Oriental House

Oriental House Since 1994
Bringing people together through comforting, authentic food that feels like home.

စားသောက်ဆိုင်တစ်ခုဆိုတာထက် ပိုပြီး... 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 ဆိုတာ ချစ်ရတဲ့သူတွေ ဆုံဆည်းရာ၊ နွေးထွေးမှုတွေနဲ့ အမှတ်တရတွေကို ပုံဖ...
26/06/2026

စားသောက်ဆိုင်တစ်ခုဆိုတာထက် ပိုပြီး... 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 ဆိုတာ

ချစ်ရတဲ့သူတွေ ဆုံဆည်းရာ၊ နွေးထွေးမှုတွေနဲ့ အမှတ်တရတွေကို ပုံဖော်ရာ "အိမ်လေးတစ်လုံး" ပါပဲ။ ဒီအိမ်လေးရဲ့ အသက်သွေးကြောဟာ တခြားမဟုတ်ပါဘူး... ကျွန်တော်တို့ဆီ အမြဲလာရောက်ပေးကြတဲ့ လူကြီးမင်းတို့ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက အခုအချိန်ထိ ကျွန်တော်တို့နဲ့အတူ နွေးထွေးတဲ့ ထမင်းဝိုင်းလေးတွေ၊ လက်ဖက်ရည်တစ်ခွက်ရဲ့ အေးချမ်းမှုတွေနဲ့ အမှတ်တရ အခိုက်အတန့်တွေကို အတူတူ ဖန်တီးပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏❤️

𝐕𝐢𝐬𝐢𝐭 𝐨𝐮𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://orientalhousegroup.com/
𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞. 𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟒

25/06/2026
24/06/2026

ဝက်နံရိုးပေါင်းခေါက်ဆွဲ

ပါးစပ်ထဲထည့်လိုက်တာနဲ့ အရည်ပျော်မတတ် နူးအိနေတဲ့ ဝက်နံရိုးတွေရယ်၊ အိစက်တဲ့ ခေါက်ဆွဲသား၊ ပြီးတော့ အချိန်အကြာကြီး ချက်ထားတဲ့ သဘာဝအချိုရည် စွပ်ပြုတ်ပူပူလေး... 🤤

တစ်လုတ်စားလိုက်တိုင်းမှာ စစ်မှန်တဲ့ အရသာကို အပြည့်အဝ ခံစားရစေမှာပါ။ တစ်နေ့တာပင်ပန်းသမျှကို အားအင်ပြန်ပြည့်စေဖို့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 ရဲ့ ဝက်နံရိုးပေါင်းခေါက်ဆွဲကို အခုပဲ လာရောက်မြည်းစမ်းကြည့်လိုက်ပါ!

𝐕𝐢𝐬𝐢𝐭 𝐨𝐮𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://orientalhousegroup.com/
𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞. 𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟒

"တစ်သက်မှာ တစ်ခါသာ ဆုံမယ့် အလှပဆုံးနေ့ရက်လေးကို ခမ်းနားစွာ ဖြတ်သန်းဖို့..." 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 က ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ချစ်သူ...
23/06/2026

"တစ်သက်မှာ တစ်ခါသာ ဆုံမယ့် အလှပဆုံးနေ့ရက်လေးကို ခမ်းနားစွာ ဖြတ်သန်းဖို့..." 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 က ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ချစ်သူနှစ်ဦးရဲ့ ရွှေလက်တွဲပွဲကို စိတ်ကူးထဲကအတိုင်း အပြည့်စုံဆုံး ပုံဖော်ပေးဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ရှိနေပါတယ်။ ရင်ခုန်ကြည်နူးစရာ မင်္ဂလာပွဲလေးကို ပိုမိုတောက်ပလာစေမယ့် ခမ်းနားထည်ဝါလှတဲ့ 𝐁𝐚𝐧𝐪𝐮𝐞𝐭 𝐇𝐚𝐥𝐥 အကျယ်ကြီးတွေနဲ့အတူ အဆင့်မြင့်ဝန်ဆောင်မှုမျိုးစုံကို အကောင်းဆုံး ပြင်ဆင်ပေးထားပါတယ်။

