KOKORO Japanese Izakaya

KOKORO Japanese Izakaya Service from the heart

13/05/2026
အလုပ်ကြားနားချိန် ဗိုက်ဆာလား?အရသာရှိတဲ့ ဂျပန်ဟင်းလျာနဲ့ အားအင်ဖြည့်ချင်တဲ့သူတိုင်း လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။🍱 နေ့လည်စာ Set...
19/04/2026

အလုပ်ကြားနားချိန် ဗိုက်ဆာလား?
အရသာရှိတဲ့ ဂျပန်ဟင်းလျာနဲ့ အားအင်ဖြည့်ချင်တဲ့သူတိုင်း လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

🍱 နေ့လည်စာ Set Menu များ (မနက် ၁၁:၀၀ မှ ၃:၀၀ အထိ)

✔ Chicken Teriyaki Set – နူးညံ့တဲ့ကြက်သားကို အရသာရှိရှိ အကင်ရည်သုတ်
✔ Sake Salmon Set – လတ်ဆတ်တဲ့ဆယ်လ်မွန်ငါးကို ဂျပန်ဆန်ဆန် ချက်ပြုတ်
✔ Katsu Curry Set – ကြက်သားကတ်ဆူအနှပ်နဲ့ မွှေးကြိုင်တဲ့ကာရီ
✔ Saba Yaki Set - ငါးသလောက်အရသာကဲ့သို့နူးညံဆာဘငါးကင်
✔️ Sanma Yaki Set - ငါးအသားက လေးလေးပင်ပင်အရသာပြီး ထမင်းနဲ့လိုက်ဖက် ဆမငါးကင်
✔️ Shoga Yaki set - အရသာ အရမ်းကောင်း ဝက်ဂျင်းအချိုချက်
✔️ Buta Kimuchi Set - အစပ်အရသာ ဝက်သား ကင်မချီ

ဖေါ်ပြပါ menu များအပြင်

အောက်ဖေါ်ပြပါ set menu နှင့် bento box များ ကိုပိတ်ရက်မရှိနေ့တိုင်းလာရောက်သုံးဆောင်နိုင်ပါသည်

အားလုံးကို မီဆိုဟင်းချို၊ ဆလတ်၊ ထမင်း နဲ့ ဂျပန်တိုဖူးအအေးထည့်ပေးပါတယ်။

💰 ဈေးနှုန်း – menu တွင်ဖေါ်ပြပေးထားပါသည်။

🏮🏮သင့်ရဲ့တနေ့တာ ပင်ပန်းနွမ်းနယ်နေမှုများ 🧧🧧🧧Kokoro မှာ ရှင်သန်နေမယ် 🪭🪭🪭

𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗳𝗿𝗼𝗺 𝘁𝗵𝗲 𝗛𝗲𝗮𝗿𝘁, 𝗞𝗢𝗞𝗢𝗥𝗢 𝗜𝘇𝗮𝗸𝗮𝘆𝗮 🍜🍱🍣🍙

Address; No.281(C), Shwe Gon Daing Road, Middle Shwe Gon Daing, Bahan Township, Yangon.☎️ 09266888705 / 09266888706
……….……………………………………………………….
Google Maps: https://maps.app.goo.gl/gRmuL9YWisw8xwtC7?g_st=ic



#နေ့လည်စာ

🍺 ဘီယာ တူရင်တောင် Kokoro Izakaya မှာ ပိုကောင်းတယ်ဆိုပဲ့ 😘🍻 Cheers 🍻Crd #တစ်နေ့ကို ဘီယာ တစ်ခွက် (သို့) နှစ်ခွက် သောက်သုံး...
14/04/2026

🍺 ဘီယာ တူရင်တောင် Kokoro Izakaya မှာ ပိုကောင်းတယ်ဆိုပဲ့ 😘
🍻 Cheers 🍻

Crd #

တစ်နေ့ကို ဘီယာ တစ်ခွက် (သို့) နှစ်ခွက် သောက်သုံးတာဟာ လူတွေရဲ့ ကျန်းမားရေးကို အံ့သြစရာကောင်းအောင်ကို အကျိုးပြုနေပါတယ်ဆိုတာကို သုတေသနတွေ့ရှိချက်တွေက ဖော်ပြနေပါတယ်။

၁။ ကျောက်က၊ပ်အတွင်း ကျောက်တ၊ည်မှုအန္တရာယ်ကို လျှော့ကျစေပါတယ်။
၂၀၁၅ ခုနှစ်၊ ဖင်လန်နိုင်ငံ ဟယ်ဆင်ကီ (Helsinki) မြို့ရဲ့ အမျိုးသား ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းက ဒေါက်တာ တယ်လို ဟာဗိုနန် (Dr. Tero Hirvonen) ဦးဆောင်တဲ့ ဖင်လန်သုတေသနအဖွဲ့ဟာ သက်လတ်ပိုင်း အမျိုးသား ၂၇,၀၀၀ ကို လေ့လာပြီး “တစ်နေ့ကို ဘီယာတစ်လုံး သောက်သုံးတဲ့သူတွေမှာ ကျောက်က၊ပ် ကျောက်တ၊ည်မှု အန္တာရာယ်ကို ၄၀% လျော့ချပေးနိုင်တယ်” လို့ ဖော်ပြခဲ့တာပါ။ ဘီယာက ဆီးသွားနှုန်းကို မြင့်မားစေပြီး ကျောက်ဖြစ်တည်မှု အန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။

၂။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။
အမေရိကန်ပြည်ထောင်စု ပန်ဇန်ဗေးနီးယား (Pennsylvania) ပြည်နယ် ဆကရန်တန် (Scranton) တက္ကသိုလ်ရှိ သုတေသနအဖွဲ့တစ်ခုက အနက်ရောင် အဆင်းရှိတဲ့ ဘီယာဟာ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အခုလေ့လာမှုကို ဦးဆောင်တဲ့ ပါမောက္ခ ဒေါက်တာ ဂျိုး ဗင်ဆန် (Dr Joe Vinson) က ဘီယာဟာ နှလုံးရောဂါဖြစ်ပွားမှုကို ထက်၀က်လောက် လျှော့ချပေးတယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

၃။ လေဖြ၊တ်မှုအန္တာရာယ်ကို လျှော့ချပေးပါတယ်။
အအမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ် ဆေးပညာကျောင်းနဲ့ အမေရိကန် လေဖြတ်ရောဂါဆိုင်ရာ အဖွဲ့ရဲ့ လေ့လာမှုတွေအရ ဘီယာကိုအနည်းငယ်သောက်သုံးသူ တွေဟာ လုံး၀မသောက်သုံးသူတွေနဲ့ယှဉ်ရင် လေဖြ၊တ်မှု အန္တရယ်ကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘီယာကို သောက်သုံးရင်တော့ သွေးလွှတ်ကြောတွေဟာ ပျော့ပြောင်းလာပြီး သွေးစီးဆင်းမှု သိသိသာသာ တိုးတက်လာမှာဖြစ်ပါတယ်။

