26/03/2026
တရုတ်နိုင်ငံရဲ့ပထမဆုံးအကင်လုပ်ငန်းဆိုင်ရာကောလိပ်ဖွင့်လှစ်
--------------------------
တကယ်လို့ အကင်အစားအစာကို လမ်းမလမ်းသွယ်တွေထဲက “လမ်းဘေး သာမန်ဆိုင်” သက် သက်ပဲလို့ သင် ထင်မြင်မိတယ်ဆိုရင်တော့ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ယွဲ့ယန်မြို့က သင့်ရဲ့အမြင်ကို အကြီးအကျယ် ပြောင်းလဲပစ်ဖို့ အသင့်ပြင်နေပါတယ်။ မကြာသေးမီ ရက်ပိုင်းက တရုတ်နိုင်ငံရဲ့ပထမဆုံး အကင်လုပ်ငန်းဆိုင်ရာ ကောလိပ်ဖြစ်တဲ့ ယွဲ့ယန်အကင်သင်တန်းကျောင်းဟာ ၂၀၂၆ ခုနှစ် အတွက် လူ့အဖွဲ့အစည်း တစ်ရပ်လုံးမှ “အတန်းပညာ+ ကျွမ်းကျင်မှု” ပေါင်းစပ်ထားသော အဆင့်မြင့် လူရည် ချွန်များကို ခေါ်ယူမည့် ကျောင်းဝင်ခွင့်ကြေညာချက်ကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေရာမှာ လူ ငယ်တွေ အနေနဲ့ လက်ရာမြောက်တဲ့ အကင် ပညာရပ်များကို သင်ယူခွင့်ရရှိနိုင်သလို နိုင်ငံတော် အသိ အမှတ် ပြု ဒီပလိုမာ လက်မှတ် ဒါမှမဟုတ် ဘွဲ့ လက်မှတ် တစ်ခုကိုပါ ရရှိနိုင်ပါတယ်။
ယွဲ့ယန်မြို့ဟာ နှစ်ပေါင်း ၄၀ နီးပါးအကြာ အကင်လုပ်ငန်းလုပ်ကိုင်ခဲ့ကြပြီး အကင်ဆိုင်ပေါင်း ၂,၀၀၀ ကျော်ရှိပြီး အကင်လုပ်ငန်းလုပ်ကိုင်သူ အယောက် ၅၀,၀၀၀ ကျော်ရှိတဲ့အပြင် နှစ်စဥ်ကုန်ထုတ်တန်ဖိုး ယွမ် ၂ ဘီလီယံ ကျော်ရှိပါတယ်။ အခုလိုမျိုး “လူနေမှုဘဝ” နဲ့မကင်းတဲ့ အကင်ပညာကို ကျွမ်းကျင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် အဆင့် မြှင့်တင်နိုင်ရန် အကင်သင်တန်းကျောင်းက ပြောင်းလွယ် ပြင်လွယ်တဲ့ပညာရေးစနစ်ကို အသုံးပြုထားပါတယ်။ “အွန်လိုင်းစာပို့ချမှု+ လက်တွေ့ စမ်းသပ်မှု” ပေါင်းစည်းထားတဲ့ ပညာသင်ကြားနည်းကို ပေါင်းစပ်သင်ကြားပေးမှာဖြစ်ရာ အလုပ်လုပ်ကိုင်နေသူများအတွက်လည်း အလုပ်တစ်ဖက်နဲ့ ပညာဗဟုသုတ ဆက်လက်ဆည်းပူးလိုတဲ့ အိပ်မက် ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါတယ်။
ယွဲ့ယန်အကင်သင်တန်းကျောင်းရဲ့သင်ရိုးညွှန်းတမ်းများမှာ ကုန်ကြမ်းရွေးချယ်ဝယ်ယူမှု၊ မီးသွေး အပူရှိန် ထိန်းချုပ်မှု၊ အရသာ ဖော်စပ်မှုများကနေ ဆိုင်ခန်းဖွင့်လှစ်မှု၊ ကုန်ကျစရိတ် စီမံခန့်ခွဲမှု၊ လုပ်ငန်းသစ် ပျိုးထောင်မှု၊ လုပ်ငန်းကွင်းဆက်ဆိုင်ရာ ကျွမ်းကျင်မှုတို့ စတာတွေကို အလုံးစုံလွှမ်းခြုံထားပါတယ်။ သင်ကြားမှု အရည်အသွေးကို အာမခံချက်ပေးနိုင်ဖို့ ယွဲ့ယန် အကင်သင်တန်း ကျောင်းရဲ့ပညာရှင် ကော်မတီအဖွဲ့ဝင်က “တရုတ်အကင်ရာဇဝင်နှင့်ယွဲ့ယန်အကင်သမိုင်းကြောင်း” “ယွဲ့ယန်အကင်ပညာ” “အကင်ဆိုင်လုပ်ငန်း လည်ပတ်မှု နှင့် စီမံခန့်ခွဲမှု” ဆိုတဲ့ သင်ရိုးညွှန်းတမ်း ၃ ခုကို ကိုယ်တိုင်ရေးသား ပြုစုခဲ့ကြပါတယ်။ သင်တန်းသားများကို သမားရိုးကျအကင်နည်းပညာ နားလည် တတ်မြောက်ပြီး ခေတ်မီ စီမံခန့်ခွဲမှုကိုလည်း တတ်မြောက်စေရန် ဝါရင့် အကင်ဆရာကြီး အယောက် ၃၀ ကျော် ကိုယ်တိုင် သင်ကြားပေးပါတယ်။ သင်တန်းသားများ ဘွဲ့လက်မှတ်ရပြီးတဲ့အခါ အဆင့်မြင့်ပညာရေး ကျောင်းသား ကျောင်းသူသတင်းအချက်အလက်စနစ်မှာ စုံစမ်းလို့ရနိုင်တဲ့ ပညာအရည်အချင်းဘွဲ့ကို ရရှိမှာဖြစ်သလို “တရုတ် အစားအစာစားဖိုမှူး (အကင်ဆရာ)” ပရော်ဖက်ရှင်နယ်လက်မှတ်ကိုလည်း ကိုင်ဆောင် ထားနိုင်မှာ ဖြစ်လို့ “သာမန်လက်မှုပညာရှင်ဘဝ” မှ “ကျွမ်းကျင်စီမံခန့်ခွဲသူ” အဖြစ် ထူးချွန် ပြောင်မြောက်စွာ ပြောင်းလဲနိုင်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုတဲ့ သင်တန်းသားများအတွက် သင်တန်းကျောင်းမှ ပူးပေါင်း ဆောင်ရွက်ထားတဲ့ အစားအသောက် ကုန်အမှတ်တံဆိပ်များမှာ Franchise လုပ်ငန်းပါဝင်နိုင်မဲ့ အထူး အခွင့်အရေးများ၊ ညဈေးတန်း ဈေးရောင်းချမှု သရုပ်ပြလေ့ကျင့်မှုတို့ကို စီစဥ်ပေးထားပြီး ကျွမ်းကျင် ပညာရှင်အဖွဲ့မှ နေရာရွေးချယ်ခြင်း၊ ဆိုင်ခန်းပြင်ဆင်ခြင်း၊ ကုန်ကြမ်းထောက်ပံ့မှုကွင်းဆက် တည် ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်မှုနဲ့စီမံခန့်ခွဲမှုတို့ကို တစ်နေရာတည်းမှာပင် လုပ်ငန်းထူထောင်ရေး သင်ကြားမှုများ ပို့ချပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ယွဲ့ယန်မြို့က နာမည်ကြီးအကင်ဆိုင်၊ အစားအသောက် လုပ်ငန်းများကို ပညာရှင်များ ရေရှည်ပံ့ပိုးပေးသွားမဲ့ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို တည်ဆောက်ပြီး “စာသင်ခန်းမှသည် ဈေးကွက်သို့” အလုပ်အကိုင်ရရှိရေး လမ်းကြောင်းကို လမ်းဖောက်ပေးသွားမှာပဲ ဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာပဲ သင်တန်းသားများ ပညာသင်ကြားရေးနဲ့ လုပ်ငန်းထူထောင်စရိတ် အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ သင်တန်းကျောင်းက ဘဏ်နဲ့ ပူးပေါင်းပြီး သီးသန့် အတိုးနည်း ချေးငွေ ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသွားဦးမှာဖြစ်ပါတယ်။
ယွဲ့ယန်အကင်သင်တန်းကျောင်းက “လမ်းဘေးဆိုင်ဘဝ” မှ “တက္ကသိုလ်ပညာရေးလောက”ဆီသို့ ဝင်ရောက် လာခဲ့ပြီး အိပ်မက်ရည်မှန်းချက်နဲ့ကျွမ်းကျင်ပညာရပ်အကြောင်းကို စိတ်လှုပ်ရှားဖွယ် ဇာတ် လမ်း တစ်ပုဒ်အဖြစ် ရေးသားနေပါတယ်။ ဒါဟာ အသက်မွေးဝမ်းကျောင်းပညာရေးအပေါ်က ရှိရင်းစွဲ အမြင်တွေကို ချိုးဖျက်ပစ်နိုင်ပြီး မီးသွေးပုံဘေးမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရတဲ့ သာမန်လက်မှုပညာ ရှင်များကို စနစ်တကျသင်ယူလေ့လာခြင်းမှတစ်ဆင့် စီမံခန့်ခွဲမှု နားလည်တတ်ကျွမ်းတဲ့ ခေတ်မီအစား အသောက်လုပ်ငန်းပညာရှင်ဖြစ်လာစေနိုင်ပါတယ်။ ဒီနေရာမှာ ပညာရေးဟာ လက်လှမ်း မမီတဲ့ မြင့်မားသည့် အရာမဟုတ်ဘဲ စိတ်အားထက်သန်မှုတိုင်းကို ကြိုဆိုလက်ခံနိုင်ပြီး ကြိုးစား အားထုတ်သူတိုင်းကို ဖေးမကူညီပေးမဲ့ ခိုင်မာသောနောက်ခံအင်အားတစ်ခု ဖြစ်လာခဲ့ပါပြီ။