Pepper Lunch Myanmar

Pepper Lunch Myanmar Pepper Lunch is a “DIY, fast-steak” restaurant concept that originated in Japan in 1994. It was created by Japanese chef and inventor, Mr. Kunio Ichinose.

08/10/2020

Hey Pepper Lunch Fans, we'll be closed starting October 9, 2020 till the Union government of Myanmar allows for restaurant dine for the safety of our employees and until the situation in Yangon improves. Please stay safe and see you in 2021!!! Hopefully sooner better then later

10/09/2020

Back to Delivery and Take Out Only 🤗🤗🤗

Beef Pepper Rice PromotionHello Hello!!!Pepper Lunch ချစ်သူလေးတွေအတွက် သတင်းကောင်းလေးပြောပြစရာရှိပါတယ် 😉 Pepper Lunch ရဲ...
07/08/2020

Beef Pepper Rice Promotion

Hello Hello!!!

Pepper Lunch ချစ်သူလေးတွေအတွက် သတင်းကောင်းလေးပြောပြစရာရှိပါတယ် 😉

Pepper Lunch ရဲ့ နာမည်အကြီးဆုံး ရောင်းအားအကောင်းဆုံး ဟင်းပွဲတစ်ပွဲဖြစ်တဲ့ USA Beef Pepper Rice လေးကိုမှာယူလိုက်တာနဲ့ ကြိုက်နှစ်သက်ရာ Drink တစ်ခွက်နဲ့ Side Dish တစ်ပွဲ လက်ဆောင်ရယူနိုင်မယ့် အစီအစဉ်လေးလာပါပြီနော်။

Side Dish လေးတွေကလည်း Salad (or) Soup(or) Mashed Potato ကိုယ်ကြိုက်တာရွေးလို့ရတယ်ဆိုတော့ အမိုက်စား promotion လေးပဲနော်။

Beef Pepper Rice ဆိုတာ USA Beef Slice ကိုသုံးထားတာဆိုတော့ နူးညံ့မှုနဲ့ သူ့ရဲ့အရသာကတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး 😊

Promotion လေးက ဒီ August တစ်လထဲဆိုတော့ မြန်မြန်သာလာခဲ့လိုက်ပါတော့လို့ 🗣

Pepper Lunch Restaurant ကိုအစဥ်အားပေးကျတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံးအတွက် မိုးရာသီ (Monsoon Promotion) လေးလုပ်ပေးထားပ...
02/08/2020

Pepper Lunch Restaurant ကိုအစဥ်အားပေးကျတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံးအတွက် မိုးရာသီ (Monsoon Promotion) လေးလုပ်ပေးထားပါတယ်နော်။

အထူးစီစဥ်ထားတဲ့ မီနူးထဲက ​ဟင်းပွဲလေးတွေကိုမှ
တစ်ပွဲဝယ်တိုင်း Pepsi တစ်ခွက်နဲ့ Miso soup တစ်ခွက်မေတ္တာလက်ဆောင်အနေနဲ့
ပြန်ပေးသွားမှာဆိုတော့ ရှယ်ပဲပေါ့။

Promotion ကာလလေးကလဲ 1.8.2020 ကနေ 31.10.2020 အထိ သုံးလကြီးများတောင်နော်။
အဲ့ဒီတော့ မိုးတွင်းကာလမှာ အိမ်တွင်းပုန်းမနေပဲ Pepper Lunch ရဲ့ဟင်းပွဲ ပူပူနွေးနွေးလေးတွေကို အရသာရှိရှိသုံးဆောင်ဖို့ အမြန်ဆုံးလှမ်းလာခဲ့တော့နော်။

We are open for dine in service!ဆိုင်မှာထိုင်စားရမှ အားရတဲ့ ချစ်သူလေးတွေအတွက် Pepper Lunch Myanmar မှာ Dine in ပြန်ရနေပြ...
30/05/2020

We are open for dine in service!

ဆိုင်မှာထိုင်စားရမှ အားရတဲ့ ချစ်သူလေးတွေအတွက် Pepper Lunch Myanmar မှာ Dine in ပြန်ရနေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ် 😊😊😊

ထူးခြားတဲ့ အရသာ၊ သန့်ရှင်းသပ်ရပ်တဲ့ အခင်းအကျင်းတွေနဲ့အတူ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ Pepper Lunch ရဲ့ Customer တွေ လုံခြုံစိတ်ချစွာသုံးဆောင်နိုင်တဲ့ပုံစံနဲ့ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါပြီရှင့်

ဒါကြောင့်အရင်လို သူငယ်ချင်းမိတ်ဆွေတွေ, မိသားစုနဲ့တကွ ပျော်ပျော်ပါးပါးလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်...... ❤️❤️

We are open for dine in service!

