Organic Spicy

Organic Spicy Organic Spicy Local Business

01/12/2025

Organic spicy မှ Organic စိုက်ခင်းသို့ ခြံလေးထဲရောက်သွားတော့ အရမ်းအေးချမ်းနေတာပဲ ချစ်ရတဲ့ ကျမcustomer တွေ့ကို ကျမတို့ရဲ့ organic spicy မှ သဘာဝကုန်ကြမ်းများကို အသုံးပြုထားတဲ့အနှစ်နဲ့ သဘာဝထွက်ကုန်လေးတွေကို သေချာလေးအသုံးပြုပေးထားပါတယ်ရှင့်🤗

13/10/2025
📌မင်္ဂလာပါ📌လူတွေတော်တော်များများ အသုံးများတဲ့ ငရုတ်သီးခြောက်တွေထဲမှာ ဖြစ်တက်တဲ့ ကပ်ပါးမှိုတမျိုးဟာ ကင်ဆာဖြစ်စေနိုင်တယ် ဆ...
01/10/2025

📌မင်္ဂလာပါ

📌လူတွေတော်တော်များများ အသုံးများတဲ့ ငရုတ်သီးခြောက်တွေထဲမှာ ဖြစ်တက်တဲ့ ကပ်ပါးမှိုတမျိုးဟာ ကင်ဆာဖြစ်စေနိုင်တယ် ဆိုတာ သိကြလား။

📌ကျန်းမာရေးအတွက် နေ့စဉ် စားသောက်နေတဲ့ အရာတွေထဲမှာ ရောဂါဖြစ်စေနိုင်တာတွေ အများကြီး ရှိနေတာမို့ ငရုတ်သီးမှိုအကြောင်း ဗဟုသုတအနေနဲ့ မျှဝေပေးမယ်နော်။

🌶️🌶️ငရုတ်သီးခြောက်မှာ ပါတက်တဲ့ မှို🌶️🌶️

📌ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ငရုတ်သီးကို ပုံစံမမျိုးစုံ အသုံးပြုနေကြသလို မာလာရှမ်းကောလို ဟင်းလျှာမှာလည်း မပါမဖြစ် ပါတဲ့ အမယ်ပါ။

📌ဒါပေမယ့် ငရုတ်သီးခြောက်ကို စနစ်တကျ မသိုလှောင်၊ မသိမ်းဆည်းတက်ရင် Aflatoxin လို့ ခေါ်တဲ့ မှို ပါလာတက်ပါတယ်။

📌ဒီကပ်ပါးမှိုဟာ ခုခံအားကျစေတာ၊ အသည်းကင်ဆာ ၊ကလေးမွေးရာပါချို့ယွင်းတာ နဲ့ ကြီးထွားဖွံဖြိုးမှု နှေးကွေးစေတာတွေ ဖြစ်နိုင်ပါတယ်။

📌ငရုတ်သီးခြောက်တွေကို စနစ်တကျ မီးဖိုချောင်မှာ ဖြစ်စေ၊ ထုတ်လုပ်ရာမှာ ဖြစ်စေ မသိမ်းဆည်းတက်ရင် မှိုပါလာနိုင်ခြေ များပါတယ်။
📌Aflatoxin လို့ ခေါ်တဲ့ မှိုကို သာမန်မျက်လုံးနဲ့ မမြင်နိုင်သလို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်တာ မဟုက်တော့ ဓါတ်ခွဲခန်းတွေမှာ ရှာဖွေမှပဲ သိနိုင်ပါတယ်။

📌ဆိုတော့ Aflatoxin မှိုမျိုးဟာ ငရုတ်သီးခြောက်တွေမှာ ပါမပါ မသိနိုင်တာမို့ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ FDA ထောက်ခံချက် ပါမှသာ အသုံးပြုသင့်ပါတယ်။

📌မြန်မာနိုင်ငံဟာ ကင်ဆာအဖြစ်များလာတဲ့ နိုင်ငံမို့ ငရုတ်သီးခြောက်လို အရာမျိုးတွေကနေ ပါလာတဲ့ မှိုကြောင့်လား ဆိုပြီး ယူဆနေကြတာ ရှိပါတယ်။

📌စစ်ဆေးချက်တွေအရတော့ ငရုတ်သီးခြောက်တွေမှာ Aflatoxin ပါလာတက်တာ အများဆုံးဖြစ်ပါတယ်။

