Tar Yar Linn Ice-Cream

Tar Yar Linn Ice-Cream ​🍧 နေ့စဥ်ဘဝကို ချိုမြိန်အေးမြစေမယ့် အရသာစစ်စစ်များ... 💕

​🍨 စိတ်ကြိုက်ရွေးချယ်စရာ ရေခဲမုန့်မျိုးစုံကို တစ်နေရာတည်းတွင် ရရှိနိုင်ပါသည်၊၊ Restaurant

မင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့ ဝါဆိုလပြည့်နေ့ 🌕💯ဓမ္မစကြာတရားဦး စတင်ဟောကြားခဲ့တဲ့ မဟာသက္ကရာဇ် ( ၁၀၃ ) ခုနှစ် ဝါဆိုလပြည့်န...
29/07/2026

မင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့ ဝါဆိုလပြည့်နေ့ 🌕💯

ဓမ္မစကြာတရားဦး စတင်ဟောကြားခဲ့တဲ့ မဟာသက္ကရာဇ် ( ၁၀၃ ) ခုနှစ် ဝါဆိုလပြည့်နေ့ကို အမှတ်ရရင်း ... 🙏🪷

ဒီကနေ့ ဇူလိုင် ( ၂၉ ) ရက်နေ့ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့အခါသမယမှာ မိဘ၊ ညီအစ်ကို၊ မောင်နှမ မိတ်ဆွေများအားလုံး စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေ။

ဘေးဘယာ အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး လိုရာဆန္ဒမှန်သမျှ အေးချမ်းစွာ အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း Tar Yar Linn မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙇‍♀❤️


Tar Yar Linn ရဲ့ 5 Kg ပုံး Discount နဲ့ Delivery Free Promotion ကြီးလာပါပြီ 🎁💯​မိမိတို့ဆိုင်ကို လာရောက်အားပေးတဲ့ Custome...
08/07/2026

Tar Yar Linn ရဲ့ 5 Kg ပုံး Discount နဲ့ Delivery Free Promotion ကြီးလာပါပြီ 🎁💯

​မိမိတို့ဆိုင်ကို လာရောက်အားပေးတဲ့ Customers တွေကို အကောင်းဆုံးအရသာနဲ့ ဝန်ဆောင်မှုပေးချင်တဲ့ ဆိုင်ပိုင်ရှင်များအတွက် အခုအချိန်မှာ အသင့်တော်ဆုံးအခွင့်အရေးတစ်ခုကို Tar Yar Linn က ဖန်တီးပေးလိုက်ပါပြီ။ 🥳🎉

​Ice Cream ဆိုတဲ့အချိုပွဲက အဓိကဟင်းလျာတွေစားသောက်ပြီးတိုင်း နောက်ဆုံးမှာ အချိုတည်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။

🎁 ဒါကြောင့် အရည်အသွေးမြင့်ပြီး စိမ့်သက်သက်အရသာနဲ့ ပါးစပ်ထဲမှာတင် အရည်ပျော်သွားမယ့် Tar Yar Linn Ice Cream ကိုမှာယူချင်တဲ့ စားသောက်ဆိုင်တွေအတွက် အကောင်းဆုံးအရသာတွေနဲ့ တည်ခင်းဧည့်ခံဖို့ Tar Yar Linn ရဲ့ 5 Kg ပုံး Promotion ကြီးလာပါပြီ။

အားလုံးက Tar Yar Linn Ice Cream လို့ပြောလိုက်တာနဲ့ ရင်ထဲအေးမြသွားပြီး ပါးစပ်ထဲမှာတင် အရည်ပျော်သွားစေမယ့် စိမ့်သက်သက်အရသာလေးတွေကို တန်းသတိရစေမှာပါ။ 🍨❣️

ဒါကြောင့် အခုဆိုရင် Tar Yar Linn ရဲ့ 5 Kg ပုံးကြီးတွေကို July 2026 5000 Ks Discount နဲ့ 95000 ကနေ 90000 Ks ကျပ်တိတိနဲ့ ရယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ မြို့တွင်း 5 Kg ပုံးကြီး နှစ်ပုံးမှာယူသူတွေအတွက် ပို့ဆောင်ခ လုံးဝ စိတ်ပူစရာမလိုဘဲ Delivery Free နဲ့ပြုလုပ်ပေးသွားဦးမှာ ဖြစ်ပါတယ်။ 🚚💨

