Kant Kaw Phyu - Food House

Kant Kaw Phyu - Food House အခ်ိဳမႈန္႔၊ ၾကက္သားမႈန္႔လံုးဝမသံုး " Make yourself at home....
And have all you can
Because we care in details! "

Food is the source of Happiness !အစားအသောက်ဟာ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ပဲလေ ..စဉ်းစားကြည့်ရင် ကျွန်မတို့ စိတ်လှုပ်ရှား...
29/12/2019

Food is the source of Happiness !
အစားအသောက်ဟာ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ပဲလေ ..

စဉ်းစားကြည့်ရင် ကျွန်မတို့ စိတ်လှုပ်ရှားနေတဲ့အချိန်ပဲဖြစ်ဖြစ် ပျင်းရိငြီးငွေ့ဖို့ကောင်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေ ဖြစ်နေတဲ့အချိန်ပဲဖြစ်ဖြစ် တစ်ခုခုစားလိုက်ရမှ နေပျော်တယ် သက်တောင့်သက်သာရှိတယ်။ လူအများကြီးကို အဲ့ဒီပျော်ရွှင်မှုနဲ့အတူ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုပါ စားစေချင်တဲ့ဆန္ဒနဲ့ ကံ့ကော်ဖြူ Catering ကို ၂၀၁၈ ခုနှစ် ၁၁ လပိုင်းမှာစတင်ခဲ့ပါတယ်။ အရသာရှိပြီး ကျန်းမာတဲ့အစားအသောက်တွေဖြစ်ဖို့ စီမံကြီးကြပ်ရတာ၊ အချိန်နဲ့အမှီ ပို့ပေးရတာ စိတ်ဖိစီးတယ်၊ ပင်ပန်းတယ် အမှန်ပါပဲ ဒါပေမယ့်လဲ အားလုံးအဆင်ပြေတယ် စားလို့ကောင်းတယ် Refreshments လေးတွေက Amazing နော်လို့ ဆိုတဲ့အခါ ပင်ပန်းသမျှအားလုံး၊ ရှေ့ဆက်ဖို့အားအင်တွေအားလုံး ဒီစကားလုံးလေးတွေကနေ အသစ်ပြန်မွေးဖွားရတယ်....

Customers တွေကပေးတဲ့ Brand ပါ။ ကိုယ့်ဘာသာတည်ဆောက်ထားတဲ့ နာမည်ထက် ပိုပြီးယုံကြည်၊ ပိုပြီးအမှတ်ပေးခဲ့ကြလို့ပါ ။ဒီ Customers တွေမပါပဲ ဒီအထိ မရောက်လာပါဘူး...

အခုဆိုရင် သင်တန်း၊ Staff Lunch၊ အထူးအထိမ်းအမှတ်ပွဲတွေနဲ့ အလှူ တွေ အတွက် အစားအသောက်တွေကို ယုံကြည်ပြီးအလုပ်ပေးခဲ့ကြလို့ ကံ့ကော်ဖြူ Catering Team က ကျေးဇူးအများကြီးတင်ပါတယ် လိုအပ်တဲ့လိုအပ်ချက်တွေက သင်ယူနေပြီး အားသာချက်တွေကနေ ပိုကောင်းတဲ့ပြုပြင်မှုတွေ လုပ်ဖို့ အမြဲတမ်းဆန္ဒရှိပါတယ်ရှင် ချစ်ရတဲ့ Customers တို့ရဲ့ ဘာပွဲပဲဖြစ်ဖြစ် ကျန်းမာပြီး အရသာရှိတဲ့ အစားအသောက်တွေ လိုအပ်ရင် က့့ံကော်ဖြူ - Catering ကိုဆက်သွယ်ပေးပါနော်။ ပွဲနဲ့လိုက်ဖက်တဲ့အစားအသောက်တွေကို Menu ဆွဲပေးပြီး Budget နဲ့ကိုက်ညီအောင် အကောင်းဆုံးလုပ်ဆောင်ပေးဖို့ ကံ့ကော်ဖြူတို့ကိုသာ တာဝန်ပေးလိုက်ပါ...

Zawgyi :
Food is the source of Happiness !
အစားအေသာက္ဟာ ေပ်ာ္ရႊင္ျခင္းရဲ့ ရင္းျမစ္ပဲေလ

စဥ္းစားၾကည့္ရင္ ကၽြန္မတို႔ စိတ္လႈပ္ရွားေနတဲ့အခ်ိန္ပဲျဖစ္ျဖစ္ ပ်င္းရိၿငီးေငြ႕ဖို႔ေကာင္းေနတဲ့အခ်ိန္ပဲျဖစ္ျဖစ္၊ စိတ္ဖိစီးမႈေတြ ျဖစ္ေနတဲ့အခ်ိန္ပဲျဖစ္ျဖစ္ တစ္ခုခုစားလိုက္ရမွ ေနေပ်ာ္တယ္ သက္ေတာင့္သက္သာရွိတယ္။ လူအမ်ားႀကီးကို အဲ့ဒီေပ်ာ္ရႊင္မႈနဲ႔အတူ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအေသာက္ေတြကိုပါ စားေစခ်င္တဲ့ဆႏၵနဲ႔ ကံ့ေကာ္ျဖဴ Catering ကို ၂၀၁၈ ခုႏွစ္ ၁၁ လပိုင္းမွာစတင္ခဲ့ပါတယ္။ အရသာရွိၿပီး က်န္းမာတဲ့အစားအေသာက္ေတြျဖစ္ဖို႔ စီမံႀကီးၾကပ္ရတာ၊ အခ်ိန္နဲ႔အမွီ ပို႔ေပးရတာ စိတ္ဖိစီးတယ္၊ ပင္ပန္းတယ္ အမွန္ပါပဲ ဒါေပမယ့္လဲ အားလုံးအဆင္ေျပတယ္ စားလို႔ေကာင္းတယ္ Refreshments ေလးေတြက Amazing ေနာ္လို႔ ဆိုတဲ့အခါ ပင္ပန္းသမၽွအားလုံး၊ ေရွ႕ဆက္ဖို႔အားအင္ေတြအားလုံး ဒီစကားလုံးေလးေတြကေန အသစ္ျပန္ေမြးဖြားရတယ္....

Customers ေတြကေပးတဲ့ Brand ပါ။ ကိုယ့္ဘာသာတည္ေဆာက္ထားတဲ့ နာမည္ထက္ ပိုၿပီးယုံၾကည္၊ ပိုၿပီးအမွတ္ေပးခဲ့ၾကလို႔ပါ ။ဒီ Customers ေတြမပါပဲ ဒီအထိ မေရာက္လာပါဘူး...

အခုဆိုရင္ သင္တန္း၊ Staff Lunch၊ အထူးအထိမ္းအမွတ္ပြဲေတြနဲ႔ အလႉ ေတြ အတြက္ အစားအေသာက္ေတြကို ယုံၾကည္ၿပီးအလုပ္ေပးခဲ့ၾကလို႔ ကံ့ေကာ္ျဖဴ Catering Team က ေက်းဇူးအမ်ားႀကီးတင္ပါတယ္ လိုအပ္တဲ့လိုအပ္ခ်က္ေတြက သင္ယူေနၿပီး အားသာခ်က္ေတြကေန ပိုေကာင္းတဲ့ျပဳျပင္မႈေတြ လုပ္ဖို႔ အျမဲတမ္းဆႏၵရွိပါတယ္ရွင္ ခ်စ္ရတဲ့ Customers တို႔ရဲ့ ဘာပြဲပဲျဖစ္ျဖစ္ က်န္းမာၿပီး အရသာရွိတဲ့ အစားအေသာက္ေတြ လိုအပ္ရင္ က့့ံေကာ္ျဖဴ - Catering ကိုဆက္သြယ္ေပးပါေနာ္။ ပြဲနဲ႔လိုက္ဖက္တဲ့အစားအေသာက္ေတြကို Menu ဆြဲေပးၿပီး Budget နဲ႔ကိုက္ညီေအာင္ အေကာင္းဆုံးလုပ္ေဆာင္ေပးဖို႔ ကံ့ေကာ္ျဖဴတို႔ကိုသာ တာဝန္ေပးလိုက္ပါ...

Kant Kaw Phyu - Catering
"We Serve your Needs"


No.12, Ah Wai Yar Street, Bauk Htaw, Yankin Tsp.
09 40 44 55 234
09 26 22 00 289

Unicode:ဆေးရုံမှာ ထမင်းအလှူလုပ်ချင်တယ် အမ၊ ဘယ်က စလုပ်ရမလဲ ဘယ်ကိုအကြောင်းကြားရမလဲ၊ ဘယ်လောက်ကြိုပြောရမလဲဆိုတဲ့ စိတ်ထားဖြူတ...
03/12/2019

Unicode:
ဆေးရုံမှာ ထမင်းအလှူလုပ်ချင်တယ် အမ၊ ဘယ်က စလုပ်ရမလဲ ဘယ်ကိုအကြောင်းကြားရမလဲ၊ ဘယ်လောက်ကြိုပြောရမလဲဆိုတဲ့ စိတ်ထားဖြူတဲ့ ချစ်သော Customers လေးတွေအတွက်

(၁) ဘယ်ဆေးရုံမှာ လှူမလဲ
အရင်ဦးဆုံး ဘယ်ဆေးရုံမှာလှူကြမလဲဆိုတာ တိုင်ပင်ပါရှင်။ ရန်ကုန်ဆေးရုံကြီးလား၊ အနောက်တိုင်း ဆေးရုံကြီးလား၊ သင်္ယန်းကျွန်းစံပြဆေးရုံကြီးလား၊ မြောက်ဥက္ကလာဆေးရုံကြီးလား အစရှိသည်ဖြင့် ကိုယ်နဲ့ နီးမယ့်နေရာ၊ လူနာများတတ်တဲ့ဆေးရုံ တို့ကို စဉ်းစားကြပါတယ်ရှင်

(၂) ဘယ်နေ့လှူမလဲ
တချို့က စုပေါင်းအလှူ၊ တချို့က မွေးနေ့၊ တချို့က နှစ်ပတ်လည်အတွက် စသည်ဖြင့် ရည်ရွယ်ချက်ကောင်းများစွာနဲ့ လှူဒါန်းကြပါတယ်ရှင်။ စုပေါင်းအလှူဆို အားလုံးအားတဲ့ရက် Weekends တွေ လှူဒါန်းကြတာ များသလို မွေးနေ့၊ နှစ်ပတ်လည်နေ့ကတော့ ရက်ကွက်တိကျအောင် လှူဒါန်းကြတာများပါတယ်။ စနေ၊ တနင်္ဂနွေရက်တွေကတော့ ဖွင့်ရက်တွေနဲ့စာရင် လူနာနည်းတတ်ပါတယ်ရှင်။ ဒါပေမယ့်အလှူရှင်များတတ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်လှူမယ့်လို့ဆုံးဖြတ်ထားတဲ့ရက်မှာ အလှူရှင်တွေ အများကြီးထပ်မနေအောင်လဲ သက်ဆိုင်ရာဆေးရုံကြီးမှာ အချိန်၊ နေ့ရက်၊ သွားလှူမယ့် Ward စသည်ဖြင့် တိတိကျကျ စုံစမ်းထားဖို့ လိုပါလိမ့်မယ်ရှင်။