📌ဆိုတော့ ဟင်းလျှာတွေမှာ မပါမဖြစ်တဲ့ ငရုတ်သီးခြောက်တွေမှာ ကပ်ပါးမှိုတွေ မပါလာဖို့က စိုက်ပျိုးသူ၊ ထုတ်လုပ်သူ နဲ့ ရောင်းချသူ အားလုံးမှာ တာဝန်ရှိပါတယ်။

📌ကျွန်တော်တို့ Organic Spicy ကတော့ စားသုံးသူတို့ရဲ့ ကျန်းမာရေးကို အထူးအလေးထားတာမို့ ငရုတ်သီးခြောက်တွေကို စနစ်တကျ သုံးစွဲပါတယ်။

📌ကျန်းမာရေးထောက်ခံချက်၊ FDA ရရှိထားတဲ့ ငရုတ်သီးခြောက်တွေကိုသာ သုံးစွဲပေးနေတာမို့ Organic Spicy ရဲ့ မာလာရှမ်းကော ကို စိတ်ချ လက်ချ သုံးဆောင်နိုင်ပါတယ်။

📌Organic Spicy ရဲ့ မာလာအနှစ်ကစလို့ မာလာရှမ်းကောအထိ ကျန်းမားရေးကဏ္ဍကို အလေးထား ဖန်တီးထုတ်လုပ်ပေးထားပါတယ်။

📌အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုသလို စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ပေးရမှာက Organic Spicy ရဲ့ အရေးကြီးတာဝန်လို့ သတ်မှတ်ထားပါတယ်။

📌မာလာရှမ်းကော စားချင်ရင် Organic Spicy ဆိုင်တွေကို ရန်ကုန်ကော၊ မန္တလေးမှာပါ ဖွင့်လှစ်ထားပါတယ်နော်။

🤞အားလုံးကို ကျေးဇူးတင်ပါတယ်။🤞

"မာလာရှမ်းကောမှာ မပါမဖြစ်တဲ့ မက်ခါသီး(အထုံစေ့)”✅မာလာရှမ်းကောမှာ ပါဝင်တဲ့ ထုံစပ်စပ်အရသာ ရစေတဲ့ မက်ခါသီးအကြောင်းလေး ပြောပြ...
30/09/2025

"မာလာရှမ်းကောမှာ မပါမဖြစ်တဲ့ မက်ခါသီး(အထုံစေ့)”

✅မာလာရှမ်းကောမှာ ပါဝင်တဲ့ ထုံစပ်စပ်အရသာ ရစေတဲ့ မက်ခါသီးအကြောင်းလေး ပြောပြပေးမယ်နော်။

✅မက်ခါသီးလို့ လူသိများတဲ့ မြန်မာမှာ အစားအသောက်ထဲ ထည့်သုံးကြတာ ကယားလူမျိုးတွေပါ။ အထင်ရှားဆုံးက ကယားဝက်အူချောင်းနဲ့ မက်ခါသီး အမှုန့် တွဲစားရတာမျိုးပေါ့။

✅မက်ခါသီးရဲ့ အရသာက ငရုပ်ကောင်းနဲ့ ဆင်တူနေပြီး အရသာကလည်း လျှာကို ထုံစေပြီး ပူရှိန်းပူရှိန်း ဖြစ်စေပါတယ်။

✅ငရုတ်ကောင်းထက် ပိုထုံတာကြောင့် ကယားလူမျိုးစုတွေက မက်ခါသီးကို မရှိမဖြစ် အသုံးပြုကြတဲ့ ဟင်းခတ်အမွှေးအကြိုင် ဖြစ်လာပါတယ်။

✅တရုတ်လူမျိုးလူမျိုးတွေကတော့ မက်ခါသီးကို ချွမ်းဝှားကျောင်း လို့ ခေါ်ကြပြီးတော့ မာလာရှမ်းကော လို အစားအသောက်တွေမှာ သုံးကြပါတယ်။

✅ချွမ်းဝှါးကျောင်း လို့ ခေါ်ဆိုကြတဲ့ အဓိပ္ပါယ်ကတော့ ချွမ်းဆိုတာက မူရင်းဒေသကိုအစွဲပြု ခေါ်တာဖြစ်ပြီး ဝှားကျောင်းဆိုတာ ငရုတ်သီး တမျိုး လို့ အဓိပ္ပါယ် ရပါတယ်။