ဆွေမျိုးမိတ်ဆွေအပေါင်းအလယ်မှာ ဂုဏ်ယူစွာ ကျင်းပနိုင်ဖို့ ခမ်းနားလှပတဲ့ စင်မြင့်အပြင်အဆင်၊ ခေတ်မီ 𝐋𝐢𝐠𝐡𝐭 & 𝐒𝐨𝐮𝐧𝐝 𝐜𝐨𝐧𝐭𝐫𝐨𝐥 စနစ်တွေအပြင် လာရောက်ကြတဲ့ ဧည့်သည်တော်တိုင်း အကြိုက်တွေ့စေမယ့် ဟင်းလျာမျိုးစုံ ရှိလို့ အားလုံးစိတ်တိုင်းကျစေမှာ အသေအချာပါပဲ။ အစီအစဉ်အစအဆုံးကို ကျွန်တော်တို့ဘက်က အသေးစိတ် တာဝန်ယူပေးမှာမလို့ စိတ်ချလက်ချ အပ်နှံလိုက်ပါ။

မင်္ဂလာဦးမောင်နှံတို့ရဲ့ တစ်သက်တာအမှတ်တရ နေ့ရက်လေးကို 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 မှာ အတူတူ ဖန်တီးလိုက်ရအောင်လား ခင်ဗျာ။

𝐕𝐢𝐬𝐢𝐭 𝐨𝐮𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://orientalhousegroup.com/
𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞. 𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟒

19/06/2026

"ဒီနေ့ ဘာစားမလဲ?" စဉ်းစားရခက်နေရင်... 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 ကိုသာ လှမ်းခဲ့လိုက်ပါ! 😉

"𝐘𝐨𝐮𝐫 𝐓𝐚𝐬𝐭𝐞, 𝐘𝐨𝐮𝐫 𝐂𝐡𝐨𝐢𝐜𝐞" ဆိုတဲ့အတိုင်း မိမိနှစ်သက်တဲ့ အရသာကို စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ကျွန်တော်တို့ဆီမှာ 𝐌𝐞𝐧𝐮 စုံစုံလင်လင် ပြင်ဆင်ထားပါတယ်။ အငွေ့တထောင်းထောင်းနဲ့ ပူပူနွေးနွေး 𝐃𝐢𝐦 𝐒𝐮𝐦 (ဒင်ဆမ်း) လေးတွေ၊ အားရပါးရ ဆွဲလို့ရမယ့် ခေါက်ဆွဲအိအိလေးတွေအပြင် ဝိုင်းဖွဲ့စားလို့ကောင်းတဲ့ တရုတ်ဟင်းလျာမျိုးစုံရှိလို့ ဘယ်သူနဲ့ပဲလာလာ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ စားပြီးရင်လည်း ရင်အေးသွားစေမယ့် လန်းဆန်းမှုအပြည့်နဲ့ ဖျော်ရည်လေးတွေပါ တစ်ခါတည်း မှာယူလို့ရတာမလို့ ပြီးပြည့်စုံတဲ့ ထမင်းတစ်နပ် ဖြစ်စေမှာပါ။

ဒီနေ့တော့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 မှာပဲ အရသာရှိရှိ ဗိုက်ဖြည့်လိုက်ရအောင်လား ခင်ဗျာ။ လူကြီးမင်းတို့အတွက် အကောင်းဆုံး ပြင်ဆင်ဧည့်ခံဖို့ စောင့်ကြိုနေပါတယ်။ 🥢❤️

𝐕𝐢𝐬𝐢𝐭 𝐨𝐮𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://orientalhousegroup.com/
𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞. 𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟒

ဘောလုံးပွဲ အားပေးဖို့ အသံပဲ ပြင်ထားလိုက်တော့... အရသာပိုင်းကိုတော့ ကျွန်တော်တို့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 က တာဝန်ယူပါရစေ။ ဒီနှစ် ကမ...
17/06/2026

ဘောလုံးပွဲ အားပေးဖို့ အသံပဲ ပြင်ထားလိုက်တော့... အရသာပိုင်းကိုတော့ ကျွန်တော်တို့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 က တာဝန်ယူပါရစေ။

ဒီနှစ် ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရိုးရိုးကြီး ကြည့်မယ့်အစား... စားပွဲဝိုင်းပေါ်မှာ အငွေ့တလူလူ ပူပူနွေးနွေး ဖြစ်နေမယ့် 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 ရဲ့ ဒင်းမ်ဆမ်းလေးတွေ စားရင်း အားပေးရတာ ပိုပြီး အရသာရှိတာပေါ့။

ကိုယ့်အသင်းနိုင်လို့ အောင်ပွဲခံနေချိန်ပဲဖြစ်ဖြစ် …
အချိန်ပိုကြောင့် ရင်တမမနဲ့ စိတ်လှုပ်ရှားနေရချိန်ပဲဖြစ်ဖြစ် ...
ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်သက်သာရာရစေမယ့် အကောင်းဆုံး 𝐂𝐨𝐦𝐟𝐨𝐫𝐭 𝐅𝐨𝐨𝐝 လေးတွေ ကျွန်တော်တို့ဆီမှာ အဆင်သင့်ရှိနေပါတယ်နော်။

𝐕𝐢𝐬𝐢𝐭 𝐨𝐮𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://orientalhousegroup.com/
𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞. 𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟒

16/06/2026

❝ စားပွဲပေါ်က ဒင်းမ်ဆမ်းတစ်ပွဲရဲ့ နောက်ကွယ်မှာ... ❞

𝐂𝐡𝐞𝐟 ကြီးရဲ့ အနုပညာဆန်ဆန် အာရုံစိုက်မှုတွေ...
ဝန်ထမ်းလေးတွေရဲ့ တက်ကြွတဲ့ ခြေလှမ်းတွေ...
အငွေ့တလူလူ ဒင်းမ်ဆမ်းတောင်းလေးတွေကို ဂရုတစိုက် နေရာချပေးရင်း...
ရေနွေးကြမ်းလေး တစ်ခွက်ချင်းစီအထိ အလိုက်တသိ ပြင်ဆင်ပေးနေတဲ့ အခိုက်အတန့်။
စားပွဲပေါ် ရောက်လာတဲ့ ဒင်းမ်ဆမ်းတစ်ပွဲစီတိုင်းမှာ ကျွန်တော်တို့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 ရဲ့ စေတနာတွေ အပြည့်အဝ ပါဝင်နေပါတယ်နော်။ ❤️🥟

𝐕𝐢𝐬𝐢𝐭 𝐨𝐮𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://orientalhousegroup.com/
𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞. 𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟒

#ဒင်းမ်ဆမ်း

တစ်ထိုင်ထဲနဲ့ ဒင်းမ်းဆမ်း ဘယ်နှပွဲ အများဆုံးစားနိုင်လဲ? 😉အမြဲတမ်းစားနေကျ ကိုယ့်ရဲ့ "အကြိုက်ဆုံး လက်ရာဟောင်း" လေးတွေကိုပဲ...
13/06/2026