(၃) ဘာလှူကြမလဲ
ကဲ...ခေါင်းစားရတဲ့အပိုင်းကို ရောက်လာပါပြီ ကိုယ်လှူမယ့်အလှူခံပုဂ္ဂိုလ်တွေက သာမန်လှုပ်ရှားသွားလာနေတဲ့ လူကောင်းတွေမဟုတ်ပါဘူးရှင် ကျွန်မတို့အတွက် စားလို့အဆင်ပြေပေမယ့် သူတို့အတွက်အဆင်မပြေတဲ့ အစားအသောက်တွေမဖြစ်စေဖို့ အထူးဂရုပြုပေးရပါမယ်။ အစားသောက်တစ်ခုချင်းစီက ကျန်းမာရေးနဲ့ညီညွတ်ဖို့၊ အချိုမှုန့်နဲ့ စားအုန်းဆီသုံးပြီး မချက်ဖို့က အနိမ့်ဆုံးအဆင့်ပါရှင်။ အလှူလုပ်ပြီး အစားအသောက်လှူဖို့အပြင် အသေးစိတ်ကအစ ဂရုစိုက်ပေးတယ်ဆိုတာ အလှူရှင်ရဲ့ စိတ်စေတနာ၊ သဒါ္ဒပါ။ အလှူခံပုဂ္ဂိုလ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုယ့်အလှူအပေါ် ကိုယ်ကျေနပ်နိုင်ဖို့ ဒီအဆင့်မှာ နဲနဲလေးအပင်ပန်းခံ၊ ခေါင်းစားလိုက်ကြစို့လားရှင့်

(၄) ဆေးရုံကဘယ်ဌာနကို အကြောင်းကြားရမလဲ
အလှူလုပ်မယ့်ဆေးရုံ၊ နေ့ရက်၊ အစားအသောက်အားလုံးရွေးပြီးပြီဆို သက်ဆိုင်ရာဆေးရုံရဲ့ လူမှုဆက်ဆံရေးဌာနကို သွားပါရှင်။ အလှူရှင်နာမည်ရယ် ကျွေးမယ့်ရက်ရယ် အစားအသောက်ရယ်ကို အတည်ပြုချက်ယူပါရှင်။ အချို့ဆေးရုံတွေက သိပ်တင်းကြပ်ပါတယ်။ ဥပမာ - ပဲဟင်း၊ ချဉ်ဟင်း၊ ဟင်းချို လုံးဝလှူလို့မရပါဘူး။ ဆီများရင်မလှူခိုင်းပါဘူး။ ဆိုတော့ ကိုယ်ရွေးထားတဲ့အစားအသောက်လေးတွေကို ဆရာမကြီးတွေဆီ တင်ပြပြီး အတည်ပြုချက်ယူပါရှင်။ ဒါမှ အလှူရက်မှာ လူနာကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကို စိတ်ရှင်းရှင်းနဲ့ သေချာလှူခွင့်ရပါလိမ့်ရှင်။ ၂ ပတ်လောက်ကြိုတင်အကြောင်းကြားရင် ပိုစိတ်ချရပါတယ်ရှင်။

(၅) ဘယ် ဝန်ဆောင်မှုကိုရွေးမလဲ
ဆေးရုံကြီးတွေမှာ တန်ဖိုးသင့်ထမင်းချက်အဖွဲ့တွေ ရှိပြီးသားဖြစ်ပါတယ်။ အဲ့အဖွဲ့တွေကို အပ်လို့ရသလို အပြင်မှာလဲ တခြား Supplier တွေရှာနိုင်ပါတယ်ရှင်။ အဓိကကတော့ အပေါ်က ပြောထားခဲ့သလိုပဲ အလှူခံပုဂ္ဂိုလ်တွေဟာ ကျန်းမာတဲ့လူတွေ မဟုတ်တဲ့အတွက် အစားအသောက် Supplier ကို သေချာရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်ရှင်။ ကိုယ်လိုချင်တဲ့ အစားအသောက်နဲ့ လှူမယ့် Budget ကို သေချာဆွေးနွေးပါ။ ကျန်တဲ့အလှူတွေမှာ ခြွေတာပါ။ ဆေးရုံအလှူမှာ လှူနိုင်မယ့်လူဦးရေ နည်းချင်နည်းသွားပါစေ ဒေါင်ဒေါင်မြည်တဲ့ဟင်းတစ်ခွက်ဖြစ်ဖို့ ပိုအရေးကြီးတယ်လို့ မြင်မိပါတယ်ရှင်။

(၆) ဘယ်လိုလှူကြမလဲ
အများအားဖြင့်တော့ လူနာရှင်တွေ တန်းစီ၊ အလှူရှင်တွေက အိုးကြီး အိုးငယ် အသွယ်သွယ်နဲ့ ခူးခပ်ထည့်ပေးတဲ့စနစ်နဲ့ လှူကြပါတယ်ရှင်။ တစ်ဦးတည်းအမြင်နဲ့ပြောရရင်တော့ လူနာတစ်ဦးစီအတွက် တစ်ဗူးနှုန်းနဲ့ ခူးခပ်ပြီး အဆင်သင့်ပြင်ထားရင် အလှူခံတန်းအတွက် နေပူ၊ အချိန်ကုန်ခံပြီး လူနာရှင်တွေ စောင့်ရမယ့်အချိန်သက်သာမယ် လူသက်သာမယ် သန့်သန့်ရှင်းရှင်းနဲ့လဲ အချိန်တိုတိုတွင်း လှူလို့ရမယ်။ အဲ့ဒီစနစ်ကို ပိုသဘောကျပါတယ်ရှင်။ ဗူးထဲထည့်ပေးဖို့တော့ ကိုယ်ရွေးထားတဲ့ Supplier ကိုတောင်းဆိုပါရှင် ဒီအတိုင်းချက်ပြီး ပို့လိုက်တာနဲ့စာရင် သူ့အတွက် အချိန်ကော၊ လူအင်အားရော ပိုသုံးရပါလိမ့်မယ်ရှင့်။ အဲ့ဒီအတွက် Extra Charges ပိုတောင်းကောင်းတောင်းနိုင်ပါတယ်။ ဒါမှမဟုတ် ဗူးဝယ်ပြီး ကိုယ်တိုင်လဲထည့်နိုင်ပါသေးတယ်ရှင်။
ဘယ်လိုပဲ လှူလှူ အရေးကြီးတဲ့အချက်ကတော့ အလှူပြီးမြောက်တာကို မှတ်တမ်းတင်ချင်တဲ့ စေတနာနဲ့ တန်းစီယူနေတဲ့ လူနာရှင်တွေကို ဓာတ်ပုံမရိုက်စေချင်တာပါရှင်။ ဆေးရုံတက်နေရတဲ့ စရိတ်စကထောင်းနေတဲ့၊ ကိုယ်စိတ်နှလုံးအသွယ်သွယ်ပင်ပန်းနေတဲ့ လူနာရှင်တွေကို ညှာတာသောအားဖြင့် ဓာတ်ပုံမရိုက်ပါနဲ့ရှင်။ လှူမယ့်ပစ္စည်းတွေကို ရိုက်တင်နိုင်ပါတယ်ရှင်။ တချို့ဆေးရုံတွေမှာ လူနာ၊ အလှူခံတွေကို ဓာတ်ပုံမရိုက်ဖို့ တင်းတင်းကျပ်ကျပ်ကိုတားမြစ်ထားပါတယ်။

တစ်ခါမှမလှူဖူးသေးတဲ့အလှူရှင်တွေအတွက် သိသလောက်ဝေမျှပေးတာပါ။ လိုအပ်တာများရှိရင် ဖြည့်စွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။

Zawgyi:
ေဆးရံုမွာ ထမင္းအလွဴလုပ္ခ်င္တယ္ အမ၊ ဘယ္က စလုပ္ရမလဲ ဘယ္ကိုအေၾကာင္းၾကားရမလဲ၊ ဘယ္ေလာက္ႀကိဳေျပာရမလဲဆိုတဲ့ စိတ္ထားျဖဴတဲ့ ခ်စ္ေသာ Customers ေလးေတြအတြက္

(၁) ဘယ္ေဆးရံုမွာ လွဴမလဲ
အရင္ဦးဆံုး ဘယ္ေဆးရံုမွာလွဴၾကမလဲဆိုတာ တုိင္ပင္ပါရွင္။ ရန္ကုန္ေဆးရံုႀကီးလား၊ အေနာက္တိုင္း ေဆးရံုႀကီးလား၊ သယၤန္းကၽြန္းစံျပေဆးရံုႀကီးလား၊ ေျမာက္ဥကၠလာေဆးရံုႀကီးလား အစရိွသည္ျဖင့္ ကိုယ္နဲ႔ နီးမယ့္ေနရာ၊ လူနာမ်ားတတ္တဲ့ေဆးရံု တို႔ကို စဥ္းစားၾကပါတယ္ရွင္

(၂) ဘယ္ေန႔လွဴမလဲ
တခ်ိဳ႕က စုေပါင္းအလွဴ၊ တခ်ိဳ႕က ေမြးေန႔၊ တခ်ိဳ႕က ႏွစ္ပတ္လည္အတြက္ စသည္ျဖင့္ ရည္ရြယ္ခ်က္ေကာင္းမ်ားစြာနဲ႔ လွဴဒါန္းၾကပါတယ္ရွင္။ စုေပါင္းအလွဴဆို အားလံုးအားတဲ့ရက္ Weekends ေတြ လွဴဒါန္းၾကတာ မ်ားသလို ေမြးေန႔၊ ႏွစ္ပတ္လည္ေန႔ကေတာ့ ရက္ကြက္တိက်ေအာင္ လွဴဒါန္းၾကတာမ်ားပါတယ္။ စေန၊ တနဂၤေႏြရက္ေတြကေတာ့ ဖြင့္ရက္ေတြနဲ႔စာရင္ လူနာနည္းတတ္ပါတယ္ရွင္။ ဒါေပမယ့္အလွဴရွင္မ်ားတတ္ပါတယ္။ အဲ့ဒါေၾကာင့္ ကိုယ္လွဴမယ့္လို႔ဆံုးျဖတ္ထားတဲ့ရက္မွာ အလွဴရွင္ေတြ အမ်ားႀကီးထပ္မေနေအာင္လဲ သက္ဆိုင္ရာေဆးရံုႀကီးမွာ အခ်ိန္၊ ေန႔ရက္၊ သြားလွဴမယ့္ Ward စသည္ျဖင့္ တိတိက်က် စံုစမ္းထားဖို႔ လိုပါလိမ့္မယ္ရွင္။

