Cane & Coco

Cane & Coco Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cane & Coco, Smoothie & Juice Bar, အမှတ် ၁၅ဝ/က၊ပန်းခြံလမ်း နှင့် ဗားကရာလမ်းထောင့်၊ စမ်းချောင်း, Yangon.

Cane&Coco just more than a juice business- it’s a lifestyle 🙌, with making delicious, healthy drinks from nature's finest foods. 🍓🍓🍠 We make cane juice and coconut water with love 💕 Join us on a journey to rediscover the taste of real refreshment! 😍

မင်္ဂလာရှိသောမြန်မာနှစ်ဆန်း ၁ရက်နေ့အခါသယမမှာ စိတ်သစ်၊ လူသစ်၊ခွန်အားသစ်များနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း...
17/04/2026

မင်္ဂလာရှိသောမြန်မာနှစ်ဆန်း ၁ရက်နေ့အခါသယမမှာ စိတ်သစ်၊ လူသစ်၊ခွန်အားသစ်များနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဂရုစိုက်ကြပါ ကာကာတို့ရေး
01/04/2026

ဂရုစိုက်ကြပါ ကာကာတို့ရေး

မနက်ဖြန်ဧပြီ (၁) ရက်ကစပြီရန်ကုန်အပါအဝင် တစ်ပြည်လုံး အထူးသတိထားကြပါ

အခုရက်ပိုင်း ရာသီဥတုက တကယ်ကို အသက်ရှူရခက်လောက်အောင် ပူပြင်းနေပါတယ်ရှင်။ ကမ္ဘာ့အပူချိန်သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Eldorado Weather ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့အပူဆုံးမြို့ (၁၅) မြို့စာရင်းမှာ မြန်မာနိုင်ငံက မြို့လေးမြို့တောင် ပါဝင်နေပြီဖြစ်ပါတယ်။ အထူးသဖြင့် မင်းဘူးမြို့ဟာ အပူချိန် ၄၂.၂ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့ဒုတိယအပူဆုံးမြို့ အဖြစ် သတ်မှတ်ခံထားရပါတယ်ရှင်။

ဒါတင်မကသေးပါဘူး၊ တောင်ငူ (အဆင့် ၉)၊ မကွေး (အဆင့် ၁၁) နဲ့ ပဲခူး (အဆင့် ၁၃) တို့ဟာလည်း ကမ္ဘာ့အပူဆုံးစာရင်းထဲမှာ အသီးသီး ပါဝင်နေပါတယ်။

⚠️ ရန်ကုန်တိုင်းနဲ့ အခြားဒေသများအတွက် အထူးသတိပေးချက်
လာမယ့် ဧပြီလ (၁) ရက်နေ့ကနေ (၆) ရက်နေ့အတွင်း ရန်ကုန်တိုင်းအပါအဝင် ဒေသအတော်များများမှာ အခုလက်ရှိပူနေတာထက် များစွာပိုပူလာမယ် လို့ ခန့်မှန်းထားပါတယ်ရှင်။ အချို့နေရာတွေမှာ အပူလှိုင်း (Heat Wave) ဖြတ်နေသလိုမျိုး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပြီး နေ့ဘက်တင်မကဘဲ ညဘက်အပူချိန်တွေပါ တိုးလာမှာဖြစ်လို့ အောက်ပါအချက်တွေကို အထူးဂရုစိုက်ပေးကြပါရှင်။အပူလိုင်းဖြတ်တာမဟုတ်ဘဲ အပူလှိုင်းဖြတ်သကဲ့သို့ ပူပြင်းနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူ ဒေါက်တာစိုင်းခွန်အာကာ ကသတိပေးထားတာပါ၊

ရေဓာတ်ဖြည့်တင်းပါ: ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ရေကို မကြာခဏ အနည်းငယ်စီ သောက်ပေးပါ။

နေရောင်ခြည်ကို ရှောင်ပါ: အပြင်ထွက်ရင် ထီး၊ ဦးထုပ် ဆောင်သွားပါ။ တတ်နိုင်သမျှ အပူရှိန်ပြင်းတဲ့ အချိန်တွေမှာ အပြင်မထွက်ပါနဲ့။

