Active Bar,BBQ & Restaurant

Active Bar,BBQ & Restaurant Bar,BBQ & Restaurant

✋ ဟိုးထား ကိုယ့်ဆရာ .. ဖုန်းပွတ်နေတာ ခနရပ်လှိုင်သာယာသားတွေအတွက် သတင်းကောင်းလေးတစ်ခုပြောပြချင်လို့အလွမ်း စာသားတွေ၊ အသည်းက...
13/05/2026

✋ ဟိုးထား ကိုယ့်ဆရာ .. ဖုန်းပွတ်နေတာ ခနရပ်

လှိုင်သာယာသားတွေအတွက် သတင်းကောင်းလေးတစ်ခုပြောပြချင်လို့

အလွမ်း စာသားတွေ၊ အသည်းကွဲ သံစဥ်တွေနဲ့ ကြေကွဲလူငယ်ထုကြီးရဲ့ နှလုံးသားကို အပိုင်သိမ်းသွားခဲ့တဲ့ ဘီးကြဲ 🎙️ 𝐉𝐨𝐞 𝐋𝐚𝐲 🎙️ ကိုယ်တိုင် လာရောက်ဖျော်ဖြေမယ့် Live Event ကြီးကို လှိုင်သာယာ 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫 မှာ ကျင်းပတော့မှာတဲ့ 🥰

ပုံမှန်အတိုင်းဖျော်ဖြေတာတောင် တိုက်ဆိုင်မှုရှိတိုင်း ရင်ထဲနင့်နင့်သွားတတ်ရင်၊ အမာရွတ်ရှိတဲ့သူတွေဆို မျက်ရည်တွေ စုထားပေတော့ပဲ။

🗓️ June (6) မှာ ကျင်းပဖျော်ဖြေမယ့်
ဒီ Live Entertainment ပွဲကို 🎙️ 𝐉𝐨𝐞 𝐋𝐚𝐲 🎙️နဲ့အတူ

အမိုက်စားသံစဥ်တွေနဲ့ တီးခတ်ဖျော်ဖြေပေးမယ့် Active Fan တိုင်း ရင်းနှီးပြီးသား 🎸 𝐃𝐚𝐫𝐤 𝐒𝐨𝐮𝐥 𝐁𝐚𝐧𝐝 🥁 ပါဝင်မယ်

အဆွေးမုဒ်နဲ့ ငိုလို့ဝရင်၊ အမြူးမုဒ်ကို ပြောင်း ON ဖို့ 🔥 𝐃𝐉 𝐀𝐘𝐃𝐄𝐍 ⚡ က အလန်းစား Beat တွေ၊ Drop တွေနဲ့ ဒီညရဲ့ နောက်ထပ် Mood တစ်မျိုးနဲ့ လွင့်ပျံနေအောင် ရှယ်ဖြုတ်ပေးဦးမှာ။ ဘာလိုသေးလဲပေါ့ သားကြီးတို့ရယ်

ကိုယ့်လူတို့ စောစောလေးလူစုပြီး၊ ဘက်ဂျက်ချိန်လို့အဆင်ပြေအောင်

🔶 Package A - (၅ ယောက်ဝိုင်း) ( 250,000 MMK)
🍺 Beer One Tower
Extra charges - 40,000 MMK (For one pax)

🔶 Package B - (၅ ယောက်ဝိုင်း) ( 200,000 MMK)
🍺 Beer One Tower
Extra charges - 30,000 MMK (For one pax)

🔶 Package C - (၅ ယောက်ဝိုင်း) ( 150,000 MMK)
🍺 Beer one Tower
Extra charges - 20,000 MMK (For one pax)

ဆိုပြီး စိတ်ကြိုက်ရွေးနိုင်အောင် ဖန်တီးပေးထားပါတယ်။

📍 𝐉𝐨𝐞 𝐋𝐚𝐲 ရဲ့ပွဲဆို အားလုံးသိကြတဲ့အတိုင်း စောစောလေး Reservation ယူထားဖို့ မေ့ရင် ဝိုင်းကောင်းကောင်းတွေလွတ်သွားတတ်တာမို့

You guys know what we mean …. Right 😉

🗓️ Event Date : 6 / 6 / 2026
📍 Location : 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫

🏮 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫,𝐁𝐁𝐐 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫🏮

For Reservation : 📞 09 975 000 100, 09 665 000 100

Address : အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

ကြမ်းထော်ဂျွတ်ထနေတဲ့ DJ Beat တွေနဲ့ အသွေးထဲ အသားထဲရှိသမျှ Energy အကုန်သုံးပြီး က ခွဲ ပစ်လိုက်ချင်တာလားနေ့စဥ် မရိုးရတဲ့ ဖ...
12/05/2026

ကြမ်းထော်ဂျွတ်ထနေတဲ့ DJ Beat တွေနဲ့ အသွေးထဲ အသားထဲရှိသမျှ Energy အကုန်သုံးပြီး က ခွဲ ပစ်လိုက်ချင်တာလား

နေ့စဥ် မရိုးရတဲ့ ဖျော်ဖြေမှုတွေ၊ နာမည်ကြီး Music Band ရဲ့ Daily Entertainment အလန်းစားတွေကို ရှယ်ပလန်နဲ့ ကဲမလား

နာကျင်စရာတွေပဲ ရှိရှိ
ပျော်စရာတွေပဲ ရှိရှိ

Music ကတော့ နေရာတိုင်းမှာ မရှိမဖြစ်လိုအပ်ပါတယ်နော်။

ဒီအတွက် နေ့စဥ်အမိုက်စား Performance တွေနဲ့ ရှယ်ကဲတော့မယ်ဆို

🎸𝐂𝐡𝐢𝐥𝐥𝐢 𝐁𝐚𝐧𝐝 (𝑴𝒐𝒏)
🎸𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 𝐁𝐚𝐧𝐝 (𝑻𝒖𝒆)
🎸𝐒𝐪𝐮𝐚𝐫𝐞 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐘𝐍 (𝑾𝒆𝒅)
🎸𝐓𝐡𝐞 𝐌𝐚𝐬𝐤 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐓𝐑𝐈𝐂𝐊𝐘 (𝑻𝒉𝒖)
🎸𝐀𝐍𝐘𝐖𝐀𝐘 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐂𝐎𝐑𝐄 (𝑭𝒓𝒊)
🎸𝐃𝐚𝐫𝐤𝐬𝐨𝐮𝐥 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐀𝐲𝐝𝐞𝐧 (𝑺𝒂𝒕)
🎸𝐌𝐨𝐧𝐬𝐭𝐞𝐫 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐊𝐈𝐍𝐎 (𝑺𝒖𝒏)

ဒီ Daily ဖျော်ဖြေပေးမယ့် List လေးကိုအရင်ကြည့်၊ ပြီးရင် ဘယ်နေ့မှာ လာကဲမလဲ ရွေးပြီး လူစုလိုက်ရုံပဲပေါ့။

လှိုင်သာယာရဲ့ အလှပဆုံးညနေခင်းတွေကို
ဂီတနဲ့ အလှဆင်၊ သံစဥ်တွေနဲ့ ကာလာဖြည့်ရင်း
တန်ဖိုးရှိစွာ ကုန်ဆုံးနိုင်စေဖို့ 𝐀𝐜𝐭𝐢𝐯𝐞 ကိုသာ လှမ်းလာလိုက်ကြစို့

🏮 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫,𝐁𝐁𝐐 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫🏮

For Reservation : 📞 09 975 000 100, 09 665 000 100

Address : အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

အသည်းကွဲတဲ့ အရသာက တော်တော်ဆိုးတယ်နော်။ 💔​အတူတူသွားခဲ့တဲ့ နေရာတိုင်းက အမှတ်တရတွေက ကိုယ့်ကို ပြန်ခြောက်လှန့်နေသလို….လမ်းမတ...
10/05/2026

အသည်းကွဲတဲ့ အရသာက တော်တော်ဆိုးတယ်နော်။ 💔

​အတူတူသွားခဲ့တဲ့ နေရာတိုင်းက အမှတ်တရတွေက ကိုယ့်ကို ပြန်ခြောက်လှန့်နေသလို….

