87 Degrees BBQ & Pub

87 Degrees BBQ & Pub Chillတယ်ဆိုတဲ့ အဓိပ္ပါယ်
87 Degreesနဲ့မှ သိမယ်

87 Degrees ကိုလာမယ်ဆို မဖြစ်မနေ မြည်းစမ်းသင့်တဲ့ Cocktail လေးကတော့ Monkey Brain လေးပဲဖြစ်ပါတယ်။ Monkey Brain Cocktail ဟာ...
02/08/2026

87 Degrees ကိုလာမယ်ဆို မဖြစ်မနေ မြည်းစမ်းသင့်တဲ့ Cocktail လေးကတော့ Monkey Brain လေးပဲဖြစ်ပါတယ်။

Monkey Brain Cocktail ဟာ Peach Schnapps ရယ် Baileys Irish Cream တို့ကိုပေါင်းစပ်ပြီး သွေးအရောင်လေးရစေဖို့ Grenadine ကိုရောစပ်ထားတဲ့ Cocktail လေးတစ်ခုဖြစ်လို့ တိမ်တွေပေါ်မှာ လွှင့်နေမယ့် cocktail လေးတစ်ခွက်နော် ☁️😋

87 Degrees ရဲ့ Monkey Brain ဟာ အခြား Monkey
Brain တွေနဲ့မတူပဲ အချိုအနှစ်အရသာကို peach အရသာလေးနဲ့အစပ်အဟပ်တည့်တည့် fusion လုပ်ထားတာမို့ အခုလို တနင်္ဂနွေ မိုးလေးအေးအေး ညနေစောင်းလေးမှာ အကင်ပူပူလေးနဲ့ တွဲစပ်လိုက်မယ်ဆိုရင် ပိုပြီး အရသာပိုကောင်းသွားမှာမို့ အခုပဲ 87 Degrees ကိုလာရောက်ပြီး chill လုပ်လိုက်ကြရအောင်နော် 🙈 🍸

01/08/2026

“Chill တယ်ဆိုတဲ့ အဓိပ္ပါယ် 87 Degrees နဲ့မှ သိမယ်”

သံသုမာလမ်းကနေ ရတနာလမ်းထဲဝင်လိုက်တဲ့အခါ
ရတနာလမ်းမကြီးပေါ်မှာ တွေ့ရမယ့် 87 Degrees Bbq House & Pub ဟာ ကားရပ်ဖို့လည်းအဆင်ပြေတဲ့အပြင် chill လို့ကောင်းတဲ့ နေရာထိုင်ခင်းလေးရယ် စျေးနှုန်းသက်သာတဲ့ အစားအသောက်တွေရယ်နဲ့ အားလုံးအတွက် ရှိနေပါတယ်။

ဒါကြောင့် နေ့လည် ၁၁ နာရီ ကနေ ည ၁၀ နာရီ အထိ ဖွင့်တဲ့ 87 Degrees မှာ ဘဝရဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်ရင်း ဘော်ဒါတွေ မိသားစုတွေနဲ့ လာ chill လိုက်တော့နော် 🔥😋

31/07/2026

TGIF လည်းဖြစ်နေ လစာလည်းရနေတဲ့ ဒီလိုနေ့ ဒီလိုညနေခင်းလေးမှာ 87 Degrees ရဲ့ ဝက်သားတုတ်ထိုးပူပူလေးနဲ့ ကျားလေးဖမ်းလိုက်ဖို့အတွက် 87 Degrees ကို အပြေးလေးလာခဲ့လိုက်နော် 🍻😎

30/07/2026

လစာမရသေးဘူးလား?
ဒါဆို မပူပါနဲ့….. ညိုကီတို့အတွက် စျေးသက်သက်သာသာနဲ့ စားလို့ကောင်းတဲ့ အစားအသောက်တွေ 87 Degrees မှာရှိတယ်နော် ခုပဲမှာပြီးဆွဲလိုက်တော့😋

21/07/2026

တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း နဲ့ ရန်ကင်း တစ်ဝိုက်အလုပ်လုပ်တဲ့ ဘော်ဒါတို့ နေ့လည်စာ ဘာစားရမလဲ ခေါင်းရှုတ်နေပြီလား?