Like the old times, you can now dine in safely.
In accordance with the guidelines from the Ministry of Health and Sports, we have ensured our store has a safe environment for our customers to dine in. Be sure to visit us soon and let us serve you with your favorite meals!

၂၀၂၀ နွေရာသီရဲ့ အပူဒဏ်ကို ဘယ်လို ကာကွယ်ကြမလဲ?‍‍‍‍‍‍နွေရာသီပဲ ပူပါစေဆိုပြီး ထားလို့မရတော့ဘူး Pepper Lunch ချစ်သူတို့ရေ အပ...
25/05/2020

၂၀၂၀ နွေရာသီရဲ့ အပူဒဏ်ကို ဘယ်လို ကာကွယ်ကြမလဲ?
‍‍‍‍‍‍
နွေရာသီပဲ ပူပါစေဆိုပြီး ထားလို့မရတော့ဘူး Pepper Lunch ချစ်သူတို့ရေ အပူတွေရှပ်မယ် အဲ့တော့ အိမ်မှာနေရင်း အပူဒဏ်ကို ဘယ်လို ကာကွယ်ကြမလဲဆိုတာ ပြောပြပေးမယ်နော် 😍
‍‍‍‍‍‍
(1) ရေများများသောက်ပါ
- ရာသီဥတုအရမ်းပူပြီး ခြောက်လွန်းလို့ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်လို့ ရေများများသောက်ပေးပါ ချစ်သူတို့ရေ ရေခဲရည်မဟုတ်ပဲ ရေခဲရည်နဲ့ရေကြက်သီးနွေးလေး ရောသောက်ရမယ်နော် လည်ချောင်းနာမှာ စိုးမိလို့ပါရှင် 😘
‍‍‍‍‍‍
(2) အသီးများများစားပါ
- Soda ပါတဲ့ အအေးတွေထက် အရည်ရွှမ်းတဲ့ အသီးလေးတွေ အသီးဖျော်ရည်လေးတွေ ဦးစားပေးပေးပါနော် 😘
‍‍‍‍‍‍
(3) နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့အောင်နေပါ
- ချည်သားပါးပါးအေးအေးလေးတွေ လုံလုံခြုံခြုံဝတ်ပြီး မဖြစ်မနေအပြင်သွားရတိုင်း ထီး/ဦးထုတ်ဆောင်းပါနော်
‍‍‍‍‍‍

Contactless delivery ဖြစ်အောင် အတတ်နိုင်ဆုံး ဘယ်လိုပြင်ဆင်ကြမလဲ?‍‍‍‍‍‍Covid ကာလ Food Delivery ကို ပိုအားကိုးဖြစ်နေတဲ့အချ...
20/05/2020

Contactless delivery ဖြစ်အောင် အတတ်နိုင်ဆုံး ဘယ်လိုပြင်ဆင်ကြမလဲ?
‍‍‍‍‍‍
Covid ကာလ Food Delivery ကို ပိုအားကိုးဖြစ်နေတဲ့အချိန်မှာ delivery လာပို့တဲ့ ကိုကိုတွေ မောင်လေးတွေနဲ့ အနီးကပ် မထိတွေ့ပဲ အစားအသောက်ကို ဘယ်လိုလက်ခံယူလို့ရမလဲဆိုတဲ့ အချက်လေးတွေကို Pepper Lunch က ပြောပြပေးမယ်နော်
‍‍‍‍‍‍
(1) အိမ်ရှေ့မှာ တင်စရာနေရာ ထားထားပေးပါ
- Delivery man က ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားရင် အိမ်ရှေ့က ခုံလေးမှာ တင်ခဲ့ပေးဖို့မှာပြီး ၃ ပေ အကွာက ရပ်နေပေးဖို့ Request လုပ်ပါ
‍‍‍‍‍‍
(2) Self-protection လုပ်ပါ
- Mask တပ်ပါ လက်အိတ်စွတ်ပါ မနှမြောပါနဲ့
‍‍‍‍‍‍
(3) ဖြစ်နိုင်ရင် Mobile Banking ကပဲ ငွေချေပါ
- မလွှဲသာလို့ delivery လာမှ ငွေသားပေးရမယ်ဆိုရင် ပြန်အမ်းပိုက်ဆံ လက်မခံရအောင် ပိုက်ဆံအတိပေးနိုင်အောင် လုပ်ကြည့်ပါရှင်
‍‍‍‍‍‍
(4) ပိုးသန့်စင်ပါ
- အိမ်ရှေ့မှာ အမှိုက်အိတ်လေးသက်သက်ထားထားပြီး ဆိုင်က ထုတ်ပို့ပေးလိုက်တဲ့ Plastic အိတ်ကို လွှတ်ပစ်ပါ အထဲက ဘူးကို ပိုးသတ်စင်ပါ အိမ်ထဲဘူးယူလာပြီးပြီးချင်း အိမ်က ပန်းကန်ထဲချက်ချင်းပြောင်းထည့်ပြီး ဘူးကို လွှတ်ပစ်ပါ
‍‍‍‍‍‍

