Halal Food Directory
Halal Food Directory Peace be upon all of you. (In sharr allah ) Our page is directory to 'Halal Food' product and restau
ငြိမ်းချမ်းမှုအပေါင်း လူသားအား‌လုံးအပေါ သက်ရောက်တော်မှုပါစေခင်ဗျာ။အစ္စလာမ်ဘာသာ၀င်များရဲ့မြင့်မြတ်လှတဲ့ ရာမ်ဇာန်ကာလမှာ ဘု...
13/04/2021
ငြိမ်းချမ်းမှုအပေါင်း လူသားအား‌လုံးအပေါ သက်ရောက်တော်မှုပါစေခင်ဗျာ။
အစ္စလာမ်ဘာသာ၀င်များရဲ့မြင့်မြတ်လှတဲ့ ရာမ်ဇာန်ကာလမှာ ဘုရားသခင်ထံမှ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ တိုင်းရင်းသားများအတွက် မိမိတို့ မှ ခံစားနေရတဲ့ ဒုက္ခပင်လယ်များမှ မြန်မြန်လွှတ်မြောက်နိုင်ရန် ဆုမွန်ကောင်းတောင်းပေး‌‌ နေမည်ဖြစ်သည့်အပြင် ကျွန်တော်တို့သည်လည်း ပြည်သူများနှင့်တသားတည်း တည်ရှိသွားမည်ဖြစ်ပါသည်။
အစ္စလာမ်ဘာသာ၀င်များအနေနဲ့လည်း လက်ရှိ ကာလာအတွင်းမှာတတ်နိုင်သမျှ မြန့်မာဖရဲသီးစားသုံးခြင်းနှင့် မြန်မာ့ထုတ်ကုန်များသုံးစွဲခြင်း အစရှိသည်များကို ဦးစားပေး စားသုံးမှုပြုပါရန် တောင်းဆိုနိုင်လျှင်တောင်းဆိုချင်ပါသည်။
#အရေးတော်ပုံအောင်ရမည်။
Eid Mubarak for all Muslim ❤️❤️
01/08/2020
Eid Mubarak for all Muslim ❤️❤️
❤ عيد مبارك ❤تقبل الله منا ومنكمصالح الاعمال وكل عاموانتم بخير
24/05/2020
❤ عيد مبارك ❤
تقبل الله منا ومنكم
صالح الاعمال وكل عام
وانتم بخير
اللهم بارك لنا في هذا الشهر الكريم الذي بلغ إلينا.اللهم وفقنا أن نعمل الخير كله لله وحده لا شريك له.اللهم بلّغنا مضان بع...
26/04/2020
اللهم بارك لنا في هذا الشهر الكريم الذي بلغ إلينا.
اللهم وفقنا أن نعمل الخير كله لله وحده لا شريك له.
اللهم بلّغنا مضان بعد هذا العام.
ကျွန်ုပ်တို့အပေါ်ကျရောက်မည့်ဤလမြတ်ရမဇာန် တွင်
အလ္လာဟ်အရှင်မြတ်နှစ်သက် လက်ခံ မည့် စစ်မှန်သော
အမလ် အေဗာဒတ်သ် များကို မွတ်စ်လင်မ်တိုင်း
ပြုမှု ဆောက်တည်နိုင်ကြပါစေ။
နောက်လာမည့်ရမဿွာန်လကိုလည်း ကြုံကြိုက်ခွင့်ပေးတော်မူပါစေ။
ဟလ္လာလ်လို့ထင်တဲ့ပစ္စည်းတွေကရော ဟလ္လာလ်ဖြစ်ရဲ့လား===========================================Trans Fat ဆိုတာကတော့ မြန်မာလ...
09/01/2020
ဟလ္လာလ်လို့ထင်တဲ့ပစ္စည်းတွေကရော ဟလ္လာလ်ဖြစ်ရဲ့လား
===========================================
Trans Fat ဆိုတာကတော့ မြန်မာလို
နားလည်လွယ်အောင်ပြောရရင်
အသွင်ပြောင်းဆီတစ်မျိုးပေါ့။
သူ့ကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို
ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ပြီး
အခန်းအပူချိန်မှာတောင် အခဲအဖြစ်
ရှိနေနိုင်အောင်ထုတ်လုပ်ပါတယ်။
အချို့အစားအစာတွေမှာ အဲ့ဒီအဆီတွေကို
သက်တမ်းကြာကြာခံအောင် ထည့်သွင်းအသုံးပြုတတ်ပါတယ်။
စားသောက်ဆိုင်တွေမှာဆို ဆီ ခဏခဏ
ပြန်လဲစရာ မလိုအောင် Trans Fatတွေကို
ပြန်ကြော်ဆီအဖြစ် သုံးတယ်။ ကျွန်တော်တို့
မနက်တိုင်း ခံတွင်းတွေ့တွေ့စားနေတဲ့
အီကြာကွေးတို့ ပလာတာတို့၊ခါဂျာမုန့်တို့၊
ဘီးမုန့်တို့ကို ဆိုင်ကဝန်းထမ်းတွေကြော်ကြော်နေတဲ့
အင်ဂျင်ဝိုင်ပုံစံဆီမဲမဲတွေဆို ဘယ်နှခေါက်များ
အထပ်ထပ်ပြန်ကြော်ထားလဲမသိဘူး။
အဲ့ဒီ Trans Fact တွေကို Trans Fatty Acid လို့လည်း
ခေါ်သေးတယ်။ အဲဒီဆီတွေကခန္ဓာကိုယ်ထဲမှာ
ကောင်းတဲ့ ကိုလက်စထရောလ်တွေကို
နည်းသွားစေပြီး LDL ဆိုတဲ့ မကောင်းတဲ့
ကိုလက်စထရောလ်တွေကိုများလာစေတယ်။
LDL များတဲ့သူက နှလုံးနဲ့ပတ်သက်တဲ့
ရောဂါဆိုးတွေခံစားရနိုင်ချေပိုများလာတယ်လို့
မကြာသေးမီက ဖြိုးဝေယံရေးသားပြီး
ဒေါက်တာ ကေဇင်သွယ်တည်းဖြတ်တဲ့
"အသွင်ပြောင်းဆီကို ရှောင်ရှားခြင်း" ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။
အဲ့လိုပဲ မလေးရှားကတင်သွင်းတဲ့ဆီတွေမှာ
ဝက်ဆီတွေရောဆိုပြီး ကျမ်းမာရေးကို
ထိခိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာက
ရှင်းလင်းချက်ကိုလည်း စာအုပ်တစ်အုပ်မှာ
ကိုးကားထားတာဖတ်လိုက်ရတယ်။
အဲ့ဒီဆီတွေဟာ မလေးကလာတုန်းက
ဟလာလ်၊အသန့်ဖြစ်ပေမဲ့ ထုတ်ပိုးမှု
စီစစ်ရေးတွေရဲ့အားနည်းမှုကြောင့်
မြန်မာမှာ ပြန်ထုတ်ပိုးတဲ့အခါ
ဝက်ဆီတွေရောလိုက်ကြတာဖြစ်တယ်။
ဒါ့အပြင် နေ့စဉ် ဝက်သားလက္ကားဖြန့်ဖြူးနေသူတွေက
ဖောက်သည်တွေကို အဆီဖြတ်ပေးတာ၊
ဗိုက်ပျော့ဆီတွေခွာပေးတာ၊အူထဲက
အဆီတွေ စုပ်ထုတ်ပေးပြီး ဝက်ဆီချက်သူတွေက
ဝယ်ပြီး အဆီချက်ကြပါတယ်။ အဲဒီဆီရည်တွေကို
တိုက်ရိုက်ဖြန့်တာမဟုတ်ပဲ အဝယ်ဒိုင်တွေကို
ရောင်းကြတယ်။ ဝက်ဆီဈေးက စားအုံးဆီထက်
အများကြီးဈေးသက်သာတော့ ဆီစက်တစ်ချို့ကလည်း
ဝက်ဆီတွေဝယ်ပြီး ပဲဆီနဲ့ရောရောင်းတာတွေရှိတယ်လို့
သိရှိရတယ်။ မွတ်စ်လင်မဟုတ်သူတွေဟာ အဲ့ဒီဆီတွေကို
စားမိရင် ကျန်းမာရေးအတွက် ဘေးအန္တရယ်ရှိပြီး၊
မွတ်စ်လင်မ်တွေအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာဘေးဥပဒ်ရှိရုံမက
နာမ်ပိုင်းဆိုင်ရာ၊ ယုံကြည်မှုပိုင်းဆိုင်ရာနဲ့ နာခံမှုပိုင်းဆိုင်ရာတွေမှာပါ
ထိခိုက်ပါတယ်။ ပြီးရင် တချို့ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းအလုပ်သမားတွေ
ရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်သက်ပြီး ကြပ်မတ်မှု
အရမ်းအားနည်းတာကိုလည်းတွေ့ရပါတယ်။ မွတ်စ်လင်မ်ဆိုင်တွေဟာ
ဟလာလ်ဆိုင်တွေပါပဲ။ဒါပေမဲ့သူတို့ဆိုင်က ကြက်ကိုဘယ်ဟလာလ်ဆိုင်က
ယူပါတယ်။ ဘယ်သူ့ထောက်ခံချက် ဘာညာ ကပ်ထားတယ်။ ဒါပေမဲ့
ဆိုင်ဝန်ထမ်းတွေကတော့ ညစ်ပတ်ပေရေနေတာပဲ။ စာရေးသူကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတယ်။
တစ်ရက်မှာ ညအိပ်မပျော်လို့ မနက်အစောကြီး
၃ နာရီခွဲ ၄ နာရီလောက် ပျင်းလာတယ်နဲ့ လက်ဖက်ရည်
သွားသောက်မယ်ဆိုပြီး အိမ်ကနေထွက်သွားတယ်။
ဆိုင်ကဖွင့်တုန်း၊ခုံတွေချတုန်း၊လက်ဖက်ရည်နှပ်တုန်း၊
ဂျုံထိုးတုန်းပဲရှိသေးတယ်။ ဗလီမှာဝတ်ပြုပြီးလာတဲ့သူတွေကိုအဆင်သင့်ရောင်းနိုင်အောင်ပေါ့။
ဆိုင်အဝရောက်ရောက်ချင်း
အင်္ကျီကျွတ် ဘောင်းဘီတိုနဲ့လူတစ်ယောက် စတီးခုံပေါ်မှာ
ဂျုံထိုးနေတယ်။ သူ့ပုံစံက အိပ်ရာကထပြီး ဘယ်လိုမှ
ရေချိုးထားပုံမပေါ်ဘူး။ မျက်နာတောင်သစ်ထားပုံမပေါ်ဘူး။
မျက်လုံးမှာ မျက်ချေးတွေနဲ့ တစ်ကိုယ်လုံးလည်း
အဆီဝင်းဝင်းနဲ့ ဂျုံထိုးနေတာ။ ထိုးနေရင်းနဲ့
ဆီလိုလို့ ဘေးနားက မဲပြီးချေးတွေတက် နေတဲ့
ဆီဂါလံပုံးကြီးကို သွားသယ်ပြီး မယူလာတယ်။
အဲဒီလက်ကိုင်မဲမဲကို ကိုင်ပြီးဆီထည့်တယ်။ ပြီးတော့
ဘာမှဆေးကြောသန့်စင်တာတွေမလုပ်ပဲ ဂျုံဆက်ထိုးတယ်။
ကိုင်တွယ်ပြင်ဆင်ပုံ ကြီးကြပ်မဲ့သူမရှိဘူး။ ဒီတော့ ဝန်းထမ်းတွေ
ကလည်း အဆင်ပြေသလိုလုပ်တယ်။ အဲ့လောက်မနက်
အစောကြီးဆိုတော့ မန်နေဂျာတောင် သူ့ကိုယ်သူမနိုင်၊
အိပ်ချင်မူးတူးတူးနဲ့။ တခြားသူတွေလည်း
ကိုယ့်လက်သန့်ရှင်းရေးလုပ်ဖို့ ရေးချိုးဖို့နေသာသာ
လက်တောင်ဆေးဖို့ပျင်းကြတဲ့အချိန်။ ဒါတွေ
မလုပ်ချင်ကြဘူးပေါ့ဗျာ။ အချိန်လည်းမရကြဘူး။
စည်းစနစ်နဲ့တကွတစ်ကိုယ်ရေသန့်ရှင်းရေးကို
ကြပ်ကြပ်မတ်မတ်လုပ်တာလည်းမရှိဘူး။ အဆင်ပြေသလိုပဲ။
မိတ်ဆွေတစ်ယောက်ပြောပြတာဆို ဝန်ထမ်းတစ်ယောက်
အိမ်သာအသုံးပြုပြီး ပြန်ထွက်လာတာ လက်မှာရေတောင်
ဆိုမလာဘူးတဲ့။ ဒီလိုပဲကြက်ဒိုင်တွေမှာဆိုလည်း မနက်စောစော
ဖောက်သည်တွေကို ပို့ရတော့ လည်လှီးတာတွေကိုလည်း
ဖြစ်သလိုပဲ။ အစ္စလာမ်သာသနာမှာ အလ္လာဟ်အရှင်မြတ်ရဲ့
နာမတော်ကိုတသပြီး၊မွတ်စ်လင်မ်တစ်ယောက်က လှီးဖြတ်
ထားတဲ့အသားတွေကိုပဲ စားရတာ။ အဲ့မှာ မွတ်စ်လင်မဟုတ်သူတွေ
လှီးလို့လှီး။ လှီးပြီးသွားရင်လည်း ကိုယ်ထဲက
ဘက်တီးရီးယားတွေကို သယ်ဆောင်တဲ့သွေးတွေ
စနစ်တကျအကုန်ထွက်သွားပြီးမှ အမွေးနှုတ်
သားရေစုပ်တာတွေလုပ်တာမဟုတ်ဘူး။ လှီးပြီးတာနဲ့
သွေးထွက်ဖို့အချိန်မပေးဘူး တန်းပြီး ရေနွေးထဲ
ပစ်ထည့်လိုက်တယ်။ ပြီးရင် ဆိုင်က လည်လှီးကြက်တွေကို
ဖြောထားတဲ့ရေနွေးထဲမှာပဲ အပြင်ကဒီအတိုင်း