(၃) ဘာလွဴၾကမလဲ
ကဲ...ေခါင္းစားရတဲ့အပိုင္းကို ေရာက္လာပါၿပီ ကိုယ္လွဴမယ့္အလွဴခံပုဂိၢဳလ္ေတြက သာမန္လႈပ္ရွားသြားလာေနတဲ့ လူေကာင္းေတြမဟုတ္ပါဘူးရွင္ ကၽြန္မတို႔အတြက္ စားလို႔အဆင္ေျပေပမယ့္ သူတို႔အတြက္အဆင္မေျပတဲ့ အစားအေသာက္ေတြမျဖစ္ေစဖို႔ အထူးဂရုျပဳေပးရပါမယ္။ အစားေသာက္တစ္ခုခ်င္းစီက က်န္းမာေရးနဲ႔ညီညြတ္ဖို႔၊ အခ်ိဳမႈန္႔နဲ႔ စားအုန္းဆီသံုးၿပီး မခ်က္ဖို႔က အနိမ့္ဆံုးအဆင့္ပါရွင္။ အလွဴလုပ္ၿပီး အစားအေသာက္လွဴဖို႔အျပင္ အေသးစိတ္ကအစ ဂရုစိုက္ေပးတယ္ဆိုတာ အလွဴရွင္ရဲ႕ စိတ္ေစတနာ၊ သဒါၵပါ။ အလွဴခံပုဂၢိဳလ္ သိသည္ျဖစ္ေစ၊ မသိသည္ျဖစ္ေစ ကိုယ့္အလွဴအေပၚ ကိုယ္ေက်နပ္ႏိုင္ဖို႔ ဒီအဆင့္မွာ နဲနဲေလးအပင္ပန္းခံ၊ ေခါင္းစားလိုက္ၾကစို႔လားရွင့္

(၄) ေဆးရံုကဘယ္ဌာနကို အေၾကာင္းၾကားရမလဲ
အလွဴလုပ္မယ့္ေဆးရံု၊ ေန႔ရက္၊ အစားအေသာက္အားလံုးေရြးၿပီးၿပီဆို သက္ဆိုင္ရာေဆးရံုရဲ႕ လူမႈဆက္ဆံေရးဌာနကို သြားပါရွင္။ အလွဴရွင္နာမည္ရယ္ ေကၽြးမယ့္ရက္ရယ္ အစားအေသာက္ရယ္ကို အတည္ျပဳခ်က္ယူပါရွင္။ အခ်ိဳ႕ေဆးရံုေတြက သိပ္တင္းၾကပ္ပါတယ္။ ဥပမာ - ပဲဟင္း၊ ခ်ဥ္ဟင္း၊ ဟင္းခ်ိဳ လံုးဝလွဴလို႔မရပါဘူး။ ဆီမ်ားရင္မလွဴခိုင္းပါဘူး။ ဆိုေတာ့ ကိုယ္ေရြးထားတဲ့အစားအေသာက္ေလးေတြကို ဆရာမႀကီးေတြဆီ တင္ျပၿပီး အတည္ျပဳခ်က္ယူပါရွင္။ ဒါမွ အလွဴရက္မွာ လူနာက်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အစားအေသာက္ေတြကို စိတ္ရွင္းရွင္းနဲ႔ ေသခ်ာလွဴခြင့္ရပါလိမ့္ရွင္။ ၂ ပတ္ေလာက္ႀကိဳတင္အေၾကာင္းၾကားရင္ ပိုစိတ္ခ်ရပါတယ္ရွင္။

(၅) ဘယ္ ဝန္ေဆာင္မႈကိုေရြးမလဲ
ေဆးရံုႀကီးေတြမွာ တန္ဖိုးသင့္ထမင္းခ်က္အဖဲြ႕ေတြ ရိွၿပီးသားျဖစ္ပါတယ္။ အဲ့အဖဲြ႕ေတြကို အပ္လို႔ရသလို အျပင္မွာလဲ တျခား Supplier ေတြရွာႏိုင္ပါတယ္ရွင္။ အဓိကကေတာ့ အေပၚက ေျပာထားခဲ့သလိုပဲ အလွဴခံပုဂၢိဳလ္ေတြဟာ က်န္းမာတဲ့လူေတြ မဟုတ္တဲ့အတြက္ အစားအေသာက္ Supplier ကို ေသခ်ာေရြးခ်ယ္ဖို႔ လိုအပ္ပါလိမ့္မယ္ရွင္။ ကိုယ္လိုခ်င္တဲ့ အစားအေသာက္နဲ႔ လွဴမယ့္ Budget ကို ေသခ်ာေဆြးေႏြးပါ။ က်န္တဲ့အလွဴေတြမွာ ေျခြတာပါ။ ေဆးရံုအလွဴမွာ လွဴႏိုင္မယ့္လူဦးေရ နည္းခ်င္နည္းသြားပါေစ ေဒါင္ေဒါင္ျမည္တဲ့ဟင္းတစ္ခြက္ျဖစ္ဖို႔ ပိုအေရးႀကီးတယ္လို႔ ျမင္မိပါတယ္ရွင္။

(၆) ဘယ္လိုလွဴၾကမလဲ
အမ်ားအားျဖင့္ေတာ့ လူနာရွင္ေတြ တန္းစီ၊ အလွဴရွင္ေတြက အိုးႀကီး အိုးငယ္ အသြယ္သြယ္နဲ႔ ခူးခပ္ထည့္ေပးတဲ့စနစ္နဲ႔ လွဴၾကပါတယ္ရွင္။ တစ္ဦးတည္းအျမင္နဲ႔ေျပာရရင္ေတာ့ လူနာတစ္ဦးစီအတြက္ တစ္ဗူးႏႈန္းနဲ႔ ခူးခပ္ၿပီး အဆင္သင့္ျပင္ထားရင္ အလွဴခံတန္းအတြက္ ေနပူ၊ အခ်ိန္ကုန္ခံၿပီး လူနာရွင္ေတြ ေစာင့္ရမယ့္အခ်ိန္သက္သာမယ္ လူသက္သာမယ္ သန္႔သန္႔ရွင္းရွင္းနဲ႔လဲ အခ်ိန္တိုတိုတြင္း လွဴလို႔ရမယ္။ အဲ့ဒီစနစ္ကို ပိုသေဘာက်ပါတယ္ရွင္။ ဗူးထဲထည့္ေပးဖို႔ေတာ့ ကိုယ္ေရြးထားတဲ့ Supplier ကိုေတာင္းဆိုပါရွင္ ဒီအတိုင္းခ်က္ၿပီး ပို႔လိုက္တာနဲ႔စာရင္ သူ႔အတြက္ အခ်ိန္ေကာ၊ လူအင္အားေရာ ပိုသံုးရပါလိမ့္မယ္ရွင့္။ အဲ့ဒီအတြက္ Extra Charges ပိုေတာင္းေကာင္းေတာင္းႏိုင္ပါတယ္။ ဒါမွမဟုတ္ ဗူးဝယ္ၿပီး ကိုယ္တိုင္လဲထည့္ႏိုင္ပါေသးတယ္ရွင္။
ဘယ္လိုပဲ လွဴလွဴ အေရးႀကီးတဲ့အခ်က္ကေတာ့ အလွဴၿပီးေျမာက္တာကို မွတ္တမ္းတင္ခ်င္တဲ့ ေစတနာနဲ႔ တန္းစီယူေနတဲ့ လူနာရွင္ေတြကို ဓာတ္ပံုမရိုက္ေစခ်င္တာပါရွင္။ ေဆးရံုတက္ေနရတဲ့ စရိတ္စကေထာင္းေနတဲ့၊ ကိုယ္စိတ္ႏွလံုးအသြယ္သြယ္ပင္ပန္းေနတဲ့ လူနာရွင္ေတြကို ညွာတာေသာအားျဖင့္ ဓာတ္ပံုမရိုက္ပါနဲ႔ရွင္။ လွဴမယ့္ပစၥည္းေတြကို ရိုက္တင္ႏိုင္ပါတယ္ရွင္။ တခ်ိဳ႕ေဆးရံုေတြမွာ လူနာ၊ အလွဴခံေတြကို ဓာတ္ပံုမရိုက္ဖို႔ တင္းတင္းက်ပ္က်ပ္ကိုတားျမစ္ထားပါတယ္။

တစ္ခါမွမလွဴဖူးေသးတဲ့အလွဴရွင္ေတြအတြက္ သိသေလာက္ေဝမွ်ေပးတာပါ။ လိုအပ္တာမ်ားရိွရင္ ျဖည့္စြက္ေပးၾကဖို႔ ေမတၱာရပ္ခံပါတယ္ရွင္။

Unicode:နိုဝင်ဘာလ မွေးနေ့ရှင် မမလှလှတစ်ယောက်ရဲ့ အလှူပါရှင်မွေးနေ့ရှင်အစား ဆေးရုံကြီးကင်ဆာ Ward ကို ကိုယ်တိုင်သွားပြီးအလှ...
21/11/2019

Unicode:
နိုဝင်ဘာလ မွေးနေ့ရှင် မမလှလှတစ်ယောက်ရဲ့ အလှူပါရှင်
မွေးနေ့ရှင်အစား ဆေးရုံကြီးကင်ဆာ Ward ကို ကိုယ်တိုင်သွားပြီးအလှူလုပ်ပေးခဲ့ပါတယ်
ဆေးရုံကြီးရောက်တော့ လူနာတွေကို တစ်ကုတင်ချင်းစီအရောက် လက်ရောက်ဝေပေးခဲ့တယ်

ကင်ဆာလူနာဆိုတာ ကျွန်မတို့နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ လူကောင်းတွေလို အားအင်မရှိ၊ ကိုယ်ခံအားမရှိ၊ ကုတင်ပေါ်မှာ အနားယူနေရတာပါ။ သူတို့ဆီကို မွေးနေ့ရှင်ရဲ့ ကြာဇံကြော်ဘူးလေးတွေ ဝေနေတဲ့အချိန် စိတ်မကောင်းလဲ ဖြစ်တယ်၊ ကိုယ်ရဲ့အစားအသောက်တွေမှာ သူတို့အတွက် ဥပါဒ်ဖြစ်စေတဲ့ ပစ္စည်းတစ်ခုမှမပါလို့ စိတ်သန့်သန့်နဲ့ ဝေရဲတဲ့အတွက် ပီတိလဲဖြစ်ရတယ်။ အဲ့ဒီနေ့ကတော့ Catering လုပ်လာခဲ့တဲ့ တစ်နှစ်သက်တမ်း အတွင်း ကံ့ကော်ဖြူတို့ ပီတိအဖြစ်ရဆုံးနေ့ပါပဲ။

ကံ့ကော်ဖြူတို့ အစားအသောက်အပေါ်မှာ သတ်မှတ်တဲ့ဈေးကို များတယ်လို့ Complain တက်တဲ့အပေါ်မှာ ဖြေရှင်းစရာ တစ်ခုပဲရှိပါတယ်ရှင်။ ကိုယ်တိုင်မစားရဲတဲ့ အစားအသောက်ကို ဘယ်တော့မှမရောင်းသလို Customer တွေ မမြင်ရတဲ့ အပိုင်းတွေ ဖြစ်တဲ့ ဆီသုံးတဲ့နေရာမှာ၊ ဟင်းခတ်မှုန့်သုံးတဲ့နေရာမှာ ဘယ်သောအခါမှ မခိုခဲ့ပါဘူး။ ကြက်သားဟင်းဖြစ်ရင်ပြီးရော ဆိုတဲ့ ခံယူချက်မျိုး ဒီနေ့ဒီအချိန်ထိ ဘယ် Customer ပေါ်မှာမှ မထားခဲ့ပါဘူး တန်ဖိုးသင့်ထမင်းဗူးမှာ တောင် နေကြာဆီနဲ့ အသီးအရွက်ဟင်းခတ်မှုန့်သာ သုံးခဲ့တဲ့အတွက် စိတ်လုံခြုံမှုအပြည့်နဲ့ပဲ အစားအသောက်တွေကို ရောင်းပါတယ်ရှင်။ သုံးရတဲ့ငွေကြေးနဲ့ မလျော့တဲ့ အစားအသောက်ကို ရစေရပါမယ်လို့ အာမခံတဲ့အတွက် ကံ့ကော်ဖြူတို့ သတ်မှတ်တဲ့ဈေးနှုန်းကို များတယ်လို့ မထင်ပါနဲ့လို့ ချစ်ရတဲ့ Customers တွေအားလုံးကို မေတ္တာရပ်ခံအပ်ပါတယ်ရှင် 🥰🥰🥰

