Tasty Box Yangon

Tasty Box Yangon Food & Drinks

28/07/2023

Tasty Box Yangon က မိသားစု တွေ နဲ့ ဝေးနေခဲ့တာ တစ်နှစ်ကျော်သွားပါပြီ

အကောင်းဆုံး အစီအစဥ်အသစ်တွေ
မကြာခင်မှာ
ပြန်လာပါတော့မယ် ❤❤

08/07/2022

ကျောက်မြောင်းရောက်တိုင်း မဖြစ်မနေ စားကြည့်သင့်တဲ့ဆိုင်လေး 💓💓

(သဘောကျရင် Share ပေးသွားကြပါဦးနော် 😍✔)

ဒီVideoလေးထဲမှာ မင်မင်တို့ Host ကိုရဲနိုင်က ဘာတွေ မြိန်ရေယှက်ရေ စားပြဦးမလဲဆိုတာ အခုပဲ ဝင်ကြည့်လိုက်တော့ကွာ (ဗိုက်ဆာလာရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ 😝)

ဆိုင်နာမည်လေးက ကိုထိုက် (မြိတ်ကပ်ကြေးကိုက်) ဆိုတဲ့ဆိုင်လေးနော်။ ကျောက်မြောင်း ကျားကွက်သစ်လမ်းနဲ့ ဘယသုဒ္ဓိလမ်းထောင့်မှာ ရှိပါတယ်။ ❤❤

ကျောက်မြောင်းရောက်ပြီဆို ကိုထိုက်ရဲ့ ဆိုင်လေးကို စားဖြစ်အောင်စားကြည့်ခဲ့နော် 😍❤


#ကိုထိုက်မြိတ်ကပ်ကြေးကိုက်

Street Food ဆိုပေမယ့် ဆိုင်ကြီးတွေလို သန့်ရှင်းလတ်ဆတ်တဲ့ မြိတ်ကပ်ကြေးကိုက်ဆိုင်လေး 💯ဒီနေ့မှာတော့ မင်မင်က စားသောက်ဆိုင် အ...
06/07/2022

Street Food ဆိုပေမယ့် ဆိုင်ကြီးတွေလို သန့်ရှင်းလတ်ဆတ်တဲ့ မြိတ်ကပ်ကြေးကိုက်ဆိုင်လေး 💯

ဒီနေ့မှာတော့ မင်မင်က စားသောက်ဆိုင် အကြီးကြီးတွေ မဟုတ်ဘဲ လူတန်းစားမရွေး စားသုံးနိုင်တဲ့ Street Food ဆိုင်လေးတစ်ဆိုင်ကို ပြောပြပေးချင်ပါတယ်။ 🥘🍝

ဒီဆိုင်လေးက ကျောက်မြောင်းတဝှိုက်က သူတွေကတော့ မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးပြီးသား ဆိုင်လေးတစ်ဆိုင်ပါ။ ✔✔

နာမည်ကြီးတဲ့နေရာမှာလည်း အရသာအပြင် သန့်ရှင်းလတ်ဆတ်မှုမှာပါ နာမည်ကြီးဆိုင်တွေကို ယှဉ်နိုင်တာမို့ စားသုံးသူတိုင်းရဲ့ Good Review တွေချည်း ရရှိနေတဲ့ ဆိုင်ဆိုလည်း မမှားပါဘူးနော်။🤗🤗

ဆိုင်လေးရဲ့ လိပ်စာက 🏘
ကျောက်မြောင်း၊ ဘယသုဓ္ဒိလမ်းနဲ့ ကျားကွက်သစ်လမ်းထောင့်မှာ တည်ရှိတဲ့ "ကိုထိုက် မြိတ်ကပ်ကြေးကိုက်" ဆိုင်လေးပဲ ဖြစ်ပါတယ်။ ✔

ဒီဆိုင်ရဲ့ နာမည်ကြီးတဲ့အချက်ကတော့ သန့်ရှင်းလတ်ဆတ်မှုပါပဲ။ သားငါးပုဇွန်တွေကို တစ်ရက်စာအတွက်သာ လတ်လတ်ဆတ်ဆတ် အသုံးပြုထားတာမို့ အရသာရှိပြီး ကျန်းမာရေးနဲ့ အထူး ညီညွတ်ပါတယ်။ 🦐🐟