ကလေးနဲ့ လူကြီးများကို ဂရုစိုက်ပါ: အပူဒဏ်ကို ခံနိုင်ရည်နည်းတဲ့ ဘိုးဘွားများ၊ ကလေးငယ်များနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို အထူးစောင့်ရှောက်ပေးကြပါရှင်။

ဒီသတင်းစကားကို မိမိတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်အောင် ဝိုင်းဝန်း Share ပေးခြင်းဖြင့် ကူညီပေးကြပါဦးရှင်။ အားလုံးပဲ အပူဒဏ်ကနေ ဘေးကင်းကြပါစေ။ 🙏✨

ရန်ကုန်တိုင်း အတွင်းနေ့အပူချိန်များ အမြင့်ဆုံးအပူချိန် ၃၅°C မှ ၃၈°C အထိမြင့်တက်လာနိုင်ပါတယ်။ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင...
28/03/2026

ရန်ကုန်တိုင်း အတွင်းနေ့အပူချိန်များ အမြင့်ဆုံးအပူချိန် ၃၅°C မှ ၃၈°C အထိမြင့်တက်လာနိုင်ပါတယ်။

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် မတ်လကုန်နှင့် ဧပြီလအတွင်း နေ့အပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်ပြီး နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရောက်ရှိနိုင်သောကြောင့် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲမထွက်ရန် ဆင်ခြင်သင့်ပါသည်။

အပူချိန်မြင့်တက်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည် တိုးမြင့်ကျရောက်မှုကြောင့် အပူရှပ် (Heat Stroke) ဖြစ်ပွားနိုင်ခြင်း၊ ဦးနှောက်သွေးကြောပြတ်နိုင်ခြင်း၊ သတိလစ်ခြင်း၊ ကြွက်တက်ခြင်းနှင့် နွမ်းနယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်မှုများလည်း ဖြစ်ပေါ်နိုင်ပါတယ်။

ရေများများသောက်သုံးရန်နှင့် အပူဒဏ်ကာကွယ်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း အကြံပြုထားပါတယ်။✍️ U Win Naing

ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့မိရင် အသားအရေ ညိုမဲတာ၊ နေလောင်တာတင်မကဘဲ ရေရှည်မှာ မျက်စိတိမ်စွဲတာ၊ အရေပြား အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာနဲ့ အရေပြားကင်ဆာအထိ ဖြစ်နိုင်ခြေရှိလို့ မိမိကိုယ်ကိုရော မိသားစုကိုပါ ဂရုစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် နောက်ဆက်တွဲ
ကျန်းမာရေးပြဿနာတွေမခံစားရအောင် အောက်ပါအချက်လေးတွေကို အတူတူ လိုက်နာကြရအောင်နော်

(၁) နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ဆင်ခြင်ပါ

နေရောင်ခြည် အပြင်းဆုံးအချိန်ဖြစ်တဲ့ နံနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်း အပြင်ထွက်တာ ဒါမှမဟုတ် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။

(၂) အကာအကွယ် ပစ္စည်းလေးတွေ ဆောင်ထားပါ

အပြင်သွားတဲ့အခါ အသားအရေကို တိုက်ရိုက်မထိအောင် ထီး၊ ဦးထုပ် စတာတွေ ဆောင်သွားပါ။ အဝတ်အစား ဝတ်ဆင်တဲ့အခါမှာလည်း ခရမ်းလွန်
ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ ချည်သားထူထူ ပွပွလေးတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။

မျက်စိကို ကာကွယ်ဖို့အတွက်လည်း UV Ray ကို
ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် တပ်ရင်အကောင်းဆုံးပါ။