လည်မလှီးပဲသေသွားတဲ့ ကြက်တွေကိုလည်း
အဲ့ဒီရေထဲမှာပဲ ရေနွေးဖြောပေးလိုက်တယ်။
အဲ့လိုပဲ အမဲသားတွေဆိုလည်း နွားသတ်ရုံမှာ
ဘီယာတွေ အရက်တွေချပြီး လှီးလို့လှီး။
နယ်ကလာတဲ့ အသားတွေဆိုပိုးဆိုးတယ်။
ကားပေါ်မှာ နွားတွေကို ကျပ်သိပ်နေအောင်
တင်ပြီး သယ်လာတယ်။ လမ်းခုလတ်မှာ
အသက်ရှုကျပ်ပြီး၊ ဒါမှမဟုတ် နဂိုထဲက
အနာရှိနေတဲ့ တစ်ကောင်ကောင် သေသွားရင်
အဲ့ဒီအကောင််ကို အသေသားမှန်းမသိရ အောင်
မြန်မြန်လေး လည်လှီးပြီး အသားပေါ်လိုက်တယ်။
နွားတစ်ကောင်တစ်ကောင် တန်ဖိုးက မနည်းမှမနည်းပဲ။
ဒီတော့ အရှုံးတော့မခံနိုင်ဘူး လူတွေရဲ့ ဗိုက်ထဲ ဟရာမ်
မသန့်စာတွေ ဘေးဘယတွေ ဝင်ချင်ဝင်ပါစေ။
ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်ပစ်တာ။
ဒါကတော့ ကျွန်တော်တို့ရဲ့ အစားစာတွေဆီကို
မသန့်ပြန့်မှုတွေနဲ့ ဘေးအန္တရယ်တွေအဖက်ဖက်ကနေ
နည်းပေါင်းစုံနဲ့ရောက်လာနိုင်တာတွေကို သတိထား
ဆင်ခြင်လို့ရအောင် အနည်းငယ်မျှတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
စသည်ဖြင့်အဲ့လိုမျိုး အကြောင်းအရာတွေ ကိုယ်ကျိုးရှာမှုတွေ
ဝိသမလောဘသားတွေရဲ့ ယုတ်မှာမှုတွေ၊စီစစ်ရေးဖွဲ့တွေရဲ့
အားနည်းမှုတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
တစ်ပုံတစ်ပင်ပါပဲ။ ဒီတော့ မည်သူမပြုမိမိမှုဆိုသလို
ကျွန်တော်တို့ရဲ့ အစားအစာဘေးဥပဒ်ကင်းရေးနဲ့
ဟလာလ်အစားအစာသန့်သန့်စားရရေးအတွက်
တာဝန်အရှိဆုံးကတော့ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။
Trans Fat ဆိုတာကတော့ မြန်လို
နားလည်လွယ်အောင်ပြောရရင်
အသွင်ပြောင်းဆီတစ်မျိုးပေါ့။
သူ့ကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို
ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ပြီး
အခန်းအပူချိန်မှာတောင် အခဲအဖြစ်
ရှိနေနိုင်အောင်ထုတ်လုပ်ပါတယ်။
အချို့အစားအစာတွေမှာ အဲ့ဒီအဆီတွေကို
သက်တမ်းကြာကြာခံအောင် ထည့်သွင်းအသုံးပြုတယ်။
စားသောက်ဆိုင်တွေမှာဆို ဆီ ခဏခဏ
ပြန်လဲစရာ မလိုအောင် Trans Fatတွေကို
ပြန်ကြော်ဆီအဖြစ် သုံးတယ်။ ကျွန်တော်တို့
မနက်တိုင်း ခံတွင်းတွေ့တွေ့စားနေတဲ့
အီကြာကွေးတို့ ပလာတာတို့၊ခါဂျာမုန့်တို့၊
ဘီးမုန့်တို့ကို ဆိုင်ကဝန်းထမ်းတွေကြော်ကြော်နေတဲ့
အင်ဂျင်ဝိုင်ပုံစံဆီမဲမဲတွေဆို ဘယ်နှခေါက်များ
အထပ်ထပ်ပြန်ကြော်ထားလဲမသိဘူး။
အဲ့ဒီ Trans Fact တွေကို Trans Fatty Acid လို့လည်း
ခေါ်သေးတယ်။ အဲဒီဆီတွေကခန္ဓာကိုယ်ထဲမှာ
ကောင်းတဲ့ ကိုလက်စထရောလ်တွေကို
နည်းသွားစေပြီး LDL ဆိုတဲ့ မကောင်းတဲ့
ကိုလက်စထရောလ်တွေကိုများလာစေတယ်။
LDL များတဲ့သူက နှလုံးနဲ့ပတ်သက်တဲ့
ရောဂါဆိုးတွေခံစားရနိုင်ချေပိုများလာတယ်လို့
မကြာသေးမီက ဖြိုးဝေယံရေးသားပြီး
ဒေါက်တာ ကေဇင်သွယ်တည်းဖြတ်တဲ့
"အသွင်ပြောင်းဆီကို ရှောင်ရှားခြင်း" ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။
အဲ့လိုပဲ မလေးရှားကတင်သွင်းတဲ့ဆီတွေမှာ
ဝက်ဆီတွေရောဆိုပြီး ကျမ်းမာရေးကို
ထိခိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာက
ရှင်းလင်းချက်ကိုလည်း စာအုပ်တစ်အုပ်မှာ
ကိုးကားထားတာဖတ်လိုက်ရတယ်။
အဲ့ဒီဆီတွေဟာ မလေးကလာတုန်းက
ဟလာလ်၊အသန့်ဖြစ်ပေမဲ့ ထုတ်ပိုးမှု
စီစစ်ရေးတွေရဲ့အားနည်းမှုကြောင့်
မြန်မာမှာ ပြန်ထုတ်ပိုးတဲ့အခါ
ဝက်ဆီတွေရောလိုက်ကြတာဖြစ်တယ်။
ဒါ့အပြင် နေ့စဉ် ဝက်သားလက္ကားဖြန့်ဖြူးနေသူတွေက
ဖောက်သည်တွေကို အဆီဖြတ်ပေးတာ၊
ဗိုက်ပျော့ဆီတွေခွာပေးတာ၊အူထဲက
အဆီတွေ စုပ်ထုတ်ပေးပြီး ဝက်ဆီချက်သူတွေက
ဝယ်ပြီး အဆီချက်ကြပါတယ်။ အဲဒီဆီရည်တွေကို
တိုက်ရိုက်ဖြန့်တာမဟုတ်ပဲ အဝယ်ဒိုင်တွေကို
ရောင်းကြတယ်။ ဝက်ဆီဈေးက စားအုံးဆီထက်
အများကြီးဈေးသက်သာတော့ ဆီစက်တစ်ချို့ကလည်း
ဝက်ဆီတွေဝယ်ပြီး ပဲဆီနဲ့ရောရောင်းတာတွေရှိတယ်လို့
သိရှိရတယ်။ မွတ်စ်လင်မဟုတ်သူတွေဟာ အဲ့ဒီဆီတွေကို