ဒီတလောအတွင်း လုပ်ဖြစ်ခဲ့တဲ့ Take Away အော်ဒါဗူးလေးတွေပါတင်ပေးလိုက်ပါတယ်ရှင်

Zawgyi:

ႏိုဝင္ဘာလ ေမြးေန႔ရွင္ မမလွလွတစ္ေယာက္ရဲ႕ အလႉပါရွင္
ေမြးေန႔ရွင္အစား ေဆး႐ုံႀကီးကင္ဆာ Ward ကို ကိုယ္တိုင္သြားၿပီးအလႉလုပ္ေပးခဲ့ပါတယ္
ေဆး႐ုံႀကီးေရာက္ေတာ့ လူနာေတြကို တစ္ကုတင္ခ်င္းစီအေရာက္ လက္ေရာက္ေဝေပးခဲ့တယ္

ကင္ဆာလူနာဆိုတာ ကြၽန္မတို႔ေန႔စဥ္လႈပ္ရွားသြားလာေနတဲ့ လူေကာင္းေတြလို အားအင္မရွိ၊ ကိုယ္ခံအားမရွိ၊ ကုတင္ေပၚမွာ အနားယူေနရတာပါ။ သူတို႔ဆီကို ေမြးေန႔ရွင္ရဲ႕ ၾကာဇံေၾကာ္ဘူးေလးေတြ ေဝေနတဲ့အခ်ိန္ စိတ္မေကာင္းလဲ ျဖစ္တယ္၊ ကိုယ္ရဲ႕အစားအေသာက္ေတြမွာ သူတို႔အတြက္ ဥပါဒ္ျဖစ္ေစတဲ့ ပစၥည္းတစ္ခုမွမပါလို႔ စိတ္သန႔္သန႔္နဲ႔ ေဝရဲတဲ့အတြက္ ပီတိလဲျဖစ္ရတယ္။ အဲ့ဒီေန႔ကေတာ့ Catering လုပ္လာခဲ့တဲ့ တစ္ႏွစ္သက္တမ္း အတြင္း ကံ့ေကာ္ျဖဴတို႔ ပီတိအျဖစ္ရဆုံးေန႔ပါပဲ။

ကံ့ေကာ္ျဖဴတို႔ အစားအေသာက္အေပၚမွာ သတ္မွတ္တဲ့ေဈးကို မ်ားတယ္လို႔ Complain တက္တဲ့အေပၚမွာ ေျဖရွင္းစရာ တစ္ခုပဲရွိပါတယ္ရွင္။ ကိုယ္တိုင္မစားရဲတဲ့ အစားအေသာက္ကို ဘယ္ေတာ့မွမေရာင္းသလို Customer ေတြ မျမင္ရတဲ့ အပိုင္းေတြ ျဖစ္တဲ့ ဆီသုံးတဲ့ေနရာမွာ၊ ဟင္းခတ္မႈန႔္သုံးတဲ့ေနရာမွာ ဘယ္ေသာအခါမွ မခိုခဲ့ပါဘူး။ ၾကက္သားဟင္းျဖစ္ရင္ၿပီးေရာ ဆိုတဲ့ ခံယူခ်က္မ်ိဳး ဒီေန႔ဒီအခ်ိန္ထိ ဘယ္ Customer ေပၚမွာမွ မထားခဲ့ပါဘူး တန္ဖိုးသင့္ထမင္းဗူးမွာ ေတာင္ ေနၾကာဆီနဲ႔ အသီးအ႐ြက္ဟင္းခတ္မႈန႔္သာ သုံးခဲ့တဲ့အတြက္ စိတ္လုံၿခဳံမႈအျပည့္နဲ႔ပဲ အစားအေသာက္ေတြကို ေရာင္းပါတယ္ရွင္။ သုံးရတဲ့ေငြေၾကးနဲ႔ မေလ်ာ့တဲ့ အစားအေသာက္ကို ရေစရပါမယ္လို႔ အာမခံတဲ့အတြက္ ကံ့ေကာ္ျဖဴတို႔ သတ္မွတ္တဲ့ေဈးႏႈန္းကို မ်ားတယ္လို႔ မထင္ပါနဲ႔လို႔ ခ်စ္ရတဲ့ Customers ေတြအားလုံးကို ေမတၱာရပ္ခံအပ္ပါတယ္ရွင္ 🥰🥰🥰

ဒီတေလာအတြင္း လုပ္ျဖစ္ခဲ့တဲ့ Take Away ေအာ္ဒါဗူးေလးေတြပါတင္ေပးလိုက္ပါတယ္ရွင္

Unicode:တန်ဖိုးသင့်ထမင်းဗူးလုပ်ပြီးနောက်ပိုင်း အလှူရှင်၊ အလှူခံပုဂ္ဂိုလ် နှစ်ဦးလုံးအဆင်ပြေတဲ့အတွက် ကံ့ကော်ဖြူတို့မှာ  ဝမ...
05/10/2019

Unicode:

တန်ဖိုးသင့်ထမင်းဗူးလုပ်ပြီးနောက်ပိုင်း အလှူရှင်၊ အလှူခံပုဂ္ဂိုလ် နှစ်ဦးလုံးအဆင်ပြေတဲ့အတွက် ကံ့ကော်ဖြူတို့မှာ ဝမ်းသာပီတိဖြစ်ရပေမယ့် တစ်ဖက်မှာလဲ တစ်ခါသုံးပြီးပလက်စတစ်ဗူးတွေ အများကြီး တစ်ပြိုင်တည်း waste ဖြစ်တော့မှာပဲဆိုတာကို တွေးမိပြီး Guilty ဖြစ်တဲ့စိတ်က ပိုပါတယ်။
ဒါပေမယ့် အဲ့ဒီစိုးရိမ်စိတ်တွေ တစ်ဝက်လောက်လျော့သွားမယ့် ကိစ္စလေးကြုံလာပါတယ်။

တစ်ရက်ကျတော့ သုံးနေကျ Lunch Box ဗူးတွေ ကုန်သွားလို့ ဗူးအသစ်သွားပြီး ဆိုင်ရောက်မှဖောက်ကြည့်တော့ အောက်ကပုံမှာပြထားတဲ့ စာရွက်လေးတွေ့ပါတယ်။ တစ်ခါသုံးပလက်စတစ်ဗူးတွေကို အိမ်နီးချင်းတရုတ်နိုင်ငံကပဲ သွင်းတယ်လို့ပဲသိထားတာပါ။ ပြည်တွင်းမှာ ထုတ်တယ်လို့ မကြားမိသေးလို့ ဒီတံဆိပ်လေးကိုမြင်တဲ့အခါ အရမ်းကိုဝမ်းသာသွားတယ်။ အဲ့ဒါနဲ့ ပါတဲ့ဖုန်းနံပါတ်ကို ဆက်ကြည့်တော့ စက်ရုံကလဲ မြန်မာနိုင်ငံကဆိုတာ သေချာတာနဲ့ ဒီပို့စ်ကိုရေးလိုက်ပါတယ်။

ကျွန်မတို့လို ဆိုင်သေးသေးလေးမှာတောင် တစ်ရက်တစ်ရက် သုံးရတဲ့ Microwave Resistant ဗူးအရေအတွက် မနည်းပါဘူး။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၊ တစ်နိုင်ငံလုံးဆိုရင် တွက်သာကြည့်ပါတော့။ တစ်ရက်၊ တစ်လ၊ တစ်နှစ်မှာ သူများနိုင်ငံကို စီးဆင်းသွားမယ့် ကျွန်မတို့နိုင်ငံရဲ့ သွေး၊ ချွေးနဲ့တူတဲ့ ပိုက်ဆံတွေ…. အဲ့ဒီအစား ကျွန်မတို့ ပြည်တွင်းမှာထုတ်တဲ့ ထုတ်တဲ့ထုတ်ကုန်ကိုသုံးမယ်ဆိုရင် အိမ်နောက်ဖေးဈေးဆိုင်တည်တာနဲ့ တူတူပါပဲ။ ဒါအနိမ့်ဆုံးအဆင့်အကျိုးရှိတာပါ။ ထမင်းဗူးတင်မကပဲ ရေရှည်မှာ ကိုယ့်နိုင်ငံက ပြည်တွင်းထုတ် ထုတ်ကုန်လေးတွေကို တတ်နိုင်သလောက်သုံးပေးမယ်ဆိုရင် နိုင်ငံစီးပွားရေးအတွက်ပါ အထောက်အကူဖြစ်လာမှာပါ။ နှမ်းတစ်ပွင့်နဲ့ ဆီမဖြစ်ပေမယ့် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကံ့ကော်ဖြူတို့ကတော့ ပြည်တွင်းထုတ်ပစ္စည်းတွေကို ဦးစားပေးအသုံးပြုသွားမှာပါရှင်။


နောက်ဆို ကံ့ကော်ဖြူက သုံးတဲ့ Microwave Resistant ဗူးအားလုံးကို ပြည်တွင်းမှာထုတ်တဲ့ဗူးတွေကိုပဲ ပြောင်းလဲသုံးစွဲသွားမှာဖြစ်ပါတယ်ရှင်။ ဗူးအပြောင်းအလဲကြောင့် အဆင်မပြေတာ တစ်စုံတစ်ရာရှိခဲ့ရင် ဆိုင်ဖုန်းကိုပဲဖြစ်ဖြစ်၊ Messenger ကပဲဖြစ်ဖြစ် ဆက်သွယ်ပြီး ပြောကြားပေးပါရှင်။ ထမင်းဗူးလေးတွေ ဘယ်မှာဝယ်ရမလဲ မေးမေးနေကြတဲ့ Customers တွေလဲ ဒီစာရွက်မှာပါတဲ့ ဖုန်းနံပါတ်ကိုဆက်ပြီး မှာလို့ရပါတယ်နော်။



Zawgyi:

တန္ဖိုးသင့္ထမင္းဗူးလုပ္ၿပီးေနာက္ပိုင္း အလွဴရွင္၊ အလွဴခံပုဂိၢဳလ္ ႏွစ္ဦးလံုးအဆင္ေျပတဲ့အတြက္ ကံ့ေကာ္ျဖဴတို႔မွာ ဝမ္းသာပီတိျဖစ္ရေပမယ့္ တစ္ဖက္မွာလဲ တစ္ခါသံုးၿပီးပလက္စတစ္ဗူးေတြ အမ်ားႀကီး တစ္ၿပိဳင္တည္း waste ျဖစ္ေတာ့မွာပဲဆိုတာကို ေတြးမိၿပီး Guilty ျဖစ္တဲ့စိတ္က ပိုပါတယ္။
ဒါေပမယ့္ အဲ့ဒီစိုးရိမ္စိတ္ေတြ တစ္ဝက္ေလာက္ေလ်ာ့သြားမယ့္ ကိစၥေလးႀကံဳလာပါတယ္။