ဒါ့အပြင် ကပ်ကြေးကိုက်ရဲ့ အသက်ဖြစ်တဲ့ ပအုမ်းရည် (စာလုံးပေါင်းမှားရင် ခွင့်လွှတ်ပါနော်) ကိုလည်း မြိတ်ကနေ တိုက်ရိုက်တင်သွင်းထားတာ ဖြစ်ပါတယ်။ 😱💓💓

ကောင်းမွန်ပြည့်စုံတဲ့ ပါဝင်ပစ္စည်းတွေနဲ့ မလိုက်ဖက်စွာ ဈေးနှုန်းအထူးချိုသာတာကိုလည်း တွေ့ရပါတယ်။💸 (မီနျူးပုံလေး ပြပေးထားပါတယ်)

ဆိုင်ရှင်တွေကလည်း လက်ရာကောင်းတဲ့အပြင် သဘောဖြူ မနောဖြူတွေမို့ ဈေးဝယ်တိုင်း ချီးကျုးကြတဲ့ဆိုင်လေးပါ။ 😇

(မင်မင်တို့အဖွဲ့ဆို စားကောင်းလွန်းလို့ တစ်ယောက်နှစ်ပွဲစီ ဆွဲခဲ့ပါတယ် 😋😋)

ကဲ..စာလည်းအရမ်းရှည်သွားပြီဆိုတော့ သွားရေကျအောင် ပုံလေးတွေအရင်ကြည့်ပါ။😝 မနက်ဖြန်ကျ Video လာမယ်နော် 💕💕


#ကိုထိုက်မြိတ်ကပ်​ကြေးကိုက်
#ကျောက်မြောင်း

15/06/2022

Video ကို Share ပေးသူတိုင်း ကနုတ်ရဲ့ VIP Member Card လက်ဆောင်ရမယ်ဗျို့ 🎉🎉🎉

ဟိုးတစ်နေ့က မင်မင်ပြောပြထားတဲ့ Kanote Rooftop Bar & Restaurant - ကနုတ် - Hlaing Branch ဆိုတဲ့ ဆိုင်လေးမှာ မင်မင်တို့ရဲ့ Host ကိုရဲနိုင်က ဘယ်လိုအရသာရှိတဲ့ အစားအသောက်တွေ စားပြဦးမလဲဆိုတာ သိချင်ရင်တော့ Video လေးကို အခုပဲ ကြည့်လိုက်နော် 😇😇

ဆိုင်လိပ်စာလေးကတော့ အင်းစိန်လမ်းမပေါ်၊ ဘာတာမှတ်တိုင်ရှေ့၊ ၁၂ရပ်ကွက်၊ လှိုင်မြို့နယ်ဠ ရန်ကုန်ပဲ ဖြစ်ပါတယ်။ 🏘

Reservation အတွက် ဖုန်း 09 40860 4466 ကို ဆက်သွယ်နိုင်ပါတယ် 🤗🤗

(Page Error လေးတစ်ခု ဖြစ်နေလို့ Video တွေ တင်တာ အရမ်းခြားသွားရင် တောင်းပန်ပါတယ်နော် ☹🙏 ဘာဖြစ်မှန်းမသိ Upload လို့မရတဲ့ ပြသနာလေး ဖြစ်နေလို့ပါ။)



လှိုင်မြို့နယ်က ယမကာလုလင်ပျိုတို့ရဲ့ နိဗ္ဗာန် သို့မဟုတ် ကနုတ် 😎လှိုင်၊ အင်းစိန်နဲ့ ကမာရွတ်က ဘော်ဒါတွေကတော့ ထူးထွေပြီး မိ...
02/06/2022

လှိုင်မြို့နယ်က ယမကာလုလင်ပျိုတို့ရဲ့ နိဗ္ဗာန် သို့မဟုတ် ကနုတ် 😎

လှိုင်၊ အင်းစိန်နဲ့ ကမာရွတ်က ဘော်ဒါတွေကတော့ ထူးထွေပြီး မိတ်ဆက်ပေးစရာ မလိုဘူးထင်ပါတယ် 😉

အမိုက်စား Unplugged ​တွေ နေ့တိုင်းရှိတယ် 🎸🎼

အစားအသောက်တွေ အရသာကောင်းတယ် 🍲🍢

ဈေးနှုန်းလည်း တော််တော်လေး သင့်တင့်တယ် 👍💯

Rooftop မို့ View ကလည်း လုံးဝ အမိုက်စား 😍🏘

Waitress လေးတွေလည်း ဖော်ရွေပြီး ချစ်စရာလေးတွေ 😛😁😁

ဟုတ်ပါတယ်၊ ဆိုင်နာမည်ကတော့ Kanote Rooftop Bar & Restaurant - ကနုတ် - Hlaing Branch ပါ 🎉🎉