စားမိရင် ကျန်းမာရေးအတွက် ဘေးအန္တရယ်ရှိပြီး၊
မွတ်စ်လင်မ်တွေအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာဘေးဥပဒ်ရှိရုံမက
နာမ်ပိုင်းဆိုင်ရာ၊ ယုံကြည်မှုပိုင်းဆိုင်ရာနဲ့ နာခံမှုပိုင်းဆိုင်ရာတွေမှာပါ
ထိခိုက်ပါတယ်။ ပြီးရင် တချို့ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းအလုပ်သမားတွေ
ရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်သက်ပြီး ကြပ်မတ်မှု
အရမ်းအားနည်းတာကိုလည်းတွေ့ရပါတယ်။ မွတ်စ်လင်မ်ဆိုင်တွေဟာ
ဟလာလ်ဆိုင်တွေပါပဲ။ဒါပေမဲ့သူတို့ဆိုင်က ကြက်ကိုဘယ်ဟလာလ်ဆိုင်က
ယူပါတယ်။ ဘယ်သူ့ထောက်ခံချက် ဘာညာ ကပ်ထားတယ်။ ဒါပေမဲ့
ဆိုင်ဝန်ထမ်းတွေကတော့ ညစ်ပတ်ပေရေနေတာပဲ။ စာရေးသူကျွန်တော်
ကိုယ်တိုင်မြင်ခဲ့ရတယ်။ တစ်ရက်မှာ ညအိပ်မပျော်လို့ မနက်အစောကြီး
၃ နာရီခွဲ ၄ နာရီလောက် ပျင်းလာတယ်နဲ့ လက်ဖက်ရည်
သွားသောက်မယ်ဆိုပြီး အိမ်ကနေထွက်သွားတယ်။
ဆိုင်ကဖွင့်တုန်း၊ခုံတွေချတုန်း၊လက်ဖက်ရည်နှပ်တုန်း၊
ဂျုံထိုးတုန်းပဲရှိသေးတယ်။ ဗလီမှာဝတ်ပြုပြီးလာတဲ့သူတွေကို
အဆင်သင့်ရောင်းနိုင်အောင်ပေါ့။ ဆိုင်အဝရောက်ရောက်ချင်း
အင်္ကျီကျွတ် ဘောင်းဘီတိုနဲ့လူတစ်ယောက် စတီးခုံပေါ်မှာ
ဂျုံထိုးနေတယ်။ သူ့ပုံစံက အိပ်ရာကထပြီး ဘယ်လိုမှ
ရေချိုးထားပုံမပေါ်ဘူး။ မျက်နာတောင်သစ်ထားပုံမပေါ်ဘူး။
မျက်လုံးမှာ မျက်ချေးတွေနဲ့ တစ်ကိုယ်လုံးလည်း
အဆီဝင်းဝင်းနဲ့ ဂျုံထိုးနေတာ။ ထိုးနေရင်းနဲ့
ဆီလိုလို့ ဘေးနားက မဲပြီးချေးတွေတက် နေတဲ့
ဆီဂါလံပုံးကြီးကို သွားသယ်ပြီး မယူလာတယ်။
အဲဒီလက်ကိုင်မဲမဲကို ကိုင်ပြီးဆီထည့်တယ်။ ပြီးတော့
ဘာမှဆေးကြောသန့်စင်တာတွေမလုပ်ပဲ ဂျုံဆက်ထိုးတယ်။
ကိုင်တွယ်ပြင်ဆင်ပုံ ကြီးကြပ်မဲ့သူမရှိဘူး။ ဒီတော့ ဝန်းထမ်းတွေ
ကလည်း အဆင်ပြေသလိုလုပ်တယ်။ အဲ့လောက်မနက်
အစောကြီးဆိုတော့ မန်နေဂျာတောင် သူ့ကိုယ်သူမနိုင်၊
အိပ်ချင်မူးတူးတူးနဲ့။ တခြားသူတွေလည်း
ကိုယ့်လက်သန့်ရှင်းရေးလုပ်ဖို့ ရေးချိုးဖို့နေသာသာ
လက်တောင်ဆေးဖို့ပျင်းကြတဲ့အချိန်။ ဒါတွေ
မလုပ်ချင်ကြဘူးပေါ့ဗျာ။ အချိန်လည်းမရကြဘူး။
စည်းစနစ်နဲ့တကွတစ်ကိုယ်ရေသန့်ရှင်းရေးကို
ကြပ်ကြပ်မတ်မတ်လုပ်တာလည်းမရှိဘူး။ အဆင်ပြေသလိုပဲ။
မိတ်ဆွေတစ်ယောက်ပြောပြတာဆို ဝန်ထမ်းတစ်ယောက်
အိမ်သာအသုံးပြုပြီး ပြန်ထွက်လာတာ လက်မှာရေတောင်
ဆိုမလာဘူးတဲ့။ ဒီလိုပဲကြက်ဒိုင်တွေမှာဆိုလည်း မနက်စောစော
ဖောက်သည်တွေကို ပို့ရတော့ လည်လှီးတာတွေကိုလည်း
ဖြစ်သလိုပဲ။ အစ္စလာမ်သာသနာမှာ အလ္လာဟ်အရှင်မြတ်ရဲ့
နာမတော်ကိုတသပြီး၊မွတ်စ်လင်မ်တစ်ယောက်က လှီးဖြတ်
ထားတဲ့အသားတွေကိုပဲ စားရတာ။ အဲ့မှာ မွတ်စ်လင်မဟုတ်သူတွေ
လှီးလို့လှီး။ လှီးပြီးသွားရင်လည်း ကိုယ်ထဲက
ဘက်တီးရီးယားတွေကို သယ်ဆောင်တဲ့သွေးတွေ
စနစ်တကျအကုန်ထွက်သွားပြီးမှ အမွေးနှုတ်
သားရေစုပ်တာတွေလုပ်တာမဟုတ်ဘူး။ လှီးပြီးတာနဲ့
သွေးထွက်ဖို့အချိန်မပေးဘူး တန်းပြီး ရေနွေးထဲ
ပစ်ထည့်လိုက်တယ်။ ပြီးရင် ဆိုင်က လည်လှီးကြက်တွေကို
ဖြောထားတဲ့ရေနွေးထဲမှာပဲ အပြင်ကဒီအတိုင်း
လည်မလှီးပဲသေသွားတဲ့ ကြက်တွေကိုလည်း
အဲ့ဒီရေထဲမှာပဲ ရေနွေးဖြောပေးလိုက်တယ်။
အဲ့လိုပဲ အမဲသားတွေဆိုလည်း နွားသတ်ရုံမှာ
ဘီယာတွေ အရက်တွေချပြီး လှီးလို့လှီး။
နယ်ကလာတဲ့ အသားတွေဆိုပိုးဆိုးတယ်။
ကားပေါ်မှာ နွားတွေကို ကျပ်သိပ်နေအောင်
တင်ပြီး သယ်လာတယ်။ လမ်းခုလတ်မှာ
အသက်ရှုကျပ်ပြီး၊ ဒါမှမဟုတ် နဂိုထဲက
အနာရှိနေတဲ့ တစ်ကောင်ကောင် သေသွားရင်
အဲ့ဒီအကောင်ကို အသေသားမှန်းမသိရ အောင်
မြန်မြန်လေး လည်လှီးပြီး အသားပေါ်လိုက်တယ်။
နွားတစ်ကောင်တစ်ကောင် တန်ဖိုးက မနည်းမှမနည်းပဲ။
ဒီတော့ အရှုံးတော့မခံနိုင်ဘူး လူတွေရဲ့ ဗိုက်ထဲ ဟရာမ်
မသန့်စာတွေ ဘေးဘယတွေ ဝင်ချင်ဝင်ပါစေ။
ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်ပစ်တာ။
ဒါကတော့ ကျွန်တော်တို့ရဲ့ အစားစာတွေဆီကို
မသန့်ပြန့်မှုတွေနဲ့ ဘေးအန္တရယ်တွေအဖက်ဖက်ကနေ
