03/05/2026
YUMI Bowl ရဲ့ Bulgogi Sauce လေးလည်း ဝယ်သုံးချင်တယ်။ ဘယ်လိုသုံးရမလဲမသိသူတွေအတွက် ကြက်ဆလပ်အစမ်းချက်ပြပါမယ် 🥰
🫕 ကြက်ရင်အုံသား ၂၀ သားလောက် သုံးထားပါတယ်
(တခြားအသားတွေနဲ့လည်း နှပ်လို့ရပါတယ်)
🫕 နှမ်း ၁ ဇွန်းလောက်ကို လှော်ပြီး ထောင်းပါမယ်
ကြက်သွန်ဖြူ ၃မွှာကို ညက်ညက်ထောင်း/
နုတ်နုတ်စင်းထားပါမယ်
🫕 Bulgogi Sauce ကို
ထမင်းစားဇွန်း ၃ ဇွန်းစာလောက် ယူမယ်
🫕 အကုန်လုံးကို သမအောင် နယ်ပြီးရင်တော့
အရသာဝင်အောင် ၃ နာရီလောက် နှပ်ထားပါမယ်
(ကိုယ်ကတော့ နေ့တစ်ဝက်လောက်ကို
နှပ်ထားရတာကြိုက်တယ်)
🫕 အသားလည်း အရသာဝင်လောက်ပြီဆို ချက်ဖို့ပြင်ပါပြီ။
အိုးထဲကို ဆီလေး ၁ ဇွန်းထည့်ပြီး ကြက်သွန်နီလေး
နွမ်းရုံမွှေပါမယ်။ ပြီးရင် အသားနှပ်တွေ ထည့်ပြီး
ရေခမ်းသွားတဲ့ထိ အပူပေးရုံပါပဲ
(ရေထပ်ထည့်စရာ မလိုပါ၊ သူ့အရည်လေး
ခမ်းအောင်သာ ချက်ပါ)
🫕 ပြီးရင်တော့ အတူတွဲစားစရာ ကင်မ်ချီ၊ ကြက်သွန်ဖြူ၊
ငရုတ်သီးစိမ်း၊ ဆလပ်ရွက်တို့ပြင်ဆင်ပြီး
စားဖို့အသင့်ဖြစ်ပါပြီ