MAHAR

MAHAR Indian Food House at Yangon.

အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့ ယုံကြည်ပါတယ်Fighting Burmese PythonOur Champion💪🏻💪🏻💪🏻
31/10/2020

အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့ ယုံကြည်ပါတယ်
Fighting Burmese Python
Our Champion
💪🏻💪🏻💪🏻

အမှတ်တရဆိုတာ တနည်းအားဖြင့်ပြောရရင် အတိတ်ပါပဲ😶...အတိတ်ကိုနှိုးဆွတဲ့အခါမှာ နည်းလမ်းတွေတော်တော်များများလည်းရှိတာကိုး...ဒီထဲ...
21/10/2020

အမှတ်တရဆိုတာ တနည်းအားဖြင့်ပြောရရင် အတိတ်ပါပဲ😶...

အတိတ်ကိုနှိုးဆွတဲ့အခါမှာ နည်းလမ်းတွေတော်တော်များများလည်း
ရှိတာကိုး...

ဒီထဲမှာမှ အစားအသောက် ကောင်းကောင်းကြောင့်
ရရှိတဲ့အမှတ်တရကတော့ အထူးခြားဆုံးပါပဲ🤔...

တူတူသွားဖူးတဲ့နေရာရောက်မှလည်း မလုပ်ဘူး...
အပြန်အလှန်ပေးဖူးကြတဲ့ လက်ဆောင်တွေကြောင့်လိုမျိုးမဟုတ်ပဲ
တူတူစားဖူးတဲ့ အစားအစာရဲ့ အရသာကြောင့်
ထူးထူးခြားခြားသတိရသွားတာမျိုးလေ😃...

အကြောင်းတစ်ခုခုကြောင့် သူနဲ့ကို ခဏတဖြုတ်ဝေးနေရချိန်
အမှတ်တရ အစားအစာရဲ့ အရသာက
ကိုယ့်ဦးနှောက်ကို လှုပ်နှိုးလိုက်ပြီး
သူ့ကိုမှ တမ်းတမ်းတတ သတိရမိတာမျိုးကိုး...😔

တစ်ချို့ဆိုရင်လည်း သူနဲ့တူတူစားဖူးခဲ့တယ်ဆိုပြီး
ခဏခဏထပ်စားကြတဲ့သူတွေ
သူနဲ့တူတူ ဒီmenu လေးကိုမှာဖူးတယ်ဆိုတဲ့ အမှတ်တရတွေ...
အများကြီး ကြုံဖူးကြမှာပါ😊...

ခုလိုstay home မှာဆိုရင်တော့
အမှတ်တရအသစ်တွေ တူတူလုပ်နိုင်ဖို့
မင်မင်တို့ရဲ့ "Mahar" indian food house ရှိတယ်ဆိုတာလေး
အသိပေးချင်လို့ပါ😍...

အရသာကလည်း ထူးကဲတယ်
စေတနာ မေတ္တာအပြည့်နဲ့ ချက်ပြုတ်ပေးတာကြောင့်
အမှတ်တရတွေဆိုတာ ပြောမကုန်အောင်ပေါ့ဗျာ😃...

အိမ်အထိလာပို့ပေးမှာဆိုတော့ဘာလို့သေးလဲ?
Stay Home နေရလို့ မတွေ့ဖြစ်ကြရင်တောင် တူတူမှာစားပြီး
အမှတ်တရလေး ကြံဖန်လုပ်လို့ရသေးတာပေါ့...

နောက်မှ အတိတ်ကိုပြန်တွေးကြတဲ့အခါ အမှတ်တရလေးတွေ
စမြုံ့ပြန်ရင်း ရယ်မောပြုံးရွှင်ရတာပေါ့ဗျာ😍...