✅တရုတ်နိုင်ငံ စီချွှမ်းဒေသလူမျိုးတွေဟာ မက်ခါသီးကို အကြော် အနှပ်၊ အသားကင်တွေမှာ မပါမဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင် လို သုံးစွဲကြပါတယ်။

✅သူတို့ ချက်ပြုတ်တဲ့ ဟင်းလျှာတိုင်းမှာ မပါမဖြစ် မက်ခါသီးမှုန့် ပါလေ့ရှိပြီး ဒါကပဲ တရုတ်မှာသာမက ကမ္ဘာတဝှမ်း လူကြိုက်များတဲ့ အစားအစာ ဖြစ်လာစေပါတယ်။

✅ဆိုတော့ ဒီလို သုံးကြတဲ့ မက်ခါသီးဟာ ကျွန်တော်/ကျွန်မတို့ အရမ်းကြိုက်တဲ့ မာလာရှမ်းကောမှာလည်း မပါမဖြစ်တဲ့ ဟင်းခတ်အမွေးအကြိုင်လည်း ဖြစ်ပါတယ်။

✅မက်ခါသီးကို မြန်မာလို "သီဟရာဇာ"၊ ကချင်လိုဆိုရင် "ဂျင်ဗောင်ဂလ" နဲ ကယား လိုဆို "မက်ခါသီး" လို့ ပိုပြီး လူသိများပါတယ်။

✅(၆)လ တကြိမ် အသီးသီးလေ့ ရှိပြီးတော့ ခူးဆွက်ရရှိလာတာကို အခြောက်လှန်းပြီး အမှုန့်ထောင်းသုံးစွဲလေ့ ရှိပါတယ်။

✅မက်ခါသီးဟာ ပိုတက်ဆီယမ်၊ သံဓါတ်၊ ဗီတာမင် A ၊ ဇင့်၊ ကော်ပါး၊ မက္ကနီဇင်၊ ဖော့စဖက် နဲ့ ဓါတ်တိုးဆန့်ကျင်အုပ်စုတွေ ပါပါတယ်။

✅ဆိုတော့ စားသုံးလိုက်ရင် စိတ်ကြည်လင်လန်းဆန်းမှုကို နိုးဆော်ပေးနိုင်သလို အစာစားချင်စိတ်ကို ဖြစ်စေပါတယ်။

✅အစာချေစနစ် ကောင်းမွန်စေပြီးတော့ သွေးလည်ပတ်မှု အားလည်း ကောင်းစေလို့ ဆေးဖက်လည်း ဝင်တဲ့ အသီးပါ။

✅မက်ခါသီးအမှုန့်နဲ့ အာလုပ်ကျင်းရင်တောင် အပူအသက်ကင်းစေပြီး ခံတွင်းအနံ့ သက်သာစေတာ၊ သွားကိုက်တာ သက်သာစေပါတယ်။

✅ဒီလို ဆေးဖက်ဝင်တဲ့ မက်ခါသီးအမှုန့်ဟာ ကျွန်တော်တို့ Organic Spicy ရဲ့ မာလာရှမ်းကောမှာလည်း မပါမဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင်ပါပဲ။

✅အများစုကတော့ စီချွမ်ငရုတ်ကောင်း လို့ လူသိများကြပြီးတော့ ထုံစပ်စပ် အရသာ အပေးဆုံးက သူပါပဲ။

✅မာလာရှမ်းကော ဖြစ်စေတဲ့ အရေးကြီးဆုံး မပါမဖြစ် အမယ်ဖြစ်တာမို့ အရသာကို ထူးခြားလေးနက်စေတာပါ။

✅ထုံစပ်အရသာလေးက မာလာရှမ်းကောအရသာကို ပိုဆွဲဆောင်စေပြီး အစားစားပြီးရင် လန်းဆန်းပေါ့ပါးတဲ့ စိတ်ကို ဖြစ်စေတာပါနော်။

✅ဆိုတော့ မာလာရှမ်းကော စားမယ် လို့ စိတ်ကူးရှိလာရင် Organic Spicy ကို သတိရလိုက်ပါ။

✅ရန်ကုန်ကော၊ မန္တလေးမှာပါ ဆိုင်ခွဲတွေ ရှိတဲ့အပြင် စားသုံးသူ စိတ်တိုင်းကျစေမယ့် အရသာနဲ့ ကြိုဆိုနေပါတယ်။

