HMR

HMR #ပြည်ထောင်စုသား

01/06/2023

ဒီနိုင်ငံကိုသစ်ပင်တစ်ပင်လိုမြင်ကြည့်

ကျွန်တော်တို့ခများတို့ဟာ

အဲအပင်အတွက်ဓတ်မြေအောဇာဖစ်

အဲအပင်ရှသန် ကြီးထား ဖွံဖြိုးလာဖို့

ကျွန်တော်တို့ခများတို့ ပေးဆပ်ကြရတယ်

ဒီမိုကရေစီကိုပဲလိုချင်တာဖစ်ဖစ်

အာဏာရှင်ကိုလိုချင်တာဖစ်ဖစ်

ပေးဆပ်ကြရတယ်

လွယ်လွယ်နဲ့တော့ဘယ်ဟာမှမရတာအမှန်

အဲနှစ်ခုကြားထဲမှာဒွန်တွဲနေရတဲ့

ခများတို့ကျွန်တော်တို့လိုမြေစာပင်တွေကလဲ

ရှိကိုရှိရတယ်

ဒါပေမဲ့ကျွန်တော်တို့ဟာ အမှန်တရားအတွက်

ဒီမိုကရေစီ ဖွံ့ဖြိုး ရှင်သန် ကြီးထားဖို့

အတွက်ဓတ်မြေအောဇာဖစ်ချင်တယ်

ဒီအပင်ကြီးသေဆုးံဖို့ ဘယ်တော့မှလိုလားမှမဟုတ်ဘူး

အမှန်တရားအတွက်သေရမယ်ဆိုရင်တောင်

ခများတို့တန်ပါတယ်

လူငယ်ခေတ် လူငယ်တယောက်ရဲ့အတွေး

26/04/2023

ဖယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်၂၀ထက်မနည်းသေဟုဆို

▪️လက်နက်ခဲယမ်းများစွာ KNDF သိမ်းဆည်းရမိဟု ပြော

ရဲခေါင်/People's Spring

ရှမ်း - ကယား(ကရင်နီ)ဒေသအစပ် ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများစွာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သိမ်းဆည်းရမိကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၂၄ ရက်)က ဖယ်ခုံ - ပင်လောင်းကြားရှိ မြောက်စလုံးရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

"မြောက်စလုံးမှာ တပ်စွဲထားတဲ့ စကစကို ဝင်တိုက်တာ။(၆၀) မမ ရော၊ RPGရော စက်လက်ငယ် တွေအပါ ၁၀လက်ကျော်လောက်ရတယ်"ဟု ဖယ်ခုံမြို့စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

သို့သော် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သည်။

"တိုက်ပွဲကတော့ အခြေအနေကောင်းတယ်။လော လောဆယ် ကျွန်တော်တို့ဘက်က တရားဝင် မထုတ်ပြန်သေးဘူး။နယ်မြေရှင်းလင်းရေး ဆက်လုပ်နေတယ်"ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၁၄ ရက်မှ ၁၉ရက်အထိ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သား ၅၀ကျော် သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၂၀ကျော် KNDF က သိမ်းဆည်းရမိထားသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

(ဖယ်ခုံ မြောက်စလုံးရွာ တိုက်ပွဲတွင် သိမ်းဆည်းနိုင်ခဲ့သည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/
t.me/PeopleSpring (https://t.me/PeopleSpring)

26/04/2023

BGF တပ်ဖွဲ့ဝင်များ KNUထံ ပြန်လာပူးပေါင်းရန် စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် ကော်ဘရာတပ်မှူး ဗိုလ်ဒါဘော တိုက်တွန်း

"မင်းတို့က BGF မှာ အလုပ်လုပ်နေလို့ ကြွယ်၀ ချမ်းသာလာမှာ မဟုတ်ဘူး။ မောင်ချစ်သူနဲ့ BGF တခြား ခေါင်းဆောင်တွေပဲချမ်းသာလာတာ။ မင်းအပါအဝင် မင်းမိသားစုက ကျွန်ပဲဖြစ်နေမှာ"

ဝင်းမောင်/People’s Spring

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) အဖွဲ့ဝင်များ အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ ပြန်လည် လာရောက်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ကြရန် KNU၏ ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ကြီးဒါဘောက BGF တပ်စခန်းတစ်ခုကို သိမ်းပိုက်စဉ် ပြောကြားခဲ့သည်။