15/05/2020

Pepper Lunch အတွက်တော့ Customer ဆိုတာ ဒုတိယ မိသားစုပါပဲရှင်
‍‍‍‍‍‍
Coronavirus အပါအဝင် အခြားသော ကူးစက်ရောဂါများ မဖြစ်ပွါးစေရန် အတွက်
‍‍‍‍‍‍
Kitchen ထဲမှာသာမက customer နဲ့ တိုက်ရိုက် ထိတွေ့ရာနေရာ Counter မှ ဝန်ထမ်းများကိုပါ
‍‍‍‍‍‍
(1) အလုပ်ချိန် မစခင် ကိုယ်အပူချိန်တိုင်းတာခြင်း
(2) အတတ်နိုင်ဆုံး Contactless ဖြစ်စေရန် အစားအသောက်များကိုင်တွယ်ရာတွင် ပိုးသတ်ထားသော လက်အိတ်စွတ်ခြင်း
(3) ဝန်ထမ်းများအား မကြာခဏ ပိုးမွှားသန့်စင်စေသည့် ဆပ်ပြာရည်ဖြင့် လက်ဆေးစေရန် ကြပ်မတ်ပေးခြင်း
(4) “Hand Sanitizer” များ ထားရှိပေးပြီး အသုံးပြုစေခြင်း
(5) လာရောက် ဝယ်ယူသူ customer များကို social distancing ဖြင့် ကာကွယ်စေရန် သတ်မှတ်နေရာများ သတ်မှတ်ပေးခြင်း
(6) Kitchen အတွင်းအပြင် သန့်ရှင်းမှုကို ပုံမှန်ထက် အထူးဂရုစိုက်ခြင်းတို့ဖြင့်
‍‍‍‍‍‍
Pepper Lunch ချစ်ရ တန်ဖိုးထားရတဲ့ Customer လေးများအတွက်ရော
မြန်မာပြည်ကြီးအတွက်ပါ
ကာကွယ်ရေး အစီအစဉ်များ
တစ်ထောင့်တစ်နေရာမှ ပါဝင်ကြိုးစားအားထုတ်ပေးလျက်ရှိပါတယ်ရှင် 😍
‍‍‍‍‍‍
ဒီ ကူးစက်ရောဂါကို တူတူကျော်ဖြတ်ကြမယ်နော် မြန်မာပြည်ကြီး Fighting ပါရှင်😍🥰😘




“တစ်ချိန်ချိန်မှာ နီးရဖို့ အခုပဲ ဝေးလိုက်ကြရအောင်“‍‍‍‍‍‍Social Distancing matters.‍‍‍‍‍‍
15/05/2020

“တစ်ချိန်ချိန်မှာ နီးရဖို့ အခုပဲ ဝေးလိုက်ကြရအောင်“
‍‍‍‍‍‍
Social Distancing matters.
‍‍‍‍‍‍

“သင့်ဖုန်းကလည်း အနီးဆုံးရန်သူဖြစ်နေနိုင်ပါတယ်”‍‍‍‍‍‍Coronavirus ကာကွယ်ဖို့ လက်ဆေးခြင်းက အရေးကြီးဆုံးဆိုတာမှန်ပေမယ့် ကိုယ...
15/05/2020