2020 Stay Home ကာလမှာ
Mahar က lunch box လေး တူတူမှာစားပြီး
Video call နဲ့ ရိုဆန်လိုက်ကြသေးတယ်ပေါ့ အယ်လယ်😁...

ကိုဗစ်ကြီး ပြီးဆုံးသွားခဲ့ရင်😀အပြင်တွေလျှောက်သွားမယ်လမ်းမှာတွေ့သမျှ သူတိုင်းကို ပြုံးပြနှုတ်ဆက်မယ်သူငယ်ချင်းတွေနဲ့တွေ့မယ...
19/10/2020

ကိုဗစ်ကြီး ပြီးဆုံးသွားခဲ့ရင်😀

အပြင်တွေလျှောက်သွားမယ်
လမ်းမှာတွေ့သမျှ သူတိုင်းကို ပြုံးပြနှုတ်ဆက်မယ်
သူငယ်ချင်းတွေနဲ့တွေ့မယ်🍻

ခရီးတွေ ထွက်မယ်🚃
လုပ်ငန်းခွင်တွေလည်းပြန်စတော့မှာဆိုတော့
ပျော်စရာကြီးပဲ...

အဲ့ဒါကြောင့် ခု Stay Home ကာလလေးမှာ
Plan တွေထုတ်ထား
အတတ်နိုင်ဆုံး အပြင်မထွက်နဲ့

ဒါမှ ရောဂါကြီး အကုန်ကင်းစင်သွားတဲ့အချိန်
ချက်ချင်းထွက်ကဲလို့ရမှာ😁
မင်မင်ကတော့ plan တွေထုတ်နေပြီ

ကိုဗစ်ကြီး ပြေးရဖို့ပဲ ကျန်တော့တယ်

#ပြေးစမ်းကိုဗစ်

အိမ်ထဲမှာပဲနေပြီး Super Hero လုပ်ပါ...ဒီအချိန်မှာက ကျန်းမာရေးဝန်ထမ်းတွေတင်မကဘူး အိမ်ထဲမှာနေတဲ့သူတွေလည်း Hero တွေပါပဲ...ရ...
15/10/2020

အိမ်ထဲမှာပဲနေပြီး Super Hero လုပ်ပါ...

ဒီအချိန်မှာက ကျန်းမာရေးဝန်ထမ်းတွေ
တင်မကဘူး
အိမ်ထဲမှာနေတဲ့သူတွေလည်း Hero တွေပါပဲ...

ရောဂါဖြစ်တဲ့သူတွေ လျော့နည်းလာမှ
ကျန်းမာရေးဝန်ထမ်းတွေလည်း သက်သာမှာလေ
အဲ့ဒါကြောင့် အိမ်ထဲမှာပဲနေပြီး

Super Hero ဘွဲ့ကို ခံယူလိုက်ရအောင်နော်
ဝယ်စရာရှိလို့ အပြင်ထွက်ဝယ်ရင်လည်း
Mask တပ်၊ ပြန်လာရင် လက်ဆေး

ဒါမှ ရောဂါဖြစ်တဲ့သူတွေလည်း
လျော့နည်းလာပြီး Covid-19 ကြီးကို
အမြစ်ပြတ်တိုက်ထုတ်နိုင်တော့မှာပေါ့...

Happy Birthday ပါ အစ်ကိုကျော်ဇေယျာ ရေ🎂...မွေးနေ့မှစပြီး နောက်နှစ်ပေါင်းများစွာမှာချစ်ရတဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေထို...
14/10/2020

Happy Birthday ပါ အစ်ကိုကျော်ဇေယျာ ရေ🎂...
မွေးနေ့မှစပြီး နောက်နှစ်ပေါင်းများစွာမှာ
ချစ်ရတဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါစေလို့🥰

ကျွန်တော်တို့ "မဟာ" ကနေ
ဆုတောင်းပေးလိုက်ပါတယ်နော်😍...

မွေးနေ့အလှူအတွက်
Lunch Box 21 ဘူး မှာယူပြီး
လှူဒါန်းတဲ့အတွက်လည်း အထူးကျေးဇူးပါခင်ဗျ🙏...

မွေးနေ့အလှူအတွက် လှူဒါန်းလိုတယ်ဆိုရင်လည်း
ကျွန်တော်တို့ မဟာ ရဲ့ Message Box မှာ
လာရောက်ဆက်သွယ်နိုင်ပါတယ်နော်...

ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာတွေ့ရှိတဲ့အတည်ပြုလူနာစာရင်း Update ပါ...အားလုံး မြန်မြန်သက်သာပြီး အိမ်မြန်မြန်ပြန်ရပါစေလို...
14/10/2020

ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာတွေ့ရှိတဲ့
အတည်ပြုလူနာစာရင်း Update ပါ...

အားလုံး မြန်မြန်သက်သာပြီး
အိမ်မြန်မြန်ပြန်ရပါစေလို့
မဟာ ကနေဆုတောင်းပေးလိုက်ပါတယ်နော်...

Indian Food Crazy ဆိုရင် လက်မလွှတ်သင့်ဘူးတဲ့နော်မင်မင်ပြောတာဟုတ်ဘူး အဲ့အစ်မပြောတာ😁အားပေးတဲ့အတွက်လည်း ကျေးဇူးပါဗျ😍
12/10/2020

Indian Food Crazy ဆိုရင် လက်မလွှတ်သင့်ဘူးတဲ့နော်
မင်မင်ပြောတာဟုတ်ဘူး အဲ့အစ်မပြောတာ😁

အားပေးတဲ့အတွက်လည်း ကျေးဇူးပါဗျ😍

Happy Birthday ပါဆရာမလေး ခွန်သိင်္ဂီကျော် ရေ🎂....မွေးနေ့မှ စတင်ပြီး နောက်နှစ်ပေါင်းများစွာမှာဒီထက်မက အများကြီး ပျော်ရွှင...
12/10/2020

Happy Birthday ပါ
ဆရာမလေး ခွန်သိင်္ဂီကျော် ရေ🎂....

မွေးနေ့မှ စတင်ပြီး နောက်နှစ်ပေါင်းများစွာမှာ
ဒီထက်မက အများကြီး
ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်နော်😊...

Nurse ဆရာမလေးဆိုတော့
အသက်ပေါင်းများစွာကိုလည်း
ကူညီကယ်တင်နိုင်ပါစေ😀...

မင်မင်တို့ page ကနေ
ကြက်ဥ ငရုတ်ကောင်းထမင်းကြော်
ပွဲ ၄၀ လှူဒါန်းတဲ့အတွက်လည်း
ကုသိုလ်တွေ အများကြီးရပါစေခင်ဗျ😍...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအမိန့်အမှတ် ၁၂၄ /၂၀၂၀၁၃၈၂ ခုနှစ်၊တော်သလင်းလပြည့်က...
11/10/2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန

အမိန့်အမှတ် ၁၂၄ /၂၀၂၀

၁၃၈၂ ခုနှစ်၊တော်သလင်းလပြည့်ကျော် ၉ ရက်

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ် မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ၂၀-၉-၂၀၂၀ ရက်စွဲပါ အမိန့် အမှတ် ၁၀၇/၂၀၂၀ ဖြင့်လည်းကောင်း၊ နေအိမ်တွင်သာနေထိုင်ရန် စည်းကမ်း ချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူများတွင် ဖြည့်စွက်ချက်ကို ၂၂-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၈/ ၂၀၂၀ ဖြင့်လည်းကောင်း၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုကြောင်း ၅-၁၀-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၃/ ၂၀၂၀ ဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။ သို့ရာတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေမှုများကို ထိရောက်စွာထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုများပြားနေသော မြို့နယ်များအား Stay at Home ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းညှိဆောင်ရွက်သွားရန် လိုအပ်ကြောင်း စိစစ်တွေ့ ရှိရပါသည်။

၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်နှင့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များကို ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အပိုဒ် ၃ ပါ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိရန် နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထား ခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်းတွေ့ ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအား ၁၂-၁၀-၂၀၂၀ ရက်မှစ၍ Coronavirus disease 2019 ( covid-19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

(ဒေါက်တာမြင့်ထွေး)

ပြည်ထောင်စုဝန်ကြီး

Stay Home နေရင်း ဘာတွေလုပ်ဖြစ်နေကြလဲ...?အိမ်မှာနေရတဲ့အချိန်တွေကို အကျိုးရှိအောင်Online Class တွေပဲ တက်နေကြလား?ခန္ဓာကိုယ်...
11/10/2020

Stay Home နေရင်း ဘာတွေလုပ်ဖြစ်နေကြလဲ...?

