10/04/2026
HAGL Myanmar ၏ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်
မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကို တန်ဖိုးထားမြတ်နိုးသော ပြယုဂ်တစ်ခုအနေဖြင့် ဗီက်နမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ HAGL Myanmar မှ ဧပြီလ ၉ရက်နေ့ (၉.၄.၂၀၂၆) က သင်္ကြန်အကြိုပွဲတော်ကိုပြုလုပ်ကျင်းပခဲ့ပါသည်။
မြန်မာ့နှစ်သစ်ကူး အနှစ်သာရအပြည့်ပါဝင်သော ရိုးရာအကအလှများ၊တေးသီချင်းများ၊ ရိုးရာမုန့်အစားအစာများဖြင့် ကျင်းပခဲ့တဲ့ အတာသင်္ကြန်ပွဲတော်ကိုမြန်မာဝန်ထမ်းများနှင့်အတူ ဗီယက်နမ်ဝန်ထမ်းများကပါ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ကျွန်ုပ်တို့ရဲ့ ၂၀၂၆ ခုနှစ်၊ အတာသင်္ကြန်ပွဲတော်မှာ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်ချစ်ခင်စွာဖြင့် အတာသင်္ကြန်ရေပတ်ဖြန်းပြီး သစ်လွင်တောက်ပတဲ့နှစ်သစ်ကိုအတူဖြတ်သန်းကြိုဆိုခဲ့ကြပါတယ်။
ကျရောက်လာမည့် နှစ်သစ်မှာ ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့အတူ အောင်မြင်မှုအပေါင်း ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
—————————————————————————————————————————————
Celebrating the Spirit of Thingyan: HAGL Myanmar’s 2026 New Year Festivities
As a tribute to Myanmar’s rich cultural heritage and the vibrant traditions of the New Year, HAGL Myanmar hosted a special pre-Thingyan celebration on April 9, 2026.
The event brought the true essence of the Water Festival to life through graceful traditional performances, rhythmic music, and a delightful spread of local delicacies. It was a wonderful sight to see our Myanmar and Vietnamese colleagues celebrating side-by-side, sharing in the joy of the season.
Our 2026 festival was more than just a celebration; it was a moment of unity and connection. By sharing the tradition of the Thingyan water pour, our team washed away the old year and stepped into a bright, promising future together.
As we enter the New Year, HAGL Myanmar extends our warmest wishes to all our employees and partners. May the coming year bring you health, happiness, and continued success.