇင်မြတ်

22/02/2021
22/02/2021

26/08/2020

#ဖတ်ကြည့်ပါ_အင်မတန်တန်ဖိုးရှိပါတယ်။

WHOမှကာကွယ်ဆေးဆိုင်ရာဆေးသိပ္ပံပညာရှင်ရဲ့ပြော
စကားလေး ကိုမူရင်းအတိုင်းဘာသာပြန်ပေးလိုက်ပါတယ်
===================

• ကျွန်တော်တို့ အခုကြောက်လန့်နေကြတဲ့ ကူးစက်ရောဂါ
Covid19 ဟာ လွယ်လွယ်နဲ့ပျောက်သွားမှာ မဟုတ်ပါဘူး။

• ဒီရောဂါကို ကြောက်လန့်ပြီးတော့လဲ ကျွန်တော်တို့
ရေရှည်အိမ်ထဲပုန်းနေလိူ့လဲ မဖြစ်နိုင်ပါဘူး။

• စီးပွားရေး လူမှုရေး ပညာရေး စတဲ့အရေးကိစ္စတွေ
အတွက် ကျွန်တော်တို့ အပြင်ကိုထွက်ကို ထွက်ရပါမယ်။
ဆိုင်တွေစျေးတွေလဲ ဖွင့်ကိုဖွင့်ရပါမယ်။

• ထို့အတူ အားကိုးတကြီးနဲ့ အများမျော်လင့်တောင်းတ
နေတဲ့ ကာကွယ်ဆေးဆိုတာဟာလဲ အဆင့်ဆင့်စမ်းသပ်မှု
တွေ လုပ်ရတာမို့လို့ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာမှာ
မဟုတ်ပါဘူး။

• အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ?

• ရန်သူကို အနိုင် တိုက်ထုတ်လို့မရရင် အဲရန်သူနဲ့
အတူတူ အဆင်ပြေအောင်နေနိုင်ဖို့အတွက် ကျွန်တော်တို့
လုပ်ဆောင်ရပါတော့မယ်။

• ဒီလို လူအချင်းချင်းကူးစက်တတ်တဲ့ ကြောက်စရာကောင်းတဲ့ကူးစက်ရောဂါ ဟာ အခုမှ ပေါ်လာတာမဟုတ်ပါဘူး သူလိုပဲကြောက်စရာကောင်းပြီး အခုထိ ကာကွယ်ဆေး ကုသဆေးမတွေ့သေးတဲ့ရောဂါ တခုရှိပါတယ်။

• အဲတာကတော့ အများသိပြီးသား HIV(AIDS)
ရောဂါပဲဖြစ်ပါတယ်။

* အခုCovidရောဂါလို အစုလိုက်အပြုံလိုက် မသေကြ
လို့သာ သူ့ကိုမေ့နေကြတာပါ သူ့ကြောင့်သေခဲ့တဲ့ လူတွေ
ဟာလဲ ကမ္ဘာမှာ မနည်းပါဘူး။

• AIDS မဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်ရ
မယ်ဆိုတာ လူတွေအားလုံးသိပြီးသားပါ။

• ဒါဟာလဲ ရောဂါကို အပြီးမတိုက်ထုတ်နိုင်လို့ ရောဂါနဲ့
အဆင်ပြေအောင် အတူတကွ နေတတ်လာခြင်းပါ။

• ဒါကြောင့်လဲ ချမ်းသာတဲ့နိုင်ငံတွေမှာ AIDS ရောဂါဟာ
ကူးစက်သူမရှိသလောက်နည်းသွားခဲ့တာပါ။

• အဲဒီတော့ Covid ကို မတိုက်ထုတ်နိုင်ခင်မှာ Covid
မကူးစက်အောင် Covid နဲ့အဆင်ပြေအောင် ကျွန်တော်
တို့ နေထိုင်တတ်ရပါတော့မယ်။

• ဒါဆို ကျွန်တော်တို့ဘဝတွေ ပူံမှန်တိုင်း ပြန်ဖြစ်သွားမှာပါ။

• Covid နဲ့ အဆင်ပြေအောင် နေနိုင်ဖို့ ကျွန်တော်တို့
အချက် ( ၈ ) ချက် လိုက်နာရင် ရပါပြီ။

• ဒါတွေကတော့ -

၁။ အိမ်ပြင်ထွက်တိုင်းနှာခေါင်းစည်းတပ်ပါ။

၂။ နေကာမျက်မှန် မျက်လုံးကာ မျက်နာကာ တပ်ပါ။

၃ ။ ဘာကိုင်ကိုင်ပြီးတိုင်း ဆပ်ပြာနဲ့ လက်ဆေးပါ
မျက်နာသစ်ပါ။

၄။ လူထူထပ်တဲ့နေရာပွဲလမ်းသဘင် တွေကို
အတတ်နိုင်ဆုံးရှောင်ပါ။

၅။ တစ်ဦးနဲ့တစ်ဦး အနီးကပ် နေခြင်း စကားပြောခြင်း
ကိုရှောင်ကျဉ်ပါ။

၆။ ဖျားနာ နာဆေး ချောင်းဆိုး လူနာများကို ရှောင်ပါ။

၇။ ကိုယ်ခံအားကောင်းအောင်မွေးမြူပါ။

၈။ အသားငါးများအား အစိမ်းစားခြင်း မကျက်တကျက်
စားခြင်း မီးကင်စားခြင်း တို့မှ လုံးဝရှောင်ပါ

• ဒီ ( ၈ ) ချက်သာ ကျွန်တော်တို့ မမေ့မလျော့လိုက်နာ
နိုင်ရင် ကျွန်တော်တို့ ကို Covid ရောဂါ မကူးစက်နိုင်
သလို ဒီရောဂါနဲ့လဲ အတူတကွ အဆင်ပြေအောင်
ရေရှည်မှာ နေထိုင်နိုင်သွားမှာပါ
==============

#ဒါကတော့_ဆေးသိပ္ပံပညာရှင်ရဲ့_ပြောစကားမူရင်းပါ။

• အားလုံးကျန်းမာကြပါစေ🐚

Credit... .

17/08/2020

ဘယ်သူမှမကြည့်ရင်တောင် မှန်ကန်တဲ့အရာကိုပဲလုပ်ပါ။
အဲဒါကို "သမာဓိ" ရှိသူလို့ခေါ်ပါတယ်၊ ❣️

Do the right thing, even when no one is watching.
It’s called integrity. ❣️

Bff ဆွာ🤣
11/08/2020

Bff ဆွာ🤣

27/07/2020

Start by doing what's necessary; then do what's possible; and suddenly you are doing the impossible. 🎥 Joseph Saheb Youssef

Address

Dawbon
Yangon
11241

Website

Alerts

Be the first to know and let us send you an email when The Arakan Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category