KK Collection

KK Collection ကေကေအာလူးကြော်နဲ့ အခြား အရသာကောင်းမွန်တဲ့ စားစရာလေးတွေ မှာယူနိုင်ပါတယ်ရှင်

Deli Free အစီအစဉ်လေးမှာ မှာယူအားပေးကြသူများအားလုံး ကျေးဇူးအများကြီးတင်ပါတယ်ရှင့်သတ်မှတ်အရေအတွက်လေးပြည့်သွားတာမို့ Dei Fr...
10/05/2026

Deli Free အစီအစဉ်လေးမှာ မှာယူအားပေးကြသူများအားလုံး ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
သတ်မှတ်အရေအတွက်လေးပြည့်သွားတာမို့ Dei Free လေး ရပ်ပါပြီနော်
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေရှင်

ကေကေ အာလူးကြော် အားပေးကြသူများအတွက် ပရိုမိုးရှင်းလေး လာပါပြီရှင်ထုံးစံအတိုင်း အနည်းဆုံး အထုပ်ကြီး ၃ ထုပ်မှာယူရုံနဲ့ Deli...
08/05/2026

ကေကေ အာလူးကြော် အားပေးကြသူများအတွက် ပရိုမိုးရှင်းလေး လာပါပြီရှင်
ထုံးစံအတိုင်း အနည်းဆုံး အထုပ်ကြီး ၃ ထုပ်မှာယူရုံနဲ့ Deli Free နဲ့ပို့ပေးသွားမှာပါရှင်
အားနာပေမဲ့ အခက်အခဲလေးတွေရှိတာကြောင့်
Royal Way နဲ့ ပို့ရမဲ့မြို့နယ်လေးတွေ၊ နယ်က အမြဲအားပေးနေကျ မမတို့အတွက်ကိုတော့ Cash Back ၅၀၀၀/ ကျပ် စီစဉ်ပေးပါမယ်ရှင်
ရန်ကုန်မြို့တွင်းအားလုံးအတွက် Deli Free အစီအစဉ်လေးနဲ့ ပေးပို့သွားပါမယ်နော်
မှာယူအားပေးကြသူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်

🎼အဖော်တွေကောင်းပေမယ့်လည်းခဏလေးစိတ်ပြေရုံပဲရှိနေသာတယ်မထင်နဲ့ကွယ်🎶ကိုမျိုးကြီးရဲ့ ဒီသီချင်းထဲက စာသားတွေက ဘာကိုဆိုလိုတာလဲ သ...
07/05/2026

🎼အဖော်တွေကောင်းပေမယ့်လည်း
ခဏလေးစိတ်ပြေရုံပဲရှိ
နေသာတယ်မထင်နဲ့ကွယ်🎶
ကိုမျိုးကြီးရဲ့ ဒီသီချင်းထဲက စာသားတွေက ဘာကိုဆိုလိုတာလဲ သိလား
သူငယ်ချင်းတွေ အတူဆုံနေကြပေမဲ့ ကေကေ အာလူးကြော် မပါတော့ အဆင်မပြေဘူးတဲ့ 🤭

အာလူးကြော်ရောင်းစားရတာလဲ တခါတလေ စိတ်ဓါတ်အတော်ကျရပါတယ်ရှင်မနေ့ကဆို ကားတင်လာတဲ့ အာလူးကြော်ပုံးတွေ အကုန်ကြေ 🥹တစ်ပုံးနှစ်ပုံ...
07/05/2026

အာလူးကြော်ရောင်းစားရတာလဲ တခါတလေ စိတ်ဓါတ်အတော်ကျရပါတယ်ရှင်
မနေ့ကဆို ကားတင်လာတဲ့ အာလူးကြော်ပုံးတွေ အကုန်ကြေ 🥹
တစ်ပုံးနှစ်ပုံးထဲ မဟုတ်ဘူး။ ၇ ပုံးတောင် …😢
တော်ရုံကြေတာမျိုးက ကိုယ့်မမတွေနဲ့ အဆင်ပြေနားလည်အောင် ပြောဆိုပြီးပို့ပေးလို့ရသေးတယ်
ခုဆို ဘုရားရှိခိုးရင် အာလူးကြော်ပုံးလေးတွေ သပ်သပ်ရပ်ရပ် မကြေမမွ လှလှပပလေးနဲ့ ရောက်ရပါလို၏ လို့ ဆုတောင်းနေရပါပြီရှင်
(ကိုယ့်ရုပ်က လှပြီးသားဆိုတော့ မလိုဘူးလေ)