လမ်းမတွေထက်မှာ သူ့စကားသံလေးတွေများလား ဆိုပြီးပြန်ကြားမိတယ်မလား။😞

​ဒီလိုနဲ့ အလုပ်လည်း ကောင်းကောင်းလုပ်လို့မရ၊ ခံစားချက်တွေ ဖွင့်ထုတ်ဖို့ နေရာကောင်းကောင်းလေး လိုနေပြီဆိုရင်... လှိုင်သာယာ (၁၅) ရပ်ကွက်မှာ 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫 ရှိတယ်နော်။ ✅

​ဟောခန်းအကျယ်ကြီးရဲ့ အေးစိမ့်နေတဲ့ Air Con အောက်မှာ ထိုင်သောက်ရင်း၊ Sound System အလန်းစားကြီးက ထွက်လာတဲ့ Band က သီချင်းတွေကို နားထောင်ရင်း ခံစားသမျှကို လာဖွင့်ချလိုက်တော့။ 🎶🍺

🏮 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫,𝐁𝐁𝐐 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫🏮

For Reservation : 📞 09 975 000 100, 09 665 000 100

Address : အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

သိပ္ပံနည်းကျ ပြောရမယ်ဆိုရင် လူတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံတွေက မတူကြဘူးဆိုတဲ့ အယူအဆကို လက်ခံလား🫵Active ကတော့ လက်မခံဘူး‼️ဘ...
07/05/2026

သိပ္ပံနည်းကျ ပြောရမယ်ဆိုရင် လူတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံတွေက မတူကြဘူးဆိုတဲ့ အယူအဆကို လက်ခံလား🫵

Active ကတော့ လက်မခံဘူး‼️
ဘာလို့ဆို... Active ကို လာတဲ့လူတွေထဲမှာ

👉တစ်ယောက်တည်း အေးအေးဆေးဆေး သောက်မှ ပျော်တဲ့သူရှိတယ်။

👉အဖွဲ့လိုက်ကြီး ပျော်ပျော်ပါးပါး သောက်ပြီးရင် Rave ကြတဲ့သူတွေရှိတယ်။

👉Meeting တွေ လာလုပ်ရင်း VIP ဆန်ဆန် Private Room တွေမှာ ကဲကြတဲ့သူတွေရှိတယ်။

👉ဝက်သားတုတ်ထိုးနဲ့ အမြည်းအကောင်းစားကြီးတွေ မြိန်မြိန်ယှက်ယှက် စားပြီးမှ သောက်တဲ့သူတွေရှိတယ်။

👉သောက်ပြီးမှ အမြည်းစားရင်း ပျော်တတ်တဲ့သူတွေလည်း ရှိပြန်တာပဲ။

ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ပဲ သောက်သောက်... အဓိကကတော့ Active ကို ရောက်ရင် ❝ပျော်ကို ပျော်ရမယ်💯❞ဆိုတဲ့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကတော့ အတူတူပဲ မဟုတ်လား။

မယုံရင် Active ကို လာခဲ့လေ။ ပျော်သွားစေရမယ်😉

🏮 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫,𝐁𝐁𝐐 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫🏮

For Reservation : 📞 09 975 000 100, 09 665 000 100

Address : အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

ရှိတယ်... ရှိတယ်!အသောက်ပျက်ရင် အသက်ပျောက်မယ်ဆိုတဲ့ အဖွဲ့တိုင်းမှာ ဖြတ်ဖို့ချောင်းနေတဲ့ လူတစ်ယောက် ရှိကိုရှိတယ်။🤭ဖြတ်တာမှ...
05/05/2026

ရှိတယ်... ရှိတယ်!

အသောက်ပျက်ရင် အသက်ပျောက်မယ်ဆိုတဲ့ အဖွဲ့တိုင်းမှာ ဖြတ်ဖို့ချောင်းနေတဲ့ လူတစ်ယောက် ရှိကိုရှိတယ်။🤭

ဖြတ်တာမှ သာမန်ဖြတ်တာမဟုတ်ဘူးနော်...