🍧 ပြီးတော့ အရသာအနေနဲ့လဲ Chocolate၊ Mango၊ Strawberry၊ Durian၊ Vanilla၊ Fruit နဲ့ Taro ဆိုပြီး ( 7 ) မျိုးတိတိကို ရွေးချယ်ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုစုံလင်တဲ့ အရသာကို မြည်းစမ်းကြည့်ဖူးတဲ့ Customer တွေအတွက် Tar Yar Linn ရဲ့ Ice Cream ကလဲ စားသောက်ဆိုင်‌တွေမှာ အဓိကအချိုပွဲလေးဖြစ်လာမှာပါနော်။

အားလုံးကို Tar Yar Linn ရဲ့ 5 Kg ပုံး Promotion ကြီးက စောင့်မျှော်နေပါပြီ။ 👋❤️

ကဲ ... Promotion လဲယူမယ်၊ အလုပ်လဲမရှုပ်ချင်ဘူး၊ အရသာကလဲကောင်းရမယ်ဆိုတဲ့ ဆိုင်ပိုင်ရှင်တွေအတွက် အခုပဲ Tar Yar Linn ရဲ့ 5 Kg Promotion ကြီးကို အရယူဖို့ ဖုန်းခေါ်လိုက်တော့နော်။ 📞🔥

📌 Contact Us: 09423661135, 09420013684

Myanmar International Women's Day 💪🔥ဒီကနေ့ကျရောက်တဲ့ Myanmar International Women's Day မှာ စွမ်းရည်ထက်မြက်တဲ့ အမျိုးသမီး...
03/07/2026

Myanmar International Women's Day 💪🔥

ဒီကနေ့ကျရောက်တဲ့ Myanmar International Women's Day မှာ စွမ်းရည်ထက်မြက်တဲ့ အမျိုးသမီးများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏❤️

ထပ်ပြီးရှေ့ဆက်မယ့် နေ့ရက်တိုင်းမှာလည်း မိမိကိုယ်ကိုယ် ပိုမိုချစ်ခင်နိုင်ပြီး၊ ကိုယ်ရည်မှန်းထားတဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်ကာ စိတ်ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့အတူ အစဉ်အမြဲ တောက်ပနိုင်ကြပါစေလို့ Tar Yar Linn မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🌸✨

လန်းဆန်းချိုမြိန်မှုအပြည့်နဲ့ ဘဝရဲ့ အခက်အခဲတွေကို ကျော်ဖြတ်ကြမယ် 🍧💥တစ်နေ့တာအစမှာ ပင်ပန်းနွမ်းနွယ်မှုတွေရှိနေမယ်ဆိုရင် လု...
24/06/2026

လန်းဆန်းချိုမြိန်မှုအပြည့်နဲ့ ဘဝရဲ့ အခက်အခဲတွေကို ကျော်ဖြတ်ကြမယ် 🍧💥

တစ်နေ့တာအစမှာ ပင်ပန်းနွမ်းနွယ်မှုတွေရှိနေမယ်ဆိုရင် လုပ်သမျှအရာတိုင်းက အမြဲ ဒေါသထွက်စရာ၊ စိတ်တိုစရာတွေပဲဖြစ်နေပါလိမ့်မယ်။ 😤💢

ဒီလို အချိန်မှာဆို သတိရမိတာလေး မရှိဘူးလား။ 👀❓

ဒါပေါ့၊ သေချာပေါက် Tar Yar Linn Ice Cream ပဲပေါ့။

Tar Yar Linn ဆိုတာ ရိုးရိုးရေခဲတုံးတွေလို ခဏတာအေးပြီး ပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ လျှာဖျားပေါ်တင်လိုက်တာနဲ့ နူးညံ့အိစိမ့်တဲ့ ချိုမြိန်မှုခံစားချက်လေးက ‌‌ရင်ထဲအထိ စွဲမြဲသွားစေပြီး ... အခက်အခဲတိုင်းကိုကျော်ဖြတ်နိုင်စေမှာပါ။ 🏃💨

ပြီးတော့ Chemical လုံးဝမပါတဲ့အပြင် သဘာဝ သစ်သီးစစ်စစ်တွေရဲ့ အရသာကိုပဲ အသစ်အဆန်းလေးဖြစ်‌အောင် ပြုလုပ်ထားတာမို့လို့

