02/05/2025
ဗဟုသုတ💜💜
မြင်းခွာရွက်_က_ဆေးဖက်ဝင်တယ်ဆိုတာ_ဘာတွေကောင်းတာလဲ❓
#လူတိုင်းလူတိုင်း_စားချင်သလောက်_စားလို့ရလား ❓
👉 " အစာလည်းဆေး ဆေးလည်းအစာ" ဆိုတဲ့အတိုင်း ကျွန်တော်တို့ တွေအတွက် အိမ်နောက်ဖေးမီးဖိုခန်း မှ ဆေးဖက်ဝင် ပစ္စည်းများအကြောင်းအလျင်းသင့်သလို ရေးသွားပါမယ်။
ကျွန်တော်တို့ကို ဒုက္ခပေးနေတဲ့ ကင်ဆာရောဂါ အပါအဝင် ရောဂါတိုင်းဟာ
1. ဓာတ်တိုးပစ္စည်း (Free Radicals) တွေကြောင့်ဓာတ်တိုးခြင်း
2. ရောင်ရမ်းမှုဖြစ်ခြင်း (Inflammations)
စတာတွေကြောင့် ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇပြောင်းလဲခြင်း (Mutations) ၊ DNA ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရတာမို့
👉 ဓာတ်တိုးခြင်းကို ကာကွယ်ပေးမယ့် Anti-oxidants နဲ့
👉 ရောင်ရမ်းမှုတွေကို တားဆီးပေးတဲ့ Anti-inflammatory mediators တွေဟာ
ရောဂါကာကွယ်မှုသာမက အိုမင်းရင့်ရော်မှုမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။
__________
အဲ့ဒီ Anti-oxidants , anti-inflammatory mediators တွေကို သဘာဝ တရားကြီးက ပေါများစွာဖြည့်ဆည်း ပေးထားပါတယ်
အဲ့ထဲက တစ်ခုက #မြင်းခွာရွက် ပါ
ကျွန်တော်တို့ မြန်မာတွေ မစားဘူးတဲ့သူမရှိဘူးထင်ပါတယ်
- မြင်းခွာရွက်သုပ်
- မြင်းခွာရွက်ဟင်းချို
- မြင်းခွာရွက် အစိမ်းတို့စရာ
အစရှိသဖြင့် အမျိုးမျိုးလုပ်စားကြပါတယ်။
မြင်းခွာရွက် ဟာ
✔️ သွေးလှည့်ပတ်မှုကိုကောင်းစေတယ်
✔️ သွေးခဲခြင်းမှ ကာကွယ်ပေးတယ်
✔️ ဦးနှောက်အာရုံကြောစနစ် ရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့အောင်ကူညီပေးတယ်
✔️ စိတ်ဖိစီးခြင်း စိတ်ဓာတ်ကျခြင်း နှင့် အိပ်မပျော်ခြင်းတွေကို သက်သာစေတယ်
✔️ အနာကျက်မြန်စေတယ်
✔️ အနာရွတ် အကြောပြတ်တာတွေကို လျော့ပါးစေတယ်
✔️ ရောင်ရမ်းမှုတွေကို လျော့ကျစေတယ် အစရှိတဲ့ကောင်းကျိုးတွေရှိပါတယ်။
အဲ့ဒါကြောင့်
👉 စိတ်ဖိစီးမှုများပြီး ည အိပ်မပျော်တဲ့သူများ အတွက်သင့်တော်ပါတယ်
👉 ရောင်ရမ်းမှုတွေလျော့ကျစေလို့ အဆစ်ရောင်၊ ကြွက်သားနာ သူများ အတွက်သင့်တော်ပါတယ်
👉 မှတ်ဉာဏ်ကောင်းစေတဲ့အတွက် သူငယ်ပြန်ရောဂါ ကာကွယ်ရာမှာလည်း အသုံးဝင်ပါတယ်