တစ္ရက္က်ေတာ့ သံုးေနက် Lunch Box ဗူးေတြ ကုန္သြားလို႔ ဗူးအသစ္သြားၿပီး ဆိုင္ေရာက္မွေဖာက္ၾကည့္ေတာ့ ေအာက္ကပံုမွာျပထားတဲ့ စာရြက္ေလးေတြ႕ပါတယ္။ တစ္ခါသံုးပလက္စတစ္ဗူးေတြကို အိမ္နီးခ်င္းတရုတ္ႏုိင္ငံကပဲ သြင္းတယ္လို႔ပဲသိထားတာပါ။ ျပည္တြင္းမွာ ထုတ္တယ္လို႔ မၾကားမိေသးလို႔ ဒီတံဆိပ္ေလးကိုျမင္တဲ့အခါ အရမ္းကိုဝမ္းသာသြားတယ္။ အဲ့ဒါနဲ႔ ပါတဲ့ဖုန္းနံပါတ္ကို ဆက္ၾကည့္ေတာ့ စက္ရံုကလဲ ျမန္မာႏိုင္ငံကဆိုတာ ေသခ်ာတာနဲ႔ ဒီပို႔စ္ကိုေရးလိုက္ပါတယ္။

ကၽြန္မတို႔လို ဆိုင္ေသးေသးေလးမွာေတာင္ တစ္ရက္တစ္ရက္ သံုးရတဲ့ Microwave Resistant ဗူးအေရအတြက္ မနည္းပါဘူး။ ရန္ကုန္တိုင္းေဒသႀကီးတစ္ခုလံုး၊ တစ္ႏုိင္ငံလံုးဆိုရင္ တြက္သာၾကည့္ပါေတာ့။ တစ္ရက္၊ တစ္လ၊ တစ္ႏွစ္မွာ သူမ်ားႏုိင္ငံကို စီးဆင္းသြားမယ့္ ကၽြန္မတို႔ႏိုင္ငံရဲ႕ ေသြး၊ ေခၽြးနဲ႔တူတဲ့ ပိုက္ဆံေတြ…. အဲ့ဒီအစား ကၽြန္မတို႔ ျပည္တြင္းမွာထုတ္တဲ့ ထုတ္တဲ့ထုတ္ကုန္ကိုသံုးမယ္ဆိုရင္ အိမ္ေနာက္ေဖးေစ်းဆိုင္တည္တာနဲ႔ တူတူပါပဲ။ ဒါအနိမ့္ဆံုးအဆင့္အက်ိဳးရိွတာပါ။ ထမင္းဗူးတင္မကပဲ ေရရွည္မွာ ကိုယ့္ႏိုင္ငံက ျပည္တြင္းထုတ္ ထုတ္ကုန္ေလးေတြကို တတ္ႏိုင္သေလာက္သံုးေပးမယ္ဆိုရင္ ႏိုင္ငံစီးပြားေရးအတြက္ပါ အေထာက္အကူျဖစ္လာမွာပါ။

ႏွမ္းတစ္ပြင့္နဲ႔ ဆီမျဖစ္ေပမယ့္ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္အေနနဲ႔ ကံ့ေကာ္ျဖဴတို႔ကေတာ့ ျပည္တြင္းထုတ္ပစၥည္းေတြကို ဦးစားေပးအသံုးျပဳသြားမွာပါရွင္။
ေနာက္ဆို ကံ့ေကာ္ျဖဴက သံုးတဲ့ Microwave Resistant ဗူးအားလံုးကို ျပည္တြင္းမွာထုတ္တဲ့ဗူးေတြကိုပဲ ေျပာင္းလဲသံုးစဲြသြားမွာျဖစ္ပါတယ္ရွင္။

ဗူးအေျပာင္းအလဲေၾကာင့္ အဆင္မေျပတာ တစ္စံုတစ္ရာရိွခဲ့ရင္ ဆုိင္ဖုန္းကိုပဲျဖစ္ျဖစ္၊ Messenger ကပဲျဖစ္ျဖစ္ ဆက္သြယ္ၿပီး ေျပာၾကားေပးပါရွင္။ ထမင္းဗူးေလးေတြ ဘယ္မွာဝယ္ရမလဲ ေမးေမးေနၾကတဲ့ Customers ေတြလဲ ဒီစာရြက္မွာပါတဲ့ ဖုန္းနံပါတ္ကိုဆက္ၿပီး မွာလို႔ရပါတယ္ေနာ္

ေမြးေန႔ရွင္နဲ႔ အလွဴရွင္တို႔အတြက္ တန္ဖိုးသင့္ ထမင္းဘူး  😍ဒီထမင္းဘူးေလး လုပ္မယ္ လုပ္မယ္နဲ႔ စဥ္းစားခဲ့တာ ေတာ္ေတာ္ၾကာၿပီ လုပ...
19/09/2019

ေမြးေန႔ရွင္နဲ႔ အလွဴရွင္တို႔အတြက္ တန္ဖိုးသင့္ ထမင္းဘူး 😍

ဒီထမင္းဘူးေလး လုပ္မယ္ လုပ္မယ္နဲ႔ စဥ္းစားခဲ့တာ ေတာ္ေတာ္ၾကာၿပီ လုပ္ျဖစ္ေအာင္ တိုက္တြန္းခဲ့တဲ့ ေနာက္ခံအေၾကာင္းရင္းေတြလဲရိွတယ္ ခုတေလာ Customers ေတြကလဲ ခဏခဏေမးၾကတာနဲ႔ ျမန္ျမန္ပဲ အေကာင္အထည္ေဖာ္လိုက္ပါတယ္ရွင္

ကံ့ေကာ္ျဖဴဆိုင္ေလးကို စမလုပ္ျဖစ္ခင္ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ေဆးရံုတစ္ခုမွာ အလွဴလုပ္တာကို ဝင္ကူညီခဲ့ဖူးတယ္ရွင့္ လူနာရွင္ေတြက သူတို႔လူနာေတြကို ခဏတာထားၿပီး တန္းအရွည္ႀကီးစီ၊ ဇလံုေတြ၊ ဘူးေတြကိုင္ၿပီး ေစာင့္ရပါတယ္။ ကၽြတ္ကၽြတ္အိတ္နဲ႔လဲ မေပးတာေၾကာင့္ ဘူးအဆင္သင့္ပါမလာတဲ့ လူနာရွင္ေတြက ဘူးအသစ္ေတြဝယ္ တန္းျပန္စီနဲ႔ အခ်ိန္ေတာ္ေတာ္ကုန္၊ လူနာကိုလဲ စိတ္မခ်နဲ႔ ၾကားထဲက စိတ္ေမာေပးခဲ့ရဖူးတယ္။ ဇလံုႀကီးေတြ ကိုင္ၿပီး တေမ့တေမာ့ႀကီး တန္းစီရတာကိုလဲ စိတ္ထဲ မေကာင္းျဖစ္ခဲ့ဖူးတယ္။

အခု ထမင္းဗူးေတြနဲ႔ဆိုရင္ တန္းစီရတာ အရမ္းျမန္မယ္။ သန္႔သန္႔ရွင္းရွင္းနဲ႔ ေအးေအးေဆးေဆးလွဴလို႔ရမယ္။ လူနာရွင္ေတြ အတြက္လဲ အရမ္းအဆင္ေျပသြားမယ္။

ေစ်းႏႈန္းကေတာ့ ၁၀၀၀ က်ပ္နဲ႔ပဲ လုပ္ေပးျဖစ္ပါတယ္ရွင္။ ထမင္းဘူးတစ္ဘူးမွာ သီးစံုပဲဟင္း + ငါးနီတူေျခာက္ေၾကာ္ + ၾကက္ဥေမႊနဲ႔ အခ်ဥ္ ပါပါတယ္။ ေစ်းေလွ်ာ့လို႔ Quality ေလွ်ာ့တာမ်ိဳး ကံ့ေကာ္ျဖဴတို႔ မလုပ္ပါဘူးေနာ္။ ထံုးစံအတုိင္း ေနၾကာဆီသံုးေပးၿပီး အခ်ိဳမႈန္႔ ၾကက္သားမႈန္႔ေရွာင္ထားပါတယ္ရွင့္။ ေငြေၾကးအရ အမ်ားႀကီးအျမတ္မယူထားတဲ့အတြက္ ကံ့ေကာ္ျဖဴတို႔ကို ၁ ႏွစ္ခဲြ တိတိ အားေပးလာခဲ့တဲ့ Customers ေတြရဲ႕ စုေပါင္းအလွဴလို႔လဲ ေျပာလို႔ရပါတယ္ရွင္။

အနည္းဆံုးေတာ့ ဘူး ၃၀၀ ကစၿပီး မွာေပးပါေနာ္
ဘူး ၁၀၀၀ ဆိုရင္ ပို႔ခ Free စီစဥ္ေပးထားပါတယ္

စက္ရံု၊ အလုပ္ရံုေတြမွာ ေကၽြးခ်င္တယ္ဆိုလဲ စီစဥ္ေပးပါတယ္ရွင္။ 😃

ကံ့ေကာ္ျဖဴ - Food House
အမွတ္ ၁၂၊ အေဝရာလမ္း၊ ေဘာက္ေထာ္၊ ရန္ကင္းၿမိဳ႕နယ္။
09 40 44 55 234 ကို ဆက္သြယ္ေပးပါရွင့္

Unicode :

မွေးနေ့ရှင်နဲ့ အလှူရှင်တို့အတွက် တန်ဖိုးသင့် ထမင်းဘူး 😍

ဒီထမင်းဘူးလေး လုပ်မယ် လုပ်မယ်နဲ့ စဉ်းစားခဲ့တာ တော်တော်ကြာပြီ လုပ်ဖြစ်အောင် တိုက်တွန်းခဲ့တဲ့ နောက်ခံအကြောင်းရင်းတွေလဲရှိတယ် ခုတလော Customers တွေကလဲ ခဏခဏမေးကြတာနဲ့ မြန်မြန်ပဲ အကောင်အထည်ဖော်လိုက်ပါတယ်ရှင်

ကံ့ကော်ဖြူဆိုင်လေးကို စမလုပ်ဖြစ်ခင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆေးရုံတစ်ခုမှာ အလှူလုပ်တာကို ဝင်ကူညီခဲ့ဖူးတယ်ရှင့် လူနာရှင်တွေက သူတို့လူနာတွေကို ခဏတာထားပြီး တန်းအရှည်ကြီးစီ၊ ဇလုံတွေ၊ ဘူးတွေကိုင်ပြီး စောင့်ရပါတယ်။ ကျွတ်ကျွတ်အိတ်နဲ့လဲ မပေးတာကြောင့် ဘူးအဆင်သင့်ပါမလာတဲ့ လူနာရှင်တွေက ဘူးအသစ်တွေဝယ် တန်းပြန်စီနဲ့ အချိန်တော်တော်ကုန်၊ လူနာကိုလဲ စိတ်မချနဲ့ ကြားထဲက စိတ်မောပေးခဲ့ရဖူးတယ်။ ဇလုံကြီးတွေ ကိုင်ပြီး တမေ့တမော့ကြီး တန်းစီရတာကိုလဲ စိတ်ထဲ မကောင်းဖြစ်ခဲ့ဖူးတယ်။

အခု ထမင်းဗူးတွေနဲ့ဆိုရင် တန်းစီရတာ အရမ်းမြန်မယ်။ သန့်သန့်ရှင်းရှင်းနဲ့ အေးအေးဆေးဆေးလှူလို့ရမယ်။ လူနာရှင်တွေ အတွက်လဲ အရမ်းအဆင်ပြေသွားမယ်။

