November

November Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from November, Deli, Yankin, Yangon.

ကိုတွေက စတော်ဘယ်ရီ
14/02/2023

ကိုတွေက စတော်ဘယ်ရီ

18/01/2023
ကိုယ့်ကို့ချစ်တဲ့ဖောက်သည်အဖွားရဲ့လက်ဆောင်
03/12/2022

ကိုယ့်ကို့ချစ်တဲ့ဖောက်သည်အဖွားရဲ့လက်ဆောင်

စားပါအုံးလို့ကိုယ်တွေရဲ့နေ့လည်စာ
11/09/2022

စားပါအုံးလို့
ကိုယ်တွေရဲ့နေ့လည်စာ

29/08/2022

ဘ၀ဆိုတာ
ပေးထားတဲ့ခေါင်းစဉ်နဲ့မညီလည်း

ပီပီပြင်ပြင်
သရုပ်ဆောင်တတ်ဖို့လိုပါတယ် ။

ငိုတဲ့အခန်းပါလာရင် ငိုလိုက်ပေါ့
လွမ်းခန်းပါလာရင် လွမ်းလိုက်ပေါ့ ။

လောကဓံဇာတ်၀င်ခန်းတွေက
ကိုယ်မကြိုက်လည်း
ငြင်းရှောင်လို့မှ မရနိုင်တာဆိုတော့

ဖြစ်လာသမျှတွေကိုပဲ
အဆင်ပြေအောင်ဖြေရှင်းကြရမှာပါ ။

ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျပါနဲ့
အသိဉာဏ်ရှိစွာ ဖြတ်သန်းပါ ။

မိမိစိတ်က ရဲရင့်ပြတ်သားပါ
တည်ကြည်ပါ ဖြောင့်မတ်စွာနေပါ ။

အဆင်မပြေမှုတွေဟာ
အကုသိုလ်ကံတွေကြောင့်ဖြစ်တာမို့

ကောင်းမှုကုသိုလ်လုပ်ပြီးတော့ပဲ
ကိုယ့်ဘ၀ကို ပြန်ကယ်တင်ရမှာပါ ။

အနိမ့်အမြင့်အတက်အကျရှိတဲ့ဘ၀မှာ
မြင့်တက်တော့ပျော်တယ်

အောက်ကျတော့ငိုမယ်ဆိုတာမျိုးလည်း
လုံး၀ မဖြစ်ပါစေနဲ့ ။

ရှုံးတိုင်းလည်းဒူးထောက်ဖို့မလိုသလို
နိုင်တိုင်းလည်းလက်မြှောက်ဖို့မလိုပါဘူး ။

မမြဲဘူးဆိုတဲ့ သဘောတရားလေးနဲ့ပဲ
ဘ၀လှအောင် နှလုံးသွင်းကြရမှာပါ ။

သာရ ဂ ဝေ သီ

21/08/2022

စိတ်ရင်းဖြူစင်ပါ
⌨⌨⌨⌨⌨⌨⌨
စာပေချစ်သူတို့ရေ
လူ့ရဲ့စိတ်ဓာတ် ပြောင်းလဲသွားရင်
စာရိတ္တလည်း ပြောင်းသွားပါတယ် ။

စာရိတ္တ ပြောင်းရင်
အမြင်လည်း ပြောင်းသွားပါတယ် ။

အမြင် ပြောင်းရင်
ပတ်ဝန်းကျင်ပါ
ပြောင်းသွားတတ်ပါတယ်။

ပတ်ဝန်းကျင် ပြောင်းရင်
ကံကောင်းမှုလည်း
ပြောင်းသွားပါလိမ့်မယ်။

ကံကောင်းမှု ပြောင်းရင်
မိမိရဲ့ ကံဇာတာလည်း
ပြောင်းလဲသွားပါလိမ့်မယ်။

တကယ်ယုံကြည် အားထားရမှာက
မိမိရဲ့ပင်ကိုယ်စိတ်ရင်းပါ ။

ရက်ရာဇာတွေ ပြသာဒါးတွေ
မဟုတ်ပါဘူး၊
ကိုယ်မှာဆင်ထားတဲ့ အဆောင်အယောင်တွေ၊
ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေမဟုတ်ပါဘူး၊