တစ်လုပ်စားလိုက်တိုင်း ချိုစိမ့်တဲ့အရသာလေးက ရှိသမျှ ဒေါသတိုင်းကို ဖျက်စီးပစ်ပြီး ပင်ပန်းနွမ်းနွယ်မှုတွေကိုပါ ဖြေဖျောက်ပေးသွားမှာ ဖြစ်ပါတယ်။ 🤤❣️

ဒါကြောင့် မနက်ပဲဖြစ်ဖြစ်၊ ညနေပဲဖြစ်ဖြစ်၊ ဘယ်ချိန်ပဲဖြစ်ဖြစ် Tar Yar Linn Ice Cream လေးစားပြီး အခက်အခဲတိုင်း ကျော်ဖြတ်ကြရအောင် ... ။ 🏖️🍧

📌 Contact Us: 09423661135, 09420013684

စားဖူးသူတိုင်း ညွှန်းတဲ့ Tar Yar Linn ရဲ့အစွမ်း 🍨💯တစ်ခါစားပြီးရင် နောက်တစ်ခါ ထပ်မှာဖို့ ရာခိုင်နှုန်းအပြည့်ပဲလို့ Review...
22/06/2026

စားဖူးသူတိုင်း ညွှန်းတဲ့ Tar Yar Linn ရဲ့အစွမ်း 🍨💯

တစ်ခါစားပြီးရင် နောက်တစ်ခါ ထပ်မှာဖို့ ရာခိုင်နှုန်းအပြည့်ပဲလို့ Review တိုင်းမှာ အပြောများကြတဲ့ Tar Yar Linn ရဲ့အစွမ်းကတော့ ... 🕵‍♀🔎

🎁 တခြားကြောင့်မဟုတ်ပါဘူး ... 1919 ခုနှစ်ကတည်းက အစဉ်အလာမပျက် ထိန်းသိမ်းလာခဲ့တဲ့ ' သဘာဝအတိုင်း ဆိမ့်အိမှုလေး ' ကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးတော့ Chemical တွေ လုံးဝမပါဘဲ သဘာဝ သစ်သီးစစ်စစ်တွေနဲ့ပဲ ပြုလုပ်ပေးထားတာဖြစ်လို့

ကလေးလူကြီးမရွေး စိတ်ချလက်ချ သုံးဆောင်နိုင်တဲ့ Healthy Snack တစ်ခုပါ‌နော်။ 🍧❣️

ဒါ့အပြင် ဒီလို Healthy Snack လေးကိုမှ ညနေခင်း အိမ်မှာ မိသားစုနဲ့ Chill ချင်တဲ့အချိန် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ ခပ်လန်းလန်း Vibe တစ်ခုကို ဖန်တီးချင်တဲ့အချိန်တိုင်းအတွက် Tar Yar Linn ရဲ့ အရသာ 6 မျိုးက သင့်ကို‌စောင့်မျှော်နေပါပြီ။

ဘယ်လို အရသာ 6 မျိုးလဲဆိုရင် ...

🍓 လန်းဆန်းချိုချဉ် Strawberry Cream

🍫 အမောပြေ စိတ်ကြည်စေမယ့် Chocolate

🥭 လူကြိုက်အများဆုံး ချိုကဲချဉ်ကဲ Mango

🍈 ထူးခြားလေးပင် အသည်းစွဲ Durian

🍦 ခေတ်ဆန်ပြတ်သားတဲ့ Vanilla နဲ့

🍠 ဆိမ့်သက်သက် အရသာပြင်းပြင်း Taro

ဆိုပြီး မတူညီတဲ့ ခံစားမှု 6 မျိုး၊ အရသာ 6 မျိုး ရှိနေပါပြီနော်။

ဒါကြောင့် သူများတွေလို အပြိုင် Review ပေးချင်တဲ့သူတွေကတော့ အခုပဲ Tar Yar Linn ice cream လေးကို မြည်းစမ်းကြည့်‌လိုက်တော့ ... ။ 🤤🔥

📌 Contact Us: 09423661135, 09420013684

Happy International Father's Day 💪🔥​ဒီနေ့ကျရောက်တဲ့ International Father’s Day မှာ မိသားစုအတွက်၊ သားသမီးတွေရဲ့ အနာဂတ်အတွ...
21/06/2026

Happy International Father's Day 💪🔥

​ဒီနေ့ကျရောက်တဲ့ International Father’s Day မှာ မိသားစုအတွက်၊ သားသမီးတွေရဲ့ အနာဂတ်အတွက် ကိုယ့်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အပြုံးတွေနဲ့ ဖုံးကွယ်ပြီး ... 🫂💯