♦️ရာသီဥတုကတော့ ကိုယ့်ဖက် ပါနေပြီနော်။ ♦️ရန်ကုန်မှာ မိုးအေးအေး နဲ့ စားလို့ အလိုက်ဖက်ဆုံးက မာလာရှမ်းကော ပါနော်။ ♦️ပူစပ်စပ်...
20/09/2025

♦️ရာသီဥတုကတော့ ကိုယ့်ဖက် ပါနေပြီနော်။

♦️ရန်ကုန်မှာ မိုးအေးအေး နဲ့ စားလို့ အလိုက်ဖက်ဆုံးက မာလာရှမ်းကော ပါနော်။

♦️ပူစပ်စပ်လေး မာလာရှမ်းကောကို ဆွေးစရာ မိုးနှောင်းကာလမှာ ထိုင်စားဖို့ စဉ်းစားနေရင် Organic Spicy ရှိတယ်နော်။

♦️ထုံစပ်စပ်အရသာ ရှိတဲ့ ပူနွေးနွေး မာလာရှမ်းကောဟာ မိုးအေးတဲ့ အချိန်မှာ စားလို့ သိပ်ကောင်းတဲ့ အချိန်ပဲ။

♦️အလိုက်ဖက်ဆုံး အစားအစာ လို့တောင် ဆိုလို့ ရတယ်။

♦️Organic Spicy ဟာ မိုးအေးအေး နဲ့ ရွာနေတဲ့ မြင်ကွင်းကို ထိုင်ကြည့်ပြီး စားလို့ ရတဲ့ နေရာမို့ သိပ် Feel လို့ ကောင်းတယ်နော်။

♦️ချစ်သူ ဖြစ်စေ၊ သူငယ်ချင်းနဲ့ ဖြစ်စေ ထိုင်စားလို့ ကောင်းအောင် ဖန်တီးပေးထားပါတယ်။

♦️သက်တောင့်သက်သာ ရှိတဲ့ ထိုင်ခုံ၊ စားပွဲတွေ ပြင်ဆင်ထားသလို မိုးလုံ လေလုံမို့ အေးဆေး ထိုင်အနားယူလို့ ရပါတယ်။

♦️Organic Spicy ဟာ မာလာရှမ်းကော ကောင်းမွန်ခြင်းသာမကပဲ စားသုံးသူတွေ သက်တောင့်သက်သာ နဲ့ ဝန်ဆောင်မှုကောင်းကောင်း ရဖို့ အမြဲ ပြင်ထားပါတယ်။

♦️အပြင်မှာ တစိမ့်စိမ့် ရွာနေတဲ့ မိုးကို ငေးရင်း အေးလာရင် ကိုကို ရင်ခွင် မရှိနိုင်ရင်လည်း😭
♦️Organic Spicy ရဲ့ မာလာရှမ်းကော က နွေးထွေးတဲ့ ကိုယ်ငွေ့လေး ဖြစ်လာစေမှာပါနော် 🤪

♦️ဝမ်းအတွက် အစာဖြည့်ရုံမက နှလုံးသားအတွက် အစာဖြည့်ဖို့ စာအုပ်လေးတွေလည်း ချပေးထားပါသေးတယ်။

♦️ကဲ ဆိုတော့ မိုးအေးအေး နဲ့ အခန်းထဲ အောင်းမယ့်အစား စိတ်ကြည်လင်စေမယ့် မာလာရှမ်းကော စားရင်း အနားယူမယ်ဆို Organic Spicy ရှိတယ်နော်။

♦️မြေနီကုန်းရောက်ရင် Organic Spicy ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

♦️မြို့လယ်ကောင် လူစည်တဲ့ နေရ မှာမို့ အလွယ်တကူ လာလို့ ရပါတယ်နော်။

🔶မာလာရှမ်းကော စားရင်း Feel ရတာ ကြိုက်ရင် Organic Spicy ကို လာဖို့ ဖိတ်ခေါ်ပါတယ်နော်။🔶🎦သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင် ...
13/08/2025

🔶မာလာရှမ်းကော စားရင်း Feel ရတာ ကြိုက်ရင် Organic Spicy ကို လာဖို့ ဖိတ်ခေါ်ပါတယ်နော်။🔶

🎦သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင် နဲ့
ပြတင်းပေါက်တွေကနေ တဆင့် အဝေးကို မျော်ကြည့်နေလို့ ရတယ်။ (လုံးဝအဆွေး)

