Pure 100 Fresh Juice

Pure 100 Fresh Juice Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pure 100 Fresh Juice, Smoothie & Juice Bar, Yangon.

လတ်ဆတ်သော သဘာဝသစ်သီး တစ်မျိုးထဲကိုသာဖျော်ထားတဲ့ တစ်ရာ ရာခိုင်းနှုန်း သစ်သီးဖျော်ရည် စစ်စစ်ဖြစ်ပါတယ်။ အသက်အရွယ်မရွေး သောက်သုံးသင့်တဲ့အပြင် Weight ချချင်တဲ့သူတွေအတွက် အထူး သင့်တော်ပါတယ်။
သဘာဝသစ်သီးဖျော်ရည်တွေဟာ ကျမ်းမာရေးအတွက် အလွန်အရေးပါလှပါတယ်။ ၀ိတ်ကျဖို့၊ အစာခြေစနစ် ကောင်းမွန့်ဖို့၊ အသားအရေလှပစေဖို့ အတွက် သဘာဝသစ်သီးဖော်ရည်စစ်စစ်များကို သောက်သုံးသင့်ပါ တယ်။

29/04/2026
🍉 ဖရဲသီးသည် ရေဓာတ် ကြွယ်ဝစွာပါသဖြင့် ဖျော်ရည်လုပ်သောက်ရန် အကောင်းဆုံး ဖြစ်သည်။ 🍉 ဖရဲသီးကို ပုံမှန်စားသုံးခြင်းဖြင့် နှလု...
22/03/2023

🍉 ဖရဲသီးသည် ရေဓာတ် ကြွယ်ဝစွာပါသဖြင့် ဖျော်ရည်လုပ်သောက်ရန် အကောင်းဆုံး ဖြစ်သည်။

🍉 ဖရဲသီးကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးနှင့် သွေးကြောများကို ကောင်းမွန်စေသည့်အပြင် အရောင်ကျစေသည့် အာနိသင်ရှိခြင်း၊ ကင်ဆာရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း စသည့် ကျန်းမာရေး အကျိုးအာနိသင်များကို ရရှိနိုင်ပါသည်။

🍉 ဆေးလိပ်သောက်၍ ခြေထောက်သို့ သွေးလှည့်ပတ်မှု မကောင်းသူများအနေနှင့် ဖရဲသီး ပုံမှန်စားခြင်းဖြင့် အထောက်အကူပြုစေနိုပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း(၂၀) ဖရဲသီးမှ ထုတ်နုတ်ဖော်ပြသည်။

🍉 ဖရဲသီးသည် ရေဓာတ် ကြွယ်ဝစွာပါသဖြင့် ဖျော်ရည်လုပ်သောက်ရန် အကောင်းဆုံး ဖြစ်သည်။

🍉 ဖရဲသီးကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးနှင့် သွေးကြောများကို ကောင်းမွန်စေသည့်အပြင် အရောင်ကျစေသည့် အာနိသင်ရှိခြင်း၊ ကင်ဆာရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း စသည့် ကျန်းမာရေး အကျိုးအာနိသင်များကို ရရှိနိုင်ပါသည်။

🍉 ဆေးလိပ်သောက်၍ ခြေထောက်သို့ သွေးလှည့်ပတ်မှု မကောင်းသူများအနေနှင့် ဖရဲသီး ပုံမှန်စားခြင်းဖြင့် အထောက်အကူပြုစေနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း(၂၀) ဖရဲသီးမှ ထုတ်နုတ်ဖော်ပြသည်။

ထောပတ်သီး .... ကြိုက်သူတွေ သိသင့်သောအရာများ😊ထောပတ်သီးကို... အနာကင်းစွာမှည့်ရန်နှင့်မှည့်နေသောထောပတ်သီးများအား ထားသိုနည်း...
19/10/2021

ထောပတ်သီး .... ကြိုက်သူတွေ သိသင့်သောအရာများ😊

ထောပတ်သီးကို... အနာကင်းစွာမှည့်ရန်နှင့်
မှည့်နေသောထောပတ်သီးများအား ထားသိုနည်း

၁။ ရေ လုံးဝ ( လုံးဝ ) မထိပါနဲ့
ဒါထောပတ်သီးစားသူတိုင်း
သိထားရမဲ့အချက်ပါနော်
( ရေလုံးဝမထိရပါဘူး။)
အညှာထဲရေဝင်ရင် အမျှင်မဲတွေပေါ်လာပြီး
ပုတ်တတ်ပါတယ်။