စိတ်အတွင်းမှာသာ
စိတ်ကောင်းခြင်း ၊ နူးညံ့ခြင်း ၊
ခွင့်လွှတ်ခြင်း၊
သဘောထားကြီးခြင်း၊ ကိုယ်ချင်းစာနာခြင်း စတဲ့
စိတ်ရဲ့ Cosmetics တွေနဲ့
အလှဆင်ရပါမယ်၊
မေတ္တာကို စိတ်ထဲကပွားများမယ်၊
ပတ်ဝန်းကျင်ကို စိတ်နဲ့သဟဇာတ
ဖြစ်အောင်လုပ်ရပါမယ်။

စိတ်တစ်ချက် ကိုင်တတ်ပြီဆိုရင်
ကောင်းကင်နဲ့ မြေကြီးကအစ
နားလည်လာတတ်ပါတယ် တဲ့...၊

စိတ်ထဲက ကုသိုလ်၊
အကုသိုလ်ကို
ထိန်းသိမ်းနိုင်ရင်
တစ်ကိုယ်ကောင်း ဆန်မှုတွေ လျော့ပါးသွားပါတယ် ။

လူအချို့က ကြာပန်းလို....
ဝေးဝေးက ကြည့်မှ
သူ့အလှကိုမြင်ရတယ် ။

လူအချို့က လက်ဖက်ခြောက်လို
ကြာကြာနှပ်ထားမှ
သူ့အရသာ အစစ်ကိုသိရပါတယ် ။

လူအချို့ကို လေပြည်လို...
ဂရုမစိုက်သင့် မစိုက်ဘဲနေရပါတယ်

လူအချို့ကို သစ်ပင်လို
မှီခိုသင့် မှီခိုရပါတယ် ။

အားလုံးက ရေစက်ပဲလေ.……

လူ့ဘဝဆိုတာ တရားကျင့်တာ၊
မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို
ကျင့်ယူရမှာပါ ။

ဒီလိုနေတတ်လာရင်

မိမိစိတ်ဟာပျော့ပျောင်းသွားပြီ...
အရာရာဟာလှပသွားပြီ ။

စိတ်သန့်စင်သွားပြီ...
ပတ်ဝန်းကျင်လည်း
ကြည်လင်သွားပြီ ။

စိတ်ပျော်ရွှင်သွားပြီ....
ဘဝကြီး ချမ်းသာသုခပြည့်သွားပြီ ။

ဒီတစ်သက်မှာ
မိမိဘဝက ဘယ်အခြေအနေပဲဖြစ်ဖြစ်
သူတပါးပေါ် မလွှဲချသင့်ဘူး၊
ရှိသမျှ သော
ပျော်ရွှင်မှု၊ ဒေါသဖြစ်မှု ၊စိတ် ညစ်မှု၊ ပြုံးရွှင်မှု၊ မုန်းတီးမှု၊
အားလုံးကို ကိုယ့်စိတ်က
ဖန်တီးတာပါ။

ဘဝဆိုတာ တိုက်ပွဲမဟုတ်ပါဘူး၊
ပဲ့တင်သံပါ ။

သင့်ရဲ့အကောင်းဆုံးကို
သူများကိုပေးရင်
သူများရဲ့
အကောင်းဆုံးက
သင့်ဆီပြန်လာပါလိမ့်မယ်။

သင်ကသူများကို
ကူညီတာများလေလေ၊
သူများဆီက
သင်အကူအညီပိုရလေလေပါပဲ ။

သင့်ရဲ့အတွင်းစိတ်ကို
နိုင်နင်းစွာအသုံးချတတ်ပါစေ။

ပါမောက္ခချုပ်ဆရာတော်၏မနက်ခင်းတရားတော်အားနာယူ၍ရေးသားတင်ပြအပ်ပါသည်။

မိုးမြေသစ္စာ(၁၆.၈.၂၀၂၂)

12/05/2022

Hii

06/05/2022

Hello

Address

Yankin
Yangon

Telephone

+959420031229

Website

Alerts

Be the first to know and let us send you an email when November posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to November:

Share

Category