မမတို့ရယ်မင်တို့လဲလေ ဒီနေ့မှာ မနက်ဖြန်အရောက်တင်မဟုတ်ဘူး၊ အခုမှာ ခဏဆို ရောက်မယ်ဆိုပြီး ရောင်းပေးချင်တာပေါ့ရှင်ကြိုက်သလောက...
04/05/2026

မမတို့ရယ်
မင်တို့လဲလေ ဒီနေ့မှာ မနက်ဖြန်အရောက်တင်မဟုတ်ဘူး၊ အခုမှာ ခဏဆို ရောက်မယ်ဆိုပြီး ရောင်းပေးချင်တာပေါ့ရှင်
ကြိုက်သလောက်မှာ၊ ကြိုက်တဲ့အချိန်မှာ နောက်နေ့ရစေရမယ်ဆိုပြီး ဝက်ဝက်ကွဲ ရောင်းပစ်လိုက်ချင်တာ။
ဒါပေမယ့်ပေါ့လေ …
မင်တို့သွားနေတဲ့ အဓိကဦးတည်ချက်က နံပါတ် ၁-ဆီသန့်ရမယ်
နံပါတ် ၂-အရည်အသွေးလုံးဝကောင်းရမယ်
နံပါတ် ၃-လတ်လတ်ဆတ်ဆတ်ဖြစ်ရမယ်
အဲလိုမူလေးတွေနဲ့ အကောင်းဆုံးလုပ်ပေးချင်တာဆိုတော့ မင်တို့ Stock မစုထားပါဘူးရှင်။
အော်ဒါအပေါ်မူတည်ပြီးမှ တစ်ပတ်အတွင်း ကြော်တာ၊ ပါကင်ထုပ်တာ၊ ဗူးထည့်တာအပြီးလုပ်ပြီး ပို့ပေးတာမို့ ရက်လေးတော့ သည်းခံပြီး စောင့်ပေးပါလို့ တောင်းဆိုပါရစေနော်
ရက်ကလဲ အကြာကြီးမဟုတ်ဘဲ အကြာဆုံးမှ တစ်ပတ်ပါပဲရှင်

ကြွားစရာမရှိတော့ ကြံဖန်ကြွားရသလိုများဖြစ်နေမလားပဲလူကသာ မြန်မာပြည်အပြင်ကို ခြေမချဘူးတာကေကေ အာလူးကြော်လေးကဖြင့် နိုင်ငံအတေ...
02/05/2026

ကြွားစရာမရှိတော့ ကြံဖန်ကြွားရသလိုများဖြစ်နေမလားပဲ
လူကသာ မြန်မာပြည်အပြင်ကို ခြေမချဘူးတာ
ကေကေ အာလူးကြော်လေးကဖြင့် နိုင်ငံအတော်စုံနေပြီ
ဆုတောင်းများ မှားခဲ့လေသလားလို့လည်း တခါတလေ တွေးမိပါရဲ့ရှင်
နောက်ဆို ကေကေ အာလူးကြော်ရောက်တဲ့နိုင်ငံမှန်သမျှ ရောက်ဖူးရပါလို၏ လို့ပဲဆုတောင်းရမလိုဖြစ်နေပါပြီလို့

အညာဇီးယိုလေးတွေ ပို့ပေးနေပါပြီရှင်ချိုချို အေးအေးလေး ကြိုက်တတ်ရင်တော့ ရေခဲသေတ္တာထဲ ထည့်ပြီးစားပါနော်စားလိုက် အစေ့လေးထွေး...
02/05/2026

အညာဇီးယိုလေးတွေ ပို့ပေးနေပါပြီရှင်
ချိုချို အေးအေးလေး ကြိုက်တတ်ရင်တော့ ရေခဲသေတ္တာထဲ ထည့်ပြီးစားပါနော်
စားလိုက် အစေ့လေးထွေးထုတ်လိုက်ပေါ့ရှင်
အမြဲ ရနိုင်တာမဟုတ်တာမို့ စားပြီးလို့ ကြိုက်သွားရင်ကွယ် တာဝန်မယူ 🤭
စ တာပါရှင်
တခါတလေ စတော့ပြတ်တာကလွဲလို့ ရနိုင်ပါတယ်လို့

မင်တို့ KK Collection ပေ့ချ်လေးရဲ့ ပထမဆုံး အရောင်းရဆုံးနဲ့ အပေါက်ဆုံးဖြစ်ခဲ့တဲ့ စိန်တလုံး သရက်သီးပေါ့ရှင်လွန်ခဲ့တဲ့ 2020...
30/04/2026