ဒါဆို Food Panda ကိုဝင်ပြီး 87 Degrees ကနေ နေ့လည်စာမှာစားလိုက်ပါ….

- ချဉ်ချဉ်စပ်စပ် ထိုင်းဆန်ပြားခေါက်ဆွဲကြော်လား 🍝
- ပုံမှန် ကိုက်လန်မဟုတ်တဲ့ ဝက်ခေါက်ကိုက်လန်🥗
- အလုပ်တွေကြောင့် ခေါင်းရှုပ်နေတယ်ဆို ဂုံးချဉ်စပ်ဟင်းရည် 🍲

ဒီလိုစားကောင်းသောက်ကောင်းတွေကို လက်မနှေးပဲ 87 Degrees ကနေ မှာစားလိုက်တော့နော်။

“နေ့လည်စာ ဘယ်မှာ မှာစား 87 Degrees မှာ မှာစား”

၂၀၂၆ ကမ္ဘာ့ဖလား ရဲ့နောက်ဆုံး ဖိုင်နယ် ပွဲစဉ်ကြီး ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Final မှာ ဘယ်သူကမ္ဘာ့ဖလားကိုဆွတ်ခူးသွားမလဲ ?...
18/07/2026

၂၀၂၆ ကမ္ဘာ့ဖလား ရဲ့နောက်ဆုံး ဖိုင်နယ် ပွဲစဉ်ကြီး ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Final မှာ ဘယ်သူကမ္ဘာ့ဖလားကိုဆွတ်ခူးသွားမလဲ ?

🇦🇷 Argentina Vs Spain 🇪🇸
🗓️ 20 July 2026 | 🕰️ 1:30 AM

အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့် မက်ဆီရဲ့ အာဂျင်တီးနားနဲ့ လာမိုင်းယာမယ်ရဲ့ စပိန်အသင်းတို့ရဲ့ Final ပွဲစဉ်ကို 87 Degrees ရဲ့ Pub Football watch vibe နဲ့အတူ

🍢 အနံ့အရသာ ကောင်းမွန်ပြီး ပူပူစပ်စပ် အကင်တွေနဲ့ အစားအသောက်တွေ….
🍻 ညချမ်းလေးမှာ Beer လေးရယ် စုံလင်လှတဲ့ Cocktail လေးတွေရယ်ကိုသုံးဆောင်ရင်း….
⚽️ စိတ်လှုပ်ရှားမှုတွေကို ရွှေညီကိုတို့နဲ့ မျှဝေရင်း

ကိုယ်အားပေးတဲ့ အသင်းကို အားပေးရင်း 87 Degrees မှာ ပျော်စရာကောင်းတဲ့အမှတ်တရတွေကို ညလုံးပေါက် ဖန်တီးလိုက်ရအောင် 🙌🏻

87 Degrees ရဲ့ ကမ္ဘာ့ဖလား ဖိုင်နယ် Watch Party ကို တနင်္ဂနွေ နေ့ ဆိုင်ဖွင့်ချိန်ကနေ တနင်္လာနေ့ မနက် ဖိုင်နယ်ပွဲပြီးချိန်အထိ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖိုင်နယ် ပွဲစဉ်ရဲ့ ပွဲပြီးရလဒ် Correct Score ကို ဒီပို့စ်ရဲ့ အောက်မှာ ဒါမှမဟုတ် ပွဲနေ့ရဲ့ ဆိုင်မှာ ခန့်မှန်းလိုက်ရုံနဲ့ အဖြေမှန်သူတိုင်းဟာ ABC (၁) Tower 🍺 💛 ရရှိမှာဖြစ်လို့ အခုပဲ ပါဝင်ရင်း 87 Degrees နဲ့အတူ ကမ္ဘာ့ဖလားဖိုင်နယ် ပွဲစဉ်ကြီးကိုရင်ခုန်လိုက်ကြရအောင်နော်!