တကယ်လို့ ဘုရားကပ်မယ်။
လက်ဆောင်ပေးမှာမို့ လှချင်တယ်ဆိုရင်တော့
tissue အစိုနဲ့သုတ်ပြီး။
အဝတ်ခြောက်ဖြင့်သေချာစွာ သုပ်ပေးပါရှင့်။
သူ့အရောင်အလိုလိုတက်လာပါမယ်။
တချို့ရောင်းတန်းတွေမှာ
အသီးကိုပြောင်လက်နေအောင် သုတ်ထားတာက
အသီးအမှည့်နားက အသားနဲ့ပြန်သုတ်တာပါ။
အသီးကြောတင်းပြီး စားမကောင်းတော့ပါ။
ကျမ ရောင်းသမျှအသီး မြေကြီး ပေနေတောင်
လုံးဝ မသုတ်ပေးပဲ
သဘာဝအတိုင်းပဲရောင်းပါတယ်။

၂။အမြန်မှည့်ရန်*****
ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့
သတင်းစာနဲ့တလုံးချင်းပတ်။
နေလုံ လေလုံတဲ့ ဂျပ်ဖာထဲထည့်ထားပါ
ဖာထဲ ငှက်ပျောသီးအမှည့် ၁ လုံးထည့်ထားပါ။

အသီးအရမ်းစိမ်းရင် ၃ ရက်။
မစိမ်းရင် ၂ ရက် လုံးဝမဖွင့်ပါနဲ့။ ချိန်ဆဖွင့်ပါ။
ဆန်အိုးထဲမထားရပုတ်လွယ်သည်။

၃။အမှည့်မလွန်ပါနဲ့****
အညှာလေး ဖယ်ကျိလို့
အဝါရောင်သန်းနေ နည်းနည်းအိရင်ရပါပီ။
ဒီနေ့မှာ တလုံးမှည့်တယ်။ စားမှာက ၂လုံး
နောက်ရက်မှ ၂ လုံး တခါတည်းစားမယ်။ မရပါဘူးနော်

အမှည့်လွန်ရင် ဘယ်အသီးမှ စားမရသလို
ပစ်ရပါလိမ့်မယ်။
မာယာ များတဲ့ထောပတ်သီးကို သေချာ ဂရုစိုက်စားပါက
အကောင်းဆုံး အရသာ ရပါမယ်နော်။

၄။မှည့်နေသော အသီးအား ကြာကြာထားနည်း*****
ဒါကတော့ မခက်ခဲပါဘူး။
ဗူးသန့်သန့် ဇွန်းသန့်သန့်နဲ့
ရေခဲသေတ္တာရှိရင် ok ပါတယ်။
မှည့်နေတဲ့ အသီးတွေကို ဗူး တခုထဲ
ဇွန်းလေးနဲ့သေချာခြစ်ချ သိပ်သိပ်လေးလုပ်
အဖုံးလေးဖုံးပြီး ရေခဲထဲထည့်ထားရင်
ကြာကြာထားစားလို့ရပါတယ်။
အဓိက လေလုံနေဖို့ပါ။

စားခါနီး အပေါ်ယံလွှာလေးမဲ နေရင်တောင်
ဇွန်းလေးနဲ့ အသာဖယ်ပီး လိုသလိုအသုံးပြုရုံပါရှင့်။
မနက်က တခြမ်းစားတယ် တခြမ်းကျန်တာ
ညနေမှ စားမယ်ဆိုရင်တော့ ကျန်တခြမ်းပေါ်
ဆီလေးသုတ်ထားပါနော်