မင်တို့ KK Collection ပေ့ချ်လေးရဲ့ ပထမဆုံး အရောင်းရဆုံးနဲ့ အပေါက်ဆုံးဖြစ်ခဲ့တဲ့ စိန်တလုံး သရက်သီးပေါ့ရှင်
လွန်ခဲ့တဲ့ 2020 ဧပြီလကပေါ့
အဲဒီကနေအရှိန်ရလာခဲ့ပြီး ကေကေ နာမည်နဲ့ အကောင်းဆုံး အာလူးကြော်ဆိုတာလေး ဖြစ်တည်လာတာပေါ့နော်
ဒီလိုမျိုး မင်တို့ကို Social ပလက်ဖောင်းမှာ စျေးဦးပေါက်ကောင်းစေခဲ့တဲ့ စိန်တလုံး အကောင်းစား ပရီမီယံသရက်သီးလေးတွေ နောက်တစ်ပတ်ထဲဆိုရပြီမို့
မိတ်ဟောင်းမိတ်သစ်များအားလုံး မှာယူအားပေးနိုင်ကြပါပြီရှင်
စိန်တလုံးသရက်သီးဆို ကေကေ ကမှာမှပိုချိုတာနော်

အဓိက ကတော့ အာလူးအရည်အသွေးပါပဲExport အရည်အသွေး ထိပ်စအာလူးများသာ သုံးထားတာဖြစ်ပါတယ်ရှင်နောက်တစ်ခုက လတ်ဆတ်မှုပါပြီးတော့ ဆီသ...
29/04/2026

အဓိက ကတော့ အာလူးအရည်အသွေးပါပဲ
Export အရည်အသွေး ထိပ်စအာလူးများသာ သုံးထားတာဖြစ်ပါတယ်ရှင်
နောက်တစ်ခုက လတ်ဆတ်မှုပါ
ပြီးတော့ ဆီသန့်နဲ့ကြော်တာပေါ့နော်
အာလူးကြော်က စားကြည့်လိုက်တာနဲ့ အရသာကောင်းတယ် မကောင်းဘူးဆိုတာ သေချာသိနိုင်တာမို့ အရည်အသွေး ခိုတာမျိုး လျော့ချတာမျိုး ဘယ်လိုမှ လုပ်လို့မရပါဘူး
အကောင်းစားနဲ့ အကောင်းဆုံး အာလူးကြော်ကိုစားမယ်ဆိုရင်တော့ ကေကေ အာလူးကြော်ကိုသာ ရွေးချယ်စားသုံးလိုက်ပါရှင်

ဘောက်ချာပို့ပေးတာလေးတွေ နောက်ကျနေလို့ အနူးအညွတ်တောင်းပန်ပါရစေရှင်အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရတာမို့ အဆင်မပ...
29/04/2026

ဘောက်ချာပို့ပေးတာလေးတွေ နောက်ကျနေလို့ အနူးအညွတ်တောင်းပန်ပါရစေရှင်
အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရတာမို့ အဆင်မပြေမှုလေးတွေရှိခဲ့ရင် သည်းခံပေးကြပါနော်
အရည်အသွေးပိုင်း၊ အရသာပိုင်းတွေသာမက ဝန်ဆောင်မှုအပိုင်းမှာပါ အကောင်းဆုံးဖြစ်ဖို့ မင်တို့ အင်အားအပြည့်နဲ့ ကြိုးစားနေတာမို့ …
မှာယူအားပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက်ပါရှင်

အညာဇီးယို ရရင်ပြောပါဆိုလို့ တစ်ပတ်အတွင်း ရပါမယ်ရှင်❤️အညာထန်းလျက်နှင့် အညာဇီးသီး အချိုးအစားကျနစွာ ပေါင်းစပ်ထားတာမို့ အင်မ...
28/04/2026

အညာဇီးယို ရရင်ပြောပါဆိုလို့ တစ်ပတ်အတွင်း ရပါမယ်ရှင်
❤️အညာထန်းလျက်နှင့် အညာဇီးသီး အချိုးအစားကျနစွာ ပေါင်းစပ်ထားတာမို့ အင်မတန်အရသာရှိသော၊
❤️စိတ်ဖိစီးမှုများကို ပြေပျောက်စေနိုင်သော၊
❤️ပင်ပန်းနွမ်းနယ်မှုများ ကင်းစင်စေသော
မင်တို့ရဲ့ ကေကေ အညာဇီးယိုလေးကို အားပေးသုံးဆောင်နိုင်ပါပြီရှင့်

Address

No. 42, Yadana Lane, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959421025545

Website

Alerts

Be the first to know and let us send you an email when KK Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share