နည်းပေါင်းစုံနဲ့ရောက်လာနိုင်တာတွေကို သတိထား
ဆင်ခြင်လို့ရအောင် အနည်းငယ်မျှတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
စသည်ဖြင့်အဲ့လိုမျိုး အကြောင်းအရာတွေ ကိုယ်ကျိုးရှာမှုတွေ
ဝိသမလောဘသားတွေရဲ့ ယုတ်မှာမှုတွေ၊စီစစ်ရေးဖွဲ့တွေရဲ့
အားနည်းမှုတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
တစ်ပုံတစ်ပင်ပါပဲ။ ဒီတော့ မည်သူမပြုမိမိမှုဆိုသလို
ကျွန်တော်တို့ရဲ့ အစားအစာဘေးဥပဒ်ကင်းရေးနဲ့
ဟလာလ်အစားအစာသန့်သန့်စားရရေးအတွက်
တာဝန်အရှိဆုံးကတော့ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။
💗💞 السلام عليكم.....عيد مبارك سعيد وكل عام وانتم بخير تقبل الله منا منكمالصيام و القيام أسأل الله ان يشافيكم و يعافيكم و...
04/06/2019
💗💞 السلام عليكم.....
عيد مبارك سعيد وكل عام وانتم بخير تقبل الله منا منكم
الصيام و القيام أسأل الله ان يشافيكم و يعافيكم و يصلحكم
و يصلح بكم و أن يرحمنا و يرحمكم.💗💞
တူရကီနိုင်ငံမှ လမ်းမပေါ်တွင် ၀ါဖြေပွဲကျင်းပစဉ်...
27/05/2019
တူရကီနိုင်ငံမှ လမ်းမပေါ်တွင် ၀ါဖြေပွဲကျင်းပစဉ်...
Halal doesn't mean cutting the neck of animals. Halal means something that is lawful and permitted in Islam.
16/05/2019
Halal doesn't mean cutting the neck of animals. Halal means something that is lawful and permitted in Islam.
Why muslim don't eat pork???မွတ်စ်လင်မ်တွေ ဘာလို့ဝက်သားမစားကြတာလဲ။ ?ပထမဆုံးအနေနဲ့ သိပ္ပံနည်းကျကျ လေ့လာလာထားတဲ့ စာတမ်းနှင်...
30/10/2018
Why muslim don't eat pork???
မွတ်စ်လင်မ်တွေ ဘာလို့ဝက်သားမစားကြတာလဲ။ ?
ပထမဆုံးအနေနဲ့ သိပ္ပံနည်းကျကျ လေ့လာလာထားတဲ့ စာတမ်းနှင့်တကွရှင်းလင်း ပြ မှာဖြစ်ပါတယ်။ဝက်သားကို စားသုံးမှီဝဲခြင်းဖြင့် ရောဂါ အမယ်ပေါင်း ခုနှစ်ဆယ်ထက်မနည်း ဖြစ်ပွားနိုင်ပါတယ်။ လူတွေမှာ သန်လုံး
ကောင်၊ တုတ်ကောင်နဲ့ ချိတ်သန် စတာတို့လိုမျိုး သန်မျိုးစုံ စွဲကပ်နိုင်ပါတယ်။ အန္တရာယ်အကြီးဆုံးကတော့
တေနီယာ ဆိုလျမ်ပါပဲ။ ဒီကပ်ပါးက လူသာမန်တို့က
တော့ တုတ်ပြားကောင်ရယ်လို့ ခေါ်ကြပါတယ်။
အကောင်က အတော်ရှည်ပြီး အူထဲမှာနေ တယ်။
၎င်းရဲ့ ဥက သွေးစီးကြောင်းထဲဝင်ပြီး လူ့ကိုယ်အင်္ဂါ
အစိတ်အပိုင်းအားလုံးကို ဝင်ရောက်နိုင်ပါတယ်။ ဒီပိုးက ဦးနှောက်ထဲဝင်သွားရင် မှတ်ဥာဏ်ကို ထိခိုက်နိုင်ပါတယ်။ နှလုံးထဲကိုဝင်ခဲ့ရင် နှလုံးရောဂါဖြစ်နိုင်ပါတယ်။မျက်စေ့ထဲဝင်ခဲ့ရင်တော့ မျက်စေ့ကွယ်သွားတတ်
တယ်။ အသည်းထဲဝင်ခဲ့ရင်တော့ အသည်းကို ထိခိုက် ပျက်စီးနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကိုပဲ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ် အန္တရာယ် ကြီးမားတဲ့ သန်ကောင်ကတော့ ထရီချူရာ တီချုရာစစ် (Trichura Tichurasis)ဖြစ်ပါတယ်။ဝက်သားကို ကောင်းစွာချက်ပြုတ်ပြီးမှစားရင် ဒီဥကသေသွားမယ်ဆို
ပြီး ယေဘူယျအားဖြင့် တလွဲ သိရှိထား နေ ကြတယ်။ အမေရိကမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ထရီချူရာ တိချုရာစစ် သန်စွဲနေတဲ့ လူနာ ၂၄ ဦးမှာ ၂၂ ဦးက ဝက်သားကို ကောင်းစွာ အချက်ခံပြီးမှ စားကြတာတဲ့။ ဒီအချက်က ပုံမှန် အပူချိန်မှာ ချက်သွားလို့ ကတော့
ဝက်သားမှာ ဒီပိုးဥက သေမသွားဘူးဆိုတာကို ပြနေပါတယ်။
- ဝက်တွင် အဆီကို ဖွဲ့စေသော ဝတ္ထု ရှိသည်။
ဝက်မှာ အင်မတန်နည်းပါးတဲ့ ကြွက်သားကိုသာ
ဖွဲ့စည်းနိုင်တဲ့ ဝတ္ထု ရှိပြီး အဆီက အလွန်အကျွံ ပါဝင်
နေပါတယ်။ ဒီအဆီကသွေးကြောများထဲမှာ စုနေတာ
ကြောင့် သွေးတိုးဝင်ပြီး နှလုံးထိခိုက် ပျက်စီးရပါတယ်။ အမေရိကန်လူမျိုး ၅၀ ရာခိုင်နှုန်းကျော်က သွေးတိုးရောဂါ ခံစားနေရတယ် ဆိုတာဟာ ဒါကြောင့် အံ့ဩစရာ
မဟုတ်တော့ ပါဘူး။
- ဝက်သည် ကမ္ဘာမှာ အညစ်ညမ်းဆုံး သတ္တဝါ ဖြစ်သည်။