Booking ကြိုတင်ရန်- 09750123148,09783015584
ရတနာလမ်းပေါ် သင်္ကန်းကျွန်းမြို့နယ်

⚽️ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အကြိတ်အနယ်ပွဲကြီး! အင်္ဂလန် 🆚 အာဂျင်တီးနား ဘယ်သူ ဗိုလ်လုပွဲတက်မလဲ? 👀🔥သမိုင်းကြောင်းတွေ၊ မာန်...
15/07/2026

⚽️ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အကြိတ်အနယ်ပွဲကြီး! အင်္ဂလန် 🆚 အာဂျင်တီးနား ဘယ်သူ ဗိုလ်လုပွဲတက်မလဲ? 👀🔥

သမိုင်းကြောင်းတွေ၊ မာန်မာနတွေနဲ့ အမြဲတမ်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘောလုံးဘီလူးကြီးနှစ်သင်း ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ပါပြီ။ မအိပ်ဘဲ စောင့်ကြည့်ရကျိုးနပ်မယ့် ပွဲကောင်းတစ်ပွဲဖြစ်မှာ သေချာပါတယ်။

🦁 "It’s Coming Home" ဖြစ်မလား? (အင်္ဂလန်)
ဟယ်ရီကိန်းနဲ့ ဘယ်လင်ဟမ် ဦးဆောင်မှုရယ် လူငယ်သွေးသစ်တွေရဲ့ အရှိန်အဟုန်၊ ကျစ်လျစ်တဲ့ခံစစ်နဲ့ လျှပ်စီးလိုမြန်တဲ့ တန်ပြန်တိုက်စစ်က အင်္ဂလန်ရဲ့ အားသာချက်ပါ။ ဒါပေမဲ့ ပွဲကြီးပွဲကောင်းတွေမှာ ဖိအားဒဏ်ကြောင့် ပုံစံပျက်သွားတတ်တဲ့ အစဉ်အလာကြီးကတော့ စိုးရိမ်စရာပါပဲ။

🇦🇷 တန်ဂိုမှော်ဆန်ဦးမယ့် (အာဂျင်တီးနား)
တောင်အမေရိကစတိုင် စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပွဲကို စိုးမိုးကစားတတ်တာက အာဂျင်တီးနားရဲ့ အားသာချက်ပါ။ တစ်ဖက်ကလည်း စိတ်မထိန်းနိုင်ဘဲ Foul တွေများပြီး Card တွေရသွားနိုင်တာတော့ အာဂျင်ဘက်ကသတိထားရပါမယ်။
မက်ဆီရဲ့ အာဂျင်တီးနားအသင်းနှုတ်ဆက်ခြင်းက ပိုပြီး အလှပဆုံး ဇာတ်သိမ်းသွားနိုင်မလား?

Final Prediction (ခန့်မှန်းချက်)
မိနစ် ၉၀ အတွင်း ၁ - ၁ သို့မဟုတ် ၂ - ၂ သရေကျပြီး ပင်နယ်တီအထိ အသည်းယားစရာဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဖိအားဒဏ်ခံနိုင်ရည် ပိုရှိပြီး ပွဲကို တစ်ချက်တည်းနဲ့ အလှည့်အပြောင်းလုပ်နိုင်တဲ့ "အာဂျင်တီးနား" ပဲ ဗိုလ်လုပွဲတက်သွားမယ် လို့ 87 Degress က ခန့်မှန်းလိုက်ပါတယ်။

ကဲ... ချစ်ညီကိုတို့ရော ဘယ်သူ့ဘက်ကလဲ? Comment မှာ ကိုယ့်အမြင်လေးတွေ ဆွေးနွေးခဲ့ကြပါဦး။ 👇

87 Degrees ကလည်း ချစ်ညီကိုတို့နဲ့ တူတူ ပွဲကိုရင်

ခုန်စောင့်မျှော်နေပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာဆိုရင် (၁၆) အသင်းရှုံးထွက်အဆင့်ကို ရောက်ရှိလာပါပြီ။ အဲ့ဒီအသင်းတွေထဲမှာ ပြင်သစ်အသင်းနဲ့ အာဂ...
05/07/2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာဆိုရင် (၁၆) အသင်းရှုံးထွက်အဆင့်ကို ရောက်ရှိလာပါပြီ။ အဲ့ဒီအသင်းတွေထဲမှာ ပြင်သစ်အသင်းနဲ့ အာဂျင်တီးနားအသင်းဟာ ရေပန်းအစားဆုံးဖြစ်သလို သူတို့အသင်းတွေရဲ့ ဘုရင်တွေဖြစ်ကြတဲ့ ဘာပေနဲ့ မက်ဆီတို့ဟာ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးစစ်ဘုရင်တွေအဖြစ် အသင်းနဲ့အတူတိုက်ပွဲဝင်နေကြပြီဖြစ်ပါတယ် ⚽️ ။