အဓိက က
အသီး ကို ရေထိရင် ပုတ်ဖို့ 99%သေချာပါပီရှင့်

ချက်ချင်းစားချင်ရင် အသီးတလုံးလုံးကို အသာဖျစ်ကြည့်ပါ

အနည်းငယ်အိရင် အကောင်းဆုံးပါ။
မာတောင်နေရင် တရက်နှစ်ရက်သုံးရ
ဖျစ်ကြည့်လို့ အိဝင်သွားရင် ချက်ခြင်းဖျော်/စားဖို့ အသင့်ဖြစ်နေပါပြီ။ သို့မဟုတ် အမှည့်လွန် ပျက်ပါတော့မယ်ရှင့်

မူရင်းပိုင်ရှင် ေးပါတယ်ရှင့်

ဂတ်စ်ပါတဲ့အချိုရည်တွေက လူကိုအန္တရာယ်ဖြစ်စေသလား?...တကယ်တော့ အချိုရည်ပဲဖြစ်ဖြစ်၊ အရက်နဲ့ရောသောက်တဲ့ ဆိုဒါပဲဖြစ်ဖြစ် ဖန်ခွက...
21/12/2020

ဂတ်စ်ပါတဲ့အချိုရည်တွေက လူကိုအန္တရာယ်ဖြစ်စေသလား?...

တကယ်တော့ အချိုရည်ပဲဖြစ်ဖြစ်၊ အရက်နဲ့ရောသောက်တဲ့ ဆိုဒါပဲဖြစ်ဖြစ် ဖန်ခွက်ထဲလောင်းချလိုက်ရင် အမြှုပ်ကလေးတွေပလုံစီထလာပြီး၊ သောက်လိုက်ရင်ပြင်းရှရှအရသာဖြစ်နေတာဟာ အဲ့ဒီအရည်ထဲကို ဖိအားပြင်းပြင်းနဲ့ထည့်ထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် CO2 gas ကြောင့်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီပြင်းရှရှအရည်တွေကို Carbonated water လို့ခေါ်ပါတယ်။

တချို့လူတွေကတော့ အဲ့ဒီ Carbonated water တွေဟာ အရိုးပွရောဂါဖြစ်စေတယ်။ သွားပိုးစားစေတယ်။ ဗိုက်အောင့်တာ၊ ဝမ်းပျက်တာတွေဖြစ်စေတယ်။ ဘော်ဒီဝိတ်တက်စေတယ်လို့ ထင်တတ်ကြပါတယ်။

၂၀၀၆ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လူဦးရေ ၂,၅၀၀ ပါဝင်တဲ့ လေ့လာစမ်းသပ်ချက်တစ်ခုမှာတော့ Carbonated water တွေဟာ အရိုးပွ၊ အရိုးပါးရောဂါကိုဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက်လုံးဝမတွေ့ခဲ့ရပါဘူးတဲ့။

ဒါပေမယ့် ထူးခြားတာကတော့ Carbonated Gas ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ Cola အချိုရည်အသောက်များတဲ့အမျိုးသမီးတွေမှာ အရိုးပွ၊ အရိုးပါးရောဂါပိုဖြစ်တတ်တယ်ဆိုတဲ့အချက်ကို တွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Cola မှာပါဝင်တဲ့ Phosphorus ဟာ ခန္ဓာကိုယ်ထဲက Calcium တွေကိုလျော့နည်းစေလို့ပါပဲ။

၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ သုတေသနစာတမ်းတစ်ခုမှာတော့ အချိုရည်တွေကြောင့် သွားပိုးစားတယ်ဆိုဟာ အဲ့ဒီအချိုရည်မှာပါတဲ့ Carbonated gas ကြောင့်မဟုတ်ဘဲ သကြားအချိုဓာတ်က အက်ဆစ်အဖြစ်ပြောင်းသွားခြင်းကြောင့်သာဖြစ်တယ်လို့ ပြောပါတယ်။

လူတွေထင်နေကြတာက CO2 လို့ခေါ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ ရေနဲ့ပေါင်းရင် ကာဘွန်နစ်အက်ဆစ်ဖြစ်မယ်။ အဲ့ဒီအက်ဆစ်ဓာတ်ဟာ လူကိုအန္တရာယ်ဖြစ်စေတယ်လို့ မှားယွင်းပြီးထင်နေကြတာပါ။