⏺️တစ်ယောက်ထဲ လာလာ
⏹️အပေါင်းအသင်းနဲ့ပဲ လာလာ
📶အကောင်းဆုံး အရသာ၊ အကောင်းဆုံး ဝန်ဆောင်မှု နဲ့ မန်းတောင်ရိပ်ခိုရသလို ရစေရမယ်။

▶️Organic Spicy ဟာ ကိုယ်ပိုင် မာလာအနှစ်နဲ့ မာလာရှမ်းကောကို ရောင်းချပေးနေတာ ဖြစ်ပြီး ပဲပြုတ်တွေ ဖြူးထားပေးတဲ့ ပုံစံဟာ ကျွန်တော်တို့ ကိုယ်ပိုင်အမှတ်အသားပါ။

⏯️ဈေးတန်တန် နဲ့ မာလာရှမ်းကော စားရမှာ ဖြစ်သလို အေးဆေး လာအနားယူလို့လည်း ရတယ်။

⏭️Organic Spicy သည် သန့်ရှင်း သပ်ရပ်မှုနဲ့ အနုပညာဆန်ဆန် ဖန်တီးမှုကို ဖော်ကျုးပြီး အထူးကောင်းမွန်တဲ့ မာလာရှမ်းကော ကို ရောင်းချပေးနေတာပါ။

▶️ရန်ကုန်မှာ အေးဆေး ထိုင်အနားယူပြီး စားချင်တယ် ဆိုရင် Organic Spicy ရှိတယ်။

▶️အပြင်မှာ ဘယ်လောက်ပူပူ ဆိုင်ထဲမှာ လေအေးပေးစက်တွေ ဆင်ထားပေးပါတယ်။

🔶စားသုံးသူ တစ်ဦးချင်းဆီတိုင်းကို အထူးဝန်ဆောင်မှု ပေးနေတာ ဖြစ်ပြီး Organic Spicy ဟာ မာလာရှမ်းကောအပြင် အနုပညာရသပါ ထိတွေ့စေတာပါ။

🟩တစိမ့်စိမ့်ရွာနေတဲ့ မိုးနဲ့  တငွေ့ငွေ အေးနေတဲ့ မိုးတွင်းကာလမှာ အစပ်ပါတဲ့ မာလာရှမ်းကောက အသင့်တော်ဆုံးပါပဲ။🟨ပုံမှန်ထက် အအ...
27/07/2025

🟩တစိမ့်စိမ့်ရွာနေတဲ့ မိုးနဲ့ တငွေ့ငွေ အေးနေတဲ့ မိုးတွင်းကာလမှာ အစပ်ပါတဲ့ မာလာရှမ်းကောက အသင့်တော်ဆုံးပါပဲ။

🟨ပုံမှန်ထက် အအေးပိုတာကြောင့် အခန်းထဲမှာ အေးအေးဆေးဆေး မာလာရှမ်းကော စားချင်ရင် Organic Spicy က ကြိုဆိုပါတယ်။

🟪မိုးလုံ၊ လေလုံ ဆိုင်ဖြစ်ပြီး မှန်ပြတင်းပေါက်တွေအများကြီးရှိလို့ လမ်းပေါ်ကို လှမ်းငေးလို့ရတယ်။

🟫Organic Spicy ရဲ့ ကိုယ်ပိုင်မာလာအနှစ် ကို သုံးထားပြီး အကောင်းဆုံးလက်ရာတွေ ဖန်တီးပေးထားလို့ စားရတာ စိတ်တိုင်းကျစေမယ်။

🟧အခုလို မိုးရာသီကာလမှာ သက်တောင့်သက်သာ ဖြစ်စေမယ့် ဆိုင်အပြင်အဆင်က အရေးကြီးပါတယ်။

🟥ဒီအတွက် မပူပါနဲ့ Organic Spicy က သင့်အတွက် အကောင်းဆုံးဝန်ဆောင်မှုနဲ့ နေရာထိုင်ခင်းကို စီစဉ်ထားပေးပါတယ်။

🟩သန့်ရှင်းရမယ်၊ အရသာ မိမိုက်နေရမယ်။
ထိုင်ရတာ အဆင်ပြေရမယ်။

🟦မြို့ထဲ ဖြစ်ပြီး သွားရလာရ လွယ်ကူရမယ်။
ဒီအချက်တွေ ပြည့်စုံအောင် Organic Spicy က ဖန်တီးထားပါတယ်။

