18/09/2026
ဒီနေ့မှာတော့ ကိုဖိုးဝါးနဲ့အတူထူးခြားတဲ့ menus အသစ်တွေပါလာပါပီ
J’s Grill ရဲ့ ထုံးစံအတိုင်း menu အသစ်တခု ထွက်ဖို့ကို အတော်ကြာပါတယ်။ ကိုယ်တိုင်မကြိုက်မချင်းမထုတ်ချင်တာကော ကိုယ်ပိုင်ပုံစံဖြစ်ချင်တာကောကြောင့် အတော်အချိန်ယူရပါတယ်။ ၂လလောက်နီးပါး စမ်းသပ်ပီး နောက်ဆုံးတော့ခွက်လာပါပီ ☺️
Menus အသစ်တွေကတော့
-ဆန်ပြားကြော် (Taste)
-ဝက်ခေါင်းသုပ် (Style)
-အာလူးမျှင်ချဉ်စပ် (Texture)
-ဝက်လက်စွပ်ပြုတ် (Flavor)
တို့ဖြစ်ပါတယ်။
ဆန်ပြားကြော်က ဘယ်လိုပုံစံလဲမေးရင် J’s Grill ရဲ့ပုံစံပါ။ ကိုယ်တိုင်အနှစ်ချက်ပီး ကြော်တာဖြစ်တဲ့အတွက် ဘယ်ဆိုင်နဲ့မှလဲတူမှာမဟုတ်
သလို ဘယ်မှာမှလဲ ရမှာမဟုတ်ပါဖူး
ထူးခြားတဲ့ Taste ကို ရမှာပါ
ဝက်ခေါင်းသုပ်ဆိုလဲ အချဉ်နဲ့သုပ်တာမျိုးမဟုတ်ပဲ အသားပြုတ်ထဲက အရသာစိမ့်ဝင်
အောင် လုပ်ထားတာပါ။ အဲ့အပေါ်မှာ ချဉ်ချဉ်စပ်စပ် အရသာလေးထပ်ထဲ့ထားတဲ့ သဘောပါ။ပုံမှန်နဲ့မတူတဲ့ Salad style တခုကိုရမှာပါ။
ဒါကတော့ ဆိုင်ပိုင်ရှင်ကိုယ်တိုင်ကြိုက်လို့ထုတ်တာပါ။ နောက်ပိုင်းအဲ့လိုပုံစံနဲ့ပဲ တခြားအသုပ်လေးတွေထပ်လာဖို့ရှိပါတယ်
အာလူးမျှင်ချဉ်စပ်က အာလူးအစိမ်းသုပ်လို့ပြောလဲရပါတယ်။ အာလူးမျှင်လေးတွေကော ရေနွေးထဲ ခနစိမ်ပီး သုပ်တာပါ။ ဝါးလိုက်ရင် တထုတ်ထုတ်နဲ့ ထူးခြားတဲ့ Texture ကိုခံစားရမှာပါ။
ဆိုင်ရှင်က အာလူးအတော်ကြိုက်တော့ ဒါလဲ သူ့ ideaပါ
ဝက်လက်စွပ်ပြုတ် - နာမည်ကတော့မထူးခြားပေမဲ့ J’s grill ရဲ့ စွပ်ပြုတ်ကတော့ ထူးခြားနေမှာပါ။
အချိန်အတော်ကြာပြုတ်ထားတဲ့ အနှစ်ကနေပီး အရည်ပြန်ချက်တာဖြစ်တဲ့အတွက် အရသာကော အနံ့ကော သိသိသာသာ ခံစားရစေမှာပါ။ သူ့ရဲ့original flavor ကိုခံစားစေချင်လို့ လောလောဆယ်တော့ အချိုတမျိုးထဲ ရပါဦးမယ်။
သောကြာနေ့မှာသီချင်းတွေနားထောင်ရင်း menus အသစ်တွေကို မြည်းစမ်းဖို့ Reservation တွေတော့ ကြိုလုပ်ထားဖို့လိုမယ်နော် 👌
Reservation no : 09788188738
✅ J’s Grill House ( Main Branch )
𝐍𝐨(3),ဗိုလ်မင်းရောင်လမ်းမပေါ်၊တပင်ရွှေထီးနှင့်ဗိုလ်မင်းရောင်လမ်းထောင့်၊၄၀ဈေးအနီး။
𝗢𝗿𝗱𝗲𝗿 များအတွက် 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကနေ ဆက်သွယ်နိုင်သလို အောက်ပါ ဖုန်းနံပါတ်တွေကတစ်ဆင့်လည်း ဆက်သွယ်နိုင်တယ်။
📲 𝟬𝟵 𝟵𝟲𝟲𝟴𝟵𝟲𝟱𝟵𝟴 / 𝟬𝟵 𝟳𝟴𝟴𝟭𝟴𝟴𝟳𝟯𝟴