၄။ အရိုးတွေကို သန်မာစေပါတယ်။
ဘီယာမှာ အရိုးတွေကို သန်မာစေသည့် ဆီလီကွန် ပါ၀င်မှု မြင့်မားပါတယ်။ ဒါပေမဲ့ သင့်တင့်မျှသတဲ့ အနေအထားပဲ သောက်သုံးရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင် မက်ဆချုးဆက်ပြည်နယ်မှာရှိတဲ့ တက်ဖ်(Tufts) တက္ကသိုလ်က တနေ့ကို ဘီယာ တခွက် (သို့) နှစ်ခွက် သောက်သုံးသူဟာ အရိုးကျိုးမှု အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့် အဲဒီထက်ပို သောက်ရင်တော့ အရိုးများ အားနည်းလာပြီး အရိုးအက်မှုကို ပိုမို မြင့်မားလာမယ်ဆိုတာတော့ သတိပြုရပါမယ်။

၅။ ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။
၂၀၁၁ ခုနှစ် ဟားဗတ် တက္ကသိုလ် သုတေသီတွေက တစ်နေ့ကိုဘီယာ တခွက် (သို့) နှစ်ခွက် သောက်သုံးတဲ့ သက်လယ်ပိုင်း အမျိုးသားတွေဟာ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျှော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။
သက်လတ်ပိုင်းအမျိုးသား ၃၈,၀၀၀ ကို လေ့လာပြီး အရက်ပါ၀င်တဲ့ ဘီယာထဲမှာ ဆီးချို ဖြစ်စေမှုကို ကာကွယ်ပေးတဲ့ အင်ဆူလင် ဟော်မုန်း၏ စွမ်းရည် (Insulin Sensitivity) ကို မြင့်မားစေတယ်လို့ ပါမောက္ခ ဒေါက်တာ မစ်ချယ်လ် ဂျိုစတန် (Dr Michel Joosten) က ကောက်ချက်ချထားပါတယ်။ ဒါ့အပြင် ဘီယာထဲမှာ အမျှင်ဓါတ် ပျော်၀င်မှု ကောင်းမွန်ပြီး သွေးတွင်း အချိုဓါတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချို ဝေဒနာရှင်တွေအတွက် အထူးကောင်းမွန်တဲ့ ဓါတ်ဆာ တစ်မျိုးဘဲဖြစ်ပါတယ်။

၆။ Alzheimer လို့ခေါ်တဲ့ မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါ အန္တရာယ်ကို လျော့ချပေးပါတယ်။
၁၉၇၇ ခုနှစ် လေ့လာတွေ့ရှိချက်အရ ဘီယာကို တစ်ခွက်(သို့) နှစ်ခွက် သောက်သုံးသူတွေဟာ Alzheimer လို့ခေါ်တဲ့ မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါ ကို လျော့ချပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။ ဘီယာမှာ ပါ၀င်တဲ့ ဆီလီကွန်တွေဟာ ဦးနှောက် ထိခိုက်ယိုယွင်းလာမှုကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၇။ အိပ်မပျော်တာကိုကုသပေးနိုင်ပါတယ်။
ဘီယာကို သဘာ၀ကပေးတဲ့ခေါင်းအုံးကလေးလို့ တင်းစားကြပါတယ်။
အင်ဒီးယားနား (Indiana) ဆေးတက္ကသိုလ်က သုတေသနအရ ဘီယာဟာ ပျော်ရွှင်တဲ့သတင်းအချက်အလက်တွေကို ပို့ဆောင်ပေးတဲ့ Dopamine ပမာဏ မြင်မားလာစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဘီယာသောက်သုံးတာဟာ တည်ငြိမ်အေးဆေးတဲ့ ခံစားမှုမျိုးရရှိသလို ပိုပြီးတော့လည်း အပန်းပြေစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘီယာကို စားပွဲတင် ဇွန်း ၁ ဇွန်းပမာဏလောက်ပဲ သောက်သုံးရမှာပါ။

၈။ မျက်စိအတွင်းတိ၊မ်ဖြစ်ပွားမှုကို တားဆီးနိုင်ပါတယ်။
ဘီယာ သောက်နေချိန် သင့်ရဲ့ အမြင်အာရုံတွေ မှုံ၀ါးလာနိုင်ပါတယ်။ ဒါပေမယ့် ဘီယာကို မှန်ကန်တဲ့ ပမာဏလောက်သောက်သုံးရုံနဲ့ သင့်အမြင်တွေ ကြည်လင်လာပါလိမ့်မယ်။
အနောက်ပိုင်း အွန်တာရီယို (Ontario) တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ အထူးသဖြင့် အနက်ရောင် အဆင်းရှိတဲ့ ဘီယာထဲမှာ Antioxidant ကို တွေ့ရှိခဲ့ပြီး သူဟာ သွေးကြောတွေမှာရှိတဲ့ ဆဲလ်တွေ ထဲမှာ စွမ်းအင် ထုတ်လုပ်မှု ကို ပြုလုပ်ပေးတဲ့ Mitochondrial ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ သုတေသီတွေကတော့ တစ်နေ့ကို ဘီယာတစ်ခါလောက်သောက်သုံးပေးပြီး သင့်မျက်စိကို ဆရာ၀န်ပြစရာမလိုအောင် ပြုလုပ်ပါလို့ မှတ်ချက်ပြုထားပါတယ်။

၉။ က၊င်ဆာရောဂါကို ကု၊သ၊နိုင်ပါတယ်။
ဘီယာဟာ က၊င်ဆာရောဂါကို ကု၊သပေးနိုင်ပါသလား။ အိုင်ဒါဟို (Idaho) တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ အဲဒီလို တွေးထင်ခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလက သုတေသီတွေရဲ့ တွေ့ရှိချက်မှာ ဘီယာမှာ အဓိကပါ၀င်တဲ့အရာတွေဟာ က၊င်ဆာရောဂါနဲ့ အဆစ်ရော၊င်ရောဂါတွေကို တိုက်ဖျက်ရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
အရသာ ခါးခါးပြုလုပ်ဖို့ ဘီယာထဲမှာ ထည့်သွင်းထားတဲ့ Hop လို့ခေါ်တဲ့ အသီးတွေမှာ Humulones နဲ့ Lupulones လို့ခေါ်တဲ့ အက်ဆစ်တွေတွေ့ရပြီး ဘက်တီးရီးယားကြီးထွားမှုနဲ့ ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

၁၀။ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။
ထူးဆန်းနေပါလိမ့်မယ်။ ကျွန်မတို့ ပတ်၀န်းကျင်မှာ “ဘီယာဗိုက်” လို့ နောက်ပြောင်ခေါ်ဝေါ်တတ်လေ့ရှိပြီး ဘီယာသောက်ရင် ဗိုက်ပူတယ် ဒါမှမဟုတ် ကိုယ်အလေးချိန် ပိုတက်စေတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အော်ရီဂွန် (Oregon) တက္ကသိုလ်က သုတေသနပညာရှင်တွေကတော့ ဘီယာဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တယ်လို့ ၂၀၁၆ ခုနှစ်အစောပိုင်းမှာ ပြောလာပါတယ်။

ဘီယာကို ခါးသက်သက်အရသာဖြစ်အောင် ထည့်သွင်းတဲ့ထားတဲ့ (Hop) လို့ခေါ်တဲ့ အသီးတွေမှာပါ၀င်တဲ့ Xanthohumol ကွန်ပေါင်း (Compound) တွေဟာ အ၀လွန်တာ၊ သွေးတွင်း သကြားဓါတ် မြင့်မားတာစတဲ့ ဇီဝရုပ် ဖြစ်ပျက်မှုမမှန်တာကြောင့် ဖြစ်တဲ့ရောဂါ အစုအဝေး Metabolic Syndrome ကိုလျှော့နည်းစေပါတယ်။