🟨ဈေးနှုန်းကလည်း အသင့်အတင့်နဲ့ လူတိုင်းစားနိုင်တဲ့ နှုန်းထား သတ်မှတ်ထားပြီး အရသာကတော့ အထူးစပါယ်ရှယ် ပေးထားပါတယ်။

♦️ဆိုတော့ မာလာရှမ်းကော ဆိုရင် Organic Spicy ရှိတယ်နော်။♦️

🫰🤔🤏နာမည်မှာ ထူးထူးခြားခြား "ဟုန်" ဆိုပြီး ပါတဲ့ သူများ ရှိမလားနော်။😁 "မမဟုန်" မဖြစ်ပေမယ့် နာမည်မှာ "ဟုန်" ဆိုပြီးပါရုံနဲ...
13/07/2025

🫰🤔🤏နာမည်မှာ ထူးထူးခြားခြား "ဟုန်" ဆိုပြီး ပါတဲ့ သူများ ရှိမလားနော်။

😁 "မမဟုန်" မဖြစ်ပေမယ့် နာမည်မှာ "ဟုန်" ဆိုပြီးပါရုံနဲ့တင် Organic Spicy မှာ မာလာရှမ်းကော Free ကျွေးပါမယ်နော်။ 🤣

🚨မှတ်ချက်။ ။ ဆီပုံး သယ်လာစရာ မလိုပါ။ 🤣

🤫စတာပါနော်🫣

📢ဘယ်သူမဆို ကိုယ့်နာမည်မှာပဲ ဖြစ်ဖြစ်
ကိုယ့် အသိ နာမည်မှာပဲ ဖြစ်ဖြစ် "ဟုန်" ပါရင် ရပြီ။

📣 Organic Spicy ဆိုင်မှာ မာလာရှမ်းကော တစ်ပွဲ Free ရပါမယ်နော်။

💭ဆံပင်တုတပ်စရာ၊ မျက်နှာ Mask အုပ်စရာ
မလိုပါဘူးနော်။ 🤣

🗨️မမ ဟုန် ဖြစ်စေ၊ ကိုကြီးဟုန် ဖြစ်စေ၊ ညီမလေး ဟုန် ဖြစ်စေ၊ ညီလေးဟုန် ဖြစ်စေ ဘယ်သူမဆို နာမည်မှာ "ဟုန်" ပါရုံနဲ့ မာလာရှမ်းကော free တစ်ပွဲ စားခွင့် ရမှာပါ။

🗓️ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တစ်ပါတ်အတွင်း လာစားရမယ်နော်။

🔸Organic Spicy 🔸မာလာရှမ်းကော ဆိုင်က ရန်ကုန် ကော မန္တလေးမှာပါ ရှိတာမို့
🫕ဘယ်ဆိုင်လာလာ မာလာရှမ်းကော အခမဲ့ တစ်ပွဲပါ။

📝ဒီအပါတ်ထဲ ကိုယ့်နာမည်‌မှာ "ဟုန်"ပါရုံနဲ့ မာလာရှမ်းကော တစ်ပွဲ အခမဲ့စားခွင့်ရမှာ ဆိုတော့ မတန်ဘူးလား။ 🤣

🔎နာမည်ပါရင် ရပါပြီလို့ 🔍

🌶 Organic Spicy Yangon
🏠စ/၁၄ -စမ်းချောင်းလမ်းမ ၊ သပြေညိုလမ်းထောင့် ၊ မြေနီကုန်း
☎️ - 09797222121 (viber)
☎️ - 09400800368 (viber)

မန္တလေးမြို့မှာ ဆိုရင်တော့
📝လိပ်စာက ၇၄ လမ်း၊ ၃၃×၃၄ ‌လမ်းကြား၊ချမ်းအေးသာဇံမြို့နယ် ထဲမှာပါ။

☎ 09751766002, 09753800057(viber)

🎯ဗိုက်ဆာနေပြီလား!🎯📝ဘာစားရမလဲ စဉ်းစားရ ခက်နေလား!🫰အကြံပေးမယ်နော်🫰👉Organic Spicy ရဲ့ မာလာရှမ်းကော လာစားပါ။👉ဘာကြောင့်လဲ ဆိုတ...
11/07/2025

🎯ဗိုက်ဆာနေပြီလား!🎯

📝ဘာစားရမလဲ စဉ်းစားရ ခက်နေလား!

