30/04/2024
စွမ်းအင်ကိုခန္ဓာကိုယ်မှအသုံးချပုံ
ခန္ဓာကိုယ်သည်တငွေ့ငွေ့လောင်ကျွမ်းနေသောမီးဖိုနှင့်တူသည်။ ထို့ကြောင့်အစာသည်ခန္ဓာကိုယ်ထဲရောက်ရှိသွားသည်နှင့်လောင်ကျွမ်းသွားကာအပူအဖြစ်ထွက်ပေါ်လာသည်ဟုထင်မှတ်စရာရှိသည်။ စင်စစ်အစာသည်မီးရှို့သကဲ့သို့တိုက်ရိုင်လောငါကျွမ်းသွားခြင်းမဟုတ်ဘဲအဆင့်ပေါင်းများစွာနစ်ဆင့်ပြီးတစ်ဆင့်ဖြတ်သန်းသွာရခြင်းမျိုးဖြစ်သည်။ အဆင့်တိုင်းတွင်စွမ်းအင်အနည်းငယ်စိကိုထုတ်လွတ်သည်။ ထိုစွမ်းအင်ကို Metabolic function ဇီဝတွင်းဖြစ်ပျက်မှုများအတွက်အသုံးချပြီးနောက်ဆုံးမှအပူအဖြစ်စွန့်ပြစ်ခြင်းဖြစ်သည်။
လူတိုင်းသည်ခန္ဓာကိုယ်လှုပ်ရှားမှုအမျိုးမျိုးတိုင်းအတွက်စွမ်းအင်လိုအပ်သည်။ ဘာမှမလှုပ်ရှားဘဲအိပ်နေစဉ်မှာပင်စွမ်းအင်လိုအပ်သည်။ အကြောင်းမှာပြင်ပလှုပ်ရှားမှုများမရှိသော်လည်းခန္ဓာကိုယ်အတွင်း၌မူအမြဲလှုပ်ရှားလျက်ရှိသောကြောင့်ဖြစ်သည်။ ဉပမာ အဆက်မပျက်ခုနေသောနှလုံးအတွက်စွမ်အင်လိုသည်။ အဆက်မပျက်ပွလိုက်ကျုံ့့လိုက်ဖြစ်နေသောအဆုန်အတွက်စွမ်းအင်လိုသည်။
ထိုကြောင့်အိပ်နေစဉ်တွင်ပင်လျှင်စွမ်းအင်လိုအပ်သည်။ ပြင်ပလှုပ်ရှားမှုလုံးဝမရှိသော်လည်းလိုအပ်နေမည့်အနှိမ့်ဆုံးစွမ်းအင်မှာလူကြီးတစ်ယောက်အတွက်တစ်နေ့လျှင် ၁၆၀၀ ကယ်လိုရီခန့်ဖြစ်သည်။ အသက်၊ ကိုယ်အလေးချိန်၊ ကျားမ စသည်အချက်များကိုလိုကါ၍အနည်းငယ်ပြောင်းလဲနိုင်သည်။ ပြင်ပအလုပ်များကိုလုပ်ပြီဆိုလျှင်စွမ်းအင်ကြိပိုလိုအပ်လာတော့သည်။ လှုပ်ရှားမှုများလေစွမ်းအင်လိုအပ်ချက်များလေဖြစ်သည်။
ခန္ဓာကိုယ်စွမါးအင်လိုအပ်ချက်ကိုတွက်ချက်ရာ၌ကြွက်သားများ၏လှုပ်ရှားမှုမှတိုက်ရိုက်တွက်ပုံဖညင့်မလုံလောက်ပေ။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်သည်အစားထဲမှစွမ်းအင်ကိုကြွက်သားလှုပ်ရှားမှုအဖြစ်သို့အကုန်လုံးမပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်ကိုစက်ကိရိယာတစ်ခုဟုသဘောထားပါကခန္ဓာကိုယ်၏စက်စွမ်းရည်မှာ ၁၅ မှ ၂၀ ရာခိုင်နှုန်းအထိသာရှိသည်။ ဆိုလိုသည်မှာစွမ်းအင်း ၁၀၀ ယူနစ်ပါလျှင် ၂၀ ယူနစ်ခန့် ကိုသာ အလုပ်လုပ်ခြင်း ပြေးလွားခြင်းတို့အတွက်အသုံးပြုနိုင်ပြီးကျန် ၈၀ ယူနစ်မှဋအပူအဖြစ်ဆုံးရှုံးသွားသည်။ ထိုကြောင့်လှုပ်ရှားမှုတစ်ခုအတွက်စွမ်းအင်ကိုတွက်ချက်ရာ၌အပူအဖြစ်ရှုံးမည့်စွမ်းအင်ကိုပါထည့်သွင်းစဉ်းစာရပေမည်။ (ဦးတိုင်းအုပ်,၁၉၈၇)
ရည်ညွန်းကျမ်း : အစာအာဟာရသိပ္ပံ