ဆိုင်လေးက ဘာတာမှတ်တိုင်အနီး၊ လှည်းတန်းအင်းစိန် လမ်းမပေါ်က Rooftop မှာ တည်ရှိပါတယ်။ 🤗

ဆိုင်လေးက မိသားစုတွေနဲ့ အေးဆေး Chill ချင်တဲ့ ဘော်ဒါတွေအတွက် တစ်ကယ့်နေရာကောင်းလေးပါ 💯

Menu တွေကလည်း ယမကာလုလင်တို့အတွက် အမြည်းမီနျူးအစုံအပြင်၊ မိသားစုတွေ နေ့လည်နေ့ခင်း သုံးဆောင်နိုင်ဖို့ အရသာရှိတဲ့ ဟင်းပွဲတွေကလည်း အစုံအလင်ပါပဲ 🤗🤗💯💯

ဒီဆိုင်လေးမှာ မင်မင်တို့ Host ကိုရဲနိုင်က ဘာတွေ သားရေယိုအောင် စားပြသွားဦးမလဲ ဆိုတာကိုတော့ ပုံလေးတွေမှာ တစ်ပုံချင်းစီ ကြည့်ပေးနော် ❤❤

နောက်နေ့မှာလည်း Video လေးနဲ့အတူ ကနုတ်ရဲ့ Top Fan တွေအတွက် လက်ဆောင်အကြီးကြီးတစ်ခုလည်း ပေးစရာရှိသေးတာမို့ Page လေးကို ဆက်လက်စောင့်ကြည့်ကြဖို့ မမေ့နဲ့ဦးနော် 😍



တင်း တောင်! ဗိုက်ဆာနေကြပြီလားဗျ? 😛အမိုက်စား Decoration နဲ့ အရသာရှိတဲ့ အစားအသောက်တွေကို အမြည်းလေး အရင်ပြထားပါတယ်ဗျ။ 🎉(ဘယ်...
23/05/2022

တင်း တောင်! ဗိုက်ဆာနေကြပြီလားဗျ? 😛

အမိုက်စား Decoration နဲ့ အရသာရှိတဲ့ အစားအသောက်တွေကို အမြည်းလေး အရင်ပြထားပါတယ်ဗျ။ 🎉

(ဘယ်လောက် Classic ဖြစ်သလဲဆို ပုံလေးတွေသာ ကြည့်လိုက်တော့ဗျာ 😎)

ဆိုင်လေးက ပြည်လမ်းနဲ့ ဗိုလ်ဉာဏလမ်းထောင့်နား မရမ်းကုန်မြို့နယ်မှာ တည်ရှိပါတယ်။

ဒီဆိုင်လေးက European Taste အများဆုံးရရှိနိုင်မယ့် ဆိုင်လေးတစ်ဆိုင်လို့ ဆိုနိုင်ပါတယ်။ လူငယ်နှစ်ယောက် ဦးစီးထားတဲ့ ဆိုင်ပီပီ Idea ဆန်းသစ်ပုံကလည်း သူမတူအောင်ပါပဲ။ 💯✅

ဆိုင်ရှေ့ရပ်လိုက်တာနဲ့ တပြိုင်နက် လုံးဝထူးခြားတဲ့ Vibe မျိုး ခံစားသွားရစေမယ့်အပြင် ဆိုင်ရဲ့အပြင်အဆင်နဲ့ အစားအသောက်တွေကလည်း လုံးဝဂွဒ်ရှယ်။

ဒီဆိုင်လေးရဲ့ Review အသေးစိတ်ကိုတော့ မနက်ဖြန်မှာ Video နဲ့တကွ ကျကျနန တင်ဆက်ပေးသွားမှာမို့ ဆိုင်လေးကို စိတ်ဝင်စားတယ်ဆိုရင် မနက်ဖြန်ညနေ Page ထဲ ပြန်ဝင်လာခဲ့ကြပါဦးခင်ဗျာ။

ဒါ့အပြင် Tasty Box ရဲ့ ထုံးစံအတိုင်း Video တိုင်းမှာ ထူးခြားတဲ့ Promotion တွေ ပါဝင်မှာဖြစ်လို့ ဘယ်လို ရင်ခုန်ဖွယ်ရာ အစီအစဥ်တွေ ပါဝင်ဦးမလဲ ဆိုတာ Page ကို Like & See First လေးထားပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ ❤❤❤



10/05/2022

Foodie တို့ရေ...