အိမ်မှာနေရတဲ့အချိန်တွေကို အကျိုးရှိအောင်
Online Class တွေပဲ တက်နေကြလား?

ခန္ဓာကိုယ်လှပအောင် ကိုယ်ကာယတွေပဲ
လေ့ကျင့်နေကြလား?

အသိပညာတိုးအောင် စာအုပ်စာပေတွေပဲ
လေ့လာ ဖတ်ရှုနေကြလား?

ကုန်ဆုံးနေတဲ့အချိန်တွေကို အကျိုးရှိရှိ
အသုံးချတတ်မှတော့ဖြစ်မယ်နော်...
ဒါမှ Stay Home ကာလကြီးပြီးလို့

အလုပ်တွေပြန်စတဲ့အခါ
ကိုယ့်မှာ အသိပညာတွေတိုးနေပြီး
လုပ်ငန်းခွင်မှာ ပိုပြီးအဆင်ပြေနေတော့မှာပေါ့...

အဲ့ဒါကြောင့် တစ်ခုခုတော့ လုပ်နေမှဖြစ်မယ်နော်...

"မလှူနိုင် ဈေးရောင်း" တဲ့ဒီစကားလေးအတိုင်းပါပဲ၊ အများကြီးမလှူနိုင်လို့ဈေးလေးရောင်းပါရစေ...ဘာရောင်းတာလဲဆိုတော့နေ့လည်စာ Lun...
08/10/2020

"မလှူနိုင် ဈေးရောင်း" တဲ့
ဒီစကားလေးအတိုင်းပါပဲ၊ အများကြီးမလှူနိုင်လို့
ဈေးလေးရောင်းပါရစေ...

ဘာရောင်းတာလဲဆိုတော့
နေ့လည်စာ Lunch Box လေးရောင်းတာပါ

ထမင်းအပါ ကြက်သားမဆလာ (Chicken masalar gravy)
ဒိန်ချဥ်ဆလပ် (Yogurt Salad)
ဘာလချောင်ကြော် (Balachong)
ဒိန် ငရုတ်သီးကြော်ဆိုတော့ (Yogurt fried chillies)
တို့ပါဝင်တဲ့ တစ်နပ်ကို 2000 ကျပ်နဲ့ရောင်းမှာပါ...

အလှူကဏ္ဍက ဘယ်လိုပါမှာလဲ?

ဟုတ်ကဲ့. Lunch Box သုံးပွဲမှာယူတာနဲ့
မင်မင်တို့ "မဟာ"ကနေ နေ့လည်စာတစ်နပ်
လှူသွားမှာပါ...

ဘယ်သူတွေကိုလှူမှာလဲဆိုတော့
ခုလို Stay Home ကာလမှာတောင်
အိမ်မှာမနေနိုင်သေးပဲ စားဝတ်နေရေးအတွက်
ရုန်းကန်နေရတဲ့သူတွေကိုပါ...

နေ့စဉ်စားနေရတဲ့ အရသာတွေကို
ရိုးအီလာသလို ခံစားနေရပြီဆိုရင်တော့
အိန္ဒိယအစားအစာလေး စားပြီး
ကုသိုလ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်နော်...

စနေ၊တနင်္ဂနွေမှာ လိုက်ပို့ပေးမှာဖြစ်လို့
ခုထဲက မြန်မြန်လေး Order တက်လိုက်ကြတော့နော်
"ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ" တာပေါ့ဗျာ...

#ကုသိုလ်လည်းရ_ဝမ်းလည်းဝ

Update လူနာစာရင်းပါ...မြန်မြန်ပြန်ကောင်းကြပါစေ...
05/10/2020

Update လူနာစာရင်းပါ...
မြန်မြန်ပြန်ကောင်းကြပါစေ...

Address

No (58), Aung Mingalar Street, Tamwe
Yangon

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Telephone

+959679072755

Website

Alerts

Be the first to know and let us send you an email when MAHAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share