04/01/2021
လူတွေဘာကြောင့် ချက်စားကြပါသလဲ တဲ့❓
ဟုတ်ကဲ့......ကိုယ့်ရဲ့အဖြေကို တိတ်တိတ်လေးမှတ်ထားပြီး အောက်မှာဖတ်ကြည့်ကြရအောင် 🤫
အစားအစာတွေကို ချက်ပြုတ်တဲ့အကြောင်းအရင်းတွေဟာ ♨️ အပူကြောင့် 🥩အသား၊ 🐟ငါး၊ 🥦🍅🧅အသီးအရွက်တွေ အပေါ်မှာရှိတဲ့ 🦠ရောဂါပိုးကိုသေစေတဲ့အပြင် တချို့အစားအစာတွေဟာ ကျက်သွားတဲ့အခါမှာ ပိုပြီး ခံတွင်းတွေ့စေပါတယ်။ ကျက်တဲ့အစားအစာကိုစားသုံးတဲ့အတွက် အချိန်တိုအတွင်း အစာကြေစေပါတယ် 👍။ အသားစိမ်း ငါးစိမ်းတွေမှာ ကယ်လိုရီ များစွာ ပါဝင်တဲ့အပြင် လူရဲ့မေးကြောမှာရှိတဲ့ ကြွက်သား နဲ့ အစာချေအင်္ဂါတွေဟာ အသားစိမ်းကို ကျေညက်စေဖို့ အချိန်များစွာယူရပါတယ် ⏳။
လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၂သန်းနီးပါး) များစွာကတည်းက လူတွေဟာ 🔥 မီးကိုစတင်တွေ့ရှိပြီးနောက်မှာပဲ အသားစိမ်းဟာ မီးပုံထဲကျသွားရာကနေ အသားစိမ်း ငါးစိမ်း တွေထက် ကျက်သွားတဲ့ အသားတွေဟာ ပိုအရသာရှိကြောင်း တွေ့ရှိခဲ့ရာကနေစလို့ ယနေ့ခေတ်အထိ ချက်၊ ပြုတ်၊ ကင်၊ ပေါင်း စသဖြင့်နည်းလမ်းပေါင်းများစွာ ပြင်ဆင်စားသောက် နေကြပါတယ်။
အဲ့ဒါတွေတင်မကသေးပါဘူး။
ချက်ပြုတ်ခြင်းဟာ လူမျိုးစုတစ်စု (သို့) နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု နဲ့ အလေ့အထတွေကိုလည်း ထင်ဟပ်စေပါသေးတယ်။ ဥပမာ . 🍚 ထမနဲ ဆိုရင် စည်းလုံးမှုစုပေါင်းအားနဲ့ ပြုလုပ်ထားတဲ့ ပြယုဂ်တစ်ခုကို ပေါ်လွင်စေတဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်ပါတယ်။
အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ စိတ်ကူးစိတ်သန်းလေးတွေကွန့်မြူးပြီး စမ်းသပ်ဖန်တီးမှုလေးတွေလည်း ပါဝင်တာကြောင့် ချက်ပြုတ်ခြင်းဟာ 🎨 အနုပညာတစ်ပါး ဆိုလည်း မမှားပါဘူး။
မိသားစု၊ သူငယ်ချင်း၊ ချစ်သူခင်သူတွေနဲ့ ထာဝရအမှတ်တရများစွာ ဖန်တီးဖို့အတွက် အစားအစာပြင်ဆင်ချက်ပြုတ်ခြင်းက တကယ့် organic life time memory ပါပဲ 🥰
အစားအစာ တစ်ခုကို စားလိုက်တာနဲ့ ပြင်ဆင်ချက်ပြုတ်သူဟာ ဒီဟင်းပွဲထဲမှာ စေတနာ ထားပြီးချက်ပြုတ်ထားလား ❤️၊ ပြီးစလွယ်ချက်လိုက်တာလား 😒 ပါဝင်တဲ့ပစ္စည်း (ingredients) ကောင်း၊ မကောင်းဆိုတာလည်း ချက်ချင်းသိနိုင်ပါတယ်။ အဲ့ဒါကြောင့် ဝါသနာအပြင် စေတနာထားပြီး ချက်ပြုတ်ထားတဲ့ ဟင်းကောင်းတစ်ခွက်ရဖို့ဆိိုတာ ပိုက်ဆံပေးရုံနဲ့တင်မရပါဘူး။
ကဲ... ဒီလောက်ဆို မိမိရဲ့အဖြေနဲ့ ကိုက်ညီမှု ရှိ/မရှိ တိုက်ကြည့်ကြပါဦးနော် .......
Shwe Noe Foodie Team
09 779384970