“သင့်ဖုန်းကလည်း အနီးဆုံးရန်သူဖြစ်နေနိုင်ပါတယ်”
‍‍‍‍‍‍
Coronavirus ကာကွယ်ဖို့ လက်ဆေးခြင်းက အရေးကြီးဆုံးဆိုတာမှန်ပေမယ့် ကိုယ်နဲ့ အနီးဆုံးမှာ အမြဲရှိနေတဲ့ ပစ္စည်းတွေကိုလည်း မေ့ထားလို့မရပါဘူး
‍‍‍‍‍‍
အပြင်ကပြန်လာတိုင်း Handbag, Shopping bag အကုန်လုံးကို သန့်ရှင်းရေးလုပ်တတ်ပေမယ့် ဖုန်းကိုတော့မေ့နေတတ်ကြပါတယ်
‍‍‍‍‍‍
(၁) Cover တပ်ထားရင် Cover ကိုချွတ်ပြီး ဆပ်ပြာနဲ့ဆေးပါ Cover တပ်ပြီး သန့်ရှင်းရေးလုပ်ရင် သတိမထားမိတဲ့ Cover ကြားလေးတွေမှာလည်း Virus က ကပ်နေနိုင်ပါတယ်
(၂) Screen ပေါ်ကို pure alcohol နဲ့ တိုက်ရိုက် ပွတ်ရင် Damage ဖြစ်နိုင်တဲ့အတွက် 70% Alcohol pad လေးတွေနဲ့ Speaker ကိုမထိစေပဲ သတိထား သန့်ရှင်းပေးရပါမယ်တဲ့
‍‍‍‍‍‍
ကဲ ထပ်ပြီး မှာချင်တာကတော့
(၁) တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့
(၂) မဖြစ်မနေ အပြင်ထွက်စရာကိစ္စရှိရင် mask တပ်ပါ လက်အိတ်စွတ်ပါ မရှက်ပါနဲ့
(၃) လက်ကိုသတိရတိုင်း ဆေးပါ Hand Sanitizer ထက် ဆပ်ပြာနဲ့ရေနဲ့ဆေးခြင်းကပိုထိရောက်ပါတယ်
(၄) အပြင်က ပြန်လာတိုင်း ရေချိုး ခေါင်းလျှော်ပါ
(၅) လုံးဝ မဖျားနာပါစေနဲ့
(၆) အရသာကော အာဟာရကော ပြည့်ဝတဲ့ Pepper Lunch က မှာစားပါ
‍‍‍‍‍‍

အိမ်မှာနေရတာ ပျင်းနေကြပြီလား 👀Pepper Lunch ရဲ့ Steak လေးတွေကိုရောလွမ်းနေကြပြီမလား 👀‍‍‍‍‍‍ ‍‍‍‍‍အခုကာလမှာ ကိုယ်ခံအားအထူးက...
12/05/2020

အိမ်မှာနေရတာ ပျင်းနေကြပြီလား 👀
Pepper Lunch ရဲ့ Steak လေးတွေကိုရောလွမ်းနေကြပြီမလား 👀
‍‍‍‍‍‍
‍‍‍‍‍အခုကာလမှာ ကိုယ်ခံအားအထူးကောင်းမွန်ဖို့လိုအပ်တဲ့ အတွက် Pepper Lunch က ပရိုတိန်းဓာတ်အပြည့်ရရှိစေဖို့ Chicken Steak လေးတွေကိုဈေးသက်သက်သာသာနဲ့ရောင်းပေးသွားမယ်နော်

‍‍‍‍‍‍မေလ (12) ရက်နေ့ကနေ ဇွန်လ (3) ရက်နေ့အထိကို ပုံထဲမှာ ပြထားတဲ့ ဟင်းပွဲများထဲမှ တစ်ပွဲစီတိုင်းကို မြန်မာကျပ်ငွေ 10000 kyats (Price before tax) နဲ့ ဝယ်ယူသုံးဆောင်နိုင်ပါပြီရှင်အခုပဲ ဖုန်းနံပါတ် - 09 761 390 402 ကိုဖုန်းဆက်ပြီး Delivery မှာလိုက်ကြရအောင် 😍🥰

‍‍‍‍‍Here comes the Pepper Lunch’s Chicken Steak Seasonal Promotion.

‍‍‍‍‍From May 12th to June 3rd, following dishes have been offered 10000 kyats (price before tax) by Pepper Lunch.

‍‍‍‍‍So, what are you waiting for? Dial 09 761 390 402 and take delivery to get your favorite dish, hot and fresh in no time.
T & C : Not valid with other promotions!



Address

Junction Square
Yangon
11041

Alerts

Be the first to know and let us send you an email when Pepper Lunch Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share