ThaiHouse

ThaiHouse Thai food made with passion

16/12/2023

ကိုယ်မကောင်းဘူးထင်လို့ မပတ်သက်တဲ့လူတွေကို
ကိုယ်ဘက်ကလည်း ခပ်ကင်းကင်းပဲနေပြလိုက်တယ် ။

ကိုယ်ကမေတ္တာတရားကြီးမားတဲ့လူတစ်ယောက်တော့ မဟုတ်ပေမဲ့ ငါဒါလုပ်လိုက်ရင် သူဘယ်လိုခံစားရမလဲဆိုတဲ့ ဖြည့်တွေးပေးတတ်တဲ့စိတ်တော့
အပြည့်အဝရှိတယ် ။

ကိုယ့်မှာမကောင်းတဲ့အချက်တွေ
အများကြီးရှိချင်ရှိမယ်
ဒါပေမယ့်
အောက်တန်းကျတဲ့ စိတ်တော့ မရှိဘူး။

ကိုယ့်အကြောင်းကိုယ်အသိဆုံးမို့ တစ်ဖက်လူဘယ်လိုထင်ထင် မြေကြီးလိုစိတ်ထားမျိုးနဲ့ပဲ ကမ္ဘာကြီးပေါ်မှာနေထိုင်ပါတယ်။

🤍🫀
#ဖားစည်ရည်ကျော်
၆.၁၂.၂၀၂၂

02/12/2023

#မမေ့ပါနဲ့

မမေ့ပါနဲ့ !!
လူတစ်ယောက်ကို ပြစ်တင်
ရှုံ့ချတော့မယ်ဆိုရင်
ငါကိုယ်တိုင် အပြစ်လွတ်ပြီလား
ဆိုတာ တွေးဖို့ မမေ့ပါနဲ့

မမေ့ပါနဲ့ !!
လူတစ်ယောက်ကို နှိမ့်ချ
ပြောဆိုတော့မယ်ဆိုရင်
ငါကိုယ်တိုင် ပြီးပြည့်စုံနေပြီလား
ဆိုတာ ဆန်းစစ်ဖို့ မမေ့ပါနဲ့

မမေ့ပါနဲ့ !!
လူတစ်ယောက်ကို
လှောင်ပြောင်စနောက်တော့
မယ်ဆိုရင်
ကိုယ်ရဲ့စကားက တစ်ဖက်လူ
ထိခိုက်သွားနိုင်လာစဉ်းစားဖို့
မမေ့ပါနဲ့

မမေ့ပါနဲ့ !!
လူတစ်ယောက်ကို မိမိနဲ့ဖြစ်စေ
အခြားတစ်ယောက်နဲ့ဖြစ်စေ
နှိုင်းယှဉ်နှိမ့်ချတာမျိုး
လုပ်တော့မယ်ဆိုရင်

လူတိုင်းမှာ မတူညီနိုင်သော
အရည်အချင်းကိုယ်စီ
ရှိနေတတ်တယ်ဆိုတာ
လုံးဝ.....လုံးဝ မမေ့ပါနဲ့....

မမေ့ပါနဲ့ !!
ပါးစပ်ကြောင့်ပဲ မုန်းတဲ့သူတွေ
ချစ်သွားကြသလို
ချစ်တဲ့သူတွေလဲ မုန်းသွား
တတ်တယ်ဆိုတာ
တစ်သက်လုံး မမေ့ပါနဲ့

မမေ့ပါနဲ့ !!
မိမိက (၁)ပေရှည်တဲ့ ပေတံကို
ကိုင်ထားပြီး

(၆)လက်မ ပေတံသာ
ကိုင်နိုင်သူတစ်ယောက်ကို
မင်းက ပေမမှီပါဘူးကွာလို့
ပြောမယ်ဆိုရင်

(၁)ကိုက်ရှိတဲ့ ပေတံကိုင်ထား
သူက
မိမိကို ဘယ်လိုပြောမလဲဆိုတာ
ဘယ်တော့မှ မမေ့ပါနဲ့

26000
27/11/2023

26000

36000off26000
27/11/2023

36000off26000

19/11/2023

လက်လျှော့မယ်ကြံတိုင်း ဒါကိုဖတ်ပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Dale Carnegie ရဲ့ ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ်။

တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ရေလက်ကြားတစ်ခုကို ကန့်လန့်ဖြတ် ဖြတ်ကူးပြီး စံချိန်သစ်တင်မယ်လို့ ကြေငြာလိုက်တယ်။ လူတွေကလည်း ဒီသတင်းကို ကြားတော့ တော်တော်လေး စိတ်ဝင်စားသွားကြတယ်။

အဲ့လိုနဲ့ ဖြတ်ကူးမယ့်နေ့ကို ရောက်လာတယ်။ လူတွေဟာ တစ်ဖက်ကမ်းကနေ အုတ်အော်သောင်းနင်း ကြည့်ရှု့နေကြတယ်။

ရေကူးချံပီယံစကူးပါပြီ။ သူ့အတွက် ရေကူးရတာဟာ ဘာမှအပန်းမကြီးဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကူးနေပါတယ်။ အဲ့လိုကူးနေရင်းနဲ့ သူဟာ တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ မြူတွေ အုံစိုင်းနေတာကို တွေ့လိုက်ရပါတယ်။

ဟုတ်ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ နှင်းတွေကျပြီး မြူတွေစိုင်းနေပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘဲ လက်ပစ်ကူးနေရတာပါ။

တော်တော်ကြာအောင် ကူးပြီးတဲ့အခါကျတော့ သူစိုးရိမ်စရိတ်ဝင်လာတယ်။ သူကူးနေတာ လမ်းကြောင်းရော မှန်ရဲ့လား၊ မြူတွေကြောင့် ဘာမှမမြင်ရဘဲ ဆန့်ကျင်ဘက်ကို ကူးနေမိပြီလား စိုးရိမ်စိတ်တွေဝင်လာတယ်။

နောက်တော့ တော်တော်ကြာကြာတဲ့အထိ ကူးနေပေမယ့်လည်း ကမ်းကို မရောက်နိုင်တော့ သူဟာ လက်လျှော့လိုက်ပါတော့တယ်။ လက်လျှော့ပြီး သူ့ဆီ ကယ်ဆယ်ရေးတွေလွှတ်ဖို့ အကူအညီတောင်းပါတော့တယ်။

ကမ်းပေါ်​ပြန်ရောက်တော့မှ သူသိလိုက်ရတာက သူဟာ ကမ်းနဲ့ မီတာ ၁၀၀ အကွာရောက်တော့မှ လက်လျှော့လိုက်တယ် ဆိုတာပါပဲ။

အင်တာဗျူးသမားတွေက သူ့ကို ဘာလို့ လက်လျှော့လိုက်တာလဲမေးတော့...

"မီတာ ၁၀၀ပဲ လိုတော့တယ်ဆိုတာ မသိလို့ပါ။ မီတာ ၁၀၀ ပဲ လိုတော့တယ်ဆိုတာသာ သိမယ်ဆိုရင် လက်လျှော့ခဲ့မှာ မဟုတ်ပါဘူး" လို့ ပြန်ပြောလိုက်ပါတယ်။

အဲ့လိုပဲ ကျွန်တော်တို့အနေနဲ့ တစ်ခါတလေကျရင် ဒီရေကူးချံပီယံလိုပဲ လက်လျှော့တော့မယ်လို့ ကြံတဲ့အချိန်ဟာ အောင်မြင်မှုနဲ့ မီတာ ၁၀၀ အကွာကို ရောက်နေတဲ့ အချိန်လည်း ဖြစ်နေတတ်တယ်။

လက်လျော့တော့မယ်ကြံတဲ့အခါတိုင်း ဒီအဖြစ်အပျက်ကလေးက ဆင်ခြင်သုံးသပ်ပြီး သေချာဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


မူရင်းရေးသားသူအားလေးစားစွာဖြင့်။

Address

Mayangone 8 Mile Thirimingalar Street
Yangon

Telephone

+959694935354

Website

Alerts

Be the first to know and let us send you an email when ThaiHouse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to ThaiHouse:

Share

Category