BGF စခန်းတစ်ခုကို သိမ်းပိုက်စဉ် ဗိုလ်ဒါဘောက သိမ်းထားသည့် စခန်းအတွင်း ဝင်ရောက်ရင်း ကရင်ဘာသာဖြင့် ပြောဆိုခဲ့သည့် ရုပ်သံမှတ်တမ်းကို ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၄)က ဗမာဘာသာပြန်၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

“BGFဆိုတာ ကရင်မဟုတ်တော့ဘူး။ မင်းတို့ပြောတော့ ငါတို့ကို မပစ်ဘူးဆိုပြီး မနီးမဝေးရောက်တော့ ငါတို့ကို အရင်လှမ်းပစ်တယ်။ တစ်ခါပစ်တာတော့ လက်ခံနိုင်သေးတယ်။ အခုဟာက ငါ့ကို လာပစ်တော့ ငါက ပြန်ပစ်ရပြီ။ မင်းတို့ပြောတော့ငါတို့ဆင်းလာရင် မပစ်ဘူး ထပ်ခါထပ်ခါ ပြောတယ်။ မနေ့ကကျတော့ ငါတို့နဲ့ မနီးမဝေးနေရာကနေ ထပ်ပစ်တယ်။ ငါတို့လည်း သည်းခံနိုင်တယ်ဆိုတာ အတိုင်းအတာရှိတယ်။ ဘုန်းကြီးတွေလို မဟုတ်ဘူး။မင်းတို့ BGF တွေက ကရင်လိုပြောပြီး ဗမာစစ်တပ်အနံ့ထွက်နေပြီ”ဟု ဗိုလ်ဒါဘောက BGF တပ်စခန်းကို ဝင်ရောက်သိမ်းပိုက်ရခြင်း အကြောင်းအရင်းကို ပြောပြသည်။

အခြားတောင်ကုန်းရှိ BGF တပ်စခန်းတစ်ခုကို ညွှန်ပြပြီး ယင်းတပ်စခန်းအနေဖြင့် ကော်ဘရာ စစ်ကြောင်းကို ပစ်ပါက စခန်းနေရာအထိ လာရောက်တိုက်ခိုက်မည်ဟုလည်း ဗိုလ်ဒါဘောက ပြောကြားခဲ့သည်။

“ငါ့ကိုတားစရာမလိုဘူး။ ငါက ကရင်လူမျိုးအတွက် အလုပ်လုပ်ပေးနေတာ။ သေရင်တောင် ငါက လိပ်ပြာလုံတယ်။ ဗမာစစ်တပ်ဆီက ပိုက်ဆံယူနေတာမဟုတ်ဘူး။ ငါက ငါ့လူမျိုးအတွက် အလုပ်လုပ်ပေးတာ။ သေသွားရင်တောင် အဓိပ္ပါယ်ရှိယ်။ မင်းတို့ BGF သေရင်တောင် ခွေးလောက် တောင်တန်ဖိုးရှိမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး မင်းတို့ ကိုယ့်ကိုယ်ကိုယ် ကရင်ဆိုတာ သတိရဖို့ ပြောချင်တယ်။ သူများကျွန်သွားလုပ်လို့ ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ ငါတို့ တိုင်းပြည်နဲ့ လူမျိုးအတွက်လည်း ဘာအကူအညီမှ ရမှာ မဟုတ်ဘူး” ဟု ဗိုလ်ဒါဘောက ပြောသည်။

BGF ခေါင်းဆောင်စောချစ်သူအနေဖြင့်လည်း လာရောက်ပူးပေါင်းရန် တောင်းဆိုကာ ကော်သူးလေတိုင်းပြည်ကို အတူတူထူထောင်ကြရန် ဖိတ်ခေါ်ခဲ့သည်။ BGFတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း စောချစ်သူထံ မနေကြဘဲ KNU ထံ ရဲဝံ့စွာ ပြန်လာကြရန် ဗိုလ်ဒါဘောက ပြောကြားခဲ့သည်။