အမြဲတမ်း နောက်ကွယ်ကနေ အားဖြည့်ပေးတတ်တဲ့ ဖေဖေတွေအားလုံးကို Tar Yar Linn ကနေလှိုက်လှိုက်လှဲလှဲ ဂါရဝပြု ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

အခုလို နေ့ထူး‌နေ့မြတ်လေးမှာ ဖေဖေတို့အားလုံး အပူအပင် သောကတွေ ကင်းဝေးပြီး၊ မိသားစုနဲ့အတူ ချိုမြိန်နွေးထွေးတဲ့ နေ့ရက်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏🏼❤️


Trend အဖြစ်ဆုံး Taro ရဲ့ အရသာပြင်းပြင်းလေး 🍠🍨သူများတွေနဲ့အကြိုက်မတူဘဲ အမြဲကွဲထွက်နေတတ်တဲ့သူလေးအတွက် Trend အဖြစ်ဆုံး Taro...
15/06/2026

Trend အဖြစ်ဆုံး Taro ရဲ့ အရသာပြင်းပြင်းလေး 🍠🍨

သူများတွေနဲ့အကြိုက်မတူဘဲ အမြဲကွဲထွက်နေတတ်တဲ့သူလေးအတွက် Trend အဖြစ်ဆုံး Taro လေးလာပါပြီ။ 👀❣️

🪂 Taro ဆိုတာနဲ့ လူတိုင်းနဲ့မတူဘဲ ခပ်မိုက်မိုက် ဆန်းသစ်ချင်တဲ့သူတွေအတွက်ပဲဖြစ်လို့ Tar Yar Linn ရဲ့ Taro အရသာနဲ့ဆို အသင့်တော်ဆုံးပဲလေ။

ပြီးတော့ လူငယ်တွေတင် မဟုတ်ဘဲ Taro Fan အများစုက လူကြီး‌တွေနော်။

ဘာလို့လဲဆိုရင် ရိုးရိုးရှင်းရှင်းလေးနဲ့ ချိုရုံတင် မဟုတ်ဘူး၊ 🤤💯

ပထမဆုံး တစ်လုပ်စားလိုက်တာနဲ့ လျှာဖျားကို အံ့သြသွားစေမယ့် ထူးထူးခြားခြား ပြင်းပြင်းရှရှ ဆိမ့်သက်မှုကိုလဲ ချက်ချင်း ခံစားရမှာ။

အဲ့တာကြောင့်လဲ Taro ဖြစ်နေတာပေါ့။ ✅✨

ပြီးတော့ ဒီလို ထူးခြားပြီး လေးလေးပင်ပင်ရှိတဲ့ Texture မျိုးက 1919 ခုနှစ်ကတည်းက အရသာစစ်စစ်ကိုပဲ ထိန်းသိမ်းလာခဲ့တဲ့ Tar Yar Linn ရဲ့ လျှို့ဝှက်ချက်ကြီးနော်။

ဒါဆို ... ဒီလို Tar Yar Linn ရဲ့လျှို့ဝှက်အရသာကြီးကို မတူညီတဲ့ အသက်အရွယ်နဲ့ မတူညီလူတွေကြားမှာ တူညီတဲ့ Taro လေးကို ကိုင်ပြီး မြည်းစမ်းကြည့်လိုက်တော့နော်။ 🍦🍃

📌 Contact Us: 09423661135, 09420013684

🍁 မေလရဲ့ အလှူမင်္ဂလာပွဲတိုင်းအတွက် Tar Yar Linn ရှိတယ်နော် 🍨🍃မင်္ဂလာပွဲ၊ အလှူအတန်းပွဲတွေ စည်ကားနေတဲ့ ဒီလိုအချိန်မှာ ဧည့်...
29/05/2026

🍁 မေလရဲ့ အလှူမင်္ဂလာပွဲတိုင်းအတွက် Tar Yar Linn ရှိတယ်နော် 🍨🍃

မင်္ဂလာပွဲ၊ အလှူအတန်းပွဲတွေ စည်ကားနေတဲ့ ဒီလိုအချိန်မှာ ဧည့်သည်တွေကို ဘာနဲ့ဧည့်ခံရင် အမှတ်တရဖြစ်မလဲဆိုပြီး ခေါင်းစားမနေနဲ့နော်။ 👀❣️