မင်မင်လေ ဒီရက်ပိုင်း Review နဲ့ Video လေးတွေ တင်မယ်လုပ်ပြီး မီးကနှောက်ယှက်တာရယ်၊ သတင်းတွေမကောင်းတာရယ်၊ နေမကောင်းဖြစ်သွားတာရယ်နဲ့ မတင်ဖြစ်ဘူးကွယ် 😞

ပေးစရာ Giveaway တွေလည်း အများကြီး ရှိတယ်၊ Surprise အကြီးကြီးတစ်ခုလည်း ရှိသေးတယ်...

ခက်တာက အစားအသောက်သည် အနုပညာလို့ ခံယူထားတဲ့ မင်မင့်Teamက မုဒ်လေးများ ပျောက်သွားရင် ဘာမှမလုပ်ဖြစ်တော့ ဒီရက်ပိုင်း ပျောက်နေသလို ဖြစ်နေတာ ခွင့်လွှတ်ကြပါနော် 🥺🙏

မကြာခင်မှာ Big Surprise တစ်ခုလည်း ရှိသေးတာမို့ စောင့်မျှော်ပေးကြပါဦးနော် ❤❤

ချစ်ခင်စွာဖြင့်
မင်မင်

Potato Corner Myanmar ရဲ့  Jumbo Fries ကို Free စားခွင့် ရရှိသူ ကံထူးရှင် (၄)ဦး ထွက်ပေါ်လာပါပြီခင်ဗျ 🥰Congratulations to...
23/04/2022

Potato Corner Myanmar ရဲ့ Jumbo Fries ကို Free စားခွင့် ရရှိသူ ကံထူးရှင် (၄)ဦး ထွက်ပေါ်လာပါပြီခင်ဗျ 🥰

Congratulations to you all 🥳🥳

ကံထူးသူများက Page Chatbox မှာ အမည်နဲ့ ဖုန်းနံပါတ် လာပေးပြီး သွားရောက် စားသုံးနိုင်မယ့် ဆိုင်ခွဲလိပ်စာကို မေးမြန်းနိုင်ပါပြီခင်ဗျာ 😎

Tasty Box Yangon မှာ အပတ်စဉ် Giveaway တွေနဲ့ အခမဲ့ မုန့်စားသုံးခွင့်တွေ ဆက်တိုက် တင်ဆက်ပေးသွားမှာမို့ Page လေးကို Like & See First လုပ်ထားဖို့လည်း မမေ့ပါနဲ့ခင်ဗျာ ❤️

ပါဝင်ပေးခဲ့ကြသူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ🥰

ဘီယာတစ်ကျိုက် 🍺 အမြည်းတစ်ကိုက်နဲ့ 🍗 Chill ချင်သူတွေအကြိုက် 🍻 မြောက်ဒဂုံက နိဗ္ဗာန်ဘုံလေး 😍ဒီတစ်ခါမှာတော့ မင်မင်က မြောက်ဒဂ...
23/04/2022

ဘီယာတစ်ကျိုက် 🍺 အမြည်းတစ်ကိုက်နဲ့ 🍗 Chill ချင်သူတွေအကြိုက် 🍻 မြောက်ဒဂုံက နိဗ္ဗာန်ဘုံလေး 😍

ဒီတစ်ခါမှာတော့ မင်မင်က မြောက်ဒဂုံ (၇/၈)လမ်းဆုံနားမှာ ဖွင့်လှစ်ထားတဲ့ အသစ်စက်စက် ဘားလေးတစ်ခုကို ခေါ်သွားချင်ပါတယ်။😎 နာမည်လေးက JEST - Beer Pub & Restaurant တဲ့..