ဝက်က ကမ္ဘာမှာ အညစ်ပတ်ဆုံး တိရစ္ဆာန်တွေထဲက တစ်မျိုး ဖြစ်တယ်။ ရွှံ့နွံတွေ၊ မစင် အညစ်အကြေးတွေ
ထဲမှာ ရှင်သန်ကျင်လည် နေထိုင်ကြတယ်။ ကျေးရွာ
တွေမှာ ခေတ်မီအိမ်သာတွေ ဘာတွေ မရှိကြပါဘူး။
ကွင်းပြင်တွေမှာ အခင်းကြီး အခင်းငယ် သွားကြ
တယ်လေ။ ဒီ အညစ်အကြေးတွေကို ပြောင်သလင်း ခါသွားအောင် ဝက်က ရှင်းပစ်ပေးတာပါ။တချို့က စောဒကတက်ကြတာ ရှိတယ်။ ဩစတြေးလျလို တိုးတက်တဲ့ နိုင်ငံတွေမှာ ဝက်ကို အင်မတန် သန့်ပြန့်ပြီး ကျန်းမာ
ရေးနှင့်ညီတဲ့ ဝန်းကျင်မှာ မွေးမြူနေကြပြီတဲ့။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေများမှာ တောင် ဝက်
တွေကို နှစ်ဖက်ချ တုံးတင် လှေခါးတွေထဲမှာ ထားပြီး
မွေးမြူကြရတယ်။ သူတို့ကို ဘယ်လိုပဲ ခက် ခက်ခဲခဲနဲ့ သန့်ရှင်းအောင် လုပ်လုပ် ဘာမှမထူးပါဘူး။ ဗီဇကိုက ညစ်ပတ်တဲ့ ဗီဇပါနေတာကိုး။ ကိုယ့်မစင် ကိုယ်ပြန်စားရင်စား ဒါမှမဟုတ် အနားက အကောင်ရဲ့ မစင်ကို ပြန်
ပြီး စားတတ်ကြပါတယ်။
ဒါကတော့ဘာသာ တရား နှစ်ခုရဲ့ကျမ်းစာမှာ ဝက်သားစားခြင်း ကိုတားမြစ်ထားတဲ့ ကျမ်းစာအထောက်ထားဖြစ်ပါတယ်။
၁။ ကုရ်အာန်က ဝက်သားကို တားမြစ်ထားသည်။
- ကုရ်အာန်က ဝက်သား စားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ တားမြစ်ချက်ကို ၂း၁၇၃၊ ၅း ၃၊ ၆း ၁၄၅ နှင့် ၁၆း ၁၁၅ တို့မှာ တွေ့ရှိရပါတယ်။ “အသင်တို့အတွက် တားမြစ်ထားရာ (အစား အစာ) ကား အသေသား၊ သွေး ၊ ဝက်သား၊ ... အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရာတို့ ဖြစ်သတည်း။” (ကုရ်အာန် ၅း ၃)
ကျမ်းမြတ်ကုရ်အာန်ရဲ့ အထက်ပါ အာယတ်တော်တွေ အရနဲ့တင် ဝက်သားကို ဘာကြောင့် တားမြစ်ထားရတဲ့
အကြောင်းကိုတော့ မွတ်စလင်တစ်ဦးအဖို့ ကျေနပ်မှု အပြည့်အဝ ရရှိသွားစေမှာပါ။
၂။ သမ္မာကျမ်းမှာလဲ ဝက်သားကို တားမြစ်ထားသည်။
- သမ္မာကျမ်းစာလာ ဝတ်ပြုရာ ကျမ်းမှာလဲ ဝက်သားစားသုံးခြင်းကို တားမြစ်ထားပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့ မစင်ကြယ်။ ထိုသို့သောတိရစ္ဆာန်၏ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ၊
မစင်ကြယ်ဟု သင်တို့ မှတ်ယူကြရမည်။ ”
(ဝတ်ပြုရာကျမ်း ၁၁း ၇-၈)
သမ္မာကျမ်းလာ တရားဟောရာကျမ်းမှာလည်း ဝက်သားကို ပိတ်ပင်ထားတာ ရှိပါတယ်။ “ဝက်သည် ခွါကွဲ
ပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။အသေကောင်ကိုလည်း မထိရ။ “ (တရားဟောရာကျမ်း ၁၄း ၈)
သမ္မာကျမ်းလာ ဟေရှာယ အနာဂတ္တိကျမ်း၊ အခန်း-၆၅၊ ပါဒ ၂-၅ မှာ
လည်း အလားတူပဲ ထပ်မံပြီး ပိတ်ပင်ထားတာ ရှိပါတယ်။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)
ဝက်သားစားခြင်း ရဲ့ဆိုးကျိုးများအား ထပ်မံလေ့လာလိုပါက အောက်ပါ link များတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။
မြန်မာလို......
http://www.we.com.mm/detail/6310
- 4 Hidden Dangers of Pork
https://www.healthline.com/nutrition/is-pork-bad
- Is Eating Pork Good or Bad?
http://ninacheriefranklin.com/…/eating-pork-good-bad-health/\Why You Should Avoid Pork
- Why you should aviod pork?
by Dr. Josh Axe, DC, DMN, CNS
https://draxe.com/why-you-should-avoid-pork/
ချိဖတို့ ချိမတို့  ​ရေ......😝😝Admin အဘိုင်​​ဒေက ​လေ....Hot pot ဆိုင်​​ကောင်း​ကောင်း​လေးရှာ​ပေးထားတယ်​ သိလား...😌😌ဆိုင်​...
24/10/2018
ချိဖတို့ ချိမတို့  ​ရေ......😝😝
Admin အဘိုင်​​ဒေက ​လေ....Hot pot ဆိုင်​​ကောင်း​ကောင်း​လေးရှာ​ပေးထားတယ်​ သိလား...😌😌
ဆိုင်​နာမည်​က​တော့ The Promise တဲ့ဗျာ☺☺
ချိဖတို့လည်း စာ​မေးပွဲအပြီး ​ဆောင်းတွင်းလည်း​ရောက်​ hot pot ပူ​စပ်​ပူ​စပ်​​လေး​သောက်​🥘🥘 ....
အိုက်​စ်​ ​ဂေါ်တာ​ပေါ့​ဗျ....😋🤤
Hot pot 🥘🥘 2​ယောက်​စာက12000ks
Hot pot 🥘🥘 4​ယောက်​စာက 20000ks ပါ​နော်
ပစ္စည်း​တွေစုံသ​လောက်​ ​ဈေးကလဲ သင့်​သပါ့ဗျာ.....