13/04/2026
မြန်မာ့ရိုးရာသင်္ကြန်ကာလ 𝗞𝗢𝗞𝗢𝗥𝗢 𝗜𝘇𝗮𝗸𝗮𝘆𝗮 ဆိုင်ဖွင့်ရက်ကြေညာခြင်း‼️水かけ祭りに伴う、KOKORO居酒屋の休業日のお知らせ ‼️𝗞𝗢𝗞𝗢𝗥𝗢  𝗜𝘇𝗮𝗸𝗮𝘆𝗮 ဟာ မြန်မာ...
09/04/2026

မြန်မာ့ရိုးရာသင်္ကြန်ကာလ 𝗞𝗢𝗞𝗢𝗥𝗢 𝗜𝘇𝗮𝗸𝗮𝘆𝗮 ဆိုင်ဖွင့်ရက်ကြေညာခြင်း‼️
水かけ祭りに伴う、KOKORO居酒屋の休業日のお知らせ ‼️

𝗞𝗢𝗞𝗢𝗥𝗢 𝗜𝘇𝗮𝗸𝗮𝘆𝗮 ဟာ မြန်မာ့ရိုးရာ သင်္ကြန်ကာလ အတွင်းမှာ ဆိုင်ကို ပုံမှန်အတိုင်း ဖွင့်လှစ်သွားမှာ ဖြစ်ပြီးတော့ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်တဲ့ ၁၇ ရက်နေ့မှာ
ဆိုင်ပိတ်သွားမှာပဲ ဖြစ်ပါတယ် 🎎

သင်္ကြန်တွင်းမှာ 𝗔𝘂𝘁𝗵𝗲𝗻𝘁𝗶𝗰 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝘁𝗮𝘀𝘁𝗲 ကိုမှ စားချင်တဲ့ ကာကာတို့ အတွက် 𝗞𝗢𝗞𝗢𝗥𝗢 𝗜𝘇𝗮𝗸𝗮𝘆𝗮 က အဆင်သင့်ရှိနေပါတယ် 🫶

𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗳𝗿𝗼𝗺 𝘁𝗵𝗲 𝗛𝗲𝗮𝗿𝘁, 𝗞𝗢𝗞𝗢𝗥𝗢 𝗜𝘇𝗮𝗸𝗮𝘆𝗮 🍱

Address; No.281(C), Shwe Gon Daing Road, Middle Shwe Gon Daing, Bahan Township, Yangon.
……….……………………………………………………….
Google Maps: https://maps.app.goo.gl/gRmuL9YWisw8xwtC7?g_st=ic







#本格的な日本料理
#お仕事後の一杯
#至福のひととき
#日本の味をヤンゴンにて

  Urchin  #သံပခြုပ် အမျိုးသားများအနားကပ်လာရင် တိုက်ခိုက်တတ်တဲ့ သံပခြုပ်ဆိုတာ..မြန်မာနိုင်ငံရှိ ချောင်းသာ၊ ငွေဆောင်နှင့် ...
26/03/2026

Urchin
#သံပခြုပ်


အမျိုးသားများအနားကပ်လာရင် တိုက်ခိုက်တတ်တဲ့ သံပခြုပ်ဆိုတာ..

မြန်မာနိုင်ငံရှိ ချောင်းသာ၊ ငွေဆောင်နှင့် တောင်ပိုင်းမြိတ်ကျွန်းစုကမ်းခြေများတွင် တွေ့မြင်ရသည့် သံပခြုပ်သည် ဒေသအခေါ်နာမည်ဖြစ်ပြီး အဂ်လိပ်အမည်မှာ ‘Sea Urchin’ဖြစ်သည်။

သံပခြုပ်(Sea urchin)မျိုးစိတ်များသည် သေးငယ်ကြပြီး ဆူးပါသာအရေပြား ပါရှိကြသည်။ အချိုးညီသောအနားတွန့် ၅ ခု ပါရှိပြီး လုံးဝန်းသောပုံသဏ္ဌာန်ရှိသည်။ မျိုးစိတ်ပေါင်း ၉၈၀ ခန့်ရှိပြီး ဒီရေအတက်အကျရှိရာဒေသများနှင့် ပင်လယ်ရေအနက် မီတာ ၅၀၀၀ ပင်လယ်ကြမ်းပြင်များအထိ တွေ့ရှိနိုင်သည်။

သံပခြုပ်၏ အရေခွံသည် ၃ စင်တီမီတာမှ ၁၀ စင်တီမီတာအထိ ရှိတတ်ပါသည်။ အနက်ရောင်၊ အစိမ်းရောင်၊ သံလွင်ရောင်၊ အညိုရောင်၊ ခရမ်းရောင်၊ အပြာရောင်၊ အနီရောင်စသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပြီး နှေးကွေးစွာ သွားလာတတ်ကြသည်။

၎င်းတို့သည် သူတို့၏ ဆူးချွန်များဖြင့် အန္တရာယ်များကို ကာကွယ်လေ့ရှိပြီး ပါးစပ်မှာ ၄င်းတို့ခန္ဓာကိုယ်၏ အောက်ဖက်တွင် ရှိကြသည်။ Carribbean နွယ်ဝင် Diadema antillarum သံပခြုပ်မျိုးမှာ ၁၀ စင်တီမီတာမှ ၂၀ စင်တီမီတာအရှည် ရှိတတ်ပါသည်။

သံပခြုပ်များသည် အခြေခံအားဖြင့် အသီးအရွက်စား ( herbivores) များဖြစ်ကြပြီး အသက် ၂ နှစ်ခန့်တွင် လိင်အားဖြင့်အရွယ်ရောက်သည်။ ရေချိုနှင့် မိုးရေကိုအလွန်ကြောက်ကြပြီး မိုးလယ်မိုးကြီးချိန်များတွင် သံပခြုပ်များ အများအပြားသေဆုံးလေ့ရှိကြပါသည်။

သံပခြုပ်မျိုးပွားရာတွင်

သံပခြုပ်အမတစ်ကောင်သည် ဥပေါင်း ၁၀၀၀ ခန့် ဥချလေ့ရှိသည်။ အနီရောင် သံပခြုပ်များသည် အခြားသတ္တဝါများ၏ တိုက်ခိုက်ခြင်း မခံရပါက နှစ်ပေါင်း ၂၀၀ ခန့်ထိ အသက်ရှင်သန်နိုင်သည်။ သံပခြုပ်အမ ဥချထားသောဥများသည် ရေတွင်မျောနေကာ အဖိုမျိုးဥများနှင့် ထိတွေ့ပြီး နာရီအနည်းငယ်အတွင်းတွင် သန္ဓေအောင်ဥများဖြစ်၍ ၁၂ နာရီတွင် ဆဲလ်စတင်ကွဲသည်။ ၁၄ နာရီမှ ၂၀ နာရီတွင် Blastula အဆင့်၊ ၃၀ နာရီမှ ၅၀ နာရီအထိတွင် Gastrula အဆင့်၊ ၇၂ နာရီတွင် လက်တံ ၆ ခုပါသော Pluteus larva အဖြစ် ရောက်ရှိပါသည်။၆ပတ်မှ ၈ပတ်ခန့်အကြာတွင်နောက်ဆုံးရုပ်သွင်ကူးပြောင်းမှု ပြည့်စုံပြီး Juvenile အဆင့်သို့ ရောက်ရှိပါသည်။