👉 Anti-oxidants (ဓာတ်တိုးမှုကိုကာကွယ်ပေးတဲ့အတွက်) အိုမင်းရင့်ရော်မှုကို အထိုက်အလျောက်ကာကွယ်ပေးနိုင်သလို ၊ အရေပြားကျန်းမာရေးအတွက်လည်း ကောင်းပါတယ်
👉 Detox ခန္ဓာကိုယ်တွင်း/ အူလမ်းကြောင်းအတွင်း က အဆိပ်တွေကို ဖြေဖျောက်ပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်
✳️ အဲ့လောက်ကို ကောင်းကျိုးတွေများပါတယ် ✳️
" အစာလည်း ဆေး ၊ ဆေး လည်း အစာ" ဆိုသလို
🚨 #တန်ဆေး_လွန်ဘေး 🚨 ဆိုတာကိုလည်း သတိပြုရပါမယ်။
ကျွန်တော်တို့တတွေက Natural Products တွေ အန္တရာယ်မရှိဘူး ကောင်းကျိုးဒီလောက်များတာ စား သောက် ကြိုက်သလောက်သာ ချ ဆိုပြီး လွှတ်ထားတတ်ကြပါတယ်။
လောက သဘာဝအရ #အကောင်းချည်းရှိမနေတတ်တာ ကိုတော့ သတိပြုရပါမယ်
🚨 အစားများရင် ဘေးထွက်ဆိုးကျိုးအနေနဲ့
အိပ်ပျော်စေတဲ့အစွမ်းရှိတော့
⭕ ခေါင်းမူးတတ်ပါတယ်
⭕ ခေါင်းကိုက်တတ်ပါတယ်
တချို့မှာ
⭕ ဗိုက်အောင့်တတ်ပါတယ်
မြင်းခွာရွက် စားပြီး ဒီလိုတွေဖြစ်ရင်တော့ မစားနဲ့တော့ပေါ့။
🚨 သောက်နေတဲ့ ဆေး တွေနဲ့ ဓာတ်ပြုမှုတွေ ရှိနိုင်တဲ့အတွက်
📛 အိပ်ဆေး သောက်နေတဲ့သူတွေ အများကြီး မစားကြပါနဲ့
(အိပ်ဆေးဖြတ်ပြီး သဘာဝအတိုင်း အိပ်ပျော်အောင်တော့ ကြိုးစားသင့်ပါတယ်)
📛 ဆီးဆေး သောက်နေတဲ့သူတွေ အများကြီး မစားကြပါနဲ့
📛 အဆီကျဆေး (Statin အုပ်စုဝင်ဆေး) သောက်နေသူတွေ အများကြီး မစားကြပါနဲ့
🚨 ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေမှာ စမ်းသပ်ထားတဲ့ သုတေသန မရှိလို့ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေ မစားသင့်ဘူးလို့ ဆိုပါတယ်။
မြေမှာကပ်ပေါက်တဲ့အပင် (Herb အနွယ်တွေမို့) အသည်းကိုလည်း ပြဿနာရှိစေနိုင်လို့
🚨 အသည်းရောဂါအခံရှိရင် မစားရပါဘူး 🚨
_________
ဒီလောက်ဆိုရင် #မြင်းခွာရွက် ရဲ့
👉 ကောင်းကျိုး နဲ့ အသုံးဝင်ပုံတွေ
👉 ဘေးထွက်ဆိုးကျိုး တွေ
👉 မစားသင့်တဲ့ အခြေအနေတွေ ထိ သိကြမယ်လို့ မျှော်လင့်ပါတယ်။
ကောင်းကျိုးများအတွက် (အမြဲတမ်းမဟုတ်ပဲ) တခါတရံတော့ စားသုံးသင့်ပါတယ် လို့ အကြံပြုအပ်ပါတယ်။
(Ref; Healthline)
(Photo credit;Myanmar Health Directory)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်