18/08/2026
"တောင်ပေါ်မြေရဲ့ မီးဖိုချောင်ကနေ မြို့ပြထမင်းဝိုင်းဆီ... အမေ့လက်ရာအတိုင်း နူးအိမွှေးကြိုင်နေတဲ့ 'ဝက်အူချို/အူမပြန်ချက်'"
ရှမ်းပြည်မြောက်ပိုင်းရဲ့ အေးမြတဲ့ နေ့လည်ခင်းတွေမှာ မီးဖိုချောင်ထဲက မီးခိုးငွေ့သင်းသင်းလေးနဲ့အတူ သင်းပျံ့ထွက်ပေါ်လာတတ်တဲ့ မပါမဖြစ် ထမင်းမြိန်ဟင်းတစ်ခွက် ရှိပါတယ်ခ။ အဲဒါကတော့ စေတနာအရင်းခံအချိန်ပေးပြီး ချက်ပြုတ်ထားတဲ့ ရှမ်းမြောက်လက်ရာ "ဝက်အူချို/အူမပြန်ချက်" ပါပဲ။
အူချို၊ အူမဆိုတာ ချက်ပြုတ်ရာမှာ စနစ်မကျရင် ညှီနံ့ထွက်လွယ်သလို၊ နူးအောင်ချက်ဖို့လည်း အင်မတန် လက်ဝင်လှတဲ့ အစားအစာပါ။ ဒါကြောင့်မို့ အိမ်မှာ ချက်ကျွေးခဲ့ဖူးတဲ့ လူကြီးတွေဟာ အူမတွေကို သန့်ရှင်းစင်ကြယ်နေအောင် ဆန်အရက်နဲ့ အကြိမ်ကြိမ် ဆေးကြော၊ ဂျင်း၊ စပါးလင်၊ ရှမ်းနံနံတို့နဲ့ အချိန်ပေးပြီး အနူးပြုတ်ထားကြရတာပါ။ ပြုတ်တဲ့နေရာမှာ အနူးလွန်ရင်လဲ ပျော့ပြဲပြီး စားမကောင်းသလို၊ အနူးလိုရင်လဲ မာဆတ်ဆတ်နဲ့ စားမကောင်းပါ။
နူးအိသွားတဲ့ အူမတွေကိုမှ ရှမ်းမြောက်ဒေသထွက် ခရမ်းချဉ်သီး၊ ဂျင်း၊ ကြက်သွန်နီတို့နဲ့ ရိုးရာအနှစ်ချက်ပြီး "ဒုတိယအကြိမ် ဝက်အူချို/အူမနဲ့ ပြန်ရောချက်" လိုက်တဲ့အခါ... အူမရဲ့ အတွင်းသားအထိ အရသာတွေ စိမ့်ဝင်သွားပြီး အညှီနံ့ လုံးဝမရှိဘဲ ရနံ့မွှေးကြိုင်တဲ့ ဝက်အူမပြန်ချက် ပူပူလေး ဖြစ်လာခဲ့ပါတယ်။
🍛 လွယ်ဆမ်ဆစ်ရဲ့ ဝက်အူမပြန်ချက် ဘာကြောင့် ထူးခြားတာလဲ?
* သန့်ရှင်းစနစ်ကျမှု: အညှီနံ့ လုံးဝမထွက်စေဖို့ မိရိုးဖလာနည်းအတိုင်း ဆန်အရက်နဲ့ အကြိမ်ကြိမ် ဆေးကြောသန့်စင်ထားပါတယ်။
* နူးအိစိမ့်ဝင်သည့် အရသာ: ရိုးရာအမွှေးအကြိုင်များဖြင့် ပထမတစ်ကြိမ် နူးအိအောင် ပြုတ်ထားပြီးမှ အနှစ်ဖြင့် ဒုတိယအကြိမ် ပြန်ချက်ထားလို့ ကိုက်လိုက်တာနဲ့ ပါးစပ်ထဲမှာတင် ပြီးပြည်စုံတဲ့ အရသာကို ခံစားရမှာပါခ။
* ချဉ်၊ စပ်၊ စိမ့် အချိုးကျမှု:ခရမ်းချဉ်သီးရဲ့ သဘာဝအချဉ်၊ဝက်အူမရဲ့ အစိမ့်အရသာတို့ ကွက်တိမျှတစွာ စိမ့်ဝင်နေတာမို့ ထမင်းပူပူနွေးနွေးလေးပေါ် ဆမ်းစားလိုက်ရုံနဲ့တင် ခံတွင်းပြန်ဖွင့်သွားစေမှာပါ။
"အဝေးရောက် ရှမ်းပြည်သားတွေအတွက်တော့ အိမ်ပြန်ရောက်သွားသလို ခံစားရစေပြီး၊ မြို့ပြသားတွေအတွက်တော့ အမေ့လက်ရာလို နွေးထွေးတဲ့ အရသာစစ်စစ်ကို ရရှိစေမှာပါ။"
ဒီနေ့ Loi Sam Sip (လွယ်ဆမ်ဆစ်) ရဲ့ "ရှမ်းပုံစား" ထမင်းဝိုင်းမှာ ပါဝင်တဲ့ ဝက်အူမပြန်ချက် ပူပူလေးနဲ့အတူ တောင်ပေါ်မြေရဲ့ နွေးထွေးမှုကို ကြွရောက်ခံစားလိုက်ရအောင်လားရှင်။ ✨
လိပ်စာ : အမှတ် ၃၆ A၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်။
ဆိုင်ဖွင့်ချိန် : နေ့စဥ် နံနက် ၇ မှ ညနေ ၄ အထိ။
ဆိုင်ဖုန်း : 09 980 600 390
#လွယ်ဆမ်ဆစ် #ရှမ်းပုံစား #ဝက်အူမပြန်ချက်