30/06/2025
NU's Kitchen မှ မိတ်ဟောင်း၊ မိတ်သစ် စားသုံးသူများထံသို့ အသိပေးခြင်း …
NU's Kitchen ကို 2020 ခုနှစ် February လကနေ စတင်ခဲ့တာမှာ Home Kitchen ကနေ Pop Up Stores တွေ အဲကနေတဆင့် Food Court ဆိုင်လေး ၊ မနှစ်ကစပြီး စမ်းချောင်းလမ်းမှာ ဆိုင်ခန်းနဲ့ ဖွင့်လှစ်ခဲ့တဲ့ ၅ နှစ်တာ ခရီးတစ်လျှောက်လုံး အားပေးခဲ့ကြတဲ့ customers တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🏻။ အားလုံးရဲ့ အားပေးမှုတွေကြောင့် ၅ နှစ်တာ ကာလကြာအောင် NU’s Kitchen က ကောင်းမွန်တဲ့ နာမည်တလုံးနဲ့ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ် ။
အားလုံးကို စိတ်မကောင်းစွာ အသိပေးလိုတာကတော့ **July လကစပြီး NU's Kitchen ဆိုင်လေးကို ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်**
လက်ရှိ NU's Kitchen ရဲ့ တည်နေရာမှာတော့ အခြား ကချင်ရိုးရာအစားအစာဆိုင်အသစ်လေး ဆက်ဖွင့်လှစ်သွားမှာ ဖြစ်ပြီး NU's Kitchen ရဲ့ လူကြိုက်များတဲ့ **Recipe အတိုင်းပဲ ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
NU's Kitchen ရဲ့ ၅နှစ်တာ ခရီးစဉ်တစ်လျှောက် အစဉ်အမြဲ အားပေးခဲ့ကြတဲ့အတွက် စားသုံးသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။
NU’s Kitchen ဆိုင်လေးက လုံးဝပိတ်သိမ်းလိုက်တာမျိူး မဟုတ်ပဲ အရင်ထက် ပိုမိုကောင်းမွန်တဲ့ ပုံစံသစ်၊ အရသာသစ်တွေနဲ့ ပြန်လာမှာ ဖြစ်တဲ့ အတွက် ပိုကောင်းတဲ့ ပုံစံသစ်နဲ့ ပြန်လာတဲ့အခါမှာလည်း ဆက်လက်အားပေးကြပါဦးနော် စားသုံးသူ မိတ်ဆွေတို့ ရေ 🙏🏻💚…
Thank you for being with us in this 5 years Journey 😇
We will come back with a better version soon 🔜