သံပခြုပ်၏ပါးစပ်တွင် ကယ်လ်စီယမ်ကာဗွန်နိတ်ပါဝင်သော သွားပုံစံမေးရိုးတစ်ခုရှိသည်။ လျှာကဲ့သို့ ပွယောင်းနေပြီး အစာကို ကြိတ်ဝါးကာ အစာရေမြိုမှတဆင့် အစာအိမ်သို့ ပို့ဆောင်ပေးသည်။ မျက်စိမပါရှိသော်လည်း ထိတွေ့မှုအာရုံဖြင့် အလင်းရောင်နှင့် ဓာတုပစ္စည်းများကို ခံစားသိရှိနိုင်ပါသည်။

သံပခြုပ်ဆူးအန္တရာယ်

သံပခြုပ်၏ ဆူးများမှာ ဆွေးနေသောသံကဲ့သို့ရှိပြီး အလွန်ချွန်ထက်သည်။ စူးမိလျှင် ဆူးကြွေသွားပြီး အသားထဲမြုပ်ကျန်ခဲ့သည်။ စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ မခံမရပ်နိုင်အောင် နာသည်။ ပြီးလျှင် အပြင်းအထန် ယောင်ကိုင်းလာသည်။ ရက်အနည်းငယ်အတွင်း ယောင်သောနေရာ ပုပ်သွားတတ်သည်ဟုဆိုကြသည့်အတွက် ဆူးကို သတိထားစေလိုပါသည်။

သံပခြုပ်သည် ဆလုံများ အဓိကကြိုက်နှစ်သက်သော အစားအစာဖြစ်ပြီး ၄င်းတို့ အလွန်တရာ ခင်မင်ရသော မိတ်ဆွေများ၊ခေါင်းဆောင်/အကြီးအကဲများကိုသာ ရှာဖွေကျွေးမွေး လက်ဆောင်ပေးတတ်ကြသည်။ တော်ရုံသင့်ရုံခင်မင်သူများအား သံပခြုပ် မကျွေးတတ်ဟု သိရသည်။

ဆလုံလူမျိုးများသည် သံပခြုပ်ကောင်အား ညင်သာစွာခွာယူပြီး ဓားဖြင့်ခွဲကာ အတွင်းရှိအသားများ (ခုံးကောင်၊ ခရုကောင်တို့၏အသားများကဲ့သို့)ကို ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ကြော်ခြင်းများ ပြုလုပ်စားသုံးကြသည်။ အသားမှာ ချိုအီပြီး ညှီသောအရသာရှိပါသည်။ သံပခြုပ်ကိုစားလျှင် သွေးအားကောင်းခြင်း၊ ဟော်မုန်းဓာတ်တိုးပွားခြင်းနှင့် ရာသီဥတုပူခြင်း၊ အေးခြင်းတို့ကို ခံနိုင်ရည်ရှိစေဟု ဆိုသည်။

သံပခြုပ်ကောင်၏ထူးခြားမှုမှာ ၄င်းတို့၏အနီးသို့ အမျိုးသားများချဥ်းကပ်လာပါက ဆူးတောင်များ​ထောင်ပြီး တိုက်ခိုက်လေ့ရှိပါသည်။အမျိုးသမီးများဖြစ်ပါက လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်စွာ နေထိုင်လျက်ရှိပါသည်။ ထို့ကြောင့် သံပခြုပ်များကို ဆလုံအမျိုးသမီးများကသာ ရှာဖွေဖမ်းဆီးခြင်း ပြုကြသည်။

သံပခြုပ်ကောင်များသည် အများအားဖြင့် ရေအောက်ကြမ်းပြင်ရှိ သဲနုန်းများနှင့် ကျောက်တန်း၊ ကျောက်ပုံများကြားတွင် နေထိုင်ကြသည်။ ၄င်းတို့ကို နင်းမိလျှင် သို့မဟုတ် ၄င်းတို့၏တိုက်ခိုက်ခံရလျှင် ဆူးများက လူ့အသားတွင် စိုက်ဝင်ကျိုးကျန်ခဲ့ပြီး အနာရင်းကာ ပြည်တည်ပြီး အသားပုပ်တတ်သဖြင့် အလွန်ကြောက်ဖို့ ကောင်းပါသည်။

သံပခြုပ်အတွင်းသား ကြိုက်တတ်သူမျအနေဖြင့် သံပခြုပ်ကြော်ကို ကြိုက်နှစ်သက်ကြသော်လည်း သံပခြုပ်ဖမ်းခြင်းကိုမူ လူတိုင်းမလုပ်ဆောင်ရဲကြဘဲ ပင်လယ်ပျော်မော်ကင်းများကသာ ဖမ်းဆီးရှာဖွေနိုင်ကြသည်။

ယခုနောက်ပိုင်းတွင် ပင်လယ်စာအနေနှင့် ပိုမိုခေတ်စားလာသော ချွန်ချွန်ထက်ထက် သံပခြုပ်လေးများသည် သမုဒ္ဒရာပင်လယ်ကျောက်ဆောင်အနီးတွင် ရှင်သန်နေထိုင်ကြပါသည်။ Uni(အူနီ)ဆိုသည်မှာ ဂျပန်အခေါ်အရ သံပခြုပ်၏ roe ဟုခေါ်သည့် မျိုးပွားအင်္ဂါလေးဖြစ်ပြီး အင်မတန်မှ နူးညံ့လှပါသည်။ တစ်ကောင်မှ Uni roe ဟုခေါ်သည့် အနှစ်လေးများကို အနည်းငယ်သာ ရပါသည်။ သံပခြုပ်များကို သဘာဝအတိုင်းဖမ်းယူရတာများပြီး မွေးမြူရတာခက်ခဲသည့်အတွက် Uni လေးများသည် စျေးကြီးလေ့ရှိပါသည်။ ဂျပန်လူမျိုးများကလည်း အလွန်ကြိုက်ကြပါသည်။

ကျန်းမာရေးအရဆိုလျှင်လည်း Uni(အူနီ)သည် salmon ငါးများကဲ့သို့ Omega-3 ကြွယ်ဝပြီး ပရိုတင်းကြွယ်သည့် ကျန်းမာရေးနှင့် ညီသည့် အစားအစာ တစ်မျိုးဖြစ်ပါသည်။ သံပခြုပ်၏ Uni(အူနီ)အရသာသည် ဆိမ့်ဆိမ့်လေးနှင့် အရသာအလွန်ရှိပြီး အနီးစပ်ဆုံးဆိုရလျှင် ကိုင်းဥကဲ့သို့ creamy ဆိမ့်ဆိမ့်လေးကို စားရသည့်အရသာနှင့် ဆင်တူပါသည်။ ဂျပန်လူမျိုးများသည် Uni(အူနီ)ကို ဆူရှီ(sushi)ထမင်းလိပ်ပြုလုပ်စားကြပြီး sashimiလိုလည်း အစိမ်းစားကြသည်က များပါသည်။

ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဆေးဖက်ဝင်သော သံပခြုပ်ကို စားခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်။ သံပခြုပ်တွင်-