(၃) နေရောင်ခံပစ္စည်းနဲ့ အသားအရေကို ထိန်းသိမ်းပါ

နေပူထဲမထွက်ခင် (၁၅) မိနစ်လောက်ကြိုပြီး လက်၊ လည်ပင်းနဲ့ ပခုံးစတဲ့ နေရာတွေကို သနပ်ခါး ထူထူလေး ဖြစ်ဖြစ်၊ SPF 15+ ပါတဲ့ Sunscreen ဖြစ်ဖြစ် လိမ်းပေးပါ။ နေပူထဲမှာ အကြာကြီးရှိနေမယ်ဆိုရင်တော့ (၂) နာရီခြားတစ်ခါ ထပ်လိမ်းပေးတာက အကောင်းဆုံးပါပဲ။

(၁၄) လူကြီးနဲ့ ကလေးငယ်တွေကို အထူးဂရုစိုက်ပါ
ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံစားရလွယ်တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးဘိုးဘွားတွေကို အထူးဂရုစိုက်ပေးပါ။ အသက်တစ်နှစ်အောက် ကလေးငယ်တွေကိုတော့ နေပူထဲ လုံးဝမခေါ်သွားဘဲ အေးမြတဲ့ အရိပ်ထဲမှာပဲ ထားပေးစေချင်ပါတယ် ။

12/03/2026

သောက်လိုက်ရင် ပါးစပ်ထဲမှာ နူးညံ့ပြီး ဆိမ့်အေးသွားတဲ့ အရသာကို ရှာနေတာလား? ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ Coco Smoothie ကိုသာ လာဝယ်သောက်လိုက်တော့

02/03/2026

ရိုးရိုး ကြံရည်လည်း မဟုတ်ဘူး၊ ရိုးရိုး အုန်းစိမ်းရည်
လည်း မဟုတ်ဘူး

ကျွန်တော်တို့ ဆိုင်ရဲ့ နာမည်ကို ကိုယ်စားပြုတဲ့ Coco Cane ပါ။

လတ်ဆတ်တဲ့ ကြံရည်စစ်စစ်ကိုမှ အုန်းသီးရဲ့ ဆိမ့်အေးတဲ့ အရသာနဲ့ အချိုးအစား အကျဆုံး ပေါင်းစပ်ထားတာပါ။

တစ်ငုံသောက်လိုက်တာနဲ့ လန်းဆန်းသွားစေမယ့်အပြင်၊ ဝါးလို့ကောင်းတဲ့ အုန်းသားနုနုလေးတွေက ထပ်ခါထပ်ခါ သောက်ချင်အောင် ဆွဲဆောင်နေမှာပါ။ 🤤🤤

ဝိတ်ချနေလို့ အချိုရည်တွေ ရှောင်နေရတဲ့သူတွေအတွက်... သဘာဝကပေးတဲ့ အချိုရည် (Nature's Sports Drink)ရာသီဥတုက ပူလာတော့ အချိုရည...
28/02/2026

ဝိတ်ချနေလို့ အချိုရည်တွေ ရှောင်နေရတဲ့သူတွေအတွက်... သဘာဝကပေးတဲ့ အချိုရည် (Nature's Sports Drink)
ရာသီဥတုက ပူလာတော့ အချိုရည်အေးအေးလေးတွေ သောက်ချင်တယ်။ ဒါပေမဲ့... ကယ်လိုရီများပြီး ဝိတ်တက်မှာ၊ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်နေကြလား?
ဒီပြဿနာတွေအားလုံးကို ဖြေရှင်းပေးနိုင်မယ့် သဘာဝရဲ့ လက်ဆောင်တစ်ခု ရှိပါတယ်။ အဲဒါကတော့ "အုန်းစိမ်းရည်" ပါပဲ။