ရွှေပွဲလာ ပရိသတ်တွေရော၊ အလှူရှင်တွေပါ တစ်ဇွန်းစားလိုက်ရုံနဲ့ မျက်နှာလေးတွေ ဝင်းပသွားစေဖို့ Tar Yar Linn က အဆင်သင့်ရှိ‌နေပါပြီ။

🚛 ဘာလို့လဲဆိုရင် ဒီလောက်လူအများကြီးကို စိတ်တိုင်းကျ ဧည့်ခံနိုင်ဖို့ Tar Yar Linn ရဲ့ Gallon ပုံးကြီးတွေက အကောင်းဆုံးကူညီပေးသွားမှာဖြစ်ပါတယ်။

ပြီးတော့ အလှူရှင်အတွက်လဲ အရည်အသွေးကို စိတ်ချရဖို့က အရေးကြီးဆုံးပါ။ 💯

ပြောပြရရင် Tar Yar Linn ဆိုတာ 1919 ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး သန့်ရှင်းလတ်ဆတ်မှုနဲ့ ခပ်ဆိမ့်ဆိမ့်အရသာလေးတွေက လူတိုင်းကြိုက် လူတိုင်းမှတ်မိနေတဲ့ Tar Yar Linn ရဲ့သင်္ကေတတစ်ခုပါ။

ဒါ့အပြင် ထူးခြားချက်အ‌နေနဲ့လဲ အရသာ ( 6 ) မျိုးတောင်ရှိလို့ လူကြီးမင်းတို့နှစ်သက်ရာ Gallon ပုံးကြီးတွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူ ဧည့်ခံနိုင်ပါတယ်။ 🍧✨

ဒါကြောင့် လူကြီးမင်းတို့ရဲ့ ထူးခြားမွန်မြတ်တဲ့ပွဲလေးမှာ ဧည့်သည်တိုင်းအကြိုက်တွေ့ဖို့နဲ့ အကောင်းဆုံးတွေကိုပဲ ဧည့်ခံချင်တယ်ဆိုရင်တော့ Tar Yar Linn ကိုသာ ရွေးချယ်လိုက်တော့နော်။ 🤤🔥

မှာယူချင်တယ်ဆိုရင်တော့ အခုပဲ Tar Yar Linn FB Page ဒါမှမဟုတ် အောက်ကပေးထားတဲ့ဖုန်းနံပါတ်ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ 👀❣️

📞 Contact Us: 09423661135, 09420013684

ချစ်ခြင်းတွေ ဝေဆာလို့ ... ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ အစ်ရက်မြတ် ဖြစ်ပါစေ။ 🕌❣️ထူးမြတ်မင်္ဂလာနဲ့ ပြည့်စုံလှတ...
28/05/2026

ချစ်ခြင်းတွေ ဝေဆာလို့ ... ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ အစ်ရက်မြတ် ဖြစ်ပါစေ။ 🕌❣️

ထူးမြတ်မင်္ဂလာနဲ့ ပြည့်စုံလှတဲ့ အစ်နေ့ရက်မြတ် ( Eid al-Adha ) အခါသမယမှာ Tar Yar Linn ရဲ့ မိတ်ဆွေများအားလုံး ဘေးဘယာဝေးကွာပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာ အိမ်တိုင်ရာရောက် ရောက်ရှိလာပါစေ။ 🙏💯

ဒီနေ့ကစလို့ စက္ကန့်တိုင်းက တန်ဖိုးရှိတဲ့ နေ့ရက်‌လိုမျိုး ချစ်ခင်ရတဲ့ မိသားစု၊ ဆွေမျိုးတွေအားလုံးနဲ့အတူ စိတ်ချမ်းမြေ့စရာ အချိန်တွေကို ပိုင်ဆိုင်နိုင်ကြပြီး ...