၁။ အသားဓာတ်(Protein)ကြွယ်ဝခြင်း

သံပခြုပ်များသည် အသား၊ ငါးများကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် အသားဓာတ်ရနိုင်မည့် အရင်းအမြစ်တစ်ခုအဖြစ် စားသုံး၍ရပါသည်။ ထို့​ကြောင့်လည်း သံပခြုပ်အနှစ် ဂျပန်ထမင်းလိပ်ကို အခြားနိုင်ငံများတွင် လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးတွင် ပရိုတင်း(အသားဓာတ်) ၃.၂ ဂရမ် ပါဝင်ပါသည်။

၂။ အမျှင်ဓာတ်(Fiber)ကြွယ်ဝခြင်း

သံပခြုပ်ကိုစားလျှင် အုတ်ဂျုံနှင့် ဂျုံကြမ်းတို့ကဲ့သို့ အမျှင်ဓာတ်များများရနိုင်သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါသည်။ သံပခြုပ်ကို ဆက်တိုက်စားပေးပါက အမျှင်ဓာတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါသည်။

၃။ ဗီတာမင်-စီ(Vitamin-C)ပါဝင်ခြင်း

သံပခြုပ်တွင် Vitamin-C ပါဝင်သောကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီးရောဂါများကိုခုခံနိုင်စွမ်း ကောင်းမွန်စေနိုင်ပါသည်။ သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်များနှင့် အားဆေးမစားချင်ဘူးဆိုလျှင် သံပခြုပ်ကို စားသုံးနိုင်ပါသည်။

၄။ ခွန်အားတိုးစေခြင်း

သံပခြုပ်ကို ကျားခွန်အားတိုးစေသည့် အာဟာရအဖြစ် ဂျပန်တွင် လူသိများသည့်အပြင် သံပခြုပ်ဆူရှီကိုလည်း လူကြိုက်များပါသည်။ သံပခြုပ်သည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။ ထို့ပြင် လိင်စိတ်ဖြစ်ပေါ်မှုကိုလည်း အားပေးပါသည်။

၅။ ဗီတာမင်-အေ(Vitamin-A)ကြွယ်ဝခြင်း

ဗီတာမင်-အေ ကြွယ်ဝသော အစားအစာကိုရှာချင်သည်ဆိုလျှင် သံပခြုပ်ကို ညွန်ရမည်ဖြစ်သည်။ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့တွင်သာ အဓိကတွေ့ရတတ်သော Vitamin-A ကို သံပခြုပ်မှ လုံလောက်သည့်ပမာဏအထိ ရနိုင်ပါသည်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်အတွက် အားဖြည့်ပေးပါလိမ့်မည်။

၆။ ကယ်လိုရီ(Calories)ရနိုင်ခြင်း

ခန္ဓာကိုယ်ကြီးလှုပ်ရှားနိုင်ဖို့အတွက် ပါဝါဘဏ်များလို ခွန်အားပုံမှန်ဖြည့်ပေးဖို့လိုပါသည်။ ထိုပြဿနာကို သံပခြုပ်က ကူညီပေးနိုင်ပါသည်။ အရမ်းပင်ပန်းထားပြီးအားကုန်နေသည်ဆိုလျှင် ကယ်လိုရီကြွယ်ဝသော သံပခြုပ်ကိုစားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါသည်။ထို့ပြင် ကိုယ်တွင်းကလီစာများ၏လုပ်ဆောင်ချက်များကို မှန်ကန်သွားစေပြီး နှလုံးကိုလည်း ကျန်းမာစေပါသည်။

ထိုကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများလှသောသံပခြုပ်ကို နေရာတိုင်းတွင် အလွယ်တကူဝယ်ယူ၍ မရနိုင်သော်ငြား မိမိကိုယ်တိုင်ကမ်းခြေရောက်နေပြီဆိုလျှင်တော့ စားဖြစ်အောင်စားကြည့်စေချင်ပါသည်။

သတိပြုရမည့်အချက်များ

သံပခြုပ်တစ်ကောင်လုံးတွင် Uni(အူနီ)ဟုခေါ်သည့် သံပခြုပ်၏ မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုသည်သာ စားဖို့အတွက်သင့်တော်ပြီး ဆူးများဖြစ်သော Spine များမှာ အဆိပ်အရှိဆုံးနေရာ ဖြစ်ပါသည်။ သံပခြုပ်ကို စားသုံးသောအခါ Uni(အူနီ)ကိုသာစားသင့်ပြီး သံပခြုပ်အရှင်ကိုစားပါက ဆူးတွေသာမက သံပခြုပ်၏ ပါးစပ်နေရာကိုပါ သေချာသတိထားရှောင်ပြီး စားသုံးသင့်ပါသည်။ ထို့ပြင် သံပခြုပ်မျိုးကွဲ တချို့သည် အဆိပ်ပြင်းသောကြောင့် စားဖို့အတွက် လုံးဝမသင့်တော်သည့်ထဲတွင် ပါဝင်ပါသည်။

စားလို့ရသော သံပခြုပ်၏ အဆိပ်မိသွားလျှင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ မရောက်ရှိနိုင်သော်လည်း နာကျင်ခြင်း၊မူးနောက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်းနှင့် အင်အားလျော့နည်းခြင်းအစရှိသော ပြင်းထန်သည့်ရောဂါလက္ခဏာများကို ခံစားရနိုင်သ​ဖြင့် မပေါ့မလျော့ပဲ သေချာကုသသင့်ပါသည်။

သံပခြုပ်၏ ပါးစပ်သည် ၄င်း၏ခန္ဓာကိုယ်အောက်တည့်တည့်တွင် ရှိပါသည်။ ပါးစပ်ကို ရှောင်ရမည့်အကြောင်းအရင်းမှာ ကိုက်တတ်၍ဖြစ်သည်။ ကိုက်လိုက်လျှင် အဆိပ်ရှိတတ်သည်မို့ ရှောင်သင့်ပါသည်။ သံပခြုပ်သည် စားသုံးရန်အတွက် အန္တရာယ်ရှိနိုင်သော ပင်လယ်စာတစ်ခုဖြစ်သော်လည်းအရသာရှိသည့်အပြင် လူသားများအတွက် အာဟာရဖြစ်စေသော Vitamin နှင့် Protein များ ပါဝင်သောကြောင့် စားသုံးဖို့သင့်တော်သော ပင်လယ်စာတစ်ခုလည်း ဖြစ်ပါသည်။

#သံပခြုပ် #ပင်လယ်စာ #ချောင်းသာ #ငွေဆောင် #ငပလီ

#စာသား

"အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

လာရောက်တွေ့ဆုံ အားပေးတဲ့သူငယ်ချင်းများကိုအထူးကျေးဇူးတင်ရှိပါသည်
15/03/2026

လာရောက်တွေ့ဆုံ အားပေးတဲ့သူငယ်ချင်းများကိုအထူးကျေးဇူးတင်ရှိပါသည်

🏮 Kokoro Izakaya ၏ ပျော်ရွှင်ဖွယ်ရာပတ်ဝန်းကျင်တွင်မွေးနေ့လာရောက်ကျင်းပသည့် သူငယ်ချင်း ဒေါက်တာအောင်သူနှင့်မဟေသီ မွေးနေ့လတ...
15/01/2026