၁၉၉၉ နဲ့ ၂၀၁၂ မှာပြုလုပ်ခဲ့တဲ့ သုတေသနတွေအရလည်း Carbonated water တွေဟာ သွားကြွေလွှာတွေကိုထိခိုက်စေတယ်ဆိုတာ မဟုတ်ပါဘူးလို့အဖြေထွက်ခဲ့ပါတယ်။

နောက်တချက်ကတော့ ဂတ်စ်ပါတဲ့အချိုရည်တွေဟာ လေထိုးလေအောင့်ဖြစ်စေတတ်တယ်ဆိုတဲ့ အယူအဆပါပဲ။ တကယ်တော့ အဲ့ဒါဟာ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ပဲဆိုင်ပါတယ်တဲ့။ အောင့်ချင်တဲ့သူကတော့ အောင့်မှာပါပဲ။ သင့်အနေနဲ့ ဒီဟာတွေသောက်လို့ ဗိုက်အောင့်တတ်တယ်ဆိုရင် မသောက်ပါနဲ့။ မအောင့်တတ်ဘူးဆိုရင်တော့ သောက်လို့ရပါတယ်တဲ့။ ကြီးကြီးမားမားအန္တရာယ်တော့ မရှိပါဘူးတဲ့။

တကယ်တော့ Carbonated water တွေဟာ အစာခြေတာကိုအထောက်အကူပြုစေပြီး၊ ဝမ်းချုပ်တာကို သက်သာစေတယ်လို့တောင် ပြောပါတယ်။

ပြီးတော့ Carbonated water ဟာ ဘော်ဒီဝိတ်တက်စေသလားဆိုတဲ့ ပြဿနာပါ။

တကယ်တော့ အဲ့ဒီဂတ်စ်ကြောင့် တိုက်ရိုက်ဘော်ဒီဝိတ်တက်တာတော့မဟုတ်ပါဘူး။ အဲ့ဒီအရည်တွေကို အစာမစားခင်သောက်လိုက်ရင် ဗိုက်ချောင်သွားပြီး ခန္ဓာကိုယ်ထဲကနေ အစားစားချင်တဲ့ဟော်မုန်းတမျိုး ထွက်လာစေပါတယ်။ ပြီးတော့ ကာဘွန်နစ်အက်ဆစ်က ခံတွင်းထဲမှာရှိတဲ့အာရုံကြောလေးတွေကို နှိုးဆွပေးပါတယ်။ အဲ့ဒါကြောင့် ခံတွင်းကိုကောင်း၊ နှုတ်ကိုမြိန်စေပြီး အစားတွေပိုစားဖြစ်တာကြောင့် ဘော်ဒီဝိတ်တက်လာတာဖြစ်နိုင်ပါတယ်တဲ့။

Carbonated water တွေဟာ အက်ဆစ်ဓာတ်ပါဝင်တာတော့မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီအက်ဆစ်ပမာဏဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေနဲ့ဆို ချေဖျက်ဖို့ရာမပြောပလောက်ပါဘူး။

အဲ့ဒါကြောင့် အပေါ်ကအချက်အလက်တွေကိုခြုံပြောရရင် ဂတ်စ်ပါတဲ့အချိုရည်တွေဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာဟာ ပြင်းရှရှအရသာရှိတဲ့ Carbonated water ရဲ့အာနိသင်ကြောင့်မဟုတ်ဘဲ ပါဝင်တဲ့ သကြားဓာတ်တွေ၊ ဆိုးဆေးတွေနဲ့ တခြားဓာတုပစ္စည်းတွေကြောင့်သာဖြစ်ပါတယ်။

Dr Okka Kyi Winn
Sanpya Online Clinic


အခုလိုမျိုး ကျန်းမာရေးအတွက်အကျိုးရှိစေမယ့်အကြောင်းအရာလေးတွေကို မလွတ်တမ်းဖတ်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်၊ လတ်တလော​ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာလေးတွေကို ဆရာဝန်တွေနဲ့ Online ပေါ်ကနေဆွေးနွေးချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် Sanpya Online Clinic ရဲ့ Page လေးကို Like & Share လုပ်ထားကြပါနော်။

Sanpya Online Clinic ကို စုံစမ်းမေးမြန်းဆွေးနွေးလိုသူတွေအနေနဲ့ Page ရဲ့ Messenger Chat bot ကနေတဆင့်ဆက်သွယ်လို့ရပါတယ်။

