Restaurants Doctor

Restaurants Doctor စားသောက်ဆိုင် လုပ်ငန်းများ အဆင်ပြေပြေ လွယ်ကူစွာ ဖွင့်ဖြိုးတိုးတတ်စေဖို့ အကောင်းဆုံး နှင့် အသက်သာဆုံး ဝန်ဆောင်မှု့ကို ရယူဖို့ ခုပဲ ဆက်သွယ်လိုက်ပါ

13/08/2026

ဆိုင်ရဲ့ အခြေအနေကို ပြောင်းလဲချင်ရင် ဝန်ထမ်းကို အရင်ပြောင်းလဲပါ ဝန်ထမ်းကို ပြောင်းလဲစေချင်ရင် မိတ်ဆွေ အရင်ပြောင်းလဲပါ။

ကျွန်တော်တို့ စားသောက်ဆိုင် လုပ်ငန်း လုပ်ကြတဲ့အခါ
ဆိုင်ကို ပိုတိုးတက်စေချင်တာ
စနစ်တကျ ဖြစ်စေချင်တာ
Service ဝန်ဆောင်မှု့ကောင်းပီး အရသာပိုင်း ကောင်မွန်ပီး ပုံမှန်ဖြစ်စေချင်တာ
တစ်နေ့ထက် တစ်နေ့ ကောင်းသတဲ့ကောင်းလာစေချင်ကြတယ်
(၁)ဆိုင်ကနေ (၂)ဆိုင် ဖြစ်လာစေချင်ကြပါတယ်

လက်ရှိထက် ပိုကောင်းအောင် လုပ်ဖို့ဆိုရင် အဓိက အသက်သွေးကြော ဖြစ်တဲ့ ဝန်ထမ်းတွေပြောင်းလဲဖို့ လိုပါတယ်

၁။ ဆိုင်ရဲ့ အခြေအနေကို ပြောင်းလဲချင်ရင် ဝန်ထမ်းကို အရင်ပြောင်းလဲပါ
စားသောက်ဆိုင်ဆိုတာ ဝန်ဆောင်မှု ပေးရတဲ့ လုပ်ငန်းဖြစ်လို့ Customer နဲ့ စက္ကန့်တိုင်း ထိတွေ့နေရတာ ဝန်ထမ်းတွေပါ ဆိုင်ရဲ့ သန့်ရှင်းရေး၊ ဟင်းအရသာ စံချိန်၊ ဧည့်ဝတ်ပြုမှုနဲ့ ဆိုင်ရဲ့ ပုံရိပ်အားလုံးဟာ ဝန်ထမ်းတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်

ဆိုင်မှာ စစ်မှန်တဲ့ အရှုံးအမြတ် မထွက်တာ
Stock မကောက်တာ
တာဝန်ယူမှု မရှိတာ
ခိုးတာ / အလေအလွင့် ဆုံးရှုံးတာ
ဝန်ထမ်းတွေ အချင်းချင်း မတည့်တာ
အလုပ်ကို စိတ်မပါတာ ပြီးပီးရောလုပ်တာ
ကောင်းတဲ့လူတွေထွက်သွားတာ
ကိုယ်မရှိရင် မဖြစ်တာ
ကိုယ့်စိတ်တိုင်းကျ မဖြစ်တာ
စသည်ဖြင့် ပြောမကုန်နိုင်စရာတွေပါ

ဒါတွေကိုပြောင်းလဲစေချင်ရင် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ရည် (Attitude & Skill) ကို အရင် တိုးတက်အောင် လုပ်ပေးဖို့ နှင့် တိကျသေချာပီး ရှင်းလင်းတဲ့ စည်းကမ်းတွေ လုပ်ဆောင်ချက်တွေ ရလဒ် စနစ်တွေ စသည်ဖြင့်လိုအပ်ပါတယ်။

ဒါတွေကို လုပ်ဖို့ကြ ပိုင်ရှင်ရဲ့ တာဝန်ဖြစ်သွားပြန်ရော ဒါကြောင့်

၂။ ဝန်ထမ်းကို ပြောင်းလဲစေချင်ရင် ဆိုင်ရှင်ကိုယ်တိုင် အရင်ပြောင်းလဲပါ
ဘာတွေပြောင်းရမလဲ ?
စဉ်းစားတွေးခေါ်ပုံ
စီမံခန့်ခွဲမှု့
ဆုံးဖြတ်ချက်
အမြင်
တွက်ချက်ပုံ
လုပ်ဆောင်ချက် စသည်ဖြင့် အစစ အရာရာပါဘဲ
ဘယ်လိုပြောင်းရမလဲ ဆိုတာကတော့အသေးစိတ် ပြောမှရမှာပါ

ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ
စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ပြောင်းလဲမှုဟာ အမြဲတမ်း အထက်ကနေ အောက်ကိုပဲ စီးဆင်းပါတယ်။

“ဆိုင်ရှင်ရဲ့ တွေးခေါ်ပုံ အမြင်နဲ့ စီမံခန့်ခွဲမှုစနစ် ပြောင်းလဲမှ ဝန်ထမ်းတွေ ပြောင်းလဲမှာဖြစ်ပြီး၊ ဝန်ထမ်းတွေ ပြောင်းလဲမှသာ ဆိုင်ရဲ့ ရလဒ်တွေ ပြောင်းလဲလာမှာပါ။”