🏮 Kokoro Izakaya ၏ ပျော်ရွှင်ဖွယ်ရာပတ်ဝန်းကျင်တွင်
မွေးနေ့လာရောက်ကျင်းပသည့် သူငယ်ချင်း ဒေါက်တာအောင်သူနှင့်မဟေသီ မွေးနေ့လတူ သားအမိ သီသီနှင့်သားသားတို့ကိုအထူးကျေးဇူးတင်ရှိပါသည်။

ပျော်ရွှင်မှုများနှင့်အမှတ်တရအဖြစ်များဖြင့်ပြည့်နှက်ပါစေ၊
ဘဝ၏အရသာအသစ်တိုင်းကို စူးစမ်းရှာဖွေနိုင်ပြီး
နေ့ရက်တိုင်းသည် အနှစ်အဓိပ္ပါယ်များစွာနှင့် ပြည့်ဝစွာ
ဖြတ်သန်းနိုင်ကြပါစေ။

Happy Birthday Thi Thi & Thar Thar 🎁🎂🎊🎉🎈

🏮🏮သင့်ရဲ့တနေ့တာ ပင်ပန်းနွမ်းနယ်နေမှုများ 🧧🧧🧧Kokoro မှာ ရှင်သန်နေမယ် 🪭🪭🪭

𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗳𝗿𝗼𝗺 𝘁𝗵𝗲 𝗛𝗲𝗮𝗿𝘁, 𝗞𝗢𝗞𝗢𝗥𝗢 𝗜𝘇𝗮𝗸𝗮𝘆𝗮 🍜🍱🍣🍙

Address; No.281(C), Shwe Gon Daing Road, Middle Shwe Gon Daing, Bahan Township, Yangon.☎️ 09266888705 / 09266888706
……….……………………………………………………….
Google Maps: https://maps.app.goo.gl/gRmuL9YWisw8xwtC7?g_st=ic




ကသမျှင်ငါးကသမျှင်ငါးမှာ croaker(ငါးပုတ်သင်) အုပ်စုတွင် ပါဝင်သည်။ တန်ဖိုးကြီး စီဖေါင်းပါပြီး ရှားပါးငါးဖြစ်သည်။ စီဖေါင်းမ...
08/01/2026

ကသမျှင်ငါး
ကသမျှင်ငါးမှာ croaker(ငါးပုတ်သင်) အုပ်စုတွင် ပါဝင်သည်။ တန်ဖိုးကြီး စီဖေါင်းပါပြီး ရှားပါးငါးဖြစ်သည်။ စီဖေါင်းမှန်သမျှ ဈေးကောင်းကြပါသည်။ ငါးစီဖေါင်းမှာ အင်္ဂလိပ်လို (swimbladder (or) gas bladder (or) fish maw (or) air bladder) ဟုခေါ်ဆိုကြပါသည်။ ငါးစီဖေါင်းများတွင် ကသမျှင်ငါးစီးဖေါင်းများသည် အလွန်ဈေးကောင်းပြီး သိန်းရာချီ အဖိုးတန်လှပေသည်။ အထီးမှာ စီဖေါင်းအသားထူပြီး အမထက် ဈေးပိုရပါသည်။ ဥပမာ - ငါးတစ်ကောင် ပိဿာ (၂၀)ရှိလျှင် စီဖေါင်းခန့်မှန်းခြေ (၂၀) သား လောက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူများ ခန့်မှန်းကြပါသည်။

ထိုငါးများမှာ ရှားပါးငါးမျိုးစိတ်ဖြစ်ပြီး ငါးများ၏ အကောင်အရွယ်အစားမှာ (၆)ပေခွဲခန့် မျှ ကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် (၁၀၀) ကီလိုဂရမ်ထိရှိတတ်ပါသည်။ အရောင်မှာ ရွှေရောင်၊ ငွေရောင် (၂)မျိုးရှိသည်ဟု သိရပါသည်။ ထိုငါးများမှာ ရေချိုနှင့် ရေငန် ပေါင်းစပ်သည့် မြစ်ချောင်းများထဲ၌ နေထိုင်တတ်ကြပါသည်။ ငါးစီဖေါင်းမှာ ငါးအားလုံးတွင် မပါရှိကြပါ။ အရိုးများသောငါး၊ ရေချိုငါးများနှင့် ပင်လယ်ငါးအချို့၌သာ ပါရှိပါသည်။

ကသမျှင်ငါးများကို ကံကောင်းသူများမှသာ ရမိကြတတ်ပါသည်။ ထိုငါးများမှာ ပိုက်တွင် ဖမ်းမိသည်နှင့် တစ်ပြိုင်နက် သေဆုံးကုန်သည်က များပါသည်။ အရှင်မိဖို့ အလွန်နည်းပါးလှပါသည်။ တကူးတက ရှာဖွေဖမ်းဆီးပါက မရတတ်သလို ကံစပ်မှသာ ရမိကြသည်ဟု သိရပါသည်။ ထိုငါးရပါက ရေလုပ်သားများသည် ထီဆုကြီးပေါက်သကဲ့သို့ ပျော်ရွှင်ကြပါသည်။ ကသမျှင်ငါးရပြီးတည်းက ငါးလုပ်သားများ ငါးဖမ်းတာကိုရပ်လိုက်ကြရပါသည်။ ဆက်ဖမ်းပါက ရှိသမျှကုန်သည်ဟု ဆိုကြပါသည်။

ကသမျှင်ငါးကို
Scientific Name - Bahaba taipingensis
English Name - Chinese Bahaba (or) Yellow Croaker ဟုသိရပါသည်။

ကသမျှင်ငါးကို ဖမ်းမိပါက စီဖေါင်းအနေအထားသိရှိရန် ဝမ်းဗိုက်ကို လက်ဖြင့်စမ်းပြီး စီဖေါင်းအထူအပါးကို ခန့်မှန်းပြီး ဈေးပေးကြပါသည်။

ကသမျှင်ငါးစီဖေါင်းမှာ လူမမာများအတွက် အင်အားပြည့်ဖြိုးစေသည်ဟု သိရပါသည်။ နှလုံးကို အကျိုးပြုသည်ဟုလည်း သိရဖူးပါသည်။ တရုတ်လူမျိုးများ ဆေးဝါးဖော်စပ်ရာ၌လည်းသုံးကြပြီး အလွန်အဖိုးတန်လှပါသည်။ ထို့ပြင် တန်ဖိုးကြီးရေမွှေးများထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ အာရပ်လူမျိုးများ ကလေးမွေးပြီး မီးနေသည့်ဘဝမှာ ကသမျှင်ငါးစီဖေါင်းကို မီးရှို့အငွေ့ရှူကြသည်ဟု ဆိုကြပါသည်။ တချို့တရုတ်လူမျိုးနွယ်စုတစ်မျိုးမှာ ယောက်ျား (သို့မဟုတ်) မိန်းမ တင်တောင်းရာတွင် သုံးကြပါသည်။