ဘာကြောင့် အုန်းစိမ်းရည်ကို ရွေးချယ်သင့်တာလဲ?
👇
၁။ ကယ်လိုရီ အလွန်နည်းပါးခြင်း: တခြားအချိုရည်တွေလို သကြားတွေ အများကြီး မပါဝင်ဘဲ သဘာဝအချိုဓာတ်သာ ပါဝင်လို့ ဝိတ်ချနေသူတွေအတွက် အဆင်ပြေဆုံးပါ။
၂။ ချက်ချင်း လန်းဆန်းစေခြင်း) :ချွေးထွက်များပြီး နုံးနေတဲ့အချိန် သောက်လိုက်ရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ဆားတွေကို ချက်ချင်း ပြန်ဖြည့်ပေးလို့ လေ့ကျင့်ခန်းလုပ်တဲ့သူတွေတောင် အကြိုက်တွေ့တဲ့ သဘာဝ Energy Drink ပါ။
၃။ အသားအရေကို နုပျိုစေခြင်း: သူ့မှာပါတဲ့ Cytokinin ဓာတ်က ဆဲလ်တွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပြီး အသားအရေကို စိုပြည်စေပါတယ်။ Skin Care လုပ်သလိုပါပဲ။

ဒီလောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အုန်းစိမ်းရည်စစ်စစ်ကို... တခြား လတ်ဆတ်တဲ့ သဘာဝအရသာတစ်ခုနဲ့ ပေါင်းစပ်လိုက်ရင် ဘယ်လောက်တောင် မိုက်သွားမလဲ? 🤔

27/02/2026

ဒီနေ့အတွက် ကြံရည်လေးတစ်ခွက်ပေါ့

21/02/2026

Cane & Coco မှာတော့ ကြံရည်ရဲ့ သဘာဝအချိုဓာတ်ကို ပိုပြီး ထူးခြားသွားအောင် "ကြံတိမ်လွှာ" အဖြစ် ဖန်တီးပေးထားပါတယ်။ လတ်ဆတ်တဲ့ ကြံရည်အေးအေးလေးပေါ်မှာ Salted Coconut Foam လေးကို တိမ်လွှာလို ဖုံးအုပ်ပေးထားတာမို့ လိုက်ဖက်ညီတဲ့ ချိုဆိမ့်အရသာသစ်ကို ခံစားရမှာပါ။
ဒါတင်မကသေးဘူးနော်... ဝါးလို့ကောင်းတဲ့ ဂျယ်လီလေးတွေနဲ့ မြေပဲလှော်လေးတွေကလည်း အရသာကို ပိုပြီး ပြည့်စုံသွားစေမှာ အသေအချာပါပဲ။ "ကြံတိမ်လွှာ" ရဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်!

&Coco

19/02/2026

ကြံရည်သောက်ချင်ပေမဲ့ စက်တွေသန့်ရှင်းပါ့မလားလို့ စိတ်ပူနေဖူးလား? 🤔🎋
ကြံရည်ချိုချိုလေး သောက်ချင်ပေမဲ့ လမ်းဘေးကစက်တွေ မသန့်ရှင်းမှာကို စိုးရိမ်လို့ ရှောင်နေရတဲ့သူတွေ ရှိလားဗျ?
Cane & Coco မှာတော့ အရသာကောင်းဖို့တင်မကဘဲ Customer တွေရဲ့ ကျန်းမာရေးအတွက် "သန့်ရှင်းမှု (Hygiene)" ကို ပထမဆုံး ဦးစားပေးအဖြစ် ထားရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ဆိုင်ရဲ့ နေ့စဉ် စက်သန့်ရှင်းရေးလုပ်တဲ့ နောက်ကွယ်က ပုံရိပ်လေးတွေပါ။

13/02/2026

Cane & Coco မှာ ကာကာတို့ သောက်နေတဲ့ ကြံရည်တိုင်းက ဒီလို အဆင့်ဆင့် သန့်စင်မှုတွေ ဖြတ်သန်းထားတာပါ။ လမ်းဘေးက ရိုးရိုးကြံရည်တွေနဲ့ မတူတဲ့ Hygiene Standard ကို ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒီနေ့ပဲ မှာသောက်လိုက်တော့နော်!