အယ်​ ​မေ့​တော့မလို့  ....😅😅
ဒီဆိုင်​​လေးရဲ့တကယ့်​နာမည်​ကြီး​တဲ့​နောက်​ တစ်​မျိုး က
ဆွဲချင်​သ​လောက်​ဆွဲ Pizz🍕🍕 တဲ့​ဗျာ..😎😎
Pizza ကို Customer စိတ်​ကြိုက်​​လေးလုပ်​​ပေးတယ်​ဆို​တော့😱😱
ကို စားချင်​တဲ့အရသာ​လေးကိုစားလို့ ရတာ​ပေါ့​ဗျ😌
Admin အဘိုင်​​အတွက်​​တော့ Personal Pizza မရတဲ့အတွက်​​စိတ်​​တော့​မ​ကောင်းဘူး​​ဗျာ...😣😣
Pizza🍕🍕 ​9" (6 slice) 14000ks
Pizza 🍕🍕12"(8 slice) 18000ks
ဈေးကများတယ်​ထင်​ရ​ပေမဲ့
စားပြီးမှပဲ ဒီထက်​ပို​တောင်​​ပေးချင်​မိသွား​တယ်
😂😂
မိုး​အေးပြီး အပြင်​မထွက်​ချင်​တဲ့ ချိဖတို့  ချိမတို့ အတွက်​လည်း Delivery ရှိတဲ့အတွက်​🚖🚖
အိမ်​မှာနှပ်​ရင်း ဝါးတီဖွင့်​လို့ ရတာ​ပေါ့​ဗျာ....🍴🍴
မနက်​ဆယ်​နာရီက​နေ ညဆယ်​နာရီထိဖွင့်​ပါ​တယ်​​နော်​​ဗျ....
ဆိုင်​လိပ်​စာ​လေးက​တော့
No,141 ​မြေညီထပ်​ သိမ်​ဖြူလမ်း မင်္ဂလာ​တောင်​ညွန့်​ပါ​နော်​​ဗျာ🏠🏨
သိမ်​ဖြူ​ဈေးမှတ်​တိုင်​နားမှာပါ​နော်​ခင်​​ဗျာ🚍🚍
Bus ​ဒေက​တော့(7,25,43,64,20,)အဲ့ကား​ဒေအကုန်​​ရောက်​ပါ​တယ်​​ဗျာ..
📞📞 Ph- 09425031609
ခုပဲ Hot Pot 🥘🥘 ​လေး​သောက်​ Pizza🍕🍕 ​လေးဆွဲရင်း...
ချိဖိတို့ ရဲ့အားလပ်​ရက်​​လေးကို​ပျော်​ရွင်​စွာအသုံးချနိုင်​ပါ​စေ...
Peace be upon all of u
𝐖𝐡𝐚𝐭 𝐢𝐬 “𝐇𝐚𝐥𝐚𝐥 & 𝐇𝐚𝐥𝐚𝐥 𝐅𝐨𝐨𝐝”  ဟလာလ် နဲ့ ဟလာလ် အစားအစာဆိုတာဘာလဲ။ ??? အစားအစာအပါအဝင် လူ့ဘဝရေးရာတွေနဲ့ ပတ်သတ်လို့ အစ္စလာမ်တ...
21/10/2018
𝐖𝐡𝐚𝐭 𝐢𝐬 “𝐇𝐚𝐥𝐚𝐥 & 𝐇𝐚𝐥𝐚𝐥 𝐅𝐨𝐨𝐝”
ဟလာလ် နဲ့ ဟလာလ် အစားအစာဆိုတာဘာလဲ။ ???
အစားအစာအပါအဝင် လူ့ဘဝရေးရာတွေနဲ့ ပတ်သတ်လို့
အစ္စလာမ်တရားတော်မှာ ဟလာလ်(Halal) နှင့် ဟရာမ်(Haram) ဆိုတဲ့ ဝေါဟာရ နှစ်ခုဟာ အလွန်အရေးပါ ပါတယ်။
حَلاَل : (اسم ): مُبَاح admissible ; allowed ; authorized ; lawful ; legal ; legitimate ; licit ; permissible allowable ; permitted ; unforbidden ; unprohibited ; unproscribed. (Almaany Arabic-English dictionary)
ဟလာလ်ဆိုတာ အရဘီဘာသာစာပေအရ တရားဥပဒေနှင့် ညီခြင်း၊ ပြုပိုင်ခြင်း စတဲ့အဓိပ္ပါယ်တွေရပါတယ်။ အစ္စလာ့မ်တရားဥပဒေ အရ မွတ်စ်လင်မ်တွေလုပ်ကိုင်ခွင့်ရှိတဲ့အရာနဲ့ လုပ်ရပ်တွေကိုခေါ်ပါတယ်။
حَرَام ): : (اسم banned ; forbidden ; interdicted ; prohibited . (Almaany Arabic-English dictionary)
ဟရာမ် ဆိုတာကတော့ အရဗီဘာသာ အရ ဟလာလ်ရဲ့ဆန့်ကျင်ဘက်ကို ခေါ်ပါတယ်။ ဆိုလိုတာက တရားဥပဒေနှင့် ကိုက်ညီမှုရှိခြင်းနဲ့ မပြုပိုင် လို့ အဓိပ္ပါယ်ရပါတယ်။ အစ္စလာ့မ်တရားဥပဒေအရ မွတ်စ်လင်မ်တွေလုပ်ပိုင်ခွင့် မရှိတဲ့အရာနဲ့လုပ်ရပ်တွေကို ခေါ်ပါတယ်။
ဟလာလ်အစားအစာ (Halal Food)
ဟလာလ်အစားအစာဆိုတာ အစ္စလာ့မ်တရားဥပဒေအရ မွတ်စ်လင်မ်တွေစားသုံးခွင့်ရှိတဲ့ အစာဖြစ်ပြီး အောက်ပါယေဘုယျအချက်တွေနဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်။
၁။ အစာရဲ့သဘာဝဟာ အစ္စလာမ်တရားဥပဒေက တားမြစ်ထားတဲ့အရာမဖြစ်ရပါဘူး။ ( ကုရ်အာန် ၂း၁၇၂-၁၇၃၊ ၅း၃၊ ၆း၁၄၆၊ ၆း၁၁၅၊ ၅း၉၃၊ ၅း၉၄)
၂။ ဒီအစားအစာကို တရားဝင်နည်းလမ်းနဲ့ရှာဖွေ/စီးပွား ပြုထားတာဖြစ်ရပါမယ်။ (ကုရ်အာန် ၂း၁၆၈၊ ၂း၂၇၅၊ ၅း၉၀-၉၁၊ ၂း၁၈၈၊ ၄း၂၊ ၆း၁၅၂၊ ရး၈၅)
၃။ ကိုင်တွယ်၊ ပြင်ဆင်၊ ထုတ်လုပ်၊ ဖြန့်ချိ၊ သိုလှောင်၊ ချက်ပြုတ်၊ ကျွေးမွေးတဲ့ ကဏ္ဍအသီးသီးမှာ သန့်ရှင်းစင်ကြယ်ပြီး ကျမ်းမာရေးကို ဖြစ်စေမှု ရှိရပါမယ်။ တားမြစ်ထားတဲ့အရာ နှင့် အညစ်အကြေး တို့နဲ့အတူရောနှောထားခြင်းမရှိပါဘူး။ (ကုရ်အာန် ၅း၄၊ ၂း၁၆၈၊ ၂း၁၇၂-၁၇၃)
၄။ လူ့ရုပ်ခန္ဓာနဲ့စိတ်ရဲ့ပုံမှန်လုပ်ငန်းတွေကို ဘေးဥပါဒ်ပေးခြင်းနဲ့ ဟန့်တားနှောင့်ယှက်မှု မရှိစေရပါဘူး။ (ကုရ်အာန် ၅း၉၀-၉၁၊ ၂း၂၁၉၊ ၄း၄၃)
၅။ စားသုံးခွင့်ရှိတဲ့တိရစ္ဆာန်တွေကိုလည်း အစ္စလာမ့်တရားတော်နဲ့အညီ လှီးဖြတ်ထားခြင်း (ဇဗဟ်) ပြုရမှာဖြစ်ပါတယ်။ (ကုရ်အာန် ၅း၃)
အစ္စလာမ်ဘဝတည်ဆောက်မှုလမ်းစဉ်မှာ ရုပ်နဲ့နာမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွါးကို ကိုယ်ရှာဖွေခြင်သလို ရှာဖွေ၊ သုံးစွဲခွင့်မရှိဘဲ၊ ဟလာလ်နည်းကျ ရှာဖွေခြင်းနဲ့ သုံးစွဲခြင်းပြုရပါတယ်။
ဒါဟာ ဟလာလ်အစားအစာဖြစ်ဖို့မှတ်ကျောက်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက ဟလာလ်ဆိုတာ "အစာ"ကိုသာဆိုလိုခြင်းမဟုတ်ဘဲ "နည်းလမ်း"ကိုပါဆိုလိုပါတယ်။
ဥပမာ...