Owner Mindset ဆိုတဲ့ Post လေးတစ်ခု ရေးပါအုန်းမယ်

ဒါတွေတွေ့ကြုံနေရပီး တကယ် ပြောင်းလဲချင်တဲ့ မိတ်ဆွေတွေကို အခမဲ့ ကူညီဆောင်ရွက်ပေးသွားပါမယ်

မိတ်ဆွေတို့ ဆိုင်မှာရော ဘယ်အပိုင်းတွေ အခက်အခဲ ရှိနေလဲ။ ကော်မန့်မှာ ဆွေးနွေးသွားကြရအောင်ပါ။

Who We Are? ကျွန်တော်တို့ဟာ သင်တန်းဆရာတွေ၊ Consultant တွေ မဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင် Tea Shop & Restaurant Industry ...
08/08/2026

Who We Are? ကျွန်တော်တို့ဟာ သင်တန်းဆရာတွေ၊ Consultant တွေ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင် Tea Shop & Restaurant Industry ထဲမှာ ကိုယ်ပိုင်ဆိုင်လေး (၁) ဆိုင်ကနေ (၂) ဆိုင်၊ (၂) ဆိုင်ကနေ နောက်ထပ် ဆိုင်ခွဲတွေကို အမှားများစွာ၊ အခက်အခဲများစွာ ကြားကနေ ကြိုးစားရုန်းကန်ခဲ့ရတာပါ။

ဒီခရီးလမ်းမှာ ပညာပေးတဲ့သူတွေ၊ ဂျင်းကျွေးတဲ့သူတွေ အမျိုးမျိုးနဲ့ တွေ့ဆုံပြီးမှ ရှင်သန်ရပ်တည်လာခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။

အချိန်တစ်ခု ရောက်လာတဲ့အခါမှာတော့ လုပ်ငန်းခွင်ထဲက လက်တွေ့အခြေအနေတွေကို သေချာ သတိထားမိလာခဲ့ပါတယ် -

* ဆိုင်တစ်ဆိုင်တည်း ဖွင့်ထားသူတွေရဲ့ အားနည်းချက်နဲ့ အားသာချက်

* ဆိုင်ခွဲများစွာ ဖွင့်ထားသူတွေရဲ့ အားသာချက်နဲ့ လိုအပ်ချက်

* ဆိုင်သေးလေးတွေအနေနဲ့ ဆိုင်ကြီးတွေကို မယှဉ်နိုင်ရတဲ့ လိုအပ်ချက်များ

* Network နဲ့ စနစ်တကျ တည်ဆောက်သွားရင် အောင်မြင်နိုင်တယ်ဆိုတဲ့ အချက်

ဒီလိုနဲ့ပဲ HR၊ Account၊ Financial၊ Audit၊ Management၊ Central Kitchen၊ Service၊ Control၊ Food Costs နဲ့ System စတဲ့ များပြားလှစွာသော အပိုင်းတွေကို လက်တွေ့ကြုံတွေ့ ပြင်ဆင်ခဲ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မိတ်ဆွေတွေနဲ့အတူ နှစ်ဖက်စလုံးအတွက် Win-Win ဖြစ်စေမယ့် ဒီ Page လေးနဲ့ Team ကို စတင်ဖွဲ့စည်းဖြစ်ခဲ့တာပါ။

ကျွန်တော်တို့က "လုပ်ငန်းတူ ရန်သူ" ဆိုသူတွေအတွက် မဟုတ်ပါဘူး။

"လုပ်ငန်းတူ မိတ်ဆွေများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လျှောက်လှမ်းသွားမှာပါ။

ကျွန်တော်တို့ Team ကနေ -
* အနေအထားတစ်ခုအထိ Free Support ပေးသွားမှာ ဖြစ်သလို၊
* တချို့သော အဆင့်မြင့် Sharing တွေကို Fees ဖြင့်လည်းကောင်း၊
* တချို့သော အကူအညီ Services တွေကို လစဉ်ကြေး ဖြင့်လည်းကောင်း၊
* တချို့သော အချက်အလက် Data များကို Members ကြေး ဖြင့်လည်းကောင်း ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ Teacher To Owner သို့မဟုတ် Consultant To Owner မဟုတ်ပါဘူး။

Owner To Owner (ဆိုင်ရှင်မှ ဆိုင်ရှင်သို့) သွားမှာဖြစ်တဲ့အတွက် သီအိုရီ (Theory) တွေ၊ စာတွေ့ ပုံသေနည်း (Formula) တွေ မဟုတ်ဘဲ Real Experience & Data တွေကို တိုက်ရိုက် Sharing လုပ်ပေးသွားမယ့်အပြင် Strong ဖြစ်တဲ့ Network တစ်ခုကိုပါ အတူတကွ တွဲပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

Address

No. 4/5, Gyo Phyu Street, Mingalar Taung Nyunt Township
Yangon

Telephone

09440998001

Website

Alerts

Be the first to know and let us send you an email when Restaurants Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category