ကသမျှင်ငါးကို Lucky ငါးဟုလည်း ခေါ်ဆိုကြပါသည်။ စီဖေါင်းကို တချို့မှာ နေပူမလှန်းကြသည်မှာ အလေးချိန်စီးအောင်ဖြစ်ပါသည်။ စီဖေါင်းတွင် သွေးစွန်းရာ၊ ပွန်းပဲ့ရာ၊ စီဖေါင်းအတံရှည်ထိပ်ပိုင်းလေး ပဲ့နေပါက ဈေးကောင်းမရကြပေ။ ထို့ကြောင့် ယခုနောက်ပိုင်း အကောင်လိုက်ရောင်းကြခြင်းဖြစ်ပါသည်။ စီဖေါင်းအရောင်လှလေ ဈေးကောင်းရလေဖြစ်သည်။ အထီးစီဖေါင်းက ရှည်မျောမျောလေးဖြစ်ပြီး အမစီဖေါင်းက ဝိုင်းသည်ဟု ဆိုကြပါသည်။ အထီးစီဖေါင်းမှာ အလယ်ကထူပြီး ဘေးပတ်ချာလည်က ပါးပါသည်။ အမစီဖေါင်းက တစ်ချပ်လုံးပါးပါသည်။ ကျည်ကာမှန်ပြုလုပ်ရာမှာလည်း အသုံးပြုကြပါသည်။ ကသမျှင်ငါး ရွှေရောင်နှင့် ငွေရောင် (၂)မျိုးတွင် ရွှေရောင်က ဈေးပိုရပါသည်။ စီဖေါင်းအခြောက်ကို နေရောင်တွင် ထောင်ကြည့်ပါက ရွှေရောင်လဲ့လဲ့၊ ငွေရောင်အမှုန်လေးများ မြင်တွေ့ရပါသည်။

အသားမှာ ကြမ်းသည်ထင်ရသော်လည်း အရသာရှိသော ငါးတစ်မျိုးဖြစ်ပါသည်။ အသားကနူးညံ့၍ အရေခွံမှာ စားလျှင် ထုတ်ထုတ်နှင့် စား၍ကောင်းသည်ဟု ဆိုကြပါသည်။ အသားရော စီဖေါင်းပါ အသုံးဝင်လှပါပေသည်။

ပင်လယ်ပြာ(ငါးလုပ်ငန်းဦးစီးဌာန)

#အော်ဂဲနစ်ဈေး #အစားအသောက်ပညာရေး #အာဟာရကို #ဆေးဝါးအဖြစ် #ယူဆောင်လာရမည့် #အချိန်ဖြစ်ပါတယ်

ဓ ဓနိပင် အသုံးဝင်ဓနိသီး (Nipa Plam)ဓနိပင်၏ အသုံးဝင်ပုံ။စားလို့အလွန်ကောင်းပါတယ်။ဓနိရည်ပျစ်နေအောင်ကျိုချက်ပြီးမုန့်လုပ်စား...
05/01/2026

ဓ ဓနိပင် အသုံးဝင်

ဓနိသီး (Nipa Plam)

ဓနိပင်၏ အသုံးဝင်ပုံ။

စားလို့အလွန်ကောင်းပါတယ်။

ဓနိရည်

ပျစ်နေအောင်ကျိုချက်ပြီး

မုန့်လုပ်စားလို့ရပါတယ်။

ဓနိရည်ကို

အရက်လည်းချက်ပါတယ်။

ဓနိရည်ကိုသကာရည်

(ထန်းလျှက်လို)လည်းချက်ပါတယ်။

ဟင်းထဲထည့်ချက်ရန်သုံးပါတယ်။

ဓနိရွက်နု

ကောက်ညှင်းထုပ်လုပ်စားလို့ရ၊

အနံ့မွှေး။

ဓနိဖူး

ဟင်းချက်စား။

သုပ်စားကြပါတယ်။

ဓနိဖူးကထွက်တဲ့သန့်စင်တဲ့

ပအုန်းရည်ကတော့အချဉ်,

ကတ်ကြေးကိုက်။ငပိသုပ်။

ထားဝယ်မုန့်လက်သုပ်နဲ့

အခြားအစားအစာ

အမြောက်အများ

လုပ်စားလို့ရပါတယ်။

အလွန်ကောင်းတဲ့အရသာပါ။

အကြိုက်ဆုံးကတော့

ဓနိရည်နဲ့အသီးပါဘဲ။

ပစိဖိတ်၊ အိန္ဒိယသမုဒ္ဒရာများ၏ မြစ်ဝနှင့်ကမ်းရိုးတန်းတွင်ပေါက်သော ဒေသရင်းအုန်းမျိုးစိတ်

ဓနိသည် ပင်လယ်ဒီရေ ရောက်ရှိသော နေရာများတွင် ပေါက်ရောက်ဖြစ်ထွန်းသည်။ မြစ်ကမ်းနားစပ်၊ ချောင်းကမ်းနားစပ် စသည်တို့တွင် ဓနိများ ပေါက်ရောက်လျက် ရှိသည်ကို တွေ့မြင်နိုင်သည်။ ဓနိပျစ်ကို အိမ်အမိုးအတွက် အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးမြစ်ကမ်းဘေးနှင့် ဧရာဝတီဒေသတို့တွင် ဓနိများ ထွက်ရှိသည်။

အရွက်နှင့် အရိုးသည် အစိမ်းရောင်ရှိသည်။ ဓနိရွက်များမှာ အုန်းလက်ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။ သို့သော် ဓနိလက်သည် အုန်းလက်ထက် ပို၍ အပြားကြီးသည်။ ကျေးလက်ဒေသများတွင် ဓနိ၏ အရိုးအခြောက်များနှင့် ( အရပ်အခေါ် - ဓနိဘောင်) အခြောက်များကို ထင်းမီးအတွက် အသုံးပြုကြသည်။ ထို့ပြင် ဓနိရိုးကို ခြံစည်းရိုး အကာအရံ အဖြစ်လည်းကောင်း၊ အိမ်နံရံအကာအဖြစ်လည်းကောင်း အသုံးပြုကြသည်။
ဓနိရွက်အနုများ၏ သင်းပျံ့သော ရနံ့ကြောင့် ကောက်ညှင်းထုပ် ပြုလုပ်ရာတွင် ဖတ်အဖြစ်လည်း အသုံးပြုကြသည်။ ထိုအခါ ကောက်ညှင်းထုပ်သည် ဓနိ၏ သင်းပျံ့သောရနံ့တို့ဖြင့် စားချင်စဖွယ် ဖြစ်လာသည်။ ရခိုင်ဘာသာစကားဖြင့် ရီအုန်းပင်ဟု ခေါ်သည်။