အသေးစိတ်သိချင်ရင်တော့ SOC Page ရဲ့ Messenger ကိုဝင်ပြီး Chat bot နဲ့ ၂၄ နာရီစုံစမ်းနိုင်ပါတယ်။ မိမိဆွေးနွေးပြသလိုတဲ့ အထူးကုဆရာဝန်ကြီးတွေနဲ့ ကျသင့်ငွေပမာဏကို အသေးစိတ်ရှာဖွေစုံစမ်းနိုင်ပါတယ်။

ဆရာဝန်တွေ Online ကနေ ဆွေးနွေးပေးတဲ့အချိန်ကတော့ မနက် ၈:၀၀ နာရီကနေ ည ၉:၀၀ နာရီအတွင်းပဲဖြစ်ပါတယ်။

မိမိပြသလိုတဲ့ဆရာဝန်ကို ရွေးချယ်ပြီးပြီဆိုရင်တော့ ကျသင့်တဲ့ Consultation Fees နဲ့ ဝန်ဆောင်ခတွေကို AYA, CB, Yoma, KBZ Mobile Bankingတွေ၊ Wave pay, K Pay, One Pay စတာတွေကတဆင့် အလွယ်တကူ လွှဲပို့ပေးနိုင်ပါတယ်။ Bank Account နံပါတ်တွေကို Messenger Chat bot မှာ Reply ပြန်ပေးထားပါတယ်။

ငွေလွှဲပြီးကြောင်း Screenshot လေးပို့ပေးပြီးမကြာခင်မှာတော့ ပြသလိုတဲ့ဆရာဝန်နဲ့ချိတ်ဆက်ပြီး ဆွေးနွေးရမယ့်အချိန်ကိုအကြောင်းပြန်ပေးမှာဖြစ်ပါတယ်။
အထူးကုဆရာဝန်ကြီးများကတော့ Viber ကနေ Video call နဲ့ ဆွေးနွေးပေးမှာဖြစ်ပါတယ်။
အထွေထွေရောဂါကုဆရာဝန်များကတော့ Messenger ကနေပဲ အသံဖိုင် သို့မဟုတ် Message ပို့ပြီးပဲဖြေကြားပေးမှာဖြစ်ပါတယ်။

လတ်တလောမှာတော့ Admin ဆရာဝန်အင်အားနည်းသေးတာကြောင့် တခါတလေများ ချက်ချင်းမဖြေကြားပေးနိုင်တာမျိုး၊ စောင့်နေရတာမျိုးများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ။

ကျေးဇူးတင်ပါတယ်။
Sanpya Online Clinic
.....

Online ကနေ ဆွေးနွေးတာနဲ့မလုံလောက်ဘဲ လူနာကိုယ်တိုင်ဆေးခန်းကိုလာပြဖို့လိုအပ်တယ်ဆိုရင်တော့

စံပြအထူးကုဆေးခန်း
အမှတ်(၇၈) သမိန်ဗရမ်းလမ်း။ တာမွေ။
Tamwe Plaza အနီး။
တာမွေမီးသတ်ရှေ့တည့်တည့်။
ဖုန်း 09 780 9811 06......

လိုအပ်တဲ့ဆေးဝါးတွေဝယ်ယူဖို့ရှိတယ်ဆိုရင်လည်း “စံပြ အထူးကုဆေးခန်းနှင့်ဆေးဆိုင်” မှာဝယ်ယူလို့ရပါပြီ။

လိပ်စာကတော့ ၇၈၊ သမိန်ဗရမ်းလမ်း၊ တာမွေ။
တာမွေပလာဇာမှတ်တိုင်၊ တာမွေမီးသတ်ရှေ့တည့်တည့်မှာပါ။

Online ကနေမှာယူပြီး Delivery နဲ့လည်း ပို့ပေးလို့ရပါတယ်။
FDA အသိအမှတ်ပြု Myanmar Registration Number ကျပြီးသား တရားဝင်ဆေးဝါးများကိုသာ ရောင်းချပေးပါတယ်။