တစ်ထိုင်ထဲနဲ့ ဒင်းမ်းဆမ်း ဘယ်နှပွဲ အများဆုံးစားနိုင်လဲ? 😉

အမြဲတမ်းစားနေကျ ကိုယ့်ရဲ့ "အကြိုက်ဆုံး လက်ရာဟောင်း" လေးတွေကိုပဲ တစိုက်မတ်မတ် အားပေးတတ်တဲ့ 𝐓𝐞𝐚𝐦 လား... ဒါမှမဟုတ် ထူးထူးဆန်းဆန်း "အရသာသစ်" တွေတွေ့ရင် မရရအောင် မြည်းစမ်းကြည့်ချင်တဲ့ 𝐓𝐞𝐚𝐦 လား? 🥟

ဘယ်လို 𝐓𝐞𝐚𝐦 ပဲဖြစ်ဖြစ်... ကျွန်တော်တို့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞 မှာဆိုရင်တော့ စားပွဲဝိုင်းတစ်ခုတည်းနဲ့တင် ရွေးချယ်စရာ အရသာတွေကို စုံစုံလင်လင် ရနိုင်လို့ စိတ်ကြိုက်သာ ရွေးချယ်လိုက်တော့နော်။

အားလုံးရဲ့ အကြိုက်နဲ့ ကွက်တိဖြစ်စေမယ့် ဝက်သားဒင်းမ်ဆမ်း ပူပူနွေးနွေးလေးတွေ၊ အနှစ်အရသာအပြည့်နဲ့ ကြက်သားဒင်းမ်ဆမ်းတွေအပြင် လတ်ဆတ်မွှေးကြိုင်နေမယ့် ပင်လယ်စာဒင်းမ်ဆမ်း အထူးလက်ရာတွေအထိ... ကြိုက်တာရွေးပြီး အဝဆွဲရုံပါပဲ။ ❤️

မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအုပ်စုနဲ့ပဲဖြစ်ဖြစ်... အငွေ့တလူလူနဲ့ ပူပူနွေးနွေး ဒင်းမ်ဆမ်းတောင်းလေးတွေကို တစ်ပွဲပြီးတစ်ပွဲ အလုအယက်စားရင်း ပျော်စရာ အချိန်လေးတွေ ဖြတ်သန်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

𝐕𝐢𝐬𝐢𝐭 𝐨𝐮𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://orientalhousegroup.com/
𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞. 𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟒

Oriental House Thaketa Venue 🏠☎️09697983192 , 09443538845 ‼️
13/06/2026

Oriental House Thaketa Venue 🏠

☎️09697983192 , 09443538845 ‼️

ဖက်ထုပ်လား၊ ကော်ပြန့်လား... ? 😉အစာသွတ် အပြည့်နဲ့ နူးညံ့အိစက်နေတဲ့ ဖက်ထုပ်ပူပူလေးကိုပဲ ကြိုက်ကြိုက်…ကိုက်လိုက်ရင် အသံမြည်...
10/06/2026

ဖက်ထုပ်လား၊ ကော်ပြန့်လား... ? 😉

အစာသွတ် အပြည့်နဲ့ နူးညံ့အိစက်နေတဲ့ ဖက်ထုပ်ပူပူလေးကိုပဲ ကြိုက်ကြိုက်…

ကိုက်လိုက်ရင် အသံမြည်သွားမယ့် ရွှေဝါရောင် ကော်ပြန့်ကြော်ရဲ့ အကြွပ်စား အရသာကိုပဲ ရွေးရွေး...
Oriental House မှာတော့ ဘယ်အရာကိုပဲ ရွေးရွေး မှားတယ်လို့မရှိပါဘူးနော်။

အမျိုးအစားတစ်ခုချင်းစီတိုင်းကို အကောင်းဆုံးဖြစ်အောင် စေတနာအပြည့်နဲ့ သေသေချာချာလေး ပြင်ဆင်ပေးထားလို့ပါ။

𝐕𝐢𝐬𝐢𝐭 𝐨𝐮𝐫 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://orientalhousegroup.com/
𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐮𝐬𝐞. 𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟒

Address

126 Myoma Kyaung Street
Yangon

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959250141615

Alerts

Be the first to know and let us send you an email when Oriental House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share