သာယာဝပြောတဲ့ နေ့ရက်သစ်တွေကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း Tar Yar Linn မိသားစုမှ အလေးအနက် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🤭❣️


🍦 ခံစားမှု 6 မျိုး၊ အရသာ 6 မျိုးနဲ့ ... သင်ကရော ဘယ် ' Vibe ' ထဲမှာလဲ 🍃💯ဘဝကို အေးအေးလူလူ ဖြတ်သန်းချင်တာလား ဒါမှမဟုတ် အားအ...
27/05/2026

🍦 ခံစားမှု 6 မျိုး၊ အရသာ 6 မျိုးနဲ့ ... သင်ကရော ဘယ် ' Vibe ' ထဲမှာလဲ 🍃💯

ဘဝကို အေးအေးလူလူ ဖြတ်သန်းချင်တာလား ဒါမှမဟုတ် အားအင်တွေအပြည့်နဲ့ လန်းဆန်းချင်တာလား 😋⁉️

ဒါဆို လူတစ်ယောက်မှာ ခံစားချက်တွေ အများကြီးရှိသလို Tar Yar Linn ရဲ့ အရသာတွေ အများကြီးရှိလို့ ...

လက်ရှိ ကိုယ့်ရဲ့ စိတ်အခြေအနေက ဘယ်အရသာနဲ့ အကိုက်ညီဆုံးဖြစ်မလဲဆိုတာ ရှာကြည့်လိုက်ရအောင်။ 🏃💨

🍓 ပထမဆုံး Strawberry အရသာ

စတော်ဘယ်ရီရဲ့ လန်းဆန်းတဲ့ ချိုချဉ်ရဲရဲ ခံစားမှု‌တွေက တစ်နေ့တာလုံးလန်းဆန်းချင်သူတွေအတွက် နံပါတ် ( 1 )

🍫 ‌‌နောက်တစ်ခုက Chocolate

အလုပ်တွေများပြီး စိတ်ရှုပ်နေတယ်၊ အိပ်ငိုက်နေတယ်ဆိုရင်တော့ ခါးသက်သက်နဲ့ စိမ့်ဝင်သွားတဲ့ ချောကလက်က Best Friend ပဲ။

🥭 ဒီတစ်ခု‌ကတော့ လူကြိုက်အများဆုံး Mango Taste

လူတိုင်းနဲ့ ရင်းနှီးပြီးသား အရသာကိုမှ အရမ်းလဲမချို၊ အရမ်းလဲမချဉ်ပဲ Flavour တွေအကုန် ပေါင်းစပ်ထားတဲ့ Type ...

🍈 ဒါကတော့ Durian မှ During ဆိုတဲ့သူတွေရဲ့အသဲစွဲ

သူကတော့ လူတိုင်းနဲ့ မတူဘူး၊ ထူးခြားတယ်၊ အရသာလေးလေး လေးကိုမှ ဆိမ့်ဆိမ့်လေး၊ အဲ့တာကြောင့် အချို့လူတွေအတွက်တော့ လုံးဝ အသဲစွဲပဲ။

🍦 ခေတ်ဆန်မှ ဆန်းသစ်မှကြိုက်ရင် ဒီ Vanilla လေးကိုရွေး

ဘာလို့လဲဆို အရသာက ပြတ်သားတယ်၊ ချိုတယ်၊ အဲ့တာကြောင့် မနက်ခင်းတိုင်း အချိုလေးစားပြီး တစ်နေ့တာကို စတင်တဲ့သူတွေ အရွေးချယ်သင့်ဆုံး Flavour

🍠 ကဲ ... နောက်ဆုံးတစ်ခုက‌တော့ အထူးခြားဆုံး Taro

ပိန်းဥရဲ့ ထူးထူးခြားခြား ဆိမ့်သက်သက် အရသာပြင်းပြင်းလေးကြောင့် စားလိုက်တာနဲ့ ' WOW ' ဒါဘာအရသာလဲဆိုပြီး သိချင်ရင်တော့ Taro ကိုသာရွေးလိုက်တော့ ...

ကဲ ... Flavour ( 6 ) မျိုးလုံးပြောပြီးပြီ၊ အဲ့တော့ ဒီနေ့လက်ရှိ သင့်ရဲ့ စိတ်ကူးထဲက အစားချင်ဆုံးဖြစ်နေတာ ဘာအရသာလေးလဲ။ 🤤⁉️

တကယ်လို့ မစားဘူးတဲ့သူဆိုရင်လဲ အခုပဲ Tar Yar Linn FB Page ဒါမှမဟုတ် အောက်ကပေးထားတဲ့ဖုန်းနံပါတ်ကနေ လှမ်းမှာလိုက်တော့နော်။ 👀❣️

📞 Contact Us: 09423661135, 09420013684

Address

No. 225, Myintzu ( 2 )St. , Nyana Ward Pearl VIP2
Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Tar Yar Linn Ice-Cream posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category