🥤 တိမ်လွှာလိုနူးညံ့တဲ့ အရသာနဲ့ - 𝓒𝓪𝓷𝓮 & 𝓒𝓸𝓬𝓸 𝓒𝓵𝓸𝓾𝓭နွေပူပူမှာ ရေငတ်ပြေဖို့ ကြံရည်တစ်ခွက်လောက် အားကိုးရတာမျိုး မရှိပါဘူး။ ...
09/02/2026

🥤 တိမ်လွှာလိုနူးညံ့တဲ့ အရသာနဲ့ - 𝓒𝓪𝓷𝓮 & 𝓒𝓸𝓬𝓸 𝓒𝓵𝓸𝓾𝓭

နွေပူပူမှာ ရေငတ်ပြေဖို့ ကြံရည်တစ်ခွက်လောက် အားကိုးရတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကာကာတို့သောက်နေတဲ့ ကြံရည်က ရိုးရိုးသကြားရည်သက်သက်လား၊ ဒါမှမဟုတ် ခန္ဓာကိုယ်အတွက် တကယ်ပဲ အကျိုးပြုနေရဲ့လား?

Cane & Coco မှာတော့ ကျွန်တော်တို့က ကြံရည်ရဲ့ သဘာဝအနှစ်သာရကို အဆင့်မြင့်တဲ့ ဖန်တီးမှုတွေနဲ့ ပေါင်းစပ်ပေးထားပါတယ်။

✨ ကြံရည်သောက်ခြင်းရဲ့ ကောင်းကျိုးများ

*ချက်ချင်းစွမ်းအင်တိုးစေပြီး အမောပြေစေခြင်း။
*အာဟာရဓာတ်နှင့် သဘာဝ Electrolytes များ ကြွယ်ဝခြင်း။
*အသည်းနဲ့ ကျောက်ကပ် လုပ်ဆောင်ချက်တွေကို အထောက်အကူပြုခြင်း။

⚠️ ဒါပေမဲ့ သတိထားဖို့က အရာရာတိုင်းမှာ ဆိုးကျိုးဆိုတာလည်းရှိပါတယ်

* ဆီးချိုဝေဒနာရှင်တွေအနေနဲ့ အတိုင်းအတာနဲ့ သတိထားသောက်သုံးသင့်ပါတယ်။
* အဝလွန်ခြင်းကို ထိန်းသိမ်းနေသူတွေအတွက်လည်း အလွန်အကျွံ သောက်ဖို့ မသင့်တော်ပါဘူး။
* ဒါကြောင့် ကျွန်တော်တို့ဆီမှာ "အချိုလျှော့" မှာယူလို့ရသလို၊ သဘာဝအတိုင်း မွမ်းမံထားတဲ့ Menu တွေကိုပဲ အဓိကထား ဖန်တီးထားပါတယ်။

☁️ ကျွန်တော်တို့ရဲ့ Signature - Cane & Coco Cloud
ရိုးရိုးကြံရည်ကိုမှ အပေါ်ကနေ တိမ်လွှာလေးလို နူးညံ့ဆိမ့်အိနေတဲ့ Salted Coconut Foam လေး ဖုံးအုပ်ပေးထားတာပါ။ အုန်းနို့ရဲ့ အဆိမ့်နဲ့ ကြံရည်ရဲ့ အချိုဟာ "အီ" မသွားဘဲ လိုက်ဖက်ညီနေတာကို ခံစားရမှာဖြစ်သလို ဝါးလို့ကောင်းတဲ့ ဂျယ်လီ နှင့် မြေပဲ Topping လေးတွေပါ ပါဝင်မှာပါ။

လတ်ဆတ်သန့်ရှင်းမှုကို အဓိကထားတဲ့ **Cane & Coco** ရဲ့ ကြံရည်အသစ်အဆန်းတွေကို စမ်းသပ်ကြည့်ဖို့ စမ်းချောင်းကို လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်?

🛵 Delivery: အိမ်မှာပဲ အေးအေးဆေးဆေး သောက်ချင်ရင်တော့ FoodPanda နဲ့ GrabFood မှာလည်း မှာယူနိုင်ပါပြီ။

&Coco

Address

အမှတ် ၁၅ဝ/က၊ပန်းခြံလမ်း နှင့် ဗားကရာလမ်းထောင့်၊ စမ်းချောင်း
Yangon

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959400507250

Website

Alerts

Be the first to know and let us send you an email when Cane & Coco posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Cane & Coco:

Share