👉နှစ်ဆန်းတစ်ရက်နေ့ဆိုလည်း "ဒီနေ့ပြီးရင် ဖြတ်ပြီကွာ"

👉လပြည့်နေ့ဆိုရင်လည်း "ဒီနေ့ပြီးရင် ဖြတ်ပြီကွာ"

👉သင်္ကြန်ဆိုရင်လည်း "ဒီတစ်ခါ နောက်ဆုံးပဲ"

👉အမူးလွန်သွားရင်လည်း "နောက်တစ်ခါ မသောက်တော့ဘူး" ဆိုပြီး... အဲ့လို ရေရှည်စီမံကိန်းနဲ့ကို ဖြတ်တာ။✂️

ဒါပေမဲ့ ရေရှည်စီမံကိန်းသာ ဆွဲပြီးဖြတ်နေတာ... နောက်ရက်ကျရင် အခန့်သားကြီး Active မှာ ပါလာတာလည်း သူပဲ။ တစ်ဝိုင်းလုံး ကောင်းလာရင် ဖြတ်ဖို့ကို ရေရှည်စီမံကိန်း ထပ်ဆွဲတာလည်း သူပဲ။🍺

အဲလိုကိုယ့်အဖွဲ့ထဲမှာ ဖြတ်ဖို့အတွက် သောက်နေရတဲ့ "ရေရှည်စီမံကိန်းသမားတွေ" ပါရင် Mention လိုက်ပါဦး✌️

🏮 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫,𝐁𝐁𝐐 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫🏮

For Reservation : 📞 09 975 000 100, 09 665 000 100

Address : အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

မေလရဲ့ ရာသီဥတုပူပူကြီးထဲ ဘယ်နေ့တွေထွက်ကဲရင်ကောင်းမလဲ တွေးနေရပြီလားဘယ်နေ့ဘယ်ရက်မှာ လာကဲမယ်၊ လာဆွဲမယ် ဆိုပြီး ကြိုတင်ပလန်ထ...
04/05/2026

မေလရဲ့ ရာသီဥတုပူပူကြီးထဲ ဘယ်နေ့တွေထွက်ကဲရင်ကောင်းမလဲ တွေးနေရပြီလား

ဘယ်နေ့ဘယ်ရက်မှာ လာကဲမယ်၊ လာဆွဲမယ် ဆိုပြီး ကြိုတင်ပလန်ထားတတ်တဲ့ ကိုကိုတို့၊ မမတို့၊ ညီလေးတို့၊ ညီမလေးတို့အတွက်
ဒီအပတ် Active ရဲ့ ညစဥ်ဖျော်ဖြေပေးမယ့် Weekly Band List လေး ဖော်ပြလိုက်ရပါတယ်နော်။

အပတ်စဥ် မရိုးသွားရစေမယ့် Music Band တွေနဲ့ DJ Lineup တွေက ကိုယ့်လူတို့အကြိုက်တွေချည်းပဲ။

🎸𝐂𝐡𝐢𝐥𝐥𝐢 𝐁𝐚𝐧𝐝 (𝑴𝒐𝒏)
🎸𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 𝐁𝐚𝐧𝐝 (𝑻𝒖𝒆)
🎸𝐒𝐪𝐮𝐚𝐫𝐞 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐘𝐍 (𝑾𝒆𝒅)
🎸𝐓𝐡𝐞 𝐌𝐚𝐬𝐤 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐁𝐚𝐞-𝐇 (𝑻𝒉𝒖)
🎸𝐀𝐍𝐘𝐖𝐀𝐘 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐂𝐎𝐑𝐄 (𝑭𝒓𝒊)
🎸𝐃𝐚𝐫𝐤𝐬𝐨𝐮𝐥 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐀𝐲𝐝𝐞𝐧 (𝑺𝒂𝒕)
🎸𝐌𝐨𝐧𝐬𝐭𝐞𝐫 𝐁𝐚𝐧𝐝 & 𝐃𝐉 𝐊𝐈𝐍𝐎 (𝑺𝒖𝒏)

ဒီလို အမိုက်စား Music Band တွေက ညစဥ်ဖျော်ဖြေပေးနေမှာမို့ ဘယ်နေ့လာမယ်၊ ဘယ်ညကဲမယ် ပလန်ထားတယ်ဆိုရင် ဒီ List လေးကြည့်ပြီး လာကဲနိုင်ပါပြီနော်။