၁။ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ အတိုးအညွန့်၊ လောင်းကစားခြင်းနဲ့ထီလုပ်ငန်း (ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ချိ) စတာတွေနဲ့ ပတ်သတ်လို့ရလာတဲ့ စီးပွားဥစ္စာကို ဟရာမ်တားမြစ်ထားပါတယ်။ ( ကုရ်အာန် ၅း၉၀-၉၁၊ ၂း၂၇၅)
၂။ အတုအပပြုလုပ်ခြင်း၊ ခိုးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ လုရက်တိုက်ခိုက်ခြင်း စတဲ့တနည်းတွေနဲ့ရှာထားတဲ့စီးပွားဥစ္စာကလည်း ဟရာမ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၈၊ ၄း၂၊ ၆း၁၅၂၊ ရး၈၅၊ ၃း၁-၅)
၃။ စားနပ်ရိက္ခာနဲ့ လူသားတွေရဲ့အခြေခံလိုအပ်ချက်တွေကို တမင်သိုလှောင်ထားပြီး ဈေးကွက်ထဲမှာပြတ်လတ်အောင် ဖန်တီးခြင်းကိုလည်း ဟရာမ်အဖြစ်တားမြစ်ထားပါတယ်။ ( ကုရ်အာန် ၃း၁၈၀၊ ၉း၃၄-၃၅)
၄။ လူကုန်ကူးခြင်း၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ အလားတူ အမျိုးသမီးတွေရဲ့ဘဝကို သေးသိမ်အောင်ပြုပြီး လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေသော လုပ်ငန်းအားလုံးကိုလည်း ဟရာမ်အဖြစ်တားမြစ်ထားပါတယ်။ (ကုရ်အာန် ၂၄း၂၃)
၅။ အလားတူ ဖြုန်းတီးရန်၊ ကြွားဝါရန်၊ ဂုဏ်တုဂုဏ်ပြိုင်လုပ်ရန်၊ လာဘ်ထိုး၍ သူတစ်ပါးအား ဒုက္ခပေးရန်၊ စသောရည်ရွယ်ချက်များဖြင့် သုံးစွဲခြင်းကိုလည်း ဟရာမ်အဖြစ်တားမြစ်ထားပါတယ်။ (ကုရ်အာန် ရး၃၁၊ ၁ရး၂၆၊ ၂၉း၂၇-၃၁၊ ၂၅း၆၈)
၆။ မိမိတို့ရှာဖွေစုဆောင်း၍ရသမျှ ပစ္စည်းများထဲမှလူမှုသန့်စင်ဖွံ့ဖြိုးတိုးတက်ရေး "ဇကားသ်"နှင့် အထွေထွေအလှူ "ဆွဒကဟ်" တို့ကိုလည်း ထိုက်သင့်သူများအားခွဲဝေပေး လိုအပ်ပါသည်။ (ကုရ်အာန် ၉း၆၀၊ ၆၉၊ ၁၀၃၊ ၂၅း၆၈)
ဒီအချက်တွေကိုကြည့်ရင် ဟလာလ်အစားအစာကို အခြေပြုထားတဲ့ အစ္စလာမ့်စီးပွားရေးစနစ်ဟာ ကမ္ဘာ့ရဲ့အစားအစာ ဘေးဥပါဒ်ကင်းရေးသာမကဘဲ ကမ္ဘာ့လူမှုစီးပွားရေးလုံခြုံဘေးကင်းရေး အတွက် အဘယ်မျှ အကျိုးုပြုသည်ကို ခန့်မှန်းနိုင်ပါသည်။
(ဆရာဦးမြင့်သိန်းရေးသားထားသော - " ဟလာလ်အစားအစာသည် ကိုယ်ကျင့်တရားဖွံ့ဖြိုးရေးနှင့် အစားအစာဘေးဥပါဒ်ကင်းရေးအကျိုးုပြုပုံ" စာအုပ်မှကောက်နှတ်တင်ပြသည်။)
ဥပမာ...
ဒီအချက်တွေကိုကြည့်ရင် ဟလာလ်အစားအစာကို အခြေပြုထားတဲ့ အစ္စလာမ့်စီးပွားရေးစနစ်ဟာ ကမ္ဘာ့ရဲ့အစားအစာ ဘေးဥပါဒ်ကင်းရေးသာမကဘဲ ကမ္ဘာ့လူမှုစီးပွားရေးလုံခြုံဘေးကင်းရေး အတွက် အဘယ်မျှ အကျိုးပြုသည်ကို ခန့်မှန်းနိုင်ပါသည်။
(ဆရာဦးမြင့်သိန်းရေးသားထားသော - " ဟလာလ်အစားအစာသည် ကိုယ်ကျင့်တရားဖွံ့ဖြိုးရေးနှင့် အစားအစာဘေးဥပါဒ်ကင်းရေးအကျိုးပြုပုံ" စာအုပ်မှကောက်နှတ်တင်ပြသည်။)
Address
Mingalar Town Nyunt
Yangon
11191
Telephone
+959965118873
Website
Alerts
Be the first to know and let us send you an email when Halal Food Directory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share