🫰အကြံပေးမယ်နော်🫰

👉Organic Spicy ရဲ့ မာလာရှမ်းကော လာစားပါ။

👉ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်မြို့ နာမည်ကြီးတဲ့ နေရာမှာ ရှိတယ်။

🚗သွားလာရ လွယ်ကူပြီး အချက်အချာကျတယ်။

🏟️အကောင်းဆုံးကတော့ သူမတူ အရသာရှိတဲ့မာလာရှမ်းကော ကို ဈေးသက်သက်သာသာ နဲ့ စားလို့ ရနိုင်တယ်။

🍲ပွဲကြီးတစ်ပွဲကိုမှ လူလေးယောက် အဝစားနိုင်ပြီးတော့ ကျသင့်ငွေ အမောင့်ကလည်း တန်မှ တန်ပါပဲ။

🏩ဆိုင်အပြင်အဆင်ကလည်း လုံးဝ အနုပညာဆန်ပြီး Luxury ဆန်အောင် ဖန်တီးပေးထားတယ်။

🪩တခါတခါ မာလာရှမ်းကောဆိုင်မှ ဟုတ်ရဲ့လား ဆိုရလောက်အောင် သန့်ပြန့်ပြီး ခံစားမှုကောင်းတဲ့ မြင်ကွင်း ရစေတယ်။

▶️Organic Spicy ရဲ့ လက်ရာ မာလာရှမ်းကောကလည်း အရသာ၊ အထုံ၊အစပ် လိုသလို စိတ်ကြိုက်ပြင်ပေးပြီး ကိုယ်တိုင်လုပ် မာလာအနှစ် သုံးပေးထားတယ်။

⏩Organic Spicy ရဲ့ မာလာအနှစ်ဟာ စားဖူးသူတိုင်း အကြိုက်တွေ့တာ ဖြစ်ပြီး သီးသန့်အနှစ်ထုပ်တောင် မှာယူနေကြတာပါ။

⏭️ကဲ ဆိုတော့ Organic Spicy ဆိုတာ သင့်ကို မာလာရှမ်းကော အရသာကို အကောင်းဆုံး ပေးမယ့် နေရာ ဖြစ်တယ်။

🔁ချစ်သူနဲ့ ပဲ လာလာ
🛜မိတ်ဆွေ သူငယ်ချင်းနဲ့ပဲ လာလာ
📴မိသားစုနဲ့ အချိန်ပေးပြီးပဲ လာလာ
⏺️စားပါ အနားယူပါ စကားပြောပါ

🔅Organic Spicy ကတော့ မာလာရှမ်းကော ကို အကောင်းဆုံးပြင်ဆင် ဝန်ဆောင်မှု ပေးနေမှာပါ။



#စားပါအနားယူပါ
#မာလာရှမ်းကော #အော်ဂဲနစ်မာလာရှမ်းကော

28/06/2025

🏩ချစ်ရတဲ့ သူတွေနဲ့ မိသားစု‌ကို တစ်ရက်တော့ မာလာရှမ်းကောနဲ့အတူ အချိန်ပေးပါ။🏩အားလပ်တဲ့ ရက်တွေမှာ မိသားစုကို အချိန် ခဏပေးပြီး အပြင်မှာ တခုခု ထွက်စားသင့်ပါတယ်။🏫ဒီလို အေးအေးဆေးဆေး ထိုင်စားလို့လည်း ရမယ်။ မြို့တွင်းမှာလည်း ရှိပြီးတော့ လူတိုင်းကြိုက်တဲ့ အစားအစာ ဖြစ်ရမယ်။🏬ဒါဆိုရင်တော့ Organic Spicy ရဲ့ မာလာရှမ်းကော ရှိတယ်နော်။🏦ရန်ကုန်နဲ့ မန္တလေးတို့မှာ ဆိုင်ခွဲတွေ ဖွင့်ထားတယ်။🏢အေးဆေး ထိုင်စားလို့ ရအောင် ဖန်တီးထားတယ်။ 🏰သန့်ရှင်း သပ်ရပ်ပြီး စားသုံးသူတွေအတွက် အမြဲ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ဖို့ ကြိုးစားထားတယ်။🏤ဈေးနှုန်းကလည်း စားသုံးသူအတွက် မျှတအောင် ရောင်းချပေးနေတာ Organic Spicy ပါ။🌇မြို့ထဲမှာ ဖြစ်တာကြောင့် သွားလာရ လွယ်ကူပြီး အေးဆေး ထိုင်စားလို့ ရတယ်။🎇တခါစားတာနဲ့ မာလာရှမ်းကော အရသာကောင်းကောင်း သိသွားစေရပါမယ်။🎆တစ်ဦးပဲ လာလာ၊ ချစ်သူနဲ့ လာလာမိသားစု လိုက် လာလာ၊ အကောင်းဆုံး ဝန်ဆောင်မှုနဲ့ အကောင်းဆုံး အရသာ ပေးနိုင်ဖို့က Organic Spicy ရဲ့ တာဝန်ပါ။ ☎ 09 09797222121 (viber) #