ဈေးနှုန်းကတော့ ၁၀၀၀ ကျပ်နဲ့ပဲ လုပ်ပေးဖြစ်ပါတယ်ရှင်။ ထမင်းဘူးတစ်ဘူးမှာ သီးစုံပဲဟင်း + ငါးနီတူခြောက်ကြော် + ကြက်ဥမွှေနဲ့ အချဉ် ပါပါတယ်။ ဈေးလျှော့လို့ Quality လျှော့တာမျိုး ကံ့ကော်ဖြူတို့ မလုပ်ပါဘူးနော်။ ထုံးစံအတိုင်း နေကြာဆီသုံးပေးပြီး အချိုမှုန့် ကြက်သားမှုန့်ရှောင်ထားပါတယ်ရှင့်။ ငွေကြေးအရ အများကြီးအမြတ်မယူထားတဲ့အတွက် ကံ့ကော်ဖြူတို့ကို ၁ နှစ်ခွဲ တိတိ အားပေးလာခဲ့တဲ့ Customers တွေရဲ့ စုပေါင်းအလှူလို့လဲ ပြောလို့ရပါတယ်ရှင်။

အနည်းဆုံးတော့ ဘူး ၃၀၀ ကစပြီး မှာပေးပါနော်
ဘူး ၁၀၀၀ ဆိုရင် ပို့ခ Free ပါရှင်

စက်ရုံ၊ အလုပ်ရုံတွေမှာ ကျွေးချင်တယ်ဆိုလဲ စီစဉ်ပေးပါတယ်ရှင်။ 😃

ကံ့ကော်ဖြူ - Food House
အမှတ် ၁၂၊ အဝေရာလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်။
09 40 44 55 234 ကို ဆက်သွယ်ပေးပါရှင့်

Zawgyi :ကံ့ေကာ္ျဖဴတိုကို အၿမဲတမ္းအားေပးေနတဲ့႔ေဖာက္သည္ေတြထဲမွာ အသက္ ၇၀ ေက်ာ္တဲ့ ဘဘႀကီးတစ္ေယာက္ရိွတယ္။ ထမင္းခ်ိဳင့္ ေန႔တို...
15/09/2019

Zawgyi :

ကံ့ေကာ္ျဖဴတိုကို အၿမဲတမ္းအားေပးေနတဲ့႔ေဖာက္သည္ေတြထဲမွာ အသက္ ၇၀ ေက်ာ္တဲ့ ဘဘႀကီးတစ္ေယာက္ရိွတယ္။ ထမင္းခ်ိဳင့္ ေန႔တိုင္းယူတာမို႔လို႔ ဟင္းမထပ္ေအာင္ရယ္၊ အပူအစပ္အခ်ဥ္ေတြ မပါေအာင္ရယ္၊ က်န္းမာေရးနဲ႔ညီေအာင္ရယ္ တျခားေဖာက္သည္ ေတြထက္ ပိုဂရုစိုက္ရတယ္။ တစ္ရက္က်ေတာ့ ဘဘကဖုန္းဆက္ၿပီး ေျပာတယ္။

"TV မွာလာတဲ့ အစာလဲေဆး၊ ေဆးလဲအစာ အစီအစဥ္ကိုၾကည့္ပါ သမီးတဲ့" ဘဘ ကတိုက္တြန္းလြန္းအားၾကီးလို႔ က်န္းမာေရးနဲ႔ပတ္သက္တဲ့ အစားအေသာက္ေတြအေၾကာင္း စာအုပ္ေတြ ဝယ္ၿပီးဖတ္ျဖစ္ၿပီးေတာ့မွ ကိုယ္ေန႔တိုင္း အမႈမဲ့အမွတ္မဲ့ စားမိတဲ့အစားအေသာက္ေတြက ခႏၶာကိုယ္အတြက္ အပိုအားေဆးေတြ၊ Antioxidant ေတြ ေသာက္စရာမလိုပဲ အက်ိဳးျပဳေနတာ သိေတာ့တယ္။ ေခတ္ရဲ႕ Admin ဆိုေတာ့လဲ စာအုပ္နဲ႔တင္အားမရဘူး အင္တာနက္မွာ ပါ တစ္ခုခ်င္းစီ ျပန္ရွာၿပီး ဗမာေဆးပညာအယူအဆရယ္ အေနာက္တိုင္းေဆးပညာ က အသိအမွတ္ျပဳထားတဲ့ ဘံုတူတာရယ္ကို ေရြးထုတ္ၿပီး ယူလိုက္တယ္။ လာမဲ့အပတ္ကစၿပီး ကံ့ေကာ္ျဖဴတို ႔ေန႔စဥ္ခ်က္ေနတဲ့ ျမန္မာထမင္းဟင္းေတြမွာ အဲ့ဒီနည္းလမ္းေတြ တစ္ရက္နည္းနည္းစီ အကုန္အသံုးျပဳလိုက္ထားတယ္ေနာ္ 🥰🥰🥰

ဆိုင္မလာႏိုင္တဲ့ Customers ေတြအေတြက္လဲ ေစ်းသက္သာၿပီး ေစ်းထဲအလြယ္တကူဝယ္လို႔ရလို႔ရတဲ့အျပင္ ျပင္ဆင္ရတာအခ်ိန္မကုန္တဲ့ အစားအေသာက္ေလးေတြကို ဒီကေနပဲ တစ္ရက္နည္းနည္းစီ ေရးေပးမယ္ေနာ္ ေစ်းသြားရင္းပဲျဖစ္ျဖစ္ေတြ႔ရင္ ကိုယ္ေန႔စဥ္စားေနၾကအစားအေသာက္ေတြထဲ ထည့္စားျဖစ္ေအာင္ စားၾကပါဦးေနာ္ 😘😘😘

ကန္စြန္းဥ (ခရမ္းေရာင္၊ အဝါေရာင္)

ကန္စြန္းဥေတြမွာ အမွ်င္ဓာတ္ေတြပါပါတယ္ အဲ့ဒီအမွ်င္ဓာတ္ေတြက အစာေခ်တဲ့ေနရာမွာ အေထာက္အကူျပဳၿပီး ဝမ္းမွန္ေစဖို႔ အေထာက္အကူျပဳပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့ ဒီေခတ္ႀကီးမွာ ဝမ္းခ်ဳပ္တတ္တာမ်ိဳးျဖစ္လို႔ ကန္စြန္းဥေလးစားရင္း အစာအိမ္ေလးကို ညွာတာေပးလိုက္ရေအာင္ေနာ္

ေနာက္ၿပီး Antioxidants နဲ႔ Vitamins ေတြအမ်ားႀကီးပါတာမို႔ အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစပါတယ္တဲ့ ေစ်းႀကီးတဲ့ Supplements ေတြဝယ္ေသာက္မဲ့အစား ကန္စြန္းဥကိုသာ ေန႔စဥ္နည္းနည္းစီစားေပးရင္ ဝိတ္က်ၿပီး အကုန္အက်လဲသက္သာမယ္ေလ ကံ့ေကာ္ျဖဴတို႔ ခ်စ္ရတဲ့စားသံုးသူေတြထဲမွာ ဘီးက်ဲေရွာ္တီအဖဲြ႕ဝင္ေတြ ပါေနၿပီဆိုရင္ေတာ့ ကန္စြန္းဥပံုမွန္ေလးစားေပးဖို႔ လိုအပ္ေနပါၿပီေနာ္ 😁😁

ကင္ဆာကိုမျဖစ္ေစတဲ့ စူပါအစားအေသာက္ဆိုတာမရိွပါဘူး ဒါေပမယ့္ ကာကြယ္တယ္လို႔ ေျပာႏိုင္တဲ့အစားအေသာက္ေတြထဲမွာ ကန္စြန္းဥလဲ ပါပါတယ္။ သူကာကြယ္ႏိုင္တဲ့ ကင္ဆာေတြကေတာ့ ရင္သားကင္ဆာ၊ ဆီးအိမ္ကင္ဆာ၊ အူမႀကီးကင္ဆာနဲ႔ အစာအိမ္ကင္ဆာတို႔ ျဖစ္ပါတယ္။

ခရမ္းေရာင္ကန္စြန္းဥေတြက မ်က္လံုးက်န္းမာေရးအတြက္လဲ အက်ိဳးျပဳေသးပါတယ္တဲ့ေနာ္။ ဦးေႏွာက္အလုပ္လုပ္ေဆာင္ပံုကိုလဲ ေကာင္းမြန္ေစၿပီး မွတ္ဥာဏ္ပိုေကာင္းေစပါတယ္။ ကိုယ္ခံအားကို ျမွင့္ေပးတယ္။

ေဆးပညာကေတာ့ ကန္စြန္းဥကို ျပဳတ္စားတဲ့အခါ အာဟာရဓာတ္ေတြ ေပ်ာက္ဆံုးတတ္တာေၾကာင့္ မီးဖုတ္ၿပီးစားဖို႔အားေပးပါတယ္။ အမဲေတြေတာ့ မပါေစနဲ႔ေပါ့ေနာ္။ ကန္စြန္းဥအေၾကာင္းဖတ္ၿပီး မနက္ျဖန္ ထမင္းဟင္းလာအားေပးမယ့္ေဖာက္သည္ေတြအတြက္ ကန္စြန္းဥခရမ္းေရာင္မီးဖုတ္ေလး အခ်ိဳတည္းဖို႔ ကံေကာ္ျဖဴတို႔ ျပင္ဆင္ေနပါၿပီရွင္ 🥳🥳🥳

Unicode:

ကံ့ကော်ဖြူတိုကို အမြဲတမ်းအားပေးနေတဲ့ဖောက်သည်တွေထဲမှာ အသက် ၇၀ ကျော်တဲ့ ဘဘကြီးတစ်ယောက်ရှိတယ်။ ထမင်းချိုင့် နေ့တိုင်းယူတာမို့လို့ ဟင်းမထပ်အောင်ရယ်၊ အပူအစပ်အချဉ်တွေ မပါအောင်ရယ်၊ ကျန်းမာရေးနဲ့ညီအောင်ရယ် တခြားဖောက်သည် တွေထက် ပိုဂရုစိုက်ရတယ်။ တစ်ရက်ကျတော့ ဘဘကဖုန်းဆက်ပြီး ပြောတယ်။

"TV မှာလာတဲ့ အစာလဲဆေး၊ ဆေးလဲအစာ အစီအစဉ်ကိုကြည့်ပါ သမီးတဲ့" ဘဘ ကတိုက်တွန်းလွန်းအားကြီးလို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစားအသောက်တွေအကြောင်း စာအုပ်တွေ ဝယ်ပြီးဖတ်ဖြစ်ပြီးတော့မှ ကိုယ်နေ့တိုင်း အမှုမဲ့အမှတ်မဲ့ စားမိတဲ့အစားအသောက်တွေက ခန္ဓာကိုယ်အတွက် အပိုအားဆေးတွေ၊ Antioxidant တွေ သောက်စရာမလိုပဲ အကျိုးပြုနေတာ သိတော့တယ်။ ခေတ်ရဲ့ Admin ဆိုတော့လဲ စာအုပ်နဲ့တင်အားမရဘူး အင်တာနက်မှာ ပါ တစ်ခုချင်းစီ ပြန်ရှာပြီး ဗမာဆေးပညာအယူအဆရယ် အနောက်တိုင်းဆေးပညာ က အသိအမှတ်ပြုထားတဲ့ ဘုံတူတာရယ်ကို ရွေးထုတ်ပြီး ယူလိုက်တယ်။ လာမဲ့အပတ်ကစပြီး ကံ့ကော်ဖြူတို့နေ့စဉ်ချက်နေတဲ့ မြန်မာထမင်းဟင်းတွေမှာ အဲ့ဒီနည်းလမ်းတွေ တစ်ရက်နည်းနည်းစီ အကုန်အသုံးပြုလိုက်ထားတယ်နော် 🥰🥰🥰