ဒါပေမယ့် အားလုံးမေ့လျော့နေကြတဲ့ နန်းကျဘုရင်ကြီး ခရစ်စတီယာနို ဒေါ့ဆန်းတို့စ် ရိုနယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားဟာနောက်ဆုံး “The Last Dance” ပါ။ သူ့ရဲ့ကစားသမားဘဝကို အလှပဆုံးဇာတ်သိမ်းနိုင်မလား ဒါမှမဟုတ် ဘာပေ မက်ဆီ တို့ ကပဲ ကမ္ဘာ့ဖလားကိုကိုင်မြောက်နိုင်မလားဆိုတာ 87 Degree နဲ့ဆက်လက်စောင့်ကြည့်လိုက်ကြရအောင် 🤩

87 Degree ကလာမယ့် ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်တွေမှာ စိတ်လှုပ်ရှားဖွယ်ရာအစီအစဉ်တွေ ဘယ်လိုဆက်လက်ယူဆောင်လာမလဲဆိုတာကိုသိရှိဖို့အတွက် Page ကိုစောင့်ကြည့်ဖို့ မမေ့နဲ့နော် 👀

အခုလို မိုးတွင်းမှာ  စျေးလည်းတန်ပြီး အသားကင်ကောင်းကောင်းနဲ့ ဘီယာအေးအေးလေး ရတဲ့ဆိုင်လေး တစ်ဆိုင်ရှာနေပါသလား?ဒါဆိုရင် တော့...
03/07/2026

အခုလို မိုးတွင်းမှာ စျေးလည်းတန်ပြီး အသားကင်ကောင်းကောင်းနဲ့ ဘီယာအေးအေးလေး ရတဲ့ဆိုင်လေး တစ်ဆိုင်ရှာနေပါသလား?
ဒါဆိုရင် တော့ 87 Degree မှာ Chill လိုက်တော့နော်…

🍻 အသားကင်ပူပူမွှေးမွှေးလေးနဲ့ဘီယာအေးအေးလေးတစ်ခွက်

🍸 အမြည်းလေးတွေနဲ့ စူးရှတဲ့ cocktail တစ်ခွက်🍹

🍝 ခေါက်ဆွဲကြော်ကောင်းကောင်းလေးနဲ့ Mocktail တစ်ခွက်

🍢 နောက်ဆုံး 87 Degrees ရဲ့ သောကြာ စနေ တနင်္ဂနွေ တွေမှာပဲ ရတဲ့ ဝက်သားတုတ်ထိုး ကောင်းကောင်းလေး……

လစာထုတ်ရက် မိုးအေးအေးလေးနဲ့ TGIF မှာ ဒီလို စားကောင်းသောက်ကောင်းတွေ နဲ့ chill လိုက်ကြစို့ ဘော်ဒါတို့ရေ.. 🤜🏻

FIFA World Cup 2026 ရဲ့ မနက်ပိုင်းနဲ့ ညပိုင်းပွဲစဉ်တွေကို Live အားပေးဖို့ 87 Degrees ကတော့ ဆိုင်ဖွင့်ချိန်တွေပါ ထပ်တိုးပ...
13/06/2026

FIFA World Cup 2026 ရဲ့ မနက်ပိုင်းနဲ့ ညပိုင်းပွဲစဉ်တွေကို Live အားပေးဖို့ 87 Degrees ကတော့ ဆိုင်ဖွင့်ချိန်တွေပါ ထပ်တိုးပေးထားလိုက်ပြီဗျို့ 🏆⚽🌅