ဓနိပျစ် ပြုလုပ်ပုံ

ကျေးလက်ဒေသများတွင်သာမက မြို့ပြတွင်လည်း ဓနိပျစ်ကို မိုးရာသီတွင် မိုးဒဏ်မှ ကာကွယ်ရန် အတွက် အမိုးအကာအဖြစ် အသုံးပြုကြသည်။
ဓနိပျစ် ပြုလုပ်ရန် ပထမဦးစွာ ဓနိတောများမှ လုံလောက်စွာ သက်တမ်းရင့်သော ဓနိလက်များကို ခုတ်ယူရသည်။ ထိုခုတ်ယူထားသော ဓနိလက်များမှ အရွက်ကို ဓားဖြင့် အရွက်၏ အရင်းနားမှ ကပ်ကာ ဖြတ်ယူသည်။ ထို ဓနိရွက်များကို စနစ်တကျ ဓနိအရိုး၏ အကြောကို ကြိုးအဖြစ် အသုံးပြုကာ ပန်းစည်းများကဲ့သို့ ထုပ်ပိုးချည်နှောင်သည်။ ၎င်းချည်ပြီးသည်များကို အရပ်အခေါ် ဓနိပေါ ဟု ခေါ်သည်။ အရေအတွက် တစ်ခုအတွက် တစ်ပေါ၊ နှစ်ခုအတွက် နှစ်ပေါ အစရှိသဖြင့် ရေတွက်သည်။
ဓနိတောထဲရှိ ဓနိပေါများကို ဓနိပျစ်မည့်နေရာ သို့မဟုတ် အိမ်သို့ သယ်ယူကြသည်။ ဓနိတံအတွက် ဝါးပိုးကဲ့သို့သော အခေါင်းပွသည့် ဝါးကို ဓားဖြင့်စိတ်ကာ ပြုလုပ်ကြသည်။ ဝါးတံကို ဓနိရွက်၏ အလယ်တွင်ထား ခေါက်ချိုးညီ အပြားပုံစံပြုလုပ်ကြသည်။ ထို့နောက် ဓနိရွက်ရှိ အူတိုင်ချောင်းဖြင့် ကန့်လန့်ဖြတ် ထိုးဖောက်ကာ ကျွတ်မထွက်သွားအောင် ပြုကြသည်။ ဓနိထိုးပြီးသည်ကို ချက်ချင်းအသုံးပြုသည်လည်း ရှိ၏။ သို့မဟုတ်ဘဲ ထိုးပြီးသော ဓနိပျစ်များကို နှပ်ပြီးမှ အသုံးပြုသည်လည်း ရှိသည်။ ဓနိပျစ်ကို နှပ်ရာတွင် (၇) ရက် (၈) ရက်ခန့် ကြာသည်။ နှပ်သည့်နည်းမှာ ဓနိပျစ်များကို လေလုံနေလုံအောင် ပတ်ပတ်လည်တွင် ကာရံထားခြင်းဖြစ်သည်။ ပထမဦးစွာ ဓနိပျစ်များကို ပတ်ပတ်လည်တွင် ကောက်ရိုးဖြင့် အုပ်၏။ ထို့နောက် ရွှံ့ပျော့ သို့မဟုတ် ရွှံ့ပျော့နှင့် နွားချေးကိုစပ်ကာ အပေါ်ယံမှ မံ၏။ ဤနည်းဖြင့် ဓနိပျစ်ကို နှပ်ကြသည်။ ဓနိပျစ်ကို အမိုးအကာ အလို့ငှာ အလိုရှိသလို အသုံးပြုကြသည်။

ရေသေရေထရက်နှင့် ဓနိပင်

ရေငန်ကြိုက် ဓနိဖက်များတွင် အချို့မှာ သုံးလေးနှစ်ကြာသည် အထိ ပိုးမစား၊ မပျက်စီးဘဲ ခိုင်ခံ့သည်လည်း ရှိသကဲ့သို့၊ အချို့မှာ တနှစ်အတွင်း ပိုးစား၊ ဆွေးမြေ့ပျက်စီးသွားသည်ကို တွေ့ရမည်။ ယင်းမှာ ဓနိပင်၏ အရည်အသွေးနှင့် မသက်ဆိုင်လှဘဲ ခုတ်ယူသည့် အချိန်ကာလ ဖြစ်သော ရေသေရေထရက်နှင့် သက်ဆိုင်သည်။ ပိုးစားလွယ်သော ဓနိဖက်သည် ရေထရက်များ၌ ခုတ်ယူသော ဓနိပင်မှ ပျစ်ထားကြောင်း၊ ကြာရှည်ခံလှသော ဓနိဖက်သည် ရေသေရက်များ၌ ခုတ်ယူပျစ်ထားကြောင်း ဆိုကြသည်။

ဓနိသီး

ဓနိသီးသည် စားသောက်၍ ရနိုင်သော အသီးဖြစ်၏။ ဓနိခိုင်မှာ အဝိုင်းပုံစံရှိသည်။ ဓနိသီးများသည် နုနယ်စဉ်တွင် အသီးထဲ၌ အရည်သာရှိ၍ ရင့်လာသော အခါ အဆံတည်ပြီးလျှင် စားသောက်၍ ရနိုင်၏။ အဆံမှာ အဖြူရောင်ဖြစ်ပြီး ထန်းသီးကဲ့သို့ပင် ခွဲစားရ၏။ အဆံမှာ ဘဲဥပုံစံရှိပြီး အရွယ်မှာ များသောအားဖြင့် ငုံးဥခန့် သို့မဟုတ် ထို့ထက်အနည်းငယ် ကြီး၏။ အသီးတစ်ခုတွင် အဆံတစ်ခုသာပါရှိသည်။

🏮 Kokoro Izakaya မှ မင်္ဂလာနှစ်သစ်ဆုတောင်းခြင်း🏮🗓️နှစ်သစ်တွင်-အရသာသစ်၊ ပျော်ရွှင်မှုသစ်၊ အောင်မြင်မှုသစ်များ ပြည့်ဝပါစေ။...
31/12/2025

🏮 Kokoro Izakaya မှ မင်္ဂလာနှစ်သစ်ဆုတောင်းခြင်း🏮

🗓️နှစ်သစ်တွင်-
အရသာသစ်၊ ပျော်ရွှင်မှုသစ်၊ အောင်မြင်မှုသစ်များ ပြည့်ဝပါစေ။
Kokoro ၏ နွေးထွေးသော ဧည့်ခံမှုဖြင့် နှစ်သစ်ကို ကြိုဆိုပါသည်။

ကျန်းမာချမ်းသာ၊ စိတ်ချမ်းသာကြပါစေ။
明けましておめでとうございます!
နှစ်သစ်မင်္ဂလာပါ!

Kokoro အဖွဲ့သားအားလုံးထံမှ🎎

🏮🏮သင့်ရဲ့တနေ့တာ ပင်ပန်းနွမ်းနယ်နေမှုများ 🧧🧧🧧Kokoro မှာ ရှင်သန်နေမယ် 🪭🪭🪭

𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗳𝗿𝗼𝗺 𝘁𝗵𝗲 𝗛𝗲𝗮𝗿𝘁, 𝗞𝗢𝗞𝗢𝗥𝗢 𝗜𝘇𝗮𝗸𝗮𝘆𝗮 🍜🍱🍣🍙

Address; No.281(C), Shwe Gon Daing Road, Middle Shwe Gon Daing, Bahan Township, Yangon.☎️ 09266888705 / 09266888706
……….……………………………………………………….
Google Maps: https://maps.app.goo.gl/gRmuL9YWisw8xwtC7?g_st=ic




No. 281(C Shwegondaing Rd, Yangon 11201, Myanmar (Burma)

Address

No. 281(C), Shwe Gon Daing Road, Middle Shwe Gon Daing, Bahan Township
Yangon
11201

Opening Hours

Monday 11:00 - 22:30
Tuesday 11:00 - 22:30
Wednesday 11:00 - 22:30
Thursday 11:00 - 22:30
Friday 11:00 - 22:30
Saturday 11:00 - 22:30
Sunday 11:00 - 22:30

Telephone

+959266888705

Website

Alerts

Be the first to know and let us send you an email when KOKORO Japanese Izakaya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to KOKORO Japanese Izakaya:

Share

Category