ဆိုင်မလာနိုင်တဲ့ Customers တွေအတွေက်လဲ ဈေးသက်သာပြီး ဈေးထဲအလွယ်တကူဝယ်လို့ရလို့ရတဲ့အပြင် ပြင်ဆင်ရတာအချိန်မကုန်တဲ့ အစားအသောက်လေးတွေကို ဒီကနေပဲ တစ်ရက်နည်းနည်းစီ ရေးပေးမယ်နော် ဈေးသွားရင်းပဲဖြစ်ဖြစ်တွေ့ရင် ကိုယ်နေ့စဉ်စားနေကြအစားအသောက်တွေထဲ ထည့်စားဖြစ်အောင် စားကြပါဦးနော် 😘😘😘

ကန်စွန်းဥ (ခရမ်းရောင်၊ အဝါရောင်)

ကန်စွန်းဥတွေမှာ အမျှင်ဓာတ်တွေပါပါတယ် အဲ့ဒီအမျှင်ဓာတ်တွေက အစာချေတဲ့နေရာမှာ အထောက်အကူပြုပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြုပါတယ်။ စိတ်ဖိစီးမှုများတဲ့ ဒီခေတ်ကြီးမှာ ဝမ်းချုပ်တတ်တာမျိုးဖြစ်လို့ ကန်စွန်းဥလေးစားရင်း အစာအိမ်လေးကို ညှာတာပေးလိုက်ရအောင်နော်

နောက်ပြီး Antioxidants နဲ့ Vitamins တွေအများကြီးပါတာမို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်တဲ့ ဈေးကြီးတဲ့ Supplements တွေဝယ်သောက်မဲ့အစား ကန်စွန်းဥကိုသာ နေ့စဉ်နည်းနည်းစီစားပေးရင် ဝိတ်ကျပြီး အကုန်အကျလဲသက်သာမယ်လေ ကံ့ကော်ဖြူတို့ ချစ်ရတဲ့စားသုံးသူတွေထဲမှာ ဘီးကျဲရှော်တီအဖွဲ့ဝင်တွေ ပါနေပြီဆိုရင်တော့ ကန်စွန်းဥပုံမှန်လေးစားပေးဖို့ လိုအပ်နေပါပြီနော် 😁😁

ကင်ဆာကိုမဖြစ်စေတဲ့ စူပါအစားအသောက်ဆိုတာမရှိပါဘူး ဒါပေမယ့် ကာကွယ်တယ်လို့ ပြောနိုင်တဲ့အစားအသောက်တွေထဲမှာ ကန်စွန်းဥလဲ ပါပါတယ်။ သူကာကွယ်နိုင်တဲ့ ကင်ဆာတွေကတော့ ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတို့ ဖြစ်ပါတယ်။

ခရမ်းရောင်ကန်စွန်းဥတွေက မျက်လုံးကျန်းမာရေးအတွက်လဲ အကျိုးပြုသေးပါတယ်တဲ့နော်။ ဦးနှောက်အလုပ်လုပ်ဆောင်ပုံကိုလဲ ကောင်းမွန်စေပြီး မှတ်ဉာဏ်ပိုကောင်းစေပါတယ်။ ကိုယ်ခံအားကို မြှင့်ပေးတယ်။

ဆေးပညာကတော့ ကန်စွန်းဥကို ပြုတ်စားတဲ့အခါ အာဟာရဓာတ်တွေ ပျောက်ဆုံးတတ်တာကြောင့် မီးဖုတ်ပြီးစားဖို့အားပေးပါတယ်။ အမဲတွေတော့ မပါစေနဲ့ပေါ့နော်။ ကန်စွန်းဥအကြောင်းဖတ်ပြီး မနက်ဖြန် ထမင်းဟင်းလာအားပေးမယ့်ဖောက်သည်တွေ ကန်စွန်းဥခရမ်းရောင်မီးဖုတ်လေး အချိုတည်းဖို့ ကံကော်ဖြူတို့ ပြင်ဆင်နေပါပြီရှင် 🥳🥳🥳

References:

အစားအေသာက္နဲ႔ က်န္းမာေရး

https://www.bbcgoodfood.com/howto/guide/health-benefits-sweet-potato

https://www.healthline.com/nutrition/sweet-potato-benefits

https://www.medicalnewstoday.com/articles/281438.php

https://lacanadacarecenter.com/15-health-benefits-of-sweet-potatoes-according-to-science/

13/09/2019

Zawgyi:

ေနာက္တစ္ပတ္စာအတြက္ ဟင္း Menu တင္ေပးလိုက္ပါၿပီရွင္ ေန႔လည္ ၁၂ နာရီထိုးၿပီးရင္ လူႀကိဳက္မ်ားတဲ့ဟင္းေလးေတြ ကုန္သြားတတ္ၿပီး လာရႀကိဳးမနပ္မွာစိုးလို႔ စာေစာဖုန္းဆက္ၿပီး ႀကိဳမွာထားရေအာင္ေနာ္

၁၆.၉.၂၀၁၉ (တနလၤာေန႔)

ၾကက္သားဗူးသီး
ဝက္နံရိုးေျခာက္စပ္
ဝက္ကင္မြန္းခ်ဥ္ရြက္ေၾကာ္
ငါးပုဏၰားေၾကာ္ခ်က္
ၾကက္အသဲအျမစ္ခ်ိဳဆီျပန္
ငါးခရမ္းခ်ဥ္သီးခ်က္
ဘူးညြန္႔ေၾကာ္ခ်က္
ကန္စြန္းရြက္ေၾကာ္
ဟင္းႏုႏြယ္ရြြက္ေၾကာ္
ပန္းေဂၚဖီၾကက္ဥေၾကာ္
ျမင္းခြာရြက္သုပ္
ပဲေစာင္းခါးသီးသုပ္

၁၇.၉.၂၀၁၉ (အဂၤါေန႔)

ၾကက္သားအာလူး
ဝက္သားပုန္းရည္ႀကီး
ငါးၾကင္းးေၾကာ္အစပ္ႏွပ္
ဝက္ခ်ဥ္ေပါင္ေၾကာ္
ငါးခူရဲယိုခ်က္
ဘဲဥခ်ဥ္ဟင္း
ခရမ္းသီးမီးုဖတ္သုပ္
မုန္လာဥနီသုပ္
ကိုက္လံခရုဆီ
ဘဲဥဆူးပုတ္ေၾကာ္
ေရႊဖရံုသီးေၾကာ္

၁၈.၉.၂၀၁၉ (ဗုဒၶဟူးေန႔)

ဘဲဥသီးစံုဆီျပန္
ၾကက္ကုလားခ်က္
ဝက္သားႏွပ္
ပုစြန္ဆီျပန္
ငါးၾကင္းေၾကာ္ႏွပ္အခ်ိဳ
ဝက္ကလီစာဆီျပန္
ပဲသီးၾကက္ဥေၾကာ္
မန္က်ည္းသီးေထာင္း
ေရႊဖရံုသီးညြန္႔ေၾကာ္
ပဲလိပ္ျပာႏွပ္
ပုစြန္ခ်ဥ္ေပါင္ေၾကာ္

၁၉.၉.၂၀၁၉ (ၾကာသာပေတးေန႔)

ၾကက္ခ်ိဳႏွပ္
ဝက္နံရိုးမွ်စ္ခ်ဥ္
ငါးက်ည္းေၾကာ္ႏွပ္
ငါးသစ္တံုးဆီျပန္
ၾကက္အသဲအျမစ္ဆီျပန္
ျပည္ႀကီးငါးခ်ဥ္စပ္
ခရမ္းသီးႏွပ္
ေဂၚရခါးသီးေၾကာ္
ေျပာင္းဖူးေၾကာ္
ရံုးပတီသီးေၾကာ္
ျမင္းခြာရြက္သုပ္
မွ်င္ငါးပိသုပ္

၂၀.၉.၂၀၁၉ (ေသာၾကာေန႔)

ၾကက္ကခ်င္ခ်က္
ဝက္ခ်ဥ္စပ္
ငါးေျခာက္ခရမ္းခ်ဥ္သီးခ်က္
ဝက္ကလီစာအခ်ိဳခ်က္
ငါးၾကင္းေၾကာ္ႏွပ္
အာလူးမာလာသုပ္
ကိုက္လံခရုဆီ
ပဲပင္ေပါက္ပဲျပား
ၾကက္ဟင္းခါးသီးေၾကာ္
ႏွမ္းဖတ္ခ်ဥ္သုပ္
မွ်စ္ရခိုင္ခ်က္

ကံ့ေကာ္ျဖဴ - Food House
အမွတ္ ၁၂၊ အေဝရာလမ္း၊ ေဘာက္ေထာ္၊ ရန္ကင္း။
0940 4455 234

Unicode :

နောက်တစ်ပတ်စာအတွက် ဟင်း Menu တင်ပေးလိုက်ပါပြီရှင် နေ့လည် ၁၂ နာရီထိုးပြီးရင် လူကြိုက်များတဲ့ဟင်းလေးတွေ ကုန်သွားတတ်ပြီး လာရကြိုးမနပ်မှာစိုးလို့ စာစောဖုန်းဆက်ပြီး ကြိုမှာထားရအောင်နော်

၁၆.၉.၂၀၁၉ (တနင်္လာနေ့)

ကြက်သားဗူးသီး
ဝက်နံရိုးခြောက်စပ်
ဝက်ကင်မွန်းချဉ်ရွက်ကြော်
ငါးပုဏ္ဏားကြော်ချက်
ကြက်အသဲအမြစ်ချိုဆီပြန်
ငါးခရမ်းချဉ်သီးချက်
ဘူးညွန့်ကြော်ချက်
ကန်စွန်းရွက်ကြော်
ဟင်းနုနွယ်ရွက်ကြော်
ပန်းဂေါ်ဖီကြက်ဥကြော်
မြင်းခွာရွက်သုပ်
ပဲစောင်းခါးသီးသုပ်

၁၇.၉.၂၀၁၉ (အင်္ဂါနေ့)

ကြက်သားအာလူး
ဝက်သားပုန်းရည်ကြီး
ငါးကြင်းးကြော်အစပ်နှပ်
ဝက်ချဉ်ပေါင်ကြော်
ငါးခူရဲယိုချက်
ဘဲဥချဉ်ဟင်း
ခရမ်းသီးမီးုဖတ်သုပ်
မုန်လာဥနီသုပ်
ကိုက်လံခရုဆီ
ဘဲဥဆူးပုတ်ကြော်
ရွှေဖရုံသီးကြော်

၁၈.၉.၂၀၁၉ (ဗုဒ္ဓဟူးနေ့)