Energy ရှိသမျှ အကုန်ထုတ်သုံးမယ်၊ မျက်နှာကျက်ကိုဖောက်ထွက်၊ တိမ်တွေပေါ်ကျော်လွန်ပြီး Space ရဲ့ Another Dimension အထိ မြောလွင့်မယ်၊ ဒီညတော့ ရှယ်ကဲပစ်လိုက်တော့မယ်ကွာဆိုတဲ့ ဘော်ဒါဘော်ကျွတ်တွေတော့ ရှယ်ကြိုက်မှာသေချာတယ်။

🏮 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫,𝐁𝐁𝐐 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫🏮

For Reservation : 📞 09 975 000 100, 09 665 000 100

Address : အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားနေ့အား ဝမ်းမြောက်စွာ ကြိုဆိုရင်း လုပ်သားများအားလုံး ...
01/05/2026

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားနေ့အား ဝမ်းမြောက်စွာ ကြိုဆိုရင်း လုပ်သားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း Active Bar မိသားစု မှတောင်းဆုပြုလိုက်ပါသည်။👐

#အလုပ်သမားနေ့

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏 မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့ (၂၀၂၆) ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘ...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့ (၂၀၂၆) ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် မြန်မာပြည်တဝှမ်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း Active Bar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲ

ဟိတ် ဟိတ်….နှစ်သစ်မှာ မိသားစုအတွက် အမှတ်တရဖြစ်အောင် ဘာလုပ်ပြီးပြီလဲ။🤔​သေချာလေးစဉ်းစားနော်။ သမီးဖြစ်သူကလည်း မကြာခင်မှာ ပည...
26/04/2026

ဟိတ် ဟိတ်….နှစ်သစ်မှာ မိသားစုအတွက် အမှတ်တရဖြစ်အောင် ဘာလုပ်ပြီးပြီလဲ။🤔

​သေချာလေးစဉ်းစားနော်။ သမီးဖြစ်သူကလည်း မကြာခင်မှာ ပညာရေးနယ်ပယ်ထဲ ပြန်ဝင်ပြီး နပန်းလုံးရတော့မယ်😩

မိန်းမကလည်း အလုပ်ခွင်ပြန်ဝင်ရတော့မယ်ဆိုတော့...
​Quality Time လေးတစ်ခုခု ဖန်တီးပေးသင့်တယ်မထင်ဘူးလား။🤔

ထင်တယ်ဆိုရင် လှိုင်သာယာ (၁၅) ရပ်ကွက်မှာ မိသားစုတွေအများကြီး Quality Time လေးတွေလာဖန်တီးနေတဲ့ Active Bar ရှိတယ်လေ။🍺

​The King of Nightlife ဆိုတဲ့အတိုင်း ဟောခန်းအကျယ်ကြီးတွေမှာ Decoration အလှကြီးတွေကို ခံစားရင်း…

​Sound System အလန်းကြီးကထွက်တဲ့ Band ကသီချင်းသံနဲ့ မိသားစုတစ်ခုလုံး
ဖြည်းဖြည်းချင်း စီးမျောသွားလို့ရတယ်။🎶

​စားစရာ၊ သောက်စရာဆိုရင်လည်း ဘယ်ပြောကောင်းမလဲ။

မိန်းမ‌ရော၊ကလေးတွေရော ကြိုက်တဲ့
ဝက်သားတုတ်ထိုးအကိတ်ကြီးကနေစလို့…
👉တရုတ်စာ၊
👉ယိုးဒယားစာ၊
👉ဗမာစာကို လျှာလည် လက်စွမ်းပြထားတဲ့ စားဖိုမှူးတွေရဲ့ လက်ရာနဲ့ စားလို့ရအောင် စီစဉ်ပေးထားသေးတယ်။👨‍🍳

​ဆိုတော့ ပူပူလောင်လောင်ညတွေကို မဖြတ်ကျော်ခင်မှာ အေးစိမ့်နေတဲ့ Active ရဲ့ Air Con အောက်မှာ အမှတ်တရညတစ်ခုကို ဖန်တီးဖို့ Reservation လေး ကြိုလုပ်ထားဖို့တော့ လိုမယ်နော်။📞

🏮 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫,𝐁𝐁𝐐 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫🏮

For Reservation : 📞 09 975 000 100, 09 665 000 100

Address : အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

သင်္ကြန်က ပြီးသွားပြီ... လူကတော့ အလုပ်မှာ၊ စိတ်ကတော့ ကချင် ခုန်ချင်တဲ့ Mood က မပျောက်သေးဘူး ဟုတ်တယ်မလား👍​မသိတဲ့လူတွေက မသ...
25/04/2026

သင်္ကြန်က ပြီးသွားပြီ... လူကတော့ အလုပ်မှာ၊ စိတ်ကတော့ ကချင် ခုန်ချင်တဲ့ Mood က မပျောက်သေးဘူး ဟုတ်တယ်မလား👍
​မသိတဲ့လူတွေက မသိကြသေးပေမဲ့ သိတဲ့လူတွေကတော့ (၂၄) ရက်နေ့ ဆိုင်စဖွင့်ကတည်းက ဒိုင်လျှိုလေး လာရွှေ့နေကြတာ။ 🤭
ဒီနေ့တော့ လူတိုင်းသိအောင်ကို ပြောပြလိုက်တော့မယ်... လှိုင်သာယာ (၁၅) ရပ်ကွက်ထဲက Active Bar ကိုသာ ရောက်အောင်လာခဲ့!🤔
​သင်္ကြန်တုန်းက အဝမသောက်လိုက်ရလို့ Active မှာ အဝလာဖြည့်နေတဲ့ ဘော်ဒါကြီးတွေရော🍺...
​ညတိုင်း အလန်းစား DJ Artist တွေအောက်မှာ သွားကနေတဲ့ လူငယ်တွေရော🔥...
​ဘယ်ဟာရွေးစားရမှန်း မသိလောက်အောင် ရှယ်လက်ရာ Menu တွေကို ကြိတ်နေတဲ့ Foodie တွေရော🤤...
​အားလုံးကို တစ်နေရာတည်းမှာ တွေ့ရမှာ။ မယုံမရှိနဲ့... အားလုံးက သူ့လို ကိုယ့်လို သင်္ကြန်ကို အခဲမကြေတဲ့လူတွေချည်းပဲ!
​Active Bar, BBQ & Restaurant − Hlaing Thar Yar 🏮
​📞 For Reservation: 09 975 000 100, 09 665 000 100
📍 Address: အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်။

ရှိလား ရှိလားလူသာပြောင်းသွားမယ်၊ ဆိုင်မပြောင်းတဲ့သူတွေလူသာ အကြိုက်ပြောင်းရင်၊ ပြောင်းသွားမယ်... ဆိုင်ကတော့ မ​ပြောင်းနိုင...
23/04/2026

ရှိလား ရှိလား

လူသာပြောင်းသွားမယ်၊ ဆိုင်မပြောင်းတဲ့သူတွေ

လူသာ အကြိုက်ပြောင်းရင်၊ ပြောင်းသွားမယ်... ဆိုင်ကတော့ မ​ပြောင်းနိုင်လို့ … ဒီဆိုင်ပဲ ခေါ်ခေါ်လာမိတဲ့ သူတွေ

သတ္တိရှိရင် ဒီပိုစ့်ကို ရှဲပြလိုက် 🫢

𝐀𝐜𝐭𝐢𝐯𝐞 မှာတော့ ဒီလိုအဖြစ်အပျက်လေးတွေ ရှိနိုင်မှာပါနော်

🏮 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐚𝐫,𝐁𝐁𝐐 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 − 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫 𝐘𝐚𝐫🏮

For Reservation : 📞 09 975 000 100, 09 665 000 100

Address : အမှတ် ( ၂၉၂ ၊ ၂၉၃ ၊ ၂၉၄ )၊ တောင်ငူလမ်း၊ ဝန်ထမ်းကြီးအိမ်ရာ၊ ( ၁၅ ) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

Address

No(292/293/294) Taung Gu Road, Officer Housing, Hlaing Tharyar
Yangon
11401

Opening Hours

Monday 11:00 - 23:00
Tuesday 11:00 - 23:00
Wednesday 11:00 - 23:00
Thursday 11:00 - 23:00
Friday 11:00 - 23:00
Saturday 11:00 - 23:00
Sunday 11:00 - 23:00

Telephone

+959975000100

Website

Alerts

Be the first to know and let us send you an email when Active Bar,BBQ & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share