“မင်းတို့က BGFမှာ အလုပ်လုပ်နေလို့ ကြွယ်၀ ချမ်းသာလာမှာ မဟုတ်ဘူး။ မောင်ချစ်သူနဲ့ BGF တခြား ခေါင်းဆောင်တွေပဲချမ်းသာလာတာ။ မင်းအပါအဝင် မင်းမိသားစုက ကျွန်ပဲဖြစ်နေမှာ။ ဒါကြောင့် မင်းတို့ကို ပြောချင်တာက ငါတို့နဲ့ ပြန်လာပူးပေါင်းပြီး ဗမာစစ်တပ်ကို ပြန်တိုက်ကြမယ်။ ငါတို့ ကရင်စစ်တပ်တွေက မင်းတို့ကို အမြဲကြိုဆိုနေတယ်။ အဲဒါကြောင့် ပြန်လာခဲ့ကြ” ဟု ဗိုလ်ဒါဘောက ပြောသည်။

BGF ဖြစ်ရသည်မှာ စိတ်နာစရာကောင်းကြောင်း၊ BGF စစ်သားသုံးယောက်၏ အလောင်းကိုလာယူခိုင်းစဉ် စစ်ကောင်စီတပ် မကြိုက်၍ လာမယူနိုင်ကြောင်း ၎င်းကဆိုသည်။

"မင်းတို့ သေတာတောင် မင်းတို့ ခေါင်းဆောင် တွေက ဘာမှ မလုပ်ပေးဘူး။ ဒီအတိုင်းထားခဲ့တော့ ငါတို့ပဲ လုပ်ပေးရတယ်။ မင်းတို့ ဘက်က ခေါင်းဆောင်တွေက မင်းတို့အတွက် ဘာမှ မစီစဉ်ပေးတာတော့ တော်တော်စိတ်နာဖို့ ကောင်းတယ်”ဟု ဗိုလ်ဒါဘောက ပြောသည်။

ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းသည် KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း၌ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နေသည့်ပူးပေါင်းစစ်ကြောင်းဖြစ်သည်။

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/
t.me/PeopleSpring (https://t.me/PeopleSpring)

26/04/2023
26/04/2023
26/04/2023

အာဏာသိမ်းစစ်တပ် မပြုတ်မချင်း တော်လှန်ရေးစွန့်ခွာမည်မဟုတ်ဟု မင်းတပ် CDFစစ်ဦးစီးချုပ် ကတိပြု

သက်ဝေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ် မပြုတ်မချင်း တော်လှန်ရေးကို စွန့်ခွာမည်မဟုတ်ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) စစ်ဦးစီးချုပ်ထန်ချွန်းဖေက ကတိပြုပြောကြား သည်။

ယမန်နေ့ (ဧပြီ ၂၄ရက်) ကျရောက်သည့် မင်းတပ် CDF တော်လှန်ရေး (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားခဲ့ရာ မင်းတပ် CDFက ယနေ့ ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့သည်။

“တကယ်တော့ လက်နက်ကိုင်ပြီး ခုခံတော်လှန်တယ်ဆိုတာ တော်တော်ခက်ခဲကြမ်းတမ်းတဲ့ခရီးပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အာဏာသိမ်းမှုအောက်မှာ အဆင်းရဲဆုံး ပြည်နယ်အဖြစ် ရှိနေခဲ့တဲ့ကျနော်တို့ ချင်းပြည်လိုဒေသမျိုးမှာ ပိုပြီးတော့ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမဲ့ ရဲဘော်တွေရဲ့ လုံး၀အရှုံးမပေးတဲ့ ပြတ်ပြတ်သားသား အမြစ်ဖြတ်တော်လှန်မယ်ဆိုတဲ့ ပြင်းထန်တဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ ပြည်တွင်း၊ပြည်ပရှိ မိဘညီအကိုမောင်နှမတွေရဲ့ ပံ့ပိုးဝိုင်းရံ ရပ်တည်ပေးမှုကြောင့် နှစ်နှစ်တာကာလကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်” ဟု မင်းတပ် CDF စစ်ဦးစီးချုပ်က ပြောသည်။

နှစ်နှစ်တာအတွင်း ရဲဘော် ၅၅ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း၊ ထို့အ ပြင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ပြည်သူများစွာ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ ၁၀၀ နီးပါးဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ဒါပေမဲ့ အကြမ်းဖက် စစ်တပ်မပြုတ်မချင်းဘယ်တော့မှ တော်လှန်ရေးကို စွန့်ခွာမှာ မဟုတ်ပါဘူး” ဟု စစ်ဦးစီးချုပ် ထန်ချွန်းဖေက ပြောသည်။