မနက် ၉:၀၀ နာရီကနေ ညနေ ၄:၀၀ နာရီအချိန်အတွင်းမှာ ဆက်သွယ်မှာယူနိုင်ပါတယ်။ မှာယူတဲ့မြို့နယ်အကွာအဝေးကိုလိုက်ပြီး Delivery ကြေးလေးတော့ ပေးရပါမယ်။

အသေးစိတ်ကိုတော့ ဖုန်းနံပါတ် 09959586811 ကိုဆက်ပြီးစုံစမ်းလို့ရပါတယ်။
Sanpya Online Clinic ရဲ့ Page messenger ကနေလည်း ဆက်သွယ်မှာယူလို့ရပါတယ်။

ကျေးဇူးတင်ပါတယ်။
Sanpya Specialist Clinic

ကိုဗစ်ဆေးရုံ ဧရာဝတီ သုဝဏ္ဏသို့ ဆရာဝန်များ သောက်သုံးရန်အတွက်Pure 100 Natual Fresh Juice မှကိုယ်တိုင်ဖျော်စပ်ထားတဲ့ (သကြား...
07/10/2020

ကိုဗစ်ဆေးရုံ ဧရာဝတီ သုဝဏ္ဏသို့ ဆရာဝန်များ သောက်သုံးရန်အတွက်
Pure 100 Natual Fresh Juice မှ
ကိုယ်တိုင်ဖျော်စပ်ထားတဲ့ (သကြားလုံံးဝမပါ) ဖရဲသီးဖျော်ရည် 39 ဗူး ပို့ဆောင် လှူဒါန်းခဲ့ပါတယ် 2/10/2020
ခုလို ခက်ခဲကြမ်းတမ်းတဲ့အခြေအနေမှာ ကိုယ့်အသက်ကို ပဓာနမထားဘဲ ပူလောင်မွန်းကြပ်နေတဲ့ PPE ဝတ်စုံတွေဝတ်ပြီး ခက်ခက်ခဲခဲ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့
ဆရာဝန်၊ သူနာပြု၊ Volunteers များအားလုံး လေးစား ဂုဏ်ယူပါတယ်
Fb.com/pure100freshjuice

ကိုဗစ်ဆေးရုံ ဧရာဝတီ သုဝဏ္ဏသို့ ဆရာဝန်များ သောက်သုံးရန်အတွက်Pure 100 Natual Fresh Juice မှကိုယ်တိုင်ဖျော်စပ်ထားတဲ့ (သကြား...
02/10/2020

ကိုဗစ်ဆေးရုံ ဧရာဝတီ သုဝဏ္ဏသို့ ဆရာဝန်များ သောက်သုံးရန်အတွက်
Pure 100 Natual Fresh Juice မှ
ကိုယ်တိုင်ဖျော်စပ်ထားတဲ့ (သကြားလုံံးဝမပါ) ဖရဲသီးဖျော်ရည် 39 ဗူး ပို့ဆောင် လှူဒါန်းခဲ့ပါတယ် 2/10/2020

ခုလို ခက်ခဲကြမ်းတမ်းတဲ့အခြေအနေမှာ ကိုယ့်အသက်ကို ပဓာနမထားဘဲ ပူလောင်မွန်းကြပ်နေတဲ့ PPE ဝတ်စုံတွေဝတ်ပြီး ခက်ခက်ခဲခဲ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့
ဆရာဝန်၊ သူနာပြု၊ Volunteers များအားလုံး လေးစား ဂုဏ်ယူပါတယ်
Fb.com/pure100freshjuice

ပြည်သူအတွက်  သေသေရှင်ရှင်  covid19   တိုက်ဖျက်နေသည့်  ရှေတန်းရောက်  ကျန်းမာရေး ဝန်ထမ်းများ        လေးစား ဂုဏ်ပြုအပ်သည်။
06/05/2020

ပြည်သူအတွက် သေသေရှင်ရှင်
covid19 တိုက်ဖျက်နေသည့် ရှေတန်းရောက် ကျန်းမာရေး ဝန်ထမ်းများ
လေးစား ဂုဏ်ပြုအပ်သည်။

Address

Yangon

Telephone

+959885110199

Website

Alerts

Be the first to know and let us send you an email when Pure 100 Fresh Juice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share