လိပ်စာလေးက..
အမှတ်(ပ/၉၉)၊ ပြည်ထောင်စုလမ်းမကြီး၊ ၃၈ ရက်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့။
(၇/၈လမ်းဆုံမီးပွိုင့် မရောက်ခင် လမ်းညွှန်ဆိုင်းဘုတ်နား)

ဆိုင်ထဲဝင်လိုက်တာနဲ့ Graffiti အမိုက်စားတွေကို တွေ့ရပါလိမ့်မယ်.. ခပ်ဂေါဂေါ် ဓာတ်ပုံရိုက်ချင်သူတွေအတွက် ရှယ်ပဲ ။ 💯💯

ဆိုင်လေးက (၃)ထပ်ရှိပါတယ်။ အောက်ထပ်မှာက အကင်စားချင်သူတွေ၊ မိသားစုလိုက် Lunch or Dinner လာစားကြသူတွေအတွက် ပိုပြီး သင့်တော်ပါတယ် ✅ (အပေါ်ထပ်မှာလည်း မိသားစုလိုက် တက်စားလို့ ရတယ်နော်။ မင်မင်က အသင့်တော်ဆုံး နေရာလေးကို ပြောပြပေးတာ) 😁

အလယ်ထပ်မှာတော့ ဘော်ဒါတွေနဲ့ အဖွဲ့လိုက် Chill မလား? Unplugged လေး နားထောင်ပြီး Chill မလား ကြိုက်သလို Chill လို့ရတဲ့ Chill Zone လေးတစ်ခုပါ။😎 သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် လာပြီး သောင်းကျန်းလို့ ရတဲ့ နေရာလေးပေါ့။

အပေါ်ဆုံးထပ်ကတော့ rooftop လေးပါ။ ချစ်သူနဲ့ပဲဒိတ်ဒိတ်၊ ချစ်သူမဖြစ်သေးဘဲ ဒိတ်ဒိတ် Sunset View လေးကြည့်ရင်း အေးဆေးဒိတ်လို့ရတဲ့ နေရာလေး။ 🍸🍸 (မင်မင်ကတော့ အပေါ်ဆုံးထပ် အကြိုက်ဆုံးပဲ၊ နားအေးပါးအေး ရှိလို့ 😂)

ဆိုင်အပြင်အဆင်လေးအကြောင်း ပြောပြီးပြီဆိုတော့ အစားအသောက်ဘက်လေး လှည့်ရအောင်။

ဆိုင်ကို တစ်ကယ်တော့ မင်မင်တို့ Host ရဲ့ သူငယ်ချင်း ကောင်းမှုနဲ့ ရောက်သွားတာ။ ဆိုင်အသစ်လေး ဖွင့်တယ် လာ Try ကြည့်ကြပါဦးဆိုတာနဲ့ ကိုယ့်အဖွဲ့ကလည်း ဘားဆိုတော့ သိပ်မသွားချင်ရှာပါဘူး.. ချက်ချင်းပေါက်ချသွားလိုက်တာ 🤣🤣

ဆိုင်လေးက ညီအစ်ကိုနဲ့ သူငယ််ချင်းတွေ ရှယ်ယာနဲ့စုပြီး ဖွင့်ထားတာလို့ပြောတယ်။ လူငယ်တွေချည်း စုပေါင်းဖွင့်ထားတာဆိုတော့ Vibe လေးကလည်း လတ်ဆတ်နေတာ မဆန်းပါဘူး 💯👍

ဘားဆိုတော့ ထုံးစံအတိုင်း သောက်စရာတွေအပြင် Signature စားစရာတွေလည်း တော်တော်များတယ်။ နာမည်ကြီး Chef တစ်ဦးရဲ့ လက်စနဲ့ ဟင်းပွဲတော်တော်များများကို မံပေးထားတယ်ပြောတယ်။ 😋😋

မင်မင်ကတော့ ဒီဆိုင်ရဲ့ Signature တစ်ချို့နဲ့ Drinks တွေကို Try ဖြစ်ခဲ့တယ်။ အသေးစိတ်ကိုတော့ ထုံးစံအတိုင်း တစ်ပုံချင်းစီမှာ ကြည့်နော်။ 😚 စာရှည်သွားမှာစိုးလို့ပါ။

မကြာခင်မှာလည်း ဒီဆိုင်နဲ့ပတ်သက်တဲ့ Giveaway တစ်ခုလည်း လာဦးမှာမို့လို့ Page လေးကို စောင့်ကြည့်ကြဖို့ မမေ့နဲ့ဦးနော်။ Bar လေးဆိုတော့ ဘယ္လို လက်ဆောင်တွေ လာမလဲဆိုတာ မင်မင်တော့ ရင်ခုန်နေပြီ။ 😍😍



Address

Kan Street
Yangon

Telephone

+959793761810

Website

Alerts

Be the first to know and let us send you an email when Tasty Box Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Tasty Box Yangon:

Share

Category