ဘောလုံး ဝါသနာရှင်တိုင်း စောင့်မျှော်နေကြတဲ့ FIFA World Cup 2026 ပွဲကြီးရဲ့
ဒီအပတ် ပိတ်ရက် Sunday Morning (10:30AM) မှာ ကစားမယ့် Australia 🇦🇺 vs Turkiye 🇹🇷 အသင်းတို့ရဲ့ပွဲစဉ်ကောင်းကိုအိမ်မှာ တစ်ယောက်တည်း ထိုင်ကြည့်မယ့်အစား... ဘော်ဒါတွေနဲ့အတူ Live ကြည့်ရင်း အော်ဟစ်အားပေးလို့ရအောင် 87 Degrees က ပုံမှန်ဆိုင်ဖွင့်ချိန်ထက်စောပြီး မနက်(10:00)နာရီကတည်းက တံခါးဖွင့်ပေးထားမှာ ဖြစ်ပါတယ်ခင်ဗျ ⏰⚡🤩

🌍 87 Degrees မှာ ကြည့်လို့ရမယ့် FIFA World Cup 2026 Live ပြသမယ့် ပွဲစဉ်ဇယား👇

⚽ Jun 14 (Sun) 10:30 AM
(Group-D, Round-1)
Australia🇦🇺 vs Turkiye🇹🇷

⚽ Jun 14 (Sun) 11:30 PM
(Ground-E,Round-1)
Germany 🇩🇪 vs Curaçao 🇨🇼

⚽ Jun 15 (Mon) 10:30 PM
(Group-H, Round-1)
Spain 🇪🇸 vs Cabo Verde 🇨🇻

⚽ Jun 17 (Wed) 10:30 AM
(Group-J, Round-1)
Australia 🇦🇹 vs Jordan 🇯🇴

⚽ Jun 17 (Wed) 11:30 PM
(Group-K ,Round-1)
Portugal🇵🇹 vs Democratic Republic Of The Cango 🇨🇩

⚽ Jun 18 (Thu) 10:30 PM
(Group-A,Round-2)
Czechia 🇨🇿 vs South Africa 🇿🇦

⚽ Jun 20 (Sat) 11:30 PM
(Group-F,Round-2)
Netherlands 🇳🇱 vs Sweden 🇸🇪

⚽ Jun 21 (Sun) 10:30 AM
(Group-F, Round-2)
Tunisia 🇹🇳 vs Japan 🇯🇵

⚽ Jun 21 (Sun) 10:30 PM
(Group-H ,Round-2)
Spain 🇪🇸 vs Saudi Arabia 🇸🇦

⚽ Jun 22 (Mon) 11:30 PM
(Group-J ,Round-2)
Argentina 🇦🇷 vs Australia 🇦🇹

⚽ Jun 23 (Tue) 11:30 PM
(Group-K,Round-1)
Portugal 🇵🇹 vs Uzbekistan 🇺🇿

အားပေးရင်း ဗိုက်ဆာလာရင်လည်း...“87 Degrees ရဲ့ Menu " တွေကို မြည်းစမ်းရင်း အားပေးလို့ရတယ်နော် 🥗🥙🍲 🍻🍢
ကမ္ဘာ့ဖလား Vibe ကို Stadium ထဲရောက်နေသလို အပြည့်အဝ ခံစားပြီး အော်ဟစ် အားပေးချင်တယ်ဆို 87 Degrees ကိုသာ လာခဲ့လိုက်တော့😇





"Chill တယ်ဆိုတဲ့ အဓိပ္ပာယ်… 87 နဲ့မှသိမယ်"
📍 Location: 870, Yadanar Road, Thingangyun
📞 Booking: 09 750 123 148

Address

870, Yadanar Road, Thingangyun Township
Yangon

Opening Hours

Monday 11:00 - 22:30
Tuesday 11:00 - 22:30
Wednesday 11:00 - 22:30
Thursday 11:00 - 22:30
Friday 11:00 - 22:30
Saturday 11:00 - 22:30
Sunday 11:00 - 22:30

Telephone

+959750123148

Website

Alerts

Be the first to know and let us send you an email when 87 Degrees BBQ & Pub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category