ဘဲဥသီးစုံဆီပြန်
ကြက်ကုလားချက်
ဝက်သားနှပ်
ပုစွန်ဆီပြန်
ငါးကြင်းကြော်နှပ်အချို
ဝက်ကလီစာဆီပြန်
ပဲသီးကြက်ဥကြော်
မန်ကျည်းသီးထောင်း
ရွှေဖရုံသီးညွန့်ကြော်
ပဲလိပ်ပြာနှပ်
ပုစွန်ချဉ်ပေါင်ကြော်

၁၉.၉.၂၀၁၉ (ကြာသာပတေးနေ့)

ကြက်ချိုနှပ်
ဝက်နံရိုးမျှစ်ချဉ်
ငါးကျည်းကြော်နှပ်
ငါးသစ်တုံးဆီပြန်
ကြက်အသဲအမြစ်ဆီပြန်
ပြည်ကြီးငါးချဉ်စပ်
ခရမ်းသီးနှပ်
ဂေါ်ရခါးသီးကြော်
ပြောင်းဖူးကြော်
ရုံးပတီသီးကြော်
မြင်းခွာရွက်သုပ်
မျှင်ငါးပိသုပ်

၂၀.၉.၂၀၁၉ (သောကြာနေ့)

ကြက်ကချင်ချက်
ဝက်ချဉ်စပ်
ငါးခြောက်ခရမ်းချဉ်သီးချက်
ဝက်ကလီစာအချိုချက်
ငါးကြင်းကြော်နှပ်
အာလူးမာလာသုပ်
ကိုက်လံခရုဆီ
ပဲပင်ပေါက်ပဲပြား
ကြက်ဟင်းခါးသီးကြော်
နှမ်းဖတ်ချဉ်သုပ်
မျှစ်ရခိုင်ချက်

ကံ့ကော်ဖြူ - Food House
အမှတ် ၁၂၊ အဝေရာလမ်း၊ ဘောက်ထော်၊ ရန်ကင်း။
0940 4455 234

09/09/2019

အခ်ိန္ကုန္ခံၿပီး ဟင္းမခ်က္ပဲ ဟင္းထမင္း၊ အိမ္ဟင္းစားရေအာင္ ကံ့ေကာ္ျဖဴ - Food House ရဲ႕ တစ္ပတ္စာ Menu ကိုတင္ေပးလိုက္ပါၿပီရွင္

၉.၉.၂၀၁၉ (တနလၤာေန႔)

ၾကက္ကေဖာင္
ဝက္သားပုန္းရည္ႀကီး
ဝက္နံရိုးေၾကာ္
ငါးဆယ္ဆီျပန္
ၾကက္အသဲအျမစ္ဆီျပန္
ပုစြန္ဆီျပန္
ပဲသီးၾကက္ဥေၾကာ္
ပန္းပြင့္ၾကက္ဥေၾကာ္
မန္က်ည္းသီးေထာင္းေၾကာ္
ခ်ဥ္ေပါင္ေၾကာ္
ျမင္းခြာရြက္သုပ္
ႏွမ္းဖတ္ခ်ဥ္သုပ္

၁၀.၉.၂၀၁၉ (အဂၤါေန႔)

ၾကက္မဆလာခ်က္
ဝက္ခ်ိဳႏွပ္
ငါးၾကင္းေၾကာ္ႏွပ္အခ်ိဳ
ဝက္ကလီစာဆီျပန္
ငါးက်ည္းေၾကာ္ႏွပ္
ဘဲဥသီးစုံ
မိႈကန္စြန္း
မုန္ညင္းေၾကာ္
ေၾကာင္လွ်ာသီးအစိမ္းသုပ္
အာလူးေၾကာ္
ခရမ္းသီးမီးဖုတ္သုပ္
ခရမ္းခ်ဥ္သီးအစိမ္းသုပ္

၁၁.၉.၂၀၁၉ (ဗုဒၶဟူးေန႔)

ဘဲဥငံုးဥသီးစံုဆီျပန္
ၾကက္သားအာလူး
ဝက္သားနီခ်က္အိအိ
ကင္းမြန္အခ်ိဳခ်က္
ငါးၾကင္းခရမ္းခ်ဥ္သီးခ်က္
ဝက္နံရိုးေၾကာ္
ပဲေစာင္းခါးသီးသုပ္
ဘဲဥဆူးပုတ္ေၾကာ္
ေဂၚရခါးညြန္႔ေၾကာ္
ဇီးျဖဴသီးေထာင္း
ပုစြန္ခ်ဥ္ေပါင္ေၾကာ္

၁၂.၉.၂၀၁၉ (ၾကာသာပေတးေန႔)

ၾကက္ခ်ိဳ
ဝက္ခ်ဥ္စပ္
ငါးဘတ္ေမႊ
ပုစြန္ဆီျပန္
ငါးဘဲအိုးကပ္
ငါးဖယ္ရဲယိုဆီျပန္
ဘူးညြန္႔
ဟင္းႏုႏြယ္ေၾကာ္
ခရမ္းသီးႏွပ္
ေဂၚရခါးသီးေၾကာ္
ထိုင္စတိုင္မွ်စ္သုပ္
မွ်င္ငါးပိသုပ္

၁၃.၉.၂၀၁၉ (ေသာၾကာေန႔)

ၾကက္ကုန္းေဘာင္
ဝက္နံရိုးမွ်စ္ခ်ဥ္
ငါးခူရဲယို
ဝက္ကလီစာအခ်ိဳ
ငါးပုတ္သင္ရခိုင္ခ်က္
အာလူးမာလာသုပ္
ဟင္းႏုႏြယ္ေၾကာ္
ဘူးညြန္႔ေၾကာ္ခ်က္
မန္က်ည္းသီးေထာင္းေၾကာ္
သရက္ခ်ဥ္သုပ္
ခရမ္းသီးမီးဖုတ္သုပ္

၁၄.၉.၂၀၁၉ (စေနေန႔)

ၾကက္ကုလားခ်က္
ဝက္ခ်ိဳႏွပ္
ၾကက္အသဲအျမစ္အခ်ိဳခ်က္
ငါးၾကင္းေၾကာ္ႏွပ္အစပ္
ဘဲဥငံျပာရည္ေၾကာ္
မန္က်ည္းသီးေထာင္း
ရံုးပတီသီးေၾကာ္
ပန္းပြင့္ၾကက္ဥေၾကာ္
ခရမ္းခ်ဥ္သီးငပိခ်က္

၁၅.၉.၂၀၁၉ (တနဂၤေႏြေန႔)

ၾကက္မဆလာခ်က္
ဝက္သားအာလူး
ၾကက္ပဲ
ငါးၾကင္းအခ်ိဳႏွပ္
မွ်စ္ပဲျပဳတ္ေၾကာ္
ပဲသီးၾကက္ဥေၾကာ္
ကိုက္လံ
ခရမ္းခ်ဥ္သီးအစိမ္းသုပ္

Unicode:

အချိန်ကုန်ခံပြီး ဟင်းမချက်ပဲ ဟင်းထမင်း၊ အိမ်ဟင်းစားရအောင် ကံ့ကော်ဖြူ - Food House ရဲ့ တစ်ပတ်စာ Menu ကိုတင်ပေးလိုက်ပါပြီရှင်

၉.၉.၂၀၁၉ (တနင်္လာနေ့)

ကြက်ကဖောင်
ဝက်သားပုန်းရည်ကြီး
ဝက်နံရိုးကြော်
ငါးဆယ်ဆီပြန်
ကြက်အသဲအမြစ်ဆီပြန်
ပုစွန်ဆီပြန်
ပဲသီးကြက်ဥကြော်
ပန်းပွင့်ကြက်ဥကြော်
မန်ကျည်းသီးထောင်းကြော်
ချဉ်ပေါင်ကြော်
မြင်းခွာရွက်သုပ်
နှမ်းဖတ်ချဉ်သုပ်

၁၀.၉.၂၀၁၉ (အင်္ဂါနေ့)

ကြက်မဆလာချက်
ဝက်ချိုနှပ်
ငါးကြင်းကြော်နှပ်အချို
ဝက်ကလီစာဆီပြန်
ငါးကျည်းကြော်နှပ်
ဘဲဥသီးစုံ
မှိုကန်စွန်း
မုန်ညင်းကြော်
ကြောင်လျှာသီးအစိမ်းသုပ်
အာလူးကြော်
ခရမ်းသီးမီးဖုတ်သုပ်
ခရမ်းချဉ်သီးအစိမ်းသုပ်

၁၁.၉.၂၀၁၉ (ဗုဒ္ဓဟူးနေ့)

ဘဲဥငုံးဥသီးစုံဆီပြန်
ကြက်သားအာလူး
ဝက်သားနီချက်အိအိ
ကင်းမွန်အချိုချက်
ငါးကြင်းခရမ်းချဉ်သီးချက်
ဝက်နံရိုးကြော်
ပဲစောင်းခါးသီးသုပ်
ဘဲဥဆူးပုတ်ကြော်
ဂေါ်ရခါးညွန့်ကြော်
ဇီးဖြူသီးထောင်း
ပုစွန်ချဉ်ပေါင်ကြော်

၁၂.၉.၂၀၁၉ (ကြာသာပတေးနေ့)

ကြက်ချို
ဝက်ချဉ်စပ်
ငါးဘတ်မွှေ
ပုစွန်ဆီပြန်
ငါးဘဲအိုးကပ်
ငါးဖယ်ရဲယိုဆီပြန်
ဘူးညွန့်
ဟင်းနုနွယ်ကြော်
ခရမ်းသီးနှပ်
ဂေါ်ရခါးသီးကြော်
ထိုင်စတိုင်မျှစ်သုပ်
မျှင်ငါးပိသုပ်

၁၃.၉.၂၀၁၉ (သောကြာနေ့)

ကြက်ကုန်းဘောင်
ဝက်နံရိုးမျှစ်ချဉ်
ငါးခူရဲယို
ဝက်ကလီစာအချို
ငါးပုတ်သင်ရခိုင်ချက်
အာလူးမာလာသုပ်
ဟင်းနုနွယ်ကြော်
ဘူးညွန့်ကြော်ချက်
မန်ကျည်းသီးထောင်းကြော်
သရက်ချဉ်သုပ်
ခရမ်းသီးမီးဖုတ်သုပ်

၁၄.၉.၂၀၁၉ (စနေနေ့)

ကြက်ကုလားချက်
ဝက်ချိုနှပ်
ကြက်အသဲအမြစ်အချိုချက်
ငါးကြင်းကြော်နှပ်အစပ်
ဘဲဥငံပြာရည်ကြော်
မန်ကျည်းသီးထောင်း
ရုံးပတီသီးကြော်
ပန်းပွင့်ကြက်ဥကြော်
ခရမ်းချဉ်သီးငပိချက်

၁၅.၉.၂၀၁၉ (တနင်္ဂနွေနေ့)

ကြက်မဆလာချက်
ဝက်သားအာလူး
ကြက်ပဲ
ငါးကြင်းအချိုနှပ်
မျှစ်ပဲပြုတ်ကြော်
ပဲသီးကြက်ဥကြော်
ကိုက်လံ
ခရမ်းချဉ်သီးအစိမ်းသုပ်

Address

Ah Wai Yar Street
Yangon
12

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00
Saturday 07:30 - 17:00
Sunday 07:30 - 17:00

Telephone

09404455234

Website

Alerts

Be the first to know and let us send you an email when Kant Kaw Phyu - Food House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Kant Kaw Phyu - Food House:

Share