မင်းတပ် CDF အနေဖြင့်ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များနှင့်အညီ (၁)အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုဉ်းရေး၊ (၂)ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊(၃) ချင်းတစ်မျိုးသားလုံး၏ မွေးရာပါ ရပိုင်ခွင့် အခွင့်အရေးများအပြည့်အ၀ရရှိရေး၊(၄) ချင်းတမျိုးသားလုံး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်တရားစီရင်ခွင့်အပြည့်အ၀ ရရှိရေး ၊(၅) အမျိုးသားတန်းတူညီမျှမှု တည်ဆောက်ရေးနှင့် (၆) ချင်းတမျိုးသားလုံးစည်းလုံးညီညွတ်ရေး စသည့် အန္တိမ ပန်းတိုင်ရောက်ရှိသည်အထိ မဆုတ်မနစ်ကြိုးစားရမည်ဖြစ်သည်ဟု ဆိုသည်။

“ဒီပန်းတိုင် ရောက်ရှိဖို့အတွက်ဆိုရင် ကျစ်လစ်ခိုင်မာ အင်အားရှိပြီး စစ်သည်တော်ကျင့်ဝတ်တွေကို လေးစားလိုက်နာတဲ့တပ်ဖွဲ့တစ်ခုဖြစ်လာဖို့လိုအပ်ပါတယ်။ ဒီလိုတပ်ဖွဲ့ ဖြစ်လာဖို့ ပြည်သူလူထု အားလုံးကလည်း မခိုမကပ်ဘဲ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ ဒါမှ သာ တပ်ဖွဲ့ရဲ့ ပင်မတာဝန်ဖြစ်တဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်နိုင်တဲ့ တပ်ဖွဲ့ဖြစ်လာပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု မင်းတပ် CDF စစ်ဦးစီးချုပ်က ပြောသည်။

မင်းတပ် CDFအနေဖြင့် မဟာမိတ်ကဏ္ဍနှင့်ပတ်သက်ပြီး ပြည်သူလူထုများ စိုးရိမ်ပူပန်မှုများ မရှိကြရန်လည်း အသိပေးခဲ့သည်။

“ဒီမဟာမိတ် ကဏ္ဍအတွက်လည်း ပြည်သူလူထုအနေဖြင့် စိုးရိမ်မှုမရှိဘဲ ယုံကြည် စွာ ရပ်တည်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ကျနော်တို့သည် စစ်ရေးနိုင်ငံရေးအရ ဆက်စပ်နေတဲ့ ဒေသတော်လှန်ရေးအင်အားစုတွေနဲ့လည်း လက်တွဲအလုပ်လုပ်ရမှာလည်းဖြစ်ပါတယ်။ ထို့အတူ ချင်းတမျိုးသားလုံးစည်းလုံးညီညွတ်ရေးအတွက်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ် ရဲ့ ရပ်တည်ချက်အတိုင်း မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်၏ လွှမ်းမိုးမှုမျိုးကို မဆို ရှောင်ရှားကာ အပြန်အလှန် လေးစားမှုနှင့်တူ လက်တွဲလုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု စစ်ဦးစီးချုပ်က ပြောသည်။

မင်းတပ် CDF၏ တော်လှန်ရေး (၂)နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တော်လှန်ရေးအဖွဲ့များစွာက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ ရက္ခိုင့်တပ်တော်(AA) အာလဖာ(၃) စစ်ဒေသကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။ AA အာလဖာ(၃)စစ်ဒေသ၏ သဝဏ်လွှာတွင် အိမ်နီးနားချင်းကောင်း မိတ်ဖက်အဖွဲ့အစည်းအဖြစ် အပြန်အလှန် နားလည်မှု၊ယုံကြည်မှု၊ ဖေးမကူညီမှုများနှင့်အတူ အကောင်းဆုံး ရပ်တည်ပေးမည်ဟု ဖော်ပြခဲ့သည်။

(မင်းတပ် CDFမှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF-Mindat)

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/
t.me/PeopleSpring (https://t.me/PeopleSpring)

09/08/2022

Crd: Artist.

25/05/2022

တောတောင်ရဲ့အော်ဟစ်သံကမြို့ပြထိကြားနေရဆဲပါ
အရေးတော်ပုံအောင်ရမည်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when HMR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category