🧩မာလာရှမ်းကော ကို ညနေပိုင်းမှာ စားတာ အကောင်းဆုံး ပါ။🧩အိမ်မှာ စားတာထက် ဆိုင်မှာ စားတာ အရသာ ပိုရှိစေပါတယ်။🔰မာလာရှမ်းကော မှ...
27/06/2025

🧩မာလာရှမ်းကော ကို ညနေပိုင်းမှာ စားတာ အကောင်းဆုံး ပါ။
🧩အိမ်မှာ စားတာထက် ဆိုင်မှာ စားတာ အရသာ ပိုရှိစေပါတယ်။

🔰မာလာရှမ်းကော မှာ ပါတဲ့ အရသာကြောင့် မိန်းခလေးတွေကို စိတ်ပျော်လာစေပါတယ်။
🔰ဆိုတော့ ပူအိုက် စိတ်ရှုပ်တာတွေ ရှိနေရင် Organic Spicy ရှိတယ်နော်။

🚸သက်တောင့်သက်သာ နဲ့ ထိုင်စားလို့ရတယ်။
မိတ်ဆွေတွေနဲ့ တူတူ ဝိုင်းဖွဲ့စားဖို့ နေရာ ကျယ်ကျယ်ရှိတယ်။

✅အကောင်းဆုံးကတော့ ရန်ကုန်နဲ့ လိုက်ဖက်မယ့် မာလာရှမ်းကော အရသာကို စပ်ပေးနိုင်တာပဲ။

☑️Organic Spicy ကိုယ်တိုင် ထုတ်လုပ်တဲ့ မာလာ အနှစ်ကို အသုံးချထားတာမို့ လုံးဝ Home made အရသာ ရရှိစေပါတယ်။

🔃သန့်ရှင်းမှု နဲ့ သပ်ရပ်မှု ကို အလေးပေးထားပြီး စားသုံးသူ အကြိုက်ကို Organic Spicy က ဖန်တီးပေးနေပါတယ်။

✅ဆိုတော့ မိုးရာသီကာလ မန္တလေး ညနေခင်းအချိန်မှာ အေး‌အေးဆေးဆေး ချစ်ရသူနဲ့ ဖြစ်စေ၊ မိသားစုလိုက် ဖြစ်စေ စားမယ်ဆို Organic Spicy ရှိတယ်နော်။

❇️သန့်ရှင်းလတ်ဆက်တဲ့ အသားငါး၊ သီးနှံ၊ အရွက် တို့ကို အသုံးပြုပေးထားသလို လိုက်ဖက်တဲ့ ဖျော်ရည်တွေလည်း ပါဝင်ပါတယ်။

✳️ဈေးနှုန်း သင့်တင့်တဲ့ နှုန်းထားသာ ဖြစ်တာကြောင့် စားလို့လည်း ကောင်း၊ နေရာလည်း အဆင်ပြေတဲ့ Organic Spicy ကနေ ကြိုဆိုလိုက်ပါတယ်။

Address

အမှတ်/စ/၁၄ ( သပြေညိုလမ်း X စမ်းချောင်းလမ်းမ ) ၊ စမ်းချောင်းမြို့နယ် ၊ မြေနီကုန်း ။
Yangon

Opening Hours

Monday 11:00 - 21:00
Tuesday 11:00 - 21:00
Wednesday 11:00 - 21:00
Thursday 11:00 - 21:00
Friday 11:00 - 21:00
Saturday 11:00 - 21:00
Sunday 11:00 - 21:00

Telephone

+959400800368

Website

Alerts

Be the first